ဇေယျာရွှေမြေ စစ်ကိုင်းမြို့မှ မှတ်တမ်းဓာတ်ပုံအချို့
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ဒီနေ့ဟာ ကမ္ဘာ့တနင်္ဂနွေနေ့ဖြစ်တဲ့အတွက် ပရိုမိုးရှင်းလည်းနားတဲ့ရက်ဖြစ်ပါတယ်။ ဒီတော့ စစ်ကိုင်းမြို့ရဲ့ သမိုင်းဝင် ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ နဲံ တည်ဆောက်ထားကြတဲ့ အဆောက်အဦများကို ဓာတ်ပုံအချို့နဲ့ မျှဝေပေးလိုက်ပါတယ်။ ရှေးဟောင်း သမိုင်းဝင် အဆောက်အဦများမှာရှိနေတဲ့ ယဉ်ကျေးမှုလက်ရာများကို ၀ါသနာပါသူများ ယဉ်ကျေးမှုအမွေအနှစ်ကို လေ့လာသူများအနေဖြင့် ကြုံကြိုက်ရင် ၀င်ရောက်လေ့လာနိုင်ရန်အတွက် မျှဝေပေးခြင်းလည်းဖြစ်ပါတယ်။ သမိုင်းပညာရှင်လည်းမဟုတ်၊ ယဉ်ကျေးမှုလက်ရာများကိုလည်း နားလည်သူမဟုတ်လေတော့ သေချာသေချာတော့ ဘာမှပြောနိုင်မယ်မဟုတ်ပါဘူး။ ဒါပေမယ့် အကြောင်းကြုံကြုက်ရင်တော့ အဲဒီလို အဆောက်အဦ တစ်ခုချင်းစီရဲ့ အကြောင်းကို တတ်စွမ်းသမျှ လေ့လာပြီး Post တင်ရေးသားချင်ပါသေးတယ်။ အခုတော့ ဓာတ်ပုံလေးတွေကို သည်းခံကြည့်ရှုပေးကြပါခင်ဗျာ။ ဇေယျာရွှေမြေ စစ်ကိုင်းမြို့မှာက စိတ်ဝင်စားစရာ ရှေးဟောင်းအနုလက်ရာတွေလည်း အများကြီးရှိနေပါတယ်။ ဘုရားဖူးခရီးသွားသူတွေသာ များပြားပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ထားသင့်သော ယဉ်ကျေးမှုအဆောက်အဦများ စစ်ကိုင်းမြို့တွင် ရှိနေပါသည်။ စစ်ကိုင်းမြို့၏ စေတီတော်များအား ပြည့်စုံအောင်ဖူးမျှော်ရန်အတွက်လည်း ပုဂံဘုရားများဖူးရသကဲ့သို့ပင်ဖြစ်ပါလိမ့်မည်။ အမွှန်းတင်ကာ ပြောရရင်ဖြင့် ဒုတိယ ပုဂံ လို့ပြောနိုင်လောက်အောင် စေတီ ပုထိုး များပြားပါသည်။
ဓာတ်ပုံရိုက်ကျွမ်းကျင်သောသူမဟုတ်တဲ့အတွက် ပုံကောင်းများတော့ မဟုတ်ပါဘူး။ စိတ်ထဲတွေ့တဲ့အချိန်မှာ ရိုက်ချင်သလိုရိုက်ထား တာလေးတွေဖြစ်ပါတယ်။ ဓာတ်ပုံအားလုံးကိုတော့ ကိုယ်တိုင်ရိုက်ကူးထားခြင်းသာဖြစ်ပါတယ်။ ဖုန်းနဲ့ရိုက်ထားတဲ့အတွက် ပုံကြီးကြီးချဲ့ကြည့်လို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး။
လင်းဇင်း ယိုးဒယားသိမ် ခေါ် မဟာသိမ်တော်ကြီး (စစ်ကိုင်း)
ရှေးနံရံဆေးရေးပန်းချီများ ကျန်ရှိနေသေးသည့် ရှေးယဉ်ကျးမှုလက်ရာများအား လေ့လာနိုင်ပါသည်။ စစ်ကိုင်းမြို့၊ လင်းဇင်းရပ်၊ ငါးထပ်ကြီးမြတ်စွာဘုရား ၏တောင်ဘက်တွင် တည်ရှိပါသည်။ ယိုးဒယား(ထိုင်း)ရှေးလက်ရာ နံရံဆေးရေးပန်းချီများ ရှိနေပါသည်။ ယိုးဒယား(ထိုငိး)နိုင်ငံမှ အလှူရှင်များသည် ထိုသိမ်တော်ကြီးအား ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရန်အတွက် အလှူငွေများလည်း လာရောက်လှူဒါန်းကြတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းမြို့တည်ထောင်သည့် အသင်္ခယာစောယွမ်း တည်ထားကိုးကွယ်ခဲ့သည့် ဂူဘုရား
စစ်ကိုင်းမြို့၊ သောတာပန်ရပ်၊ ဧရာဝတီမြစ်ကမ်းနဖူးတွင်တည်ထားကိုးကွယ်သည့် ချမ်းသာကြီး ချမ်းသာရ စေတီတော် နှင့် အတူယှဉ်တွဲ တည်ရှိပါသည်။
စစ်ကိုင်း သံချက်ဖိုစက်ရုံ(သံရည်ကျိုစက်ရုံ) ရတနာပုံခေတ်
စစ်ကိုင်းမြို့၊ သာစည်ရပ်၊ ဧရာဝတီမြစ်ကမ်း၊ ရွှေတောင်ဦးမော်စေတီ၏ အနောက်ဖက်တွင် တည်ရှိပါသည်။ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက စောင့်ရှောက်ထိန်းသိမ်း ထားကြောင်းလည်း သိရပါသည်။ နောက်များကြုံကြိုက်ပါက သီးသန့်ရေးသားမျှဝေလိုပါသေးသည်။
အင်းဝစာဆိုကျော် ရှင်မဟာသီလ၀ံသ ၏ အရိုးအိုးစေတီ
စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ပန်းဘဲတန်းလမ်းကြီး၏ ဘေးတွင် တည်ရှိပါသည်။ မြန်မာ့စာပေသမိုင်း၌ သဒ္ဒါတွင် ရှင်မဟာ ကစ္စည်း သည်အတော်ဆုံးဖြစ်သကဲ့သို့ ကဗျာတွင်လည်း ရှင်မဟာသီလ၀ံသ သည် အတော်ဆုံးဖြစ်သည်ဟု ဆိုကြပါသည်။ ထိုသို့သော ကဗျာစာဆိုအကျော်၏ အရိုးအိုးသည် စစ်ကိုင်းမြို့တွင် တည်ရှိနေခြင်းကိုလည်း ၀မ်းမြောက် ဂုဏ်ယူမိပါသည်။
သမိုင်းအထောက်အထားများ ပြည့်စုံစွာရှာဖွေ စုဆောင်းနိုင်ပါက အထက်ပါ အဆောက်အဦများအကြောင်း ထပ်မံဖော်ပြပေးလိုပါသေးသည်။ ပြုပြင်ထိန်းသိမ်းမှုမရှိခဲ့ခြင်းကြောင့်လည်းကောင်း၊ တန်ဖိုးနားမလည်ကြသည့် အတွက်လည်းကောင်း အဖိုးတန်လှသည့် ယဉ်ကျေးမှုအမွေအနှစ်များ ဆုံးရှုံးနေဆဲဖြစ်ပါသည်။ စစ်ကိုင်းတွင်လည်း ဆုံးရှုံးပျောက်ကွယ် ပျက်စီးကုန်သော သမိုင်းအမွေအနှစ်များစွာ ရှိနေဆဲပင်ဖြစ်ပါသည်။
ဓာတ်ပုံ(Photo)
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
26-Aug-2018 တနင်္ဂနွေနေ့(Sunday)