ကလေးများ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လမင်းကြီးကို ငေးပြီးကြည့်နေကြတဲ့ ကလေးလေးတွေ...
ကျောင်းခန်းထဲထိုင် ဆရာပေးတဲ့သချာင်္ကို မတွက်တတ်လို့ ခေါင်းကုတ်တဲ့ကလေးကုတ် ဟိုကြည့် ဒီကြည့် ကြည့်နေကြတဲ့ စာသင်ခန်းထဲက ကလေးလေးတွေ...
Photo Credit Source : http://www.simon-vlog.com/2016/09/from-originally-published-at-httpburmese_24.html#axzz5BhRr99Bq
အိုးပုတ် ချိုးရုပ်လေးတွေကို ကိုင်ဆော့ရင်း ပါးစပ်က အသံပေါင်းစုံမြည်နေတဲ့ ကလေးလေးတွေ...
စက်ရုပ် ကားရုပ် စစ်သားရုပ် ဘိုမရုပ် အရုပ်ပေါင်းစုံနဲ့ ဆော့နေကြတဲ့ ကလေးလေးတွေ...
အရွယ်မတိုင်မီ အလုပ်သမားတွေဖြစ်နေကြရတဲ့ကလေတွေ...
ဆာလောင်မွတ်သိပ်မှုနဲ့ အီကြာကွေးတွေကို မက်မက်မောမော ကြည့်ရှုကာ ပါးစပ်ကသွားးရေကို သုတ်နေကြရတဲ့ ကလေးလေးတွေ...
ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေကြတဲ့ ကလေးတွေ...
သင်သမျှ အကောင်း အဆိုး အလွယ်ကူ တတ်မြောက်နိုင်တဲ့ ကလေးတွေ...
ကာတွန်းကားထိုင်ကြည့် တခိုးခိုး တခစ်ခစ်ရယ်နေတဲ့ ကလေးလေးတွေ...
အချင်းချင်း တစ်လှည့်စီအပြန်အလှန် မုန့်ခွံ့ကျွေးနေကြတဲ့ ကလေးလေးတွေ...
ခေတ်တစ်ခေတ်ပြောင်းလဲနေတဲ့ မြန်မာပြည်ရဲ့ ပွင့်လန်းလာမယ့် ပန်းကလေးတွေဆိုလည်းမမှား...
အနာဂတ်ရဲ့ မျိုးဆက်သစ်လေးတွေဆိုလည်းမမှား...
သူတို့ရဲ့ ရှင်းသန့်ဖြူစင်နေတဲ့မျက်နှာလေးတွေ ဘာအရောင်မှ မစွန်းထင်းသေးတဲ့ မျက်နှာလေးတွေ...
အနာဂတ်ရဲ့ ပန်းကလေးတွေကို အချိန်မတိုင်မီ မညှိုးနွမ်းစေချင်...
မြန်မာပြည်ရဲ့ အနာဂတ်ကလေးတွေကို အရုပ်ဆိုး အကျည်းမတန်စေချင်...
ပိုးကိုက်တွေကင်း သန်မာတဲ့ ပန်းကလေးတွေဖြစ်စေချင်...
ကောင်းမွန်တဲ့ကဗျာတွေ စပ်ဆိုနိုင်တဲ့ကလေးတွေဖြစ်စေချင်
ရှင်းသန့်ဖြူစင်တဲ့ မျက်နှာပေါ်မှာ ပေါများလှတဲ့ ကဗျာတွေရှိနေနိုင်ပါတယ်…
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
5-Apr-2018 ကြာသပတေးနေ့(Thursday)