ကလေးများနေ့ (Children's Day)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png

Image from google


Children's Day


Children's Day is a day recognised to celebrate children. The day is celebrated on various calendar dates in different countries.

More info : https://en.wikipedia.org/wiki/Children%27s_Day


အနာဂတ်အတွက် ကလေးသူငယ်များသည် အလွန်အရေးပါကြပေသည်။ ကလေးသူငယ်များအား မှန်ကန်သော နည်းလမ်းများ မှန်ကန်သော အသိဥာဏ်ပညာများအား လက်ဆင့်ကမ်းသင်ကြားပေးနိုင်ခြင်းမရှိခဲ့ပါက ကောင်းမွန်သော အနာဂန်ကို မရရှိနိုင်ပါ။ နိုင်ငံတကာကလေးများနေ့အဖြစ် နှစ်စဉ် ဇွန်လ (၁) ရက်နေ့အားသတ်မှတ်ထားကြောင်းသိရှိရပါသည်။ ထိုနေ့များ တွင် ကလေးများ၏အရေးကိစ္စများအား အလေးပေးဆောင်ရွက်ပေးခဲ့ကြကြောင်း၊ ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲများ ကျင်းပပေးကြောင်း မှတ်သားဖူးပါသည်။ ယခင်အချိန်ကာလများတွင် ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း ကလေးသူငယ်များအား ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် ကလေးများနေ့အဖြစ် သတ်မှတ်ကျင်းပပေး ခဲ့ဘူးပါသည်။ သို့သော်လည်း ထိုပုံရိပ်သည် အချိန်ကြာမြင့်စွာပျောက်ကွယ်နေခဲ့ရပါသည်။ ကလေးများနေ့အား ကလေးများကိုမဆိုထားနှင့် အချို့သော လူကြီး လူငယ်များသည်ပင် မသိရှိကြတော့ပါပေ။ အနာဂတ်တိုင်းပြည် အတွက် အရေးပါသော ကလေးသူငယ်များအား အရေးမထား ဂရုမပြုခြင်းခံရသည်ဟု စိတ်တွင်ထင်မြင်မိပါသည်။ တိုင်းပြည်၏ အနာဂတ်ကလေးသူငယ်များအား အလေးမထားခြင်းသည် အနာဂတ်တိုင်းပြည်ကို အလေးမထားရာ ရောက်ပေမည်။ ကလေးသူငယ်များနေ့ကို မြန်မာနိုင်ငံတွင်လည်း နှစ်စဉ်ပြန်လည်ကျင်းပပေးနိုင်လျှင် ကောင်းလေစွ။ အကြောင်းကြုံကြိုက်ပါသဖြင့် အောင်ဆန်းဇာနည် ကဗျာမှ စာသားအချို့အား အောက်တွင် ထည့်သွင်းဖော်ပြပေးလိုက်ပါသည်။


000.png

Image from google


ရှေးယခင်က ဗိုလ်ချုပ်အောင်ဆန်းမွေးဖွားခဲ့သော ဖေဖော်ဝါရီလ (၁၃)ရက်နေ့ ကို မြန်မာနိုင်ငံ၏ ကလေးသူငယ်များနေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ဘူးပါသည်။ ထိုနေ့တွင် ကျောင်းများတွင်ဟောပြောပွဲများလိုက်လံ ပြုလုပ်ပေးတတ်ကြပါသည်။ ကလေးသူငယ်များ ဗိုလ်ချုပ်၏ စိတ်ဓာတ်နှင့်လုပ်ရပ်တို့အား အတုယူအားကျကြစေ ရန်အတွက် ဟောပြောပွဲများကျင်းပပေးသည့်အပြင် ပြိုင်ပွဲများလည်းကျင်းပပြုလုပ်ပေးခဲ့ကြပါသည်။ ဗိုလ်ချုပ်၏ အနွံတာခံတတ်သောစိတ်ဓာတ်၊ ရိုးသားဖြောင့်မတ်သော စိတ်ဓာတ်၊ ရဲရင့်ပြတ်သားမှုရှိသောစိတ်ဓာတ် တို့အား မျိုးဆက်သစ်ဖြစ်ကြသော ကလေးသူငယ်များအား ငယ်ရွယ်နုနယ်စဉ်ကာလကပင် အားကျလာတတ်စေရန် နှင့် ဗိုလ်ချုပ်ကဲ့သို့သော သူရဲကောင်းများ တိုင်းပြည်တွင် ပေါ်ပေါက်လာကြစေရန်ရည်ရွယ်ချက်များဖြင့်ပြုလုပ်ပေးခဲ့ ကြခြင်းဖြစ်ပါသည်။ သို့သော် ထိုသို့သော အစဉ်အလာကောင်းများသည် နှစ်ပေါင်းများစွာ တိမ်မြုတ်ပျောက်ကွယ် နေခဲ့ပါသည်။ မျိုးဆက်သစ်ကလေးငယ်များ၏ အနာဂတ်အား ကောင်းမွန်အောင် ၀ိုင်းဝန်းပြုစုပျိုးထောင်ပေးသင့် ပါသည်။ မျိုးဆက်သစ်ကလေးများ၏ အနာဂတ်ကောင်းမွန်မှသာလျှင် တိုင်းပြည်၏ အနာဂတ်သည်လည်း ကောင်းမွန်နိုင်မည်ဖြစ်ပါသည်။ နုနယ်သောကလေးများအား သွန်သင်ဆုံးမခြင်း၊ သင်ကြားပေးခြင်းများသည် အလွန်လွယ်ကူလှပါသည်။ ကလေးများ၏ ငယ်ဘ၀တွင် စွဲမြဲသောအကျင့်တို့သည် အသက်အရွယ်ကြီးရင့်လာ သည်အထိ ပါလာတတ်စမြဲဖြစ်ကြောင်း လူတိုင်းနားလည်သဘောက်ပါကြမည်ထင်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က အကျင့်လေးများသည် ဖျောက်ဖျက်ပစ်ရန်အလွန်ခဲယဉ်းတတ်ပါသည်။


05.png

Image from google


ကျောင်းများတွင် ကလေးသူငယ်များနေ့အဖြစ်ကျင်းပပေးခြင်းသည် အလွန်ကောင်းမွန်သော အစဉ်အလာတစ်ရပ် ဖြစ်ပါသည်။ ကလေးများအား စကားအား ကောင်းမွန်စွာ နားထောင်တတ်သောအကျင့်ကိုလည်း ရရှိစေနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ကျောင်းပေါင်းစုံ ပန်းချီ၊ စာစီစာကုံး၊ ကဗျာ၊ အားကစားပြိုင်ပွဲများလည်း ကျင်းပပြုလုပ်ပေး သင့်ပါသည်။ ထိုသို့ပြိုင်ပွဲများကျင်းပပေးခြင်းသည် ကလေးသူငယ်များ၏ အရည်အချင်း နှင့် အရည်အသွေးတို့ကို မြှင့်တင်ပေးရာရောက်ပါမည်။ အခြားသော အာရုံများကိုလည်း လျော့ချနိုင်မည်ဖြစ်ပါသည်။ လိမ္မာယဉ်ကျေးသော ကလေးသူငယ်များဖြစ်လာစေရန်အတွက် ငယ်စဉ်ကပင်ပြုစု ပျိုးထောင်ပေးသင့်ပါသည်။ ကလေးတို့၏ အကျင့်များ မစွဲမြဲမီကပင် ကောင်းသောအကျင့်လေးများကို သင်ကြားပေးခြင်းဖြင့် ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်စေသင့်ပါသည်။ ကလေးများ၏ အသိဥာဏ်သည် နုနယ်ပါ၏။ ပျော့နေသော ရွံ့စေးများနှင့်တူပေ၏။ ပျော့နေသော ရွံ့ထဲသို့ မည်သည့်အရာဝတ္ထုကိုမဆို အလွယ်တကူ ထည့်သွင်းနိုင်ပါသည်။ မာသွားသော ရွံ့ခဲတို့တွင်မူ ထည့်သွင်းရန်မလွယ်ကူနိုင်ပါတော့ချေ။ ငယ်စဉ်ကလေးဘ၀က ကြောက်တတ်သောအကျင့်သည် အသက်သေဆုံးသည့်တိုင်အောင် စွဲမြဲစွာ ကြောက်သွားစေတတ်ပါသည်။ ထို့အတူ ငယ်စဉ်က ရဲရင့်သော စိတ်သည်လည်း အသက်သေဆုံးသည့်တိုင် စွဲမြဲသွားမည်သာဖြစ်ပါသည်။


03.png

Image from google


ကလေးဆိုသည်မှာ ကလေးသာဖြစ်ပါသည်။ သားသားမီးမီးတို့သည် ကလေးများသာဖြစ်ပါသည်။ ကလေးများသည် မဆိုးကြပါ။ ကလေးတို့သည် မသိနားမလည်ကြပါ။ ကလေးတို့မည်သည် မိမိလုပ်ချင်သည့်အရာ ကိုသာ စိတ်ဝင်စားကြပါသည်။ သို့သော် ကလေးများသည် သူတို့အား နားလည်အောင် ပြောလျှင် နားထောင်ကြ ပါသည်။ နားထောင်ချင်အောင်ပြောလျှင် နားထောင်တတ်ကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည် ကလေးများ အား နားလည်အောင် နားထောင်ချင်အောင် ပြောဆိုရန်လိုအပ်မည်ဖြစ်ပါသည်။ ကလေးနှင့်ပတ်သက်၍ ရွှေဥမင်ဆရာတော်ကြီး ဟောကြားခဲ့ဘူးသော ကလေးများနှင့်ပတ်သက်သည့် စာလေးအား စွဲမြဲစွာ ယုံကြည်ထားခဲ့ ဘူးပါသည်။ အားလုံးလည်း ကြားဖူး ဖတ်ဖူး မြင်ဖူး ကြမည်ထင်ပါသည်။

“ကလေး ကလေး အထင်မသေးနဲ့
ကလေးကနေ လူကြီးဖြစ်တာ
ကလေးကောင်းမှ လူကြီးကောင်းမှာ
လူကြီးကောင်းမှ အားလုံးကောင်းမှာ”

ဆရာတော်ကြီး၏ စကားအရ ရှင်းနေပါသည်။ လူကြီးဘ၀တွင် ကောင်းရန်အတွက် ကလေးဘ၀ကပင် ကောင်းရမည်ဖြစ်ပါသည်။ လူကြီးအဖြစ်သို့ ကျွန်တော်တို့ရောက်ရှိလာကြခြင်းသည် ကလေးဘ၀မှ စတင်ခဲ့ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ကလေးများအား ကောင်းအောင် ကျွန်တော်တို့ကြိုးစားသင့်သည်ဟုလည်း ခံယူထားပါသည်။


04.png

Image from google


မြန်မာနိုင်ငံကလေးများနေ့အား အစိုးရကျောင်းများတွင် မကျင်းပပေးခဲ့သော်လည်း တတ်နိုင်သမျှ နှစ်စဉ်ကျင်းပပေးသော အဖွဲ့အစည်းတစ်ခုရှိသည်ကို Facebook စာမျက်နှာများမှတစ်ဆင့် ဖတ်ဖူးပါသည်။ ထိုအဖွဲ့အစည်းသည် Social Action For Women မှ တည်ထောင်ထားသော (SAW) စာသင်ကျောင်းဖြစ်သည်ဟု လည်းဖတ်မှတ်ဖူးပါသည်။ ထိုစာသင်ကျောင်းသည် ထိုင်း-မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအား စာသင်ကြားပေးသောကျောင်းဟုလည်း သိရှိရပါသည်။ ထိုကျောင်းသည် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ နံနက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တွင် ဗိုလ်ချုပ်၏ စိတ်ဓာတ်များအား အတုယူနိုင် စေရန်၊ ဗိုလ်ချုပ်ကဲ့သို့သောလူများ ပေါ်ပေါက်လာကြစေရန်၊ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်အနစ်နာခံနိုင် သော မျိုးဆက်သစ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။ လေးစားမိ ပါသည်။ ထိုနေ့တွင် ကလေးသူငယ်များအား ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသူ/သားများကို အတန်းလိုက် ပညာရည်ချွန်ဆု ချီးမြှင့်ပေးခြင်း၊ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲ၊ ကျောင်းသား ကျောင်းသူများအား ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းဟောပြောပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဗိုလ်ချုပ်၏ ဘ၀သမိုင်းဝင် မှတ်တမ်းဓာတ်ပုံပြပွဲ နှင့် ပျော်ပွဲရွှင်ပွဲများပြုလုပ်ပေးကြောင်းခဲ့ပြီး ကလေးများအား လက်ဆောင်များလည်း ပေးကြောင်းဖတ်ဖူးပါသည်။


06.png

Image from google


ထိုကဲ့သို့သော မြန်မာ့ကလေးများနေ့အခမ်းအနားမျိုးကို စာသင်ကြားပေးနေသော ကျောင်းများအားလုံးတွင် ကျင်းပ ပြုလုပ်ပေးနိုင်လျှင် နောင်အနာဂတ်လူငယ်လေးများ၏ အကျိုးသာမဟုတ်၊ နောင်အနာဂတ်တိုင်းပြည်၏ အကျိုးစီးပွားကို ရေရှည်စီမံကိန်းတစ်ခုဖြစ်နိုင်မည်ဟုလည်း ထင်မြင်မိပါသည်။ မိမိတို့နိုင်ငံနှင့် မဆိုင်သည့် အခမ်းအနားများ(ဥပမာ- Valentine’s Day)အား ကလေးငယ်များအတုယူမမှားစေရန်အတွက် သင်ကြားလမ်းညွှန်ပြသပေးနိုင် မည်ဖြစ်ပါသည်။ မှန်ကန်သောအယူအဆများ ခေတ်မီသော အတွေးအခေါ်များ အား သင်ကြားပြသပေးနိုင်ရန်လည်း လွယ်ကူသွားမည်ထင်ပါသည်။ ဖြစ်ချင်သောစာများအား စိတ်တွင်ပေါ်သမျှ ရေးချမိခြင်းဖြစ်ပါသည်။ လက်တွေ့ဘ၀တွင်လည်း ကလေးငယ်များသည် မြင်လွယ် တတ်လွယ် စည်းရုံးရလွယ်ကူ ပါသည်။ လူကြီးများကဲ့သို့ ကန့်လန့်မလုပ်တတ်ကြသေးပါ။ သားသား မီးမီးတို့က ကလေးတွေပါ။ နားဝင်အောင် ပြောဆိုရန် အလွန်လွယ်ကူပါသည်။ ကလေးဆိုသည်မှာ ဘာမှမသိပါ။ စာရွက်အလွတ်တစ်ရွက်နှင့်ပင် တူပါသည်။ မိမိတို့ထင်စေချင်သော အကြောင်းအရာတို့အား အလွယ်တကူ ထင်မြင်အောင် ရေးသားနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံကလေးများနေ့ သာမက ကမ္ဘာ့ကလေးများနေ့ ကိုလည်း ကမ္ဘာနှင့်အတူ ပူးပေါင်းပါဝင် ကျင်းပနိုင်ပါစေကြောင်း၊ ကျင်းပသင့်ပါကြောင်း ရေးသားရင်းဖြင့် နိဂုံးချုပ်လိုက်ပါသည်။

၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုရင်း ဆုမွန်ကောင်းလေးလည်း တောင်းပေးလိုက်ပါသည်။


မိခင်၏ ၀မ်းကြာတိုက်တွင် ရှိနေသေြး့ပီး လူအဖြစ်သို့မရောက်ရှိကြသေးသော ကလေးငယ်များ

လူ့ဘ၀ကိုရောက်ရှိပြီးဖြစ်ကုန်သော ကလေးငယ်အပေါင်း

မိစုံ ဖစုံ ရှိသော ကလေးများ

မိမစုံ ဖမစုံ ဖြစ်နေသော ကလေးများ

ကိုယ်စိတ်နှစ်ပါးလုံး ကျန်းမာသန်စွမ်းသောကလေးများ ၊ မကျန်းမမာဖြစ်နေကြသောကလေးများ

ကိုယ်စိတ်နှစ်ပါးလုံး ချမ်းသာစွာရှိနေကြသော ကလေးများ ၊ မချမ်း မသာဖြစ်နေကြသောကလေးများ

ကမ္ဘာအရပ်ရပ်တွင် ရှိကြကုန်သော ကလေးသူငယ်များအားလုံးသည်

လူဘ၀ လူ့လောကကြီးတွင် ကောင်းမွန်သော ၊ လူပီသသော လူကြီးများ ၊ လူ့လောကကြီးအား ကောင်းစွာအကျိုးပြုနိုင်သော လူကြီးများအဖြစ်သို့ လွယ်ကူစွာ ကြီးထွားလာ နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။



Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

9-Feb-2018 သောကြာနေ့(Friday)