ကျွန်တော်နှင့် Copy ၊ Copy နှင့် Cheetah ၊ Cheetah နှင့် Myanmar ( I and Copy, Copy and Cheetah, Cheetah and Myanmar)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,


မနေ့က Myanmar Cheetah Weekly Report ဖတ်လိုက်ရပါသည်။ cheetah-myanmar ထိသူများ original cheetah ထိသူများကို report တွင် တွေ့လိုက်ရပါသည်။ အဘယ့်ကြောင့် cheetah ထိရကြောင်းများကိုလည်း ရှင်းပြထားပါသည်။ cheetah ထိထးသူများအား စိတ်ဓာတ်မကျပါရန် တိုက်တွန်းအပ်ပါသည်။ ကျွန်တော် Steemit ကို စတင်ဝင်ရောက်လုပ်ကိုင်စဉ်က Myanmar Cheetah မရှိသေးပါ။ သို့သော် Original Cheetah ရှိနေပါသည်။ Steem Cleaner ရှိပါသည်။ Original များဖြစ်သည့်အားလျော်စွာ ကျွန်တော်၏ အကောင့်ဖြစ်သော @ansoe သည် Original Cheetah ၏ Weekly Report ထဲတွင် သေချာပေါက် ပါရှိသွားမည်ဖြစ်ရာ အလွန်အင်မတန် ကျော်ကြားသွားမည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ နှစ်ကြိမ် cheetah ထိပါလေသည်။ cheetah ထိရာတွင်လည်း ဘာမှန်းမသိပျော်ရွှင်နေခဲ့မိပါသည်။ အလွန်ပင် တုံးသော အလွန်ပင် အသော ကျွန်တော်ပါပေ။ ထိုအကြောင်းနှင့်ပတ်သက်ပြီး ကျွန်တော်ရေးသားခဲ့သော ဆောင်းပါး Steemit မှာ တစ်လတာ တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။ စိတ်ဝင်စားပါက စာတမ်းအပြာလေးကိုနှိပ်ပြီး ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။ စိတ်မ၀င်စားလျင်လည်း ကျော်လိုက်ပါ။

ကျွန်တော်ရဲ့ ဘာမှန်းမသိ ညာမှန်းမသိ Steemit တွင် ပထမဆုံးရေးသားခဲ့သော post နှင့် အလွန်ကောင်းမွန်သော tag တွဲထားပုံလေးပါ။ ၀င်ရောက်လေ့လာနိုင်ပါရန် အောက်က link ကနေ ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ အင်မတန်တော်သော ကျွန်တော်ပါပေ။
https://steemit.com/a/@ansoe/myanmar-is-pleasant-and-peaceful

ယခုအချိန် ထို post ကိုကြည့်ပြီး "ငါ ဘာလို့ ဒါမျိုးတင်မိပါလိမ့်" ဟုလည်း စဉ်းစားနေမိပါသည်။ ထိုအချိန်ကတော့ tag တွဲရကောင်းမှန်းလည်း နားမလည်ခဲ့ပဲ ရေးထည့်ခဲ့ခြင်းဖြစ်ပါသည်။ Facebook ကဲ့သို့ ထင်မှတ်ကာ အလွယ်တကူ Post တင်ခဲ့ခြင်းဖြစ်ပါသည်။ မကြိုက်လျှင် ပြန်ဖျက်မည်ဆိုသော အတွေးနှင့် တင်လိုက်မိခြင်းဖြစ်သည်။ ထို့နောက် လမ်းညွှန်ပေးမည့်သူလည်းမရှိ ဘာရေးရမှန်းလည်း မသိ copy ယူပြီး တင်ချင်ရာတင်ပါတော့သည်။ အဲဒီမှာတင် cheetah ၀င်လာခြင်းပင်ဖြစ်ပေသည်။ Post သာတင်လိုက်သည် ဒေါ်လာတစ်ပြားမှ မရခဲ့သော post များသာဖြစ်ပြီး အချိန်ကုန် ငွေကုန် သာဖြစ်နေခဲ့ပေသည်။ ယခုအချိန်တွင်တော့ လူသစ်များကို ကူညီမည့်သူများအဆင်သင့် post ကိုဘယ်လိုရေးသင့်သည်။ မည်သို့ရေးလျင် မည်သည့် tag တွဲသင့်သည် စသည်ဖြင့် သင်ကြားပြသ လမ်းညွှန်ပေးကြမည့်သူများ အဆင်သင့်ရှိနေ ကြပေသည်။ အချို့သောသူများက ထိုကဲ့သို့ လမ်းညွှန်ပြသပေးသော ညီအစ်ကိုမောင်နှမများကို အပြစ်မည်နေကြမည်ထင်ပါသည်။ အပြစ်မမြင်ပါနှင့်ဟု ပြောပါရစေခင်ဗျာ။ ထိုညီအစ်ကိုမောင်နှမများက သူတို့၏ အတွေ့အကြုံများနှင့် စေတနာ ရှေ့ထား ပြီး လမ်းညွန်ပြသပေးနေခြင်းကို ကျေးဇူးတင်ထိုက်ပါသည်။ ကျွန်တော့်အား မည်သူမဆို ကောင်းသောအမြင် အပြုသဘောအပြောများဖြင့် လာရောက် ပြောဆိုပေးပါကလည်း နာခံရန်အသင့်ပါ။ သင်ယူရန်အသင့်ပါခင်ဗျာ။


respect.png


ယခုအချိန်ထိ ကျွန်တော်တို့ Myanmar Steemit Community သည် မိမိတို့ မြန်မာအုပ်စုအနေဖြင့် မိမိကိုယ်တိုင် ရပ်တည်နေနိုင်ခြင်းမရှိသေးပါချေ။ ကျွန်တော်တို့ မြန်မာလူမျိုးအချင်းချင်း လူညီလို့ပေါင်းပြီး vote ပေးလျင်ပင် 1 SBD ပြည့်ရန်ပင်မလွယ်ကူပါချေ။ Promotion ဆိုသော နိုင်ငံခြား voter များ၏ အကူအညီကြောင့်သာ အနည်းဆုံး 10 SBD နီးပါး ရရှိနေကြခြင်းဖြစ်သည်Promotion ကိုလည်း လူတိုင်း လူတိုင်းလိုချင်ကြပေလိမ့်မည်။ ကျွန်တော်လည်းလိုချင်ပါသည်။ ဖြစ်နိုင်လျင် နေ့တိုင်း promotion ရချင်ပါသည်။ သို့သော်လည်း နိုင်ငံခြား voter များသည် အလှည့်ကျသာ ပေးနိုင်ပါသည်။ ထို့ကြောင့် တစ်ရက်ခြားသာ ပရိုမိုးရှင်း တင်နေကြရခြင်းဖြစ်ပါသည်။ ထိုနိုင်ငံခြား voter များကိုလည်း Myanmar Steemit Community ၏ Leader ကိုဟင်နရီအောင် @kachinhenry မှ အကူအညီတောင်းထားသဖြင့် အကူအညီပေးနေခြင်းဖြစ်ပါသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ထိုအကူအညီ ရပ်တန့်သွားမည်ဖြစ်ပါသည်။ထို့ကြောင့် ရှင်းရှင်းလင်းလင်း နားမလည်လျင် Chat Group ထဲတွင်မေးပါ။ နားလည်သူများက ရှင်းပြပေးပါလိမ့်မည်။ Chat Group နှင့်ချိတ်ဆက်မထားသေးလျင်လည်း ချိတ်ဆက်ထားကြပါရန်တိုက်တွန်းအပ်ပါသည်။ကျွန်တော်တို့ မြန်မာများ ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြပါရန်လည်း တိုက်တွန်းအပ်ပါသည်ခင်ဗျာ။ Promotion အကြောင်းပြောလိုခြင်းမဟုတ်ပါသဖြင့် အခုတော့ လက်ရှိခေါင်းစဉ်အတိုင်းသာဆက်ရေးပါမည်။

ကျွန်တော် cheetah ထိသော Post Link လေးတွေပါ။ copy စစ်စစ်ပါ။ လုံးဝ(လုံးဝ) ရေရောထားခြင်း မရှိပါ။

(1) https://steemit.com/personal/@ansoe/about-pc
(2) https://steemit.com/pyramid/@ansoe/crystal-pyramid-underwater-from-bermuda-triangle

Promotion မရှိပါဘဲနှင့် SBD အများဆုံး ရဘူးတဲ့ Post ပါ။ ထိုအချိန်က Promotion ဆိုတာ ဘာမှန်းကို မသိသေးသောအချိန်ဖြစ်ပါသည်။ ကျွန်တော် အလွန်ရှက်ခဲ့မိသော Post လည်းဖြစ်ပါသည်။ ထို post သည်လည်းကိုယ်ပိုင်မဟုတ်ပါ။ ပထမတွင် ပြားဂဏန်းသာရှိသော SBD ရရှိနေခြင်းမှ ချက်ခြင်း လက်ငင်း SBD 40 ကျော်သို့ ခုန်တက်သွားသောအခါ အလွန်ပျော်ရွှင်မီပါသည်။ သို့သော် သေချာစဉ်းစားမိသောအခါ
ရှက်မိသည်ကို ၀န်ခံရပေမည်။ ထိုသို့ SBD အများအပြားရရှိခြင်းသည်လည်း @blocktrades ပေးသော vote ကြောင့်ဖြစ်ပါမည်။ ဘာကြောင့်ရှက်ခဲ့သလဲဆိုရင် dislike တစ်ချက်ကြောင့်ပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင် post မဟုတ်သည့်အပြင် dislike ကလည်းပါလာသောအခါ အတော်ရှက်ခဲ့ပါသည်။
https://steemit.com/myanmar/@ansoe/funny


shame.png


ယခုအချိန်တွင် Myanmar Cheetah ကလည်းရှိနေပါပြီ။ Promotion လည်း ရှိနေပါပြီ။ လမ်းညွှန် သင်ပြပေးမည့်သူများလည်းအဆင်သင့်ရှိနေပါသည်။ မှီးငြမ်းရေးသားခြင်းများကိုလက်ခံပေး နေကြပါသည်။ အဘယ့်ကြောင့် copy များကို ဆက်လက်အားကိုးနေကြပါသနည်း" လို့မေးကြည့်ချင် ပါသည်။ မည်သူကမှ ပိုက်ဆံပေးထားခြင်းမရှိပါဘဲ မိမိတို့စရိတ် မိမိတို့စားပြီး အိပ်ရေးပျက်ခံ အပင်ပန်းခံကာ လုပ်ကိုင်ပေးနေကြသော Admin များအားလည်း ငဲ့ညှာကြစေချင်ပါသည်။ Myanmar Member များ SBD ပိုမိုရရှိရေးအတွက် အချိန်ကုန်ခံ ငွေကုန်ခံကာ သူတို့ကိုယ်တိုင်ကတော့ Promotion လည်းမတင်နိုင်။ သူတို့၏ Post တွေကိုတောင် အလျင်မီအောင်မတင်နိုင်ဖြစ်နေကြပါသည်။ မိတ်ဆွေများ ကိုယ်ချင်းစာပြီး စဉ်းစားကြည့်ပေးစေချင်ပါသည်ခင်ဗျာ။ ၀ိုင်းဝန်းကူညီကြပါလို့လည်း ပြောကြားလိုပါတယ်ခင်ဗျာ။ ထိုအကြောင်းများကို ဆောင်းပါးရေးသားပြီးဖြစ်သဖြင့် ပြန်မပြောလိုတော့ပါ။ ဖတ်ရှုလိုပါက နာမည်ဒဏ်ရာမရပါစေနဲ့ မှာဝင်ရောက်ဖတ်ရှုကြည့်ကြပါ။


FOR MYANMAR.png


ပြောရမည်ဆိုသော် ကျွန်တော်သည် copy ကူးယူခြင်းဖြင့် steemit ကိုဝင်ရောက်လာခဲ့ပါသည်။ Facebook ကဲ့သို့ထင်မှတ်သဖြင့်ပါ။ Steemit rule များကို နားမလည်သောကြောင့်ဖြစ်ပါသည်။ ထိုသို့ copy ကူးယူပြီး post တင်နေခြင်းကြောင့် cheetah နှင့် တွေ့ရပါသည်။ ကောင်းသော တွေ့ခြင်းမျိုး မဟုတ်ကြောင်းသိကြမည်ထင်ပါသည်။ ထိုမှတဆင့် ကျွန်တော်တို့ Myanmar Member များသည်လည်း မသိသေးသဖြင့်သော်လည်းကောင်း၊ သိလျက်နှင့်သော်လည်းကောင်း copy များကို ကူးယူနေကြသည်ဆိုပါက ဆက်လက်မကူးယူကြပါရန် အကြံပြုအပ်ပါသည်။ Copy ကူးလျင် cheetah လာမည်။ Cheetah Myanmar ကိုလည်း အထူးကျေးဇူးတင်ပါသည်။ ယခုအချိန်တွင် copy ကူးယူပြီး cheetah မမိသေးသူများလည်း ရှိကောင်း ရှိနေနိုင်ပါသည်။ ယခု cheetah မမိသေးသော်လည်း cheetah မိပါက ထိုအကောင့်ပိုင်ရှင်သည် သူခိုးအဖြစ်နာမည်အကပ်ခံရပြီး ထိုအကောင့်လည်း ပျက်စီးသွားနိုင်သည်ကိုလည်း သတိရစေချင်ပါသည်။ Cheetah (Myanmar Cheetah ဖြစ်ဖြစ် Original Cheetah ဖြစ်ဖြစ် ရောက်လာလျှင်သူခိုးနာမည်အတပ်ခံရခြင်းဖြစ်သည်ကိုလည်း သတိရစေချင်ပါသည်)ကျွန်တော်တို့ချစ်မြတ်နိုးသော Myanmar နာမည်ပျက်ရပေတော့မည်ကို သတိရကြပါရန်နှင့် Original Author တစ်ယောက်အဖြစ် နာမည်ကောင်းရယူကြပါရန် Myanmar Member ညီအစ်ကို မောင်နှမအားလုံးကို စေတနာစကားပြောကြားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

28-9-2017(Thursday)