သံချပ်အကြောင်း သိသမျှ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ကဗျာရေးဖို့ ဦးနှောက်စားတတ်လို့ စိတ်မ၀င်စားခဲ့တတ်ဘူး။ အခုက စိတ်ကူး စိတ်ရူးထပြီး သံချပ်ကဗျာ သွားဖတ်မိတော့ သံချပ်ကဗျာအကြောင်းလေးကို အကြံအဖန်လုပ်ပြီး Post တင်လိုက်ပါတယ်။ သံချပ်ဆိုတာကို လူငယ်အများစုက ဘာမှန်းတောင်သိကြတော့မယ်မထင်ဘူး။ သံချပ်ဆိုတာ ကဗျာအမျိုးအစားတစ်မျိုးလို့ သိခဲ့တာမကြာသေးဘူးဗျ။ သံချပ်ကဗျာများ ပြန်လည်တစ်ခေတ်ထလာတာတွေ့တော့ ၀မ်းမြောက်မိပါတယ်ဗျ။ ငယ်ငယ်ကတော့ သင်္ကြန်ရောက်ရင် ယိမ်းသမတွေ သင်္ကြန်ယိမ်းကတာ စိတ်မ၀င်စားဘူး။ သံချပ်ကလည်း သင်္ကြန်ရောက်မှသာ လူအုပ်ထဲတိုး နားထောင်ရတာကိုး။ သံချပ်ကားတွေကို အိပ်ရေးပျက်ခံ စောင့်ကြည့်ခဲ့တာ ဗျ။ သံချပ်ကားတွေက အလှဆင်ပြီး မဏ္ဍပ်ရှေ့ဝင်လာရင် အလုအယက်ရှေ့ရောက်အောင်တိုး ပြီး အားပေးတာ။ ဒါပေမယ့် ကိုယ်တိုင်သံချပ်ထိုးဖို့တော့ ၀ါသနာပါဘူးရယ်။
သံချပ်သံတွေ တိတ်သွားတာ နှစ်ပေါင်း ဆယ်ချီနေပါပြီ။ ခုတော့ သင်္ကြန်ကာလတွေမှာ သံချပ်သံလေးတွေပြန်ကြားနေရပါတယ်။ သံချပ်ဆိုတာတွေက လည်း ဘက်ပေါင်းစုံက ချို့ယွင်းချက်လေးတွေကို ထေ့လုံး ငေါ့လုံးလေးတွေနဲ့ ရယ်စရာလေးတွေ အဖြစ်ပါလာတတ်တော့ သံချပ်ကို အပိတ်ခံလိုက်ရတာဖြစ်မယ်။ သံချပ်ကလည်း စွမ်းရှာပါပေတယ်။ သံချပ်က ကလေး လူကြီးအတော်များများဝိုင်းအုံနားထောင်တတ်ကြတယ်ဗျ။ ကလေးလူကြီး ကြိုက်တဲ့အရာတွေထဲမှာ သံချပ်လည်းပါမယ်ဗျို့။ သံချပ်အထိုးကောင်းတဲ့အဖွဲ့တွေလည်း နိုင်ငံအနှံ့ အများအပြား ရှိခဲ့ပါတယ်။ အနယ်နယ်အရပ်ရပ် သံချပ်အဖွဲ့တွေက သင်္ကြန်ကာလမှာဆို တစ်မြို့ဝင် တစ်မြို့ထွက်နဲ့ သံချပ်ပြိုင်ပွဲ ၀င်ခဲ့ကြတာဗျ။ အတော်ပျော်စရာကောင်းခဲ့ဘူးပါတယ်။ ကိုယ်တိုင်သံချပ်ထိုးတာမဟုတ်ပေမယ့် သံချပ်ထိုးတဲ့ အသံကိုကြားရရင် ကြက်သီးတဖြန်းဖြန်းတောင်ထတတ်တယ်ဗျ။ အဲလောက်ထိ ခံစားမှုပေးနိုင်တဲ့ သံချပ်ပါဗျာ။ မြန်မာ့ရိုးရာ ဒိုးပတ်တို့ အိုးစည်တို့ ပတ်မကြီးတို့ရဲ့ အသံကြားရင်ကို ကြက်သီးထလောက်ပါတယ်လေ။ သံချပ်ဆိုတာလည်း ကဗျာတစ်မျိုးပဲလို့ ဆိုခဲ့ပါတယ်။ နတ်ချင်း၊ ယိမ်းချင်း၊ လှေတော်သံ၊ သီချင်း စတာတွေရဲ့ ကြားမှာလည်း ညှပ်ပြီးဆိုတတ်ကြကြောင်းလည်း သိရပါတယ်။ သံချပ်ဆိုတာက အတိုင် နဲ့ အဖောက်ဆိုကြရတာလို့ဖတ်ဖူးပါတယ်။ ရှင်းအောင်ပြောရရင် ရှေ့ကလူတစ်ယောက်က စပြီး အတိုင်လုပ်ပြီး စဆိုတယ်။ ပြီးတော့ အုပ်စုလိုက် နောက်တစ်ပိုဒ်ဆိုတယ်။ အဲလို အဲလိုနဲ့ သံချပ်ထိုးကြတာပါပဲ။ ကျွန်တော်သိနားလည်ထားတာကလည်း ဒီလောက်ပါပဲ။ နားလည်တတ်ကျွမ်းသူများက ဆက်လက်မျှဝေပေးစေ ချင် ပါတယ်ဗျာ။ အောက်မှာဖော်ပြထားတဲ့ သံချပ်ကဗျာကတော့ ကဗျာဆရာကြီးတင်မိုး ရေးသားစပ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။
အနှီသံချပ်အားဖတ်ကာ ငယ်ဘ၀ကို ပြန်အောင့်မေ့မိသလို စပ်ဆိုထားတာကို ဆရာကြီးတွေကို အားကျပြီးသကာလ သံချပ်ကဗျာ စပ်ဆိုချင်စိတ်ပေါက်သွားခဲ့ပေတော့ရာ မနေနိုင်မထိုင်နိုင် ရေးစရာကုန်ကြမ်း ရှာမရဖြစ်နေသောအခက်အခဲလည်းပြေ Post လေးလည်း တစ်ခုလည်းရ၊ ဆိုးပေဘူးဟဆိုကာ အနှီ ကွှီးစိုးသည် လက်ကမြင်းကာ သံချပ်ကဗျာစပ်ဆိုခဲ့ပေသည်။ အောက်တွင် ရှုလော့။
သံချပ်ဆိုရင်းနဲ့တော့ ထမခုန်မိကြပါစေနဲ့
တက်တော်မူပါ့ ' စတင်း '
@ansoe စိတ်ရူးပေါက်ကာ ရေးစပ်သီကုံးထားပါသည်။
သံချပ်ကဗျာရေးဖို့ အစီအစဉ်မရှိပါဘူး။ သေချာနားလည်အောင်လည်း လေ့လာထားတာ မရှိပါ။ စိတ်ကူးတည့်ရာလျောက်လုပ်ရင်းနဲ့ တွေ့ရာစာသားထည့်ထားတာဖြစ်လို့ အဆင်မပြေဖြစ်ခဲ့ရင် ခွင့်လွှတ် နားလည်ပေးကြပါ။ Steem ဈေးတွေ ဆက်တိုက်ကျနေလို့ လူပါ စိတ်ဓာတ်ကျနေမယ့်အစား လုပ်လို့ရတာ အကုန်လျောက်လုပ်နေတာပါ။ သူများတွေလို လေပြုတ်ကျဆိုလား ပြုတ်ကျတဲ့လေဆိုလား အဲဒါတွေလည်း ကောင်းကောင်းနားမလည်တော့ စတင်း ပဲ လျောက်လုပ်နေရတာပေါ့။ အချိန်တန်ရင်တော့ နွားပိန်ကန်လို့ ပေါင်ကျိုးမယ်ဆိုလားပဲ။ လျောက်တွေး လျောက်ရေးခြင်း ရပ်နားခွင့်ပြုပါဗျ။ နို့မို့ဆို အဆဲတောင်းသလို ဖြစ်နေပါလိမ့်မယ်။
ရေးသားသူ(Author) ___
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
10-Sept-2018 တနင်္လာနေ့(Monday)