ရောထွေးသွားသောအတွေးများ (Mixed thoughts)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



HEAD.png

Image from google


အခြားသောစာများကိုရေးသားရန်အတွက် အချိန်လိုအပ်ပါသည်။ ပညာရပ်များအကြောင်းကိုရေးသားရန်အတွက် ထိုက်သင့်သော အချိန်တစ်ခုလိုအပ်ပါသည်။ အာရုံစူးစိုက်နိုင်ရပါသည်။ သို့အတွက် ပညာရပ်ဆန်သော ဆောင်းပါး များအားရေးသားရန် လက်တွန့်နေခဲ့ပါသည်။ ဘ၀တိုးတက်အောင်မြင် ကြောင်းလေးများကို ကျွန်တော် သိသမျှ မှတ်သားမိသမျှထဲမှ ဗဟုသုတရရှိစေရန်အတွက် ရည်ရွယ်ချက်ဖြင့် ယခု ဆောင်းပါးအားရေးသားပါသည်။ လူတွင်ကျယ်လုပ်ခြင်းမဟုတ်သကဲ့သို့ ကျွန်တော်သည် အောင်မြင်နေသောသူ တစ်ယောက်လည်းမဟုတ်ပါ။ ဗေဒင်ဆရာသည် သူကိုယ်တိုင် ချမ်းသာကြွယ်ဝနေသူတစ်ယောက်ဖြစ်ချင်မှ ဖြစ်ပေမည်။ သို့သော် သူကူညီလိုက်သူများကတော့ ချမ်းသာ ကြွယ်ဝသွားကြသူများဖြစ်နိုင်ပေသည်။ ထို့အတူ ကျောင်းတွင်စာသင်ကြားနေသော ဆရာတစ်ယောက်သည် သူကိုယ်တိုင် ဆရာဝန်တစ်ယောက်၊ အင်ဂျင်နီယာ တစ်ယောက် မဟုတ်ပါ။ သို့သော် သူသင်ကြားပေးလိုက်သော တပည့်များထဲတွင် အလွန်ထူးချွန်သော ဆရာဝန်များ၊ အင်ဂျင်နီယာများအဖြစ်သို့ရောက်ရှိသွားကြသည်ကို မြင်ယောင်ကြည့်နိုင်ကြစေချင်ပါသည်။ ကျွန်တော်သည်လည်း ထိုနည်းတူတူပင်ဖြစ်သည်ဟု မှတ်သားပေးကြပါ။ ကျွန်တော်မအောင်သော်လည်း အောင်မြင်သူများ ထွက်ပေါ်လာနိုင်ကြပါစေဟူသော စိတ်စေတနာဖြင့် ရေးသားအပ်ပါသည်။

ထူးချွန်ခြင်း၊ အောင်မြင်ခြင်းဆိုသည်မှာ လူသားဘ၀တွင် လူတိုင်းအလိုရှိသော အရာတစ်ခုဖြစ်မည်မှာအမှန်ပင် ဖြစ်ပါသည်။ သို့သော် လူအများသည် ထူးချွန်ရန်မဖြစ်နိုင်ကြခြင်းမှာ အဘယ်ကြောင့်ပါနည်း။ မအောင်မြင်နိုင်ခြင်းမှာ အဘယ့်ကြောင့်ပါနည်း။ စဉ်းစရာကိစ္စတစ်ရပ်ပင်ဖြစ်မည်ထင်ပါသည်။ ကျွန်တော်တို့ လူအများစုသည် လူတို့၏ ကျင့်ဝတ်များကို လိုက်နာရန်ပျက်ကွက်တတ်ကြပါသည်။ ထိုသို့သော လူမှုကျင့်ဝတ်များ ပျက်ကွက်ခြင်းကသည်ပင်လျင် မအောင်မြင်ခြင်း၊ မထူးချွန်ရခြင်း၏ အပြစ်ဖြစ်မည်ထင်ပါသည်။ လူမှုကျင့်ဝတ်များ သည်လည်း အလွန်များပြားလှသောကြောင့်ထောင့်စေ့စွာ ဖြည့်ဆည်းနိုင်ရန်လည်း သိပ်မလွယ်ကူလှပါ။ မိမိတို့ လက်လှမ်းမီသလောက်ကိုသာ လိုက်လံလုပ်ဆောင်နိုင်ကြမည်ထင်ပါသည်။ အောင်မြင်လိုလျှင်တော့ အတတ်နိုင်ဆုံး လူမှုကျင့်ဝတ်ကျေပွန်ရမည်ဖြစ်ပါသည်။ ထူးချွန်ခြင်း၊ အောင်မြင်ခြင်းတွင် အဘယ့်ကြောင့် လူမှု ကျင့်ဝတ်များလိုအပ်ပါသနည်းဟု မေးစရာဖြစ်လာမည်ထင်ပါသည်။ လူ့လောကသဘာဝအရ လူမှုကျင့်ဝတ်ကျေပွန်ခြင်းသည်သာ အောင်မြင်ရေးနည်းလမ်းပင်ဖြစ်ပေသည်။ အခြားမရှိပေါချေ။ ကျွန်တော်တို့ လူအများစုသည် အောင်မြင်ဖို့ရန် ကျင့်ဝတ်များဖြည့်ဆည်းရန်မဆိုနှင့်။ အချို့သော နေရာများတွင် အချို့သော လူများသည် အချင်းချင်းအပေါ်တွင် ပြုကျင့်ရမည့် ၀တ္တရားများမကျေပွန်သည့်အပြင် မတရားသောအကျင့်များကို ကျင့်ကြံနေကြသည်ကိုလည်း မြင်တွေ့ခံစားရပါသည်။


success.png

Image from google


မိမိတို့ကောင်းစားရေး၊ မိမိတို့သက်သာရေး အတွက်ကြိုးပမ်းနေကြလေသည်။ ငါအတွက်ကျန်ရင်ပြီးရော၊ ငါ့အတွက် ငါ့အတွက်ဟု ကြွေးကြော်ကာ တစ်ကိုယ်ကောင်းစိတ်ဓာတ်များသာ လွှမ်းမိုးနေခဲ့ပေသည်။ ထိုကဲ့သို့ တစ်ကိုယ်ကောင်းစိတ်ဓာတ်များလွှမ်းမိုးလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီထင်ပါသည်။ အရိုးထဲ အသားထဲတွင် စွဲမြဲနေခဲ့သည်မှာ ယခုခေတ်တွင်မှ မဟုတ်ကြောင်းကို စာအုပ်များရှိမှတ်တမ်းများတွင် ဖော်ပြထား ခဲ့ကြသည်ကိုဖတ်ရှုရခြင်းဖြင့် သိသာနိုင်ပေသည်။ လူဟူသော သတ္တ၀ါအဖြစ်သို့ ရရှိလာရခြင်းသည် မိမိတို့ တစ်ဦး တည်း တစ်ယောက်တည်းအတွက် လူဖြစ်လာရခြင်းမဟုတ်ကြောင်းကို ရေးရေးလေးမျှပင် သတိမရကြပါချေ။ လူအချို့တွင်မူ အင်မတန်ရှားပါးလှသော ကျင့်ဝတ်ကျေပွန်မှုမျိုးကို မြင်တွေ့ကြရတတ်ပေသည်။ ထိုသို့သော လူမျိုးသည် ကျော်ကြားခြင်းတစ်ခုတည်းအတွက်လည်းကောင်း၊ ချမ်းသာရန်တစ်ခုတည်းအတွက်လည်းကောင်း၊ မိမိတစ်ယောက်တည်းအတွက်လည်းကောင်း လူအဖြစ်ရပ်တည်နေခြင်းမျိုးမဟုတ်ကြတော့ကြောင်းကိုလည်း တွေ့မြင်ရပါသည်။ ထိုသို့သော အမူအကျင့်ရှိသောသူများသည် မိမိတစ်ကိုယ်တည်းကောင်းစားရန်အတွက် မတွေးမကြံပါဘဲ လူအများစု၏ အကျိုးစီးပွား၊ လူအများစု၏ ကောင်းကျိုးအတွက် မျှော်တွေးကာ လုပ်ကိုင်ဆောင် ရွက်တတ်ကြသည်ကို မြင်တွေ့ရပါသည်။


DQmRvk25PSUfjnhUBQxHBacsqNNhtGiVFJW68YEqwm6e4Vj.jpg

Image from @kachinhenry


ထိုသို့သောလူအမျိုးအစားထဲတွင် ကျွန်တော်တို့ MSC ၏ တစ်ဦးတည်းသော Leader ဖြစ်သူ ကိုဟင်နရီအောင် @kachinhenry သည်လည်း တစ်ယောက်အပါအ၀င်ဖြစ်ပါသည်။ ယခုဆောင်းပါးဖြင့်လည်း Leader အား ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း MSC အဖွဲ့သားများ ကိုယ်စား ပြောကြားအပ်ပါသည်။ Leader သည် သူတစ်ယောက်တည်းအတွက် မပူမပင် မကြောင့်မကျ SBD များ ရရှိနိုင်သော်လည်း မလုပ်ပါ။ ကျွန်တော်တို့ မြန်မာအများစုအတွက် ကြိုးပမ်းလုပ်ကိုင်နေသည်ကို အားလုံးမြင်တွေ့နေ ကြရမည်ဖြစ်ပါသည်။ English လို ရေးသားကာ Post များကို တင်နိုင်သော်လည်း မရေးသားပါ။ မြန်မာလိုသာ ရေးနေကြောင်းကိုလည်း အားလုံးသိမည်ထင်ပါသည်။ သူရေးသားသော Post များအားလည်း နိုင်ငံခြားသားများမှ vote ပေးရန်လက်မတွန့်ကြပါ။ သူ့လုပ်ရပ်ပေါ်တွင် ယုံကြည်မှု ရှိကြောင်း ပြသနေခြင်းပင်ဖြစ်ပါသည်။ ယခု မြန်မာလိုရေးသားကာ post များတင်နေသည်ကိုပင် သူတို့နားမလည်ကြပါဘဲနှင့် ယုံကြည်စွာ vote များပေးနေကြောင်းကို မြင်နိုင်ကြမည်ဖြစ်ပါသည်။ နိုင်ငံခြားသားများ၏ အကူအညီပေးခြင်းကိုလည်း သူတစ်ယောက်တည်းရယူနိုင်ပါသော်လည်း မယူပါဘဲနှင့် MSC အဖွဲ့သားအားလုံးအတွက်သာ အစဉ်တစိုက် အကူအညီ တောင်းခံခဲ့ပါသည်။ ထိုသို့သော ခေါင်းဆောင်ကို ကျွန်တော်တို့ အခြားမှာ သွားရှာကြည့်လျှင် ရနိုင်ပါမည်လော။ ဖြေကြည့်ကြပါ ချစ်မိတ်ဆွေအပေါင်းတို့။ myanmar tag တွဲထားသူများ vote မရလျှင်ပင် မအိပ်နိုင်၊ မစားနိုင် ဖြစ်နေတတ်ပေသေးသည်။ ရည်းစားက ပြစ်သွားလျှင်ပင် ထိုသို့ဖြစ်နေမည်မထင်။ ကျွန်တော်တို့ MSC အပေါ်တွင် ထိုကဲ့သို့ သံယောဇဉ်ကြီးမားသော ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ကျွန်တော်အမြဲမှတ်ယူထားပါသည်။ အခြားသူများတော့ မည်သို့ မှတ်ယူထားသည် မသိပါ။ Promotion အစီအစဉ် သည်လည်း သူ၏ ကြိုးပမ်းမှုကြောင့်သာလျှင် ပြန်လည်ရရှိလာခြင်းဖြစ်ပါသည်။ ကျွန်တော်တို့အနေဖြင့် Promotion မရခြင်းအပေါ်တွင် မည်သို့မျှတတ်နိုင်ခဲ့ခြင်းမရှိကြောင်းလည်း ၀န်ခံအပ်ပါသည်။ Leader အနေဖြင့် အခြားသော နိုင်ငံခြားသားများအား မျက်နှာငယ်ခံကာ အကူအညီလိုက်တောင်းခံခဲ့သောကြောင့်သာ ယခုလို Promotion ပြန်လည် ပေးနိုင်ခြင်းဖြစ်ပါသည်။ တချို့သောသူများသည် Promotion ပေးနေခြင်းအား ရပိုင်ခွင့်တစ်ခုကဲ့သို့မြင်နေကြသည်လားမသိပါ။ မရမက လိုချင်နေကြသည်။ စေတနာကိုလည်းနားမလည်ကြ။ လိုချင်စိတ်သက်သက်ဖြင့်သာ လာရောက် Promotion တင်နေကြသူများကိုလည်း မြင်တွေ့ရပါသည်။ ၀မ်းနည်းဖွယ်ကောင်းလေစွ။ စိတ်ပျက်ဖွယ်ကောင်းလေစွ။သူ့၏စေတနာအား အသိအမှတ်ပြုသောအားဖြင့် အကူအညီပေးကြပါရန်လည်း MSC အဖွဲ့သားများအား တောင်းဆိုလိုပါသည်။ အခြားကို မကူညီနိုင်လျှင်နေပါစေ။ အခြားသူများ၏ စာများအား ကူးယူခြင်းဖြင့် post မတင်လျှင်ပင် ကျေးဇူးအထူးတင်မိပါမည်။ သို့မဟုတ်ပါက MSC မှ ထုတ်ပယ်ခံရမည်သာ။ ထိုသို့ထုတ်ပယ်ခံရမည်ဆိုပါက နောက်တစ်ကြိမ် အကောင့်အသစ်ဖြင့်ဝင်ရောက်လာပါကလည်း MSC မှ လက်ခံတော့မည်မဟုတ်ပါ။ သတိပြုဆင်ချင်ကြပါကုန်လော့။

Leader ရေးတင်ထားသော post အား မဖတ်ရသေးသူများ ၀င်ရောက်ဖတ်နိုင်ကြပါသည်။ သူ့ blog တွင် ရေးသားထားသော စာများအားလည်း ဖတ်ရှုနိုင်ကြပါသည်။ Leader နှင့်ပတ်သက်သော အကြောင်းများကို ယခင်ကလည်း ကျွန်တော်ရေးသားဖူးပါသည်။ ယခုဆောင်းပါးသည် Leader အကြောင်းရေးရန်မဟုတ်ပါ။ သို့သော်ရောထွေးသွားခဲ့သောကြောင့် ဆက်လက်ရေးသားနေခြင်းဖြစ်ပါသည်။

https://steemit.com/myanmar/@kachinhenry/myanmar-steemit-community-wng-ekak-otmundefinedng-henry-aung


leader.png

Image from google


ထို့ကြောင့်အချုပ်အနေဖြင့်ပြောရမည်ဆိုသော် ထိုက်သင့်သော အောင်မြင်မှုရရှိစေရန်အတွက်မှာ မိမိတို့အား လူအများ၏ ယုံကြည်မှု၊ လူအများအပေါ် တာဝန်ဝတ္တရားကျေပွန်မှု နှင့် တိုက်ရိုက်သက်ဆိုင်နေမည်ဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့ တတ်နိုင်စွမ်းသလောက် ကျင့်ဝတ်ဝတ္တရားလေးများအား ကျေပွန်ကြမည်ဆိုပါမူ ဘ၀တွင် အောင်မြင်သော လူတစ်ယောက်အဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် အဆုံးသတ်လိုက်ပါသည်။ ဆောင်းပါးကို ရေးစဉ်က ဘ၀အောင်မြင်ရေးဟု ခေါင်းစဉ်တပ်ရန် ရည်ရွယ်သော်လည်း ရေးသားရင်းဖြင့် Leader အကြောင်းကို ရေးသားလိုစိတ်ရောက်သွားသဖြင့် ခေါင်းစဉ်ပြောင်းသွားသကဲ့သို့ အကြောင်းအရာလည်း ရောထွေးသွားခဲ့ပါသည်။ ကျေးဇူးပြုပြီး သည်းခံဖတ်ရှုပေးကြပါခင်ဗျာ။ ဘ၀အောင်မြင်ရေးအကြောင်းကို ဆက်လက်ရေးသားလျှင်လည်း အလွန်ရှည်လျားသွားတော့မည်ဖြစ်သောကြောင့်လည်း ယခုနေရာတွင်ပင် ရပ်နား လိုက်ခြင်းဖြစ်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

13-12-2017 ဗုဒ္ဓဟူးနေ့(Wednesday)