ဟယ်လို ဆိုတဲ့စကား ရဲ့ ဖြစ်တည်ပုံအနည်းငယ် (History Of Hello)

We Say Hello When We Answer The Phone.

အခုတစ်လောသိချင်စိတ်တစ်ခုကျွန်တော့်၏ စိတ်ကူးထဲသို့ ၀င်လာသည်မှာ အတော်ကြာပါပြီ။ သို့သော် သိချင်သောအဖြေကို မရှာကြည့်နိုင်ခဲ့။ ခုတော့ Post တင်ချင်လို့ လိုက်ရှာကြည့်မိပါတယ်။ ချက်ချင်းပင်ရှာတွေ့ပါသည်။ အတော်အံ့သြသွားမိပါသည်။ ဘာကြောင့်အဲ့သြသနည်းဆို ကျွန်တော်သိချင်သောအကြောင်းအရာကို ကျွန်တော်မမွေးခင် နှစ်ပေါင်းများစွာကပင် အခြားသော နိုင်ငံများမှာ စိတ်ကူးဖော်ထုတ်ခဲ့ကြပြီး ဖြစ်နေမည်ဆိုတာ သိလိုက်သောကြောင့်ဖြစ်ပါသည်။

ဘယ်သို့သော အကြောင်းအရာများပါလိမ့် ဘယ်လိုကြီးကျယ်တဲ့အတွေးပါလိမ့်ဟု မိတ်ဆွေများ သိချင်နေပါလိမ့်မည်။

ကျွန်တော်၏ စိတ်တွင် ပေါ်လာသော စိတ်ကူးမှာ တယ်လီဖုန်းပြောသူတိုင်းက ဘာလို့ စပြောပြောချင်းမှာ Hello လို့ပြောနေကြတာပါလိမ့်ဟု---- အခြားသော စကားလုံးတွေ မရှိလို့လားဟု တွေးမိခြင်းဖြစ်ပါသည်။အလွန်တရာ ကြီးကျယ်သော စိတ်ကူးပင် မဟုတ်ပါလားမိတ်ဆွေများခင်ဗျာ။းးးD

ကျွန်တော်က ယခုမှ တွေးမိခြင်းသာဖြစ်သည်။ နိုင်ငံခြားတိုင်းပြည်များက ထိုမေးခွန်းကို လွန်ခဲ့သော နှစ်ပေါင်း(၁၀၀)ကျော်ခန့်ကပင် တွေး မေး ရေးသားခဲ့ကြပြီးဖြစ်ကြောင်းသိရလေရာ ကျွန်တော်တို့ မြန်မာနိုင်ငံသည် နှစ်ပေါင်း ဘယ်လောက်များ နောက်တွင် ကျန်နေခဲ့သလဲဆိုတာကို တွေးပင်တွေးလို့မရတော့ပါ။ Google Translate ဖြင့် အခြားဘာသာစကားမှ မြန်မာဘာသာသို့ပြန်ဆိုလျှင်လည်း ယခုချိန်ထိတော့ 100% မှန်ခြင်း မတွေ့ရသေးပါ(ကျွန်တော်မတွေ့သေးခြင်းသာဖြစ်နိုင်ပါသည်။ 100% English-Myanmar Myanmar - English မှန်ကန်သော Translator ကို တွေ့ပြီးသူများ လမ်းညွှန်ပေးကြပါအုံးခင်ဗျာ) သို့သော် ကျွန်တော်တို့ စိတ်အားငယ်နေစေရန်မဟုတ်။ ပိုတိုးပြီးကြိုးစား အားထုတ်ကြရန်သာဖြစ်ပါသည်။(အချိန်ပြည့် Phone Screen ကိုသာပွတ်နေကြသော လူငယ်များစွာကို ကြည့်ရင်း ဘယ်သို့မှီအောင်လိုက်ရပါ့မလဲဟုတော့ တွေးမိပါ၏)

တကယ်ပင် ကျွန်တော်သိချင်လို့ google တွင် Why do you say hello ဆိုပြီး ရိုက်ရှာလိုက်ရာမှာ ချက်ချင်း မေးခွန်းတွေရော(Question) အဖြေတွေကိုရော(Answer) မြင်လိုက်ရတော့ အထက်ကပြောခဲ့သလို ငါထက်ဦးသူရှိခဲ့သလားကွယ်ပေါ့ အံ့သြသွားပါတယ်။

why do you say hello.png

တကယ်ပါ အခြားသောနိုင်ငံမှ မှတ်တမ်းများကို အလွန်ပင်တန်ဖိုးထားကြကြောင်း သိလိုက်ရတဲ့အချိန်လို့ပြောရမှာပါပဲ။ နောက်ဆက်တွဲ စဉ်းစားစရာအတွေးတစ်ခု ထပ်ဝင်လာပါတယ်။ ငါတို့ မြန်မာလူမျိုးတွေရော မှတ်တမ်းရှိရဲ့လားဆိုတဲ့အတွေး..... ကိုယ်သိချင်တာတစ်ခုကို မြန်မာလိုရော အင်္ဂလိပ်လိုရော ရိုက်ရှာရာမှာ မြန်မာပြည်ကအကြောင်းအရာ မြိ့ရွာ သမိုင်း စသဖြင့် ဘာမှ တိတိကျကျ ရေရေရာရာ မရှိတာသွားမြင်လိုက်ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ ဒဏ္ဍာရီတွေသာရှိနေပါတယ်။ မြို့ ရွာ သမိုင်းကိုသေချာတိကျစွာမသိရှိရတာကိုလည်းတွေ့ရပါတယ်။ မြန်မာ့ရိုးရာ အစားအစာအကြောင်းကိုရှာလျှင်ပင် တိကျသောအဖြေရရန်မလွယ်ကူဘူးဖြစ်နေပါတယ်။ (ကျွန်တော်ရှာရမှာ လိုအပ်ချက်များရှိနေလို့လည်းဖြစ်နိုင်ပါတယ်၊ နည်းပညာအားနည်းလို့လားပေါ့) မှတ်တမ်းနှင့်ပတ်သက်လို့ ကျွန်တော်တို့ မြန်မာလူမျိုးများ အင်မတန်အားနည်းခဲ့ပုံရပါတယ်ခင်ဗျာ(ကျွန်တော့်အထင်သာဖြစ်ကြောင်းပါ) အမှန်တကယ် တိတိကျကျရေးသားချက်များသည်လည်း ပုံနှိပ်စာအုပ်တွေပေါ်မှာသာရှိနေသေးသည်ထင်ပါတယ်။ Wikipidia လိုနေရာမှာတောင် ရှာရတာမလွယ်ကူ အချို့အကြောင်းအရာတွေဆို ရှာလို့တောင်မရ အခြားနိုင်ငံကအကြောင်း အရာတော်တော်များများကိုတော့ ရှာရတာလွယ်ကူလိုက်တာဗျာ။ ဘာကြောင့်လဲလို့စဉ်းစားမိပါတယ်။ အဲဒါထားလိုက်ပါတော့ အခုတော့ Hello အကြောင်းပဲရေးပါအုံးမည်။

နိုင်ငံတော်တော်များများမှာ ဖုန်းဝင်လာလို့ ဖုန်းကိုင်လိုက်ရင် Hello ဆိုတာက စ ပြီးတော့ ဖုန်းထူးတာကို တွေ့ရပါတယ်။

တယ်လီဇုန်းဝင်ဖုန်းလို့ ဖုန်းကိုင်လိုက်ရင် အရင်ဆုံးနှုတ်ဆက်စကားကို ဘာဖြစ်လို့ Hello ဆိုပြီး ထူးကြတာလဲ အခြားစကားသော နှုတ်ဆက်စကားကို ဘာကြောင့်မပြောကြတာလဲ ?

The phone is ringing. You hung up the phone. Then you say hello. Why do not say other words?

step by step hello.png

Hello ဆိုသော စကားလုံးသည် မည်ကဲ့သို့ဖြစ်ပေါ်လာပါသနည်း။ တယ်လီဖုန်းကိုစတင်တီထွင်သူ ဟူလူသိများသော အလက်ဇန္ဒား ဂရေဟန်ဘဲလ်(Alexander Graham Bell) သည် တယ်လီဖုန်းကို စတင်တီထွင်ပြီးသည့်အချိန်မှ စပြီး နောက်ဆုံးအချိန်ထိ Ahoy ဟုသာပြောဆိုသွားခဲ့သည်ဟု မှတ်သားဖူးပါသည်။ ဒါဆိုရင် Hello သည် Hi ဆိုသော စကားလုံးမှ ဆင်းသက်လာခြင်းလည်း မဟုတ်ကြောင်း သိရှိရပါသည်။
Hello ဆိုသော အသုံးအနှုန်းသည် Ahoy ဆိုသောစကားလုံးမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း မှတ်သားဖူးပါ သည်။ Ahoy ဆိုသော စကားသည် ဒတ်ခ်ျ Dutch ဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်ကြောင်း သိရှိရ ပါသည်။ Ahoy ဆိုသောစကားလုံး ကိုသုံးစွဲလာခဲ့ကြသည်မှာ အနည်းဆုံး နှစ်ပေါင်း(၁၀၀) ကျော်ပြီဖြစ်ကြောင်းလည်းသိရှိရပါသည်။ Ahoy ဆိုသောအသုံးအနှုန်းကို ယခင်ကသဘောင်္သားများ တစ်ဦးနှင့်တစ်ဦး လှမ်းခေါ်ရာတွင် အသုံးပြုခဲ့ကြခြင်းဖြစ်ပါသည်။

မြန်မာလို Ahoy ကိုဘာသာပြန်လျှင် "ဟေး" ဟုအဓိပ္ပါယ်ရမည်ထင်ပါသည်။

ကျွန်တော်တို့မြန်မာနိုင်ငံ အညာတောရွာဒေသများတွင်လည်း လယ်ကွင်း ယာကွင်းများနှင့် တောတောင်များအတွင်း သွားလာရာတွင် နာမည်ခေါ်လျှင် မကောင်းဆိုးဝါးများ ကပ်ရောက်တတ်သည်ဟု ယူဆပြီး "ဟေး ဟေး ဟေး" သို့မဟုတ် "၀ူး ၀ူး ၀ူး" ဟု အချက်ပေးခေါ်ဝေါ်ကြသော ထုံးစံ မြင်တွေ့ဘူးပါသည်။ နာမည်ကို အော်ခေါ်လျှင် အခြား အမှောင့်ပယောကများဝင်တတ်ကြောင်း ရှေးလူကြီးများကဆိုပါသည်(စကားချပ်)

ကျွန်တော်တို့မြန်မာလူမျိုးအတော်များများကတော့ ခုနောက်ပိုင်းတွင် Hello အစား "မင်္ဂလာပါ" ဆိုတာနဲ့ အစားထိုးပြီးဖုန်းဝင်လာရင်း ပထမဆုံး စကားလုံးအဖြစ်ပြောင်းလဲ အသုံးပြုလာတာကိုတွေ့ရပါတယ်။ ဒါတောင် တစ်ချို့သော လူအများက တော့ နှစ်မျိုးလုံး ရောပြီး "Hell မင်္ဂလာပါ" လို့ထူးတဲ့သူတွေထူးကြတာကို ကြားမိပါသေးတယ်။ အဲတော့လည်း မင်္ဂလာပါ ဘယ်ကပြောလာတာလဲလို့ စဉ်းစားလာမိပြန်ပါတယ်။ (ကြာရင် ရူးသွားနိုင်ပါတယ်းး ဟီး)

'မင်္ဂလာပါ' ဆိုတဲ့ စကားကို မည်သူစတင် တီထွင်ခဲ့သနည်း?

mingalar.png

'မင်္ဂလာပါ' ဆိုသော နှုတ်ခွန်းဆက်စကားအား စတင်တီထွင်ခဲ့သူမှာ ဖဆပလ အစိုးရခေတ်က ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသော 'ထွန်းနေ့စဉ်' သတင်းစာကို တည်ထောင်တည်းဖြတ် ထုတ်ဝေခဲ့သော စာရေးဆရာ သတင်းစာဆရာကြီး ' ထွန်းနေ့စဉ် ဦးထွန်းဖေ ' ဖြစ်ပါကြောင်း မှတ်သားမိခဲ့သော်လည်း ဘာတုန်းက ဘယ်ထဲမှာ ဖော်ပြခဲ့မှန်းမသိတော့ပါ။ မှတ်တမ်းများရှာသောလည်းမတွေ့တော့။ မှတ်တမ်း တင်ခြင်းဘက်တွင် အားနည်းခဲ့ခြင်းကြောင့်သာဟု ထင်မှတ်ပါသည်။

1830 ခုနှစ်ပတ်ဝန်းကျင်လောက်(ကျွန်တော် မမွေးသေးသောအချိန်)တွင် လူများတစ်ဦးနှင့်တစ်ဦး အပြန်အလှန်နှုတ်ဆက်ကြရာတွင် Hello ဆိုသောစကားလုံးကို စတင်သုံးနှုန်းခဲ့ကြပါသည်။ Hello ဟု ပြောဆို နှုတ်ဆက်ခြင်းအားဖြင့် လူအများကို ဆွဲဆောင်မှု ပိုမိုရှိစေသည်ဟုယူဆကြပြီး Hello ဟူသောအသုံးအနှုန်းသည် လူအများကြားတွင် ထင်ပေါ်ကျော်ကြားလာခဲ့ကြောင်း သိရှိရပါသည်။

Ammon says people in the 1830's said hello to attract attention ("Hello, what do you think you're doing?"), or to express surprise ("Hello, what have we here?")

For more information click this link http://www.npr.org/sections/krulwich/2011/02/17/133785829/a-shockingly-short-history-of-hello

http://www.rd.com/culture/why-we-say-hello/

လူအချို့ကလည်း "Hello" ဆိုတာက အမျိုးသမီးတစ်ဦးရဲ့နာမည်ဖြစ်တယ်လို့ဆိုကြပါတယ်။

အဲဒီအမျိုးသမီး နာမည်သည် မာဂရက်ဟယ်လို (Margaret Hello) ဖြစ်ကြောင်းသိရှိမှတ်သားရပါတယ်။

Alexander Graham Bell ရဲ့ Girlfriend ဖြစ်တယ်လို့ ဆိုကြပါတယ်။

(The stories claiming the famous telephone greeting Hello comes from the girlfriend name Margaret Hello of Graham Bell, the inventor of telephone.)

Hello-Is-the-Name-of-Girlfriend-of-Graham-Bell-who-Invented-Telephone.jpg

See more information click this link http://www.hoaxorfact.com/History/hello-is-the-name-of-girlfriend-of-graham-bell-who-invented-telephone-facts.html

Hello ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကိုတော့ ဒီလောက်နဲ့ ရပ်လိုက်ပါတယ်ခင်ဗျာ...... အမှန်တကယ်က ဘာလည်းတော့မသိတော့ပါခင်ဗျာ...

Hello နောက်မှာတော့ တယ်လီဖုန်းတီထွင်သူဟာ ဘယ်သူလဲဆိုတာကို အငြင်းပွားနေကြပါတယ်။ 2004 ခုနှစ်တွင် ကမ္ဘာမှ တယ်လီဖုန်းတီထွင်သူသည် Alexandar Graham Bell မဟုတ်ဘဲ Antonio Meucci ဖြစ်သည်ဟု ကြော်ငြာ်သည်ဟုလည်းကြားမိပါသည်။

Who is credited as inventing the telephone?

Was it Alexander Graham Bell, Elisha Gray, or Antonio Meucci?

လေ့လာချင်သူများ ဒီ link ကသွားပြီးလေ့လာနိုင်ကြပါတယ်ခင်ဗျာ

For more click https://www.loc.gov/rr/scitech/mysteries/telephone.html

Alexander Graham Bell( 1847-1922)

https://www.biography.com/people/alexander-graham-bell-9205497

Alexander Graham Bell.png

Elisha Gray(1835-1901)

https://www.findagrave.com/cgi-bin/fg.cgi?page=gr&GRid=41763805

Elisha Gray (1835-1901) .png

Antonio Meucci(1808-1889)

http://www.thefamouspeople.com/profiles/antonio-meucci-6246.php

Antonio Meucci(1808-1889).png

ထိုသူသုံးဦးအနက် ဘယ်သူက တယ်လီဖုန်းတီထွင်သူဖြစ်သည်မှာ ယခုအချိန်တွင် ကျွန်တော့်အတွက် အရေးမကြီးသော်လည်း Hello ဆိုသော စကားကို စတင်ဖြစ်ပေါ်အောင် ဦးနှောက်ခြောက်အောင်လုပ်ခဲ့သော အနှီပုဂ္ဂိုလ်သုံးဦးစလုံးကို တော်တော်မကျေမနပ်ဖြစ်လိုက်မိပါတော့သည်.... (တကယ်တော့ ကိုယ်ဟာကို လုပ်စရမရှိပဲ အရှုးထမိခြင်းသာဖြစ်ပါကြောင်း)

လာရောက်ဖတ်ရှုကြသည့် မိတ်ဆွေများအားလုံးကို ကျေးဇူးအထူးပင်တင်ရှိပါသည်။ Thank you very much for reading my letter.

Steemit တွင်ဝင်ရောက်လုပ်ကိုင်နေကြပါသော မြန်မာအပေါင်း အာင်မြင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ

လေးစားစွာဖြင့်

Yours respectfully

ansoe logo copy.png

@ansoe

https://steemit.com/@ansoe

https://www.facebook.com/profile.php?id=100005498385790