ကန်နံဘေးလေး ခပ်အေးအေး
အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေ...
စာရေးစာမရှိတော့ ဓာတ်ပုံလေးတော့တင်ခွင့်ပြုပါဗျို့... ရှေးရှေးအခါက ဇေယျာပူရမြို့တော် အခုခေတ်ကာလမှာတော စစ်ကိုင်းရွှေမြို့တော် ပေါ့နော်... သာသနာရောင်ဝါက နေလိုထွန်းတဲ့ ဇေယျာပူရ ခေါ် ရွှေစစ်ကိုင်းမြို့ကြီးရဲ့ နန်းဉီးစေတီတော်အနီးမှာ ရှိတဲ့ ရေကန်ကြီးပေါ့ဗျာ... ကြည်လင်သန့်ရှင်းတဲ့ရေတွေမဟုတ်ပါ... သန့်ရှင်းချိန်က ရိုက်ထားခဲ့လို့ပါ...
သာသနာထွန်းကားတဲ့ ရွှေတိုင်းဌာနေ ဇေယျာမြေပါခင်ဗျ(ကြွားစရာမရှိ ရှိတာတော့ကြွားရမှာပဲ ☺)... ဟိုးအရင်တုံးကတော့ စစ်ကိုင်းသူလေးတွေက ရှင်မတောင်သနပ်ခါးအဖွေးသားနဲ့ လှမှလှပေါ့ဗျာ... ခုတော့ ဘယ်လိုတွေဖြစ်နေသလဲတော့ မသိတော့ဘူး... ရှေးတုံးကတော့ ဇီးကွက်ရုပ် နဲ့ ပစ်တိုင်းထောင်ရုပ်တွေက စစ်ကိုင်းအပြန်လက်ဆောင်တွေဗျို့... ခုခေတ်တော့ ဇီးကွက်ရုပ်ကိုလည်း စိတ်မဝင်စားသလို ပစ်တိုင်းထောင်ကိုလည်း စိတ်ဝင်စားလိမ့်မယ်မဟုတ်တော့ဘူးဗျ... နောင်များမှ ဆက်ရေးတော့မယ်... ခုတော့ တော်သေးပြီပေါ့ဗျာ ☺
အားလုံးကျန်းမာ စိတ်ချမ်းသာ ဘေးယယာတွေလည်း ဝေးကွာကြပါစေ...
Posted Using LeoFinance Beta