Happy Birthday MSC or MSC’s One Year Anniversary on 3rd August 2018 to 5th August 2018 in Bagan

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


1st year anniversary.png


စာမရေးဖြစ် စာမရေးနိုင်ခဲ့သည်မှာ အတော်ပင်ကြာသွားခဲ့ပါပြီ။ စာရေးမယ်ဆိုပြီး ကွန်ပျူတာရှေ့ထိုင်တွေးလိုက် တိုင်း ခေါင်းမူး ခေါင်းကိုက်ဖြစ်ဖြစ်လာတဲ့အတွက် မရေးနိုင် မရေးဖြစ်ခဲ့ခြင်းပါပေ။ MSC ရဲ့ Gathering မတိုင်မီကပင် မရေးနိုင်ခဲ့။ မြန်မာတို့ရဲ့ အလွန်ထင်ရှားကျော်ကြား ဂုဏ်ယူစရာကောင်းတဲ့ ပုဂံမြေမှာ ၂၀၁၈ ခု သြဂုတ်လ (၃)ရက်နေ့ကနေ (၅)ရက်နေ့ထိ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ယခုတော့ ထိုက်သင့်သလောက် အာရုံစူးစိုက်လို့ရလာတဲ့အတွက် ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။ စာမရေးဖြစ်တော့ အခြားသူတွေကိုလည်း vote မပေးဖြစ်။ စာတွေလည်း မဖတ်ဖြစ်တော့တာ အတော်တောင် ကြာပေါ့နော်။ သူများတွေက အသီးသီး MSC Gathering အကြောင်း ပလူပျံနေအောင် ရေးသားနေကြပေမယ့် ကျွန်တော့်မှာ ရေးစရာအချက်အလက် မကျန်သလောက်ဖြစ်သွားပါတယ်။


38392296_201426360722401_4744335323155136512_n.jpg


Gathering မှာ ဘာတွေလုပ်ကြတယ်၊ ဘာတွေပြောကြတယ်၊ ဘယ်လိုပျော်စရာကောင်းတယ်ဆိုတာတွေ ရေးထားတာ အားရစရာကြီးပေါ့လေ။ တကယ်လည်း ပျော်စရာ ကောင်းပါတယ်။ ခေါင်းဆောင်ကြီးကိုယ်တိုင်တောင် အတော်ပျော်နေတာတွေရတော့ အလွန်ကျေနပ်မိပါတယ်ဗျ။ ဒါလည်းအမှန်ပါပဲ။ အနည်းငယ်အလွဲအချော်လေးတွေရှိပေမယ် ကျွန်တော့်အနေနဲ့တော့ အလွန်ကျေနပ်မိပါတယ်။ ခေါင်းဆောင်ကြီးအနေနဲ့ ဒီထက်မျှော်မှန်းထားချင်လည်း မျှော်မှန်းထားမယ်ပေါ့။အပြည့်အဝ ကျေနပ်မှုသိပ်ရှိလိမ့်မယ်မဟုတ်ပေမယ့် ကျေနပ်မှု အတိုင်းအတာတစ်ခုတော့ ရသွားတယ်လို့ ထင်ပါတယ်။ အခုပြုလုပ်ခဲ့တဲ့ပွဲက Gathering သာမဟုတ်ပါဘူး။ MSC ကိုမွေးဖွားခဲ့တာ တစ်နှစ်ပြည့်မြောက်တဲ့ပွဲလည်း ဖြစ်ပါတယ်။ အခြားသူတွေ Gathering အကြောင်းအကုန်လုံးနီးပါး ရေးပြီးသွားတော့ Happy Birthday MSC လို့ပဲ အော်လိုက်ပါတယ်။ ယနေ့အချိန်ထိတိုင်အောင် MSC အား အကူအညီများပေးနေတဲ့ @donkeypong ကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်ဗျာ။ နောက်လည်း MSC အား အကူအညီပေးနိုင်ပါစေခင်ဗျာ။(Special thanks to @donkeypong)


38289232_883613601832770_2992567134057398272_n (1).jpg


MSC ကြီး ယနေ့မှစ နောင်နှစ်ပေါင်းများစွာ သားစဉ် မြေးဆက် ကျန်းမာရေးကောင်းကောင်းနဲ့ မြန်မာလူမျိုးများအား စောင့်ရှောက်ကူညီနိုင်ပါစေ။ MSC ကြီးလည်း နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲနိုင်ပါစေ။ အားလုံးသော Member များလည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဆိုးတိုင်ပင် ကောင်းတိုင်ပင်ကြပြီး MSC နဲ့အတူ မမျှော်မှန်းနိုင်တဲ့ အနာဂတ်ခရီးရှည်ကြီးအား ပျော်ရွှင်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။ နောင်နှစ် နောင်နှစ်များမှာလည်း အဖွဲ့သားအားလုံးနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပချင်ပါသေးတယ်။ အားလုံးပဲ အောင်မြင်နိုင်ကြပါစေ။ စာရှည်ရှည်မရေးနိုင်သေးတဲ့အတွက် ဒီလောက်နဲ့ပဲ ကျေနပ်နိုင်ကြပါစေဗျာ။

Happy Birthday MSC

Happy Anniversary MSC


Success in Steemit

အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png


ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

7-Aug-2018 အင်္ဂါနေ့(Tuesday)