ကဗျာလင်္ကာ (POEM)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.




poem.png

Image from google


သူများတွေကဗျာရေးတာမြင်တော့ ကျွန်တော်လည်း ကဗျာရေးချင်စိတ်တော့ဖြစ်မိသားဗျ... ဒါပေမဲ့ ကျွန်တော်က အဲဒီဘက်မှာ ပါရမီမရှိဘူးဆိုတာလည်း ကိုယ်တိုင်ကသိနေတယ်လေ...အဲဒီတော့လည်း ကဗျာဆိုတာကို စမ်းလို့တောင် မစပ်မိတော့ဘူးပေါ့ဗျာ... ကဗျာလင်္ကာနဲ့ပတ်သက်ပြီး စပ်ဆိုကြတာကလည်း အင်မတန် ဥာဏ်ရွှင်မှ ဖြစ်မလားပဲဗျ... MSC ထဲမှာတောင် ဆရာတင်ကိုအားကျပြီး ကဗျာတွေရေးလာကြတယ်... အားကျစရာဗျာ... အားကျရုံသာပါဗျာ... ကဗျာစပ်ဖို့ စမကြည့်ရဲပါဘူး... သူများတွေရီနေမစိုးလို့ပါ... ဒါပေမဲ့ ကဗျာနဲ့ပတ်သက်ပီးတော့ ဗဟုသုတတွေရေးမယ်ဆိုပီးတော့ ရည်ရွယ်ထားဘူးတယ်... အဲဒါလည်းမရေးဖြစ်ပါဘူး...ကြာပေါ့ဗျာ... ခုတော့ တီးမိခေါက်မိသလောက်လေးတွေတော့ ထည့် ထည့်ရေးသွားမယ်ပေါ့...

တကယ်တော့ ကျွန်တော်က အဲဒီဘက်မှာ သိပ်ပီးအားမထည့်မိဘူးလို့ပြောရမှာပဲဗျ... ကဗျာတွေ လင်္ကာတွေ ဆိုတာကလည်း လူအများ နေ့စဉ်ပြောဆိုသုံးနှုန်းနေကြတဲ့ စကားလုံးလေးတွေကို နားထောင်ရတဲ့သူရဲ့ နားအကြားအာရုံမှာ ချိုချိုသာသာ ငြိမ့်ငြိမ့်ညောင်းညောင်း ကြားရအောင် စာတွေကို စီကုံးရေးသားရတယ်ဆိုပဲ... အဲဒါကြောင့်လည်း ကဗျာလေးတွေ လင်္ကာလေးတွေကို ဖတ်လိုက်ရင် စာလုံးလေးတွေက ညင်သာနူးညံ့နေကြတာကိုး... သိမှမသိပေးပဲဗျာ... ကဗျာကို နားမလည်ပေမယ့် စာလုံးအသုံးအနှုန်းလေးတွေကို တော့ သဘောကျတယ်ဗျ... အင်မတန် နူးညံ့တာဆိုတော့ နားမလည် ပေမဲ့လည်း ဖတ်လို့တော့ ကောင်းကြ တာကိုး... ရေးသားထားတဲ့ ကဗျာလင်္ကာတွေဟာ ပဒဒေါသ၊ ၀ါကျဒေါသ စာလုံးတွေ ကင်းလွတ်ပီး တနည်းအားဖြင့်ဆိုရရင် ဒေါသပါတဲ့စာလုံးမျိုးတွေကင်းပီး ပသာဒဂုဏ်၊ သြဇဂုဏ် နဲ့ပြည့်စုံအောင် ရေးသား ထားတာတွေကို ကဗျာလင်္ကလာလို့ ခေါ်တယ်ဆိုလားပဲ ဖတ်ဖူးတယ်ဗျ... အဲ ဘယ်ထဲမှာလဲဆိုတော့ စွယ်စုံကျမ်း ထဲက ဖတ်မိတယ်ထင်တယ်... ကဗျာရေးဖို့နေနေသာသာဗျာ... ဒေါသ စာလုံးတွေကိုလည်း ကောင်းကောင်း နားမလည် ဂုဏ်ဆိုတာလည်း ဘာမှန်းမသိပါဘူးဗျာ... ဒေါသကတော့ ကြမ်းတမ်းတဲ့ စာလုံးမျိုးတွေကို ပြောတာထင်ပါတယ်... ဘာကြောင့်လဲဆိုတော့ ဒေါသထွက်ရင် စကားကြမ်းကြမ်းတွေထွက်လာတတ်သကိုးဗျ... ဂုဏ်မြောက်တယ်ဆိုတာက ဘာကို ပြောမှန်းလည်းမသိ... ဂုဏ်ဆိုရင် ရွှေဂုဏ်တို့ ငွေဂုဏ်တို့ပဲကြားဖူးတယ်ဗျ... ရွှေဂုဏ်တို့ ငွေဂုဏ်တို့ဆိုတာကတော့ တင့်တယ်မှုကို ဆိုလိုတယ်ထင်တာပဲ... ကောင်းကောင်းနားမလည်တော့ ဘူး... စဉ်းစားလေ ရွာလယ်လေဖြစ်နေတယ်... ဖိုးသူတော် ရွာလည်တာက ဆန်ပိုရနိုင်တယ်... ဒီမှာ ထိုင်စဉ်းစား ရင်း ရွာလယ်နေတာက အရှုးထောင်ရောက်သွားနိုင် လေတော့ ဆက်မစဉ်းစားတော့ပါဘူး...


02.png

Image from google


ကဗျာလင်္ကာဆိုတာက ကျွန်တော်တို့လူမျိုးမှာတင်ရှိတာမှ မဟုတ်တာပဲဗျ... လူမျိုးအသီးသီးမှာ စာပေတွေ ရှိသလို ကဗျာလင်္ကာတွေလည်း ရှိတယ်ဆိုပဲဗျ... ဟုတ်မှာပါဗျာ... လူမျိုးအသီးသီးမှာ စာဆိုတာရှိလေတော့ ကဗျာလင်္ကာလဲ ရှိမှာပါ... ဒီနေရာမှ ကျွန်တော့်အကျင့်အတိုင်း အတွေးတစ်ခုက ၀င်လာပြန်တယ်ဗျ... ကဗျာလင်္ကာဆိုတာ ဘယ်ခေတ် ဘယ်အချိန်အခါကတည်းက ဘယ်သူက စတင်ရေးသားခဲ့တာလဲပေါ့ဗျာ... ဆက်စဉ်းစားရင် သေချာပါတယ် အရှုးထောင်ပေါ့... မစဉ်းစားတော့ပါဘူးဗျာ... ရေးချင်တာဆက်ရေးတာပဲ ကောင်းမယ်... ကဗျာတွေ လင်္ကာတွေ ရဲ့စတင်ဖြစ်ဖျားခံတာက သီချင်းတွေဆီကဆိုပဲဗျ... သီချင်းတွေကနေ ကဗျာလင်္ကာတွေ ရေးသားလာကြတယ်တဲ့ဗျ... ဒီနေရာမှာလည်း တေးဂီတ သီချင်းတွေက ဘယ်အချိန်ကတည်း က စတင်ပေါ်ပေါက်နေတာလဲ...အဲပြောရင်းဆိုရင်း အရှုးထောင်ရောက်တော့မယ်ဗျ... အမှန်တကယ်ကတော့ တေးဂီတသံတွေဆိုတာကလည်း သဘာဝအသံကနေမြစ်ဖျားခံလာတယ်တဲ့... သဘာဝအသံဆိုတာကတော့ လူတွေမဖြစ်ပေါ်ခင်ကတည်းက တနည်းအားဖြင့်ပြောရမယ်ဆိုရင် သတ္တ၀ါတွေဆိုတာ မပေါ်ပေါက်ခင်ကထဲက ရှိခဲ့တယ်ဆိုတော့ နှစ်ပေါင်းက အတော်ကိုကြာခဲ့ပီပေါ့... လူတွေက အဲဒီလို သဘာဝအသံတွေကို နားထောင်ရင်း နားထောင်ရင်းကနေ အတုယူလိုက်လုပ်တယ်ဆိုပဲ... လေတိုက်သံတွေ မိုးခြိမ်းသံတွေ ငှက်ကလေးတွေအော်မြည် သံတွေ စသဖြင့် စသဖြင့်ပေါ့... လိုက်လံအတုယူရာကနေ စာပေဆိုတာပေါ်လာတော့ ဂီတသံစဉ် သီချင်းသံစဉ်တွေဖြစ်လာတယ်ပေါ့....


01.png

Image from google


ကိုယ့်စိတ်မှာ ခံစားနေရတာတွေ လှုပ်ရှားမှုတွေ အတွေး အကြံတွေ စသဖြင့် မျှဝေသောအားဖြင့်ပေါ့... ငါ့လို စိတ်မှာ ခံစားနိုင်ကြပါစေဆိုတဲ့စိတ်ကူးလေးတွေနဲ့ ကဗျာလင်္ကာတွေဟာ တဦးနဲတဦး ပေါင်းကူးတံတားလေးလို ဆောင်ရွက်ပေးလိုက်တယ်လို့ထင်ပါတယ်ဗျ... ရေးတဲ့သူက ပျော်ရွှင်မှုကိုရေးဖွဲပြရင် ဖတ်ရှုသူရဲ့စိတ်မှာ ပျော်ရွှင်မှုကိုခံစားနိုင်အောင် ၀မ်းနည်းမှု ပူဆွေးမှု ကို ရေးဖွဲ့ထားရင် ၀မ်းနည်းမှု ပူဆွေးမှုကို ဖတ်ရှုသူက ခံစားနိုင်အောင် ကဗျာလင်္ကာတွေက ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်နိုင်မယ်ထင်တယ်ဗျ... လွယ်လွယ်ပြောရင် ခံစားချက်ပေါ့ဗျာ.... အဲဒီလောက် အခြားသူတစ်ယောက်ရဲ့စိတ်ကို ဖမ်းစားနိုင်တယ်ပေါ့ဗျာ... ကဗျာလင်္ကာရေးသားတဲ့အခါ စည်းကမ်းတွေက အများကြီးပဲဆိုတော့ စိတ်ညစ်လေရောပေါ့... ဒီတော့ ကဗျာလင်္ကာဆိုတာ ကိုနဲ့အဝေးကြီးထားခဲ့လိုက်တယ်ပေါ့ဗျာ... ကာရန်ကလည်းညီရအုံးမယ်... စာလေးတွေကလည်း နူံးညံ့ရအုံးမယ် ဝေေ၀ဆာဆာတန်ဆာဆင်ပီးလဲရေးရအုံးမယ်... တော်ပါပီဗျာ... ဒီတစ်သက် ကဗျာ တစ်ပုစ်မပြောနဲ့ တကြောင်းတောင် မစပ်ချင်တော့တာပါဗျာ... အခြားလူမျိုးတွေမှာတော့ ဒီကဗျာလင်္ကာ တွေကို ဘယ်လိုရေးသားရမယ်ဆိုတာ စည်းကမ်းတော့ရှိမယ်ဗျ... မြန်မာမှာတော့ ရှိတယ်တဲ့ဗျ...


min thu wun copy.png

Image from google


နောက်ပီး ရှိသေးသဗျ... ကဗျာလင်္ကာကို လင်္ကာ နဲ့ သီချင်း လို့လည်း နှစ်မျိုးခွဲထားသေးတယ်ဆိုပဲ... လင်္ကာကလဲ (၁၄)မျိုးတောင်ရှိဆိုပဲဗျ... ခုလောက်နဲ့တောင် ရှုးချင်ချင်ဖြစ်နေတာဗျာ... လင်္ကာတစ်ခုထဲတောင်မှ ၁၄ မျိုးတောင်ရှိဆိုတော့ သေပီဆရာအော်နေရတယ်... အောင်မလေးဗျာ သီချင်းက (၂၂)မျိုးရှိတယ်ဆိုပဲ... စာပဲရေးနေတာကောင်းပါတယ်... ကဗျာရေးသွားသူဆရာသမားများနဲ့ ကဗျာရေးနေတဲ့ ကဗျာဆရာများအားလုံးကို လေးစားတယ်ဗျာ... ကျွန်တော်တာ့ လက်မြှောက်ပါတယ်ဗျာ... ကဗျာလိုင်းလေးလေ့လာမိပါတယ်... ခေါင်းကိုမူး ကရော... တော်ပါပီ တော်ပါပီ ဒီသက်တစ် ကဗျာတစ်ပုဒ်မပြောနဲ့ ကဗျာတစ်ကြောင်းတောင် မရေးတော့ဖူး... ရေးချင်အုံးဟဲ့ကဗျာလင်္ကာ....


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

5-Jan-2018 သောကြာနေ့(Friday)