ကုသိုလ်တစ်ခု

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Untitled-1 copy.png


ဒီနေ့အတွက် အထွေအထူး ရေးတင်ရန်မရှိတဲ့အတွက် ဒီနေ့ပြုလုပ်ခဲ့ရတဲ့ သမီးရဲ့ မွေးနေ့အလှူလေး ကို မျှဝေလိုက်ပါတယ်။ စစ်ကိုင်း ရွာထောင် ဘိုးဘွားရိပ်သာမှာ ပြုလုပ်ခဲ့တဲ့ အာဟာရဒါနအလှူလေး တစ်ခု ဖြစ်ပါတယ်။ ဘိုးဘွားများအား အာဟာရဒါနအနေဖြင့် နေ့လည်စာအတွက် လှူဒါန်းကျွေးမွေးခဲ့ခြင်းဖြစ်ပါတယ်။ ဘိုးဘွားများအားလှူဒါန်းရန်အတွက် တစ်နှစ်ကြိုတင်စာရင်းပေးထားရပါတယ်။ နေ့စဉ်အလှူရှင်များစွာ လှူဒါန်း ကြပါတယ်။ အနယ်နယ်အရပ်ရပ်က အလှူရှင်တွေအနေနဲ့လည်း ကြိုတင်စာရင်းပေးလှူဒါန်းကြခြင်းဖြစ်ပါတယ်။ ဘိုးဘွား ဦးရေကလည်း အများကြီး မရှိတော့ပါဘူး။ အဘိုး(၁၈)ယောက် ၊ အဘွား(၃၀)ယောက် ပဲ ရှိပါတော့တယ်။ ဒီနေ့ပြုလုပ်ခဲ့တဲ့ အာဟာရဒါနအလှူမှာ ဘုန်းကြီး ငါးပါးကိုလည်းနေ့ဆွမ်းကပ်လှူရပါတယ်။ ပြုပြုသမျှ အလှူအတွက်လည်း သာဓုအနုမောဒနာ ခေါ်ဆိုနိုင်ရန်အတွက် အမျှပေးဝေပါတယ်။ ဒီအစီအစဉ်က မွေးနေ့ကိတ်ပေါ်ကို ဖယောင်းတိုင်ထွန်းပြီး Happy Birthday လို့အော်ပြီး ငွေတွေကို ဖြုန်းနေတာထက်စာရင် ပိုကောင်းမယ်ထင်လို့ နောက်မျိုးဆက်သစ်လေးတွေအတွက် လုပ်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေအနေနဲ့ လမ်းကြောင်းမှန်လေးတွေနဲ့ စိတ်ဓာတ်ရေးရာ တိုးတက်ကောင်းမွန်စေရန်အတွက်လည်း ရည်ရွယ်ပြီး လှူဒါန်းခြင်းဖြစ်ပါတယ်ဗျာ။ အလှူဆိုတာကလည်း ကိုယ့်ဘ၀မှာ လိုသလောက်မရပေမယ့် လှူသလောက်တော့ ပြန်ရပါတယ်။ လှူရခြင်းက အမြတ်ထွက်ပါတယ်။ လူငယ်တွေကို သူတို့လုပ်ချင်တဲ့အလုပ်ကိုလည်း လုပ်ပေးပြီဒ ကိုယ်ဖြစ်စေချင်တာလေးတွေကိုလည်း ကြားဖြတ် ထည့်ပေးရင်းနဲ့ လမ်းကြောင်းမှန်အောင် တည့်ပေးနေရတာပါပဲ။


06.png


00.png


02.png


01.png


04.png


08.png


018.png


019.png


017.png


09.png


016.png


011.png


012.png


013.png


014.png


သမီးရဲ့ မွေးနေ့ကို အကြောင်းပြုလို့ ဘ၀အတွက် ကုသိုလ်မှတ်တမ်းတစ်ခု တိုးသွားခဲ့ရပါတယ်။ မှတ်တမ်းဓာတ်ပုံလေးများကို ကြည့်ပြီး ချစ်မိတ်ဆွေအားလုံးလည်း ၀မ်းမြောက်ဝမ်းသာနဲ့ သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြစေရန်အတွက်လည်း အမျှပေးဝေလိုက်ပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ ချစ်မိတ်ဆွေအပေါင်းတို့…..



Success in Steemit

အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png


ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

8-Aug-2018 ဗုဒ္ဓဟူးနေ့(Wednesday)