ကွန်ပျူတာအသုံးပြုသူများအတွက် သတိထားစရာ Carpal Tunnel Syndrome(CTS) ရောဂါ (Attention of Carpal Tunnel Syndrome For All Computer Users)_Knowledge For Health

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး။ The greatest wealth is health.

ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ပိုမိုကောင်းမွန်ပါသည်။ Heath is the better than wealth.

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းပါ၏။ Prevention is better than cure.

ယနေ့ခေတ်ကာလသည် IT(Information Technology) ခေတ်သို့ရောက်ရှိနေပြီး ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအဖြစ်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်းပြောဆိုကြပါသည်။ IT ခေတ်တွင် ကွန်ပျူတာသည် ကိုယ်ပိုင်တစ်ကိုယ်ရေသုံးရော လုပ်ငန်းသုံးရော ဖျော်ဖြေရေးအဖြစ် အသုံးပြုသူများပါ ကဏ္ဍပေါင်းစုံတွင် နေရာယူလျှက်ရှိပါသည်။ သို့ဖြစ်ပါသောကြောင့် ကွန်ပျူတာနှင့် နေ့စဉ်နပမ်းလုံးနေကြရပါသော မိတ်ဆွေများအား ကျန်းမာရေးအသိပညာလေး တင်ပေးလိုက်ပါတယ် ခင်ဗျာ။

နေ့စဉ်ကွန်ပျူတာအသုံးပြုသူပြီး လုပ်ငန်းလုပ်ကိုင်သူတွေ လုပ်ကိုင်တော့မယ့် ညီငယ် ညီမငယ်တွေ အောက်ဖော်ပြပါ အချက်များကို အလေးထားသတိပြုသင့်ပါကြောင်း ရေးသားလိုက်ပါတယ်ခင်ဗျာ။ ကွန်ပျူတာကို နေ့စဉ်နှင့်အမျှ ကိုင်တွယ်လုပ်ကိုင်နေကြရသူတွေ အနေနဲ့ လက်နှိပ်စက်ခုံ(Keyboard)နဲ့ ရွေးညွှန်းပြကရိယာ(Mouse)ကို ကိုင်တွယ်တဲ့ လက်အနေအထား မမှန်ခဲ့ဘူးဆိုရင် လက်ကောက်ဝတ်၊ လက်ဖ၀ါးတို့မှာ Carpal Tunnel Syndrome (CTS) လို့ ခေါ်တဲ့ ရောဂါတစ်မျိုး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အဲဒီ Carpal Tunnel Syndrome ရောဂါမျိုး ဖြစ်လာရင် ခွဲစိတ်ကုသမှုတွေ ခံယူရပါတတ်တယ်။

CTS သည်ကူးစက်တတ်သောရောဂါတော့မဟုတ်ပေ။ မိမိတို့ကိုယ်တိုင် ဂရုစိုက်ရလျှင် ရောဂါ မဖြစ်နိုင်ပါ။ ထို့ကြောင့် မိမိကိုယ်ကို သနားလျှင်ဖြင့် နည်းစနစ်မှန်ကန်စွာ နှင့် ကွန်ပျူတာကို ကိုင်တွယ် အသုံးပြုကြပါလို့ သတိပေးအပ်ပါသည်။

ရောဂါဆိုသည်မှာ မည်သောရောဂါဖြစ်ပါစေ မည်သူမျှခံစားချင်ကြမည်မဟုတ်တာတော့ သေချာပါသည်။ မခံစားချင်လျှင် နည်းလမ်း စည်းကမ်းများ လိုက်နာဆောင်ရွက်လုပ်ကိုင်သင့်ပါသည်။ ဘာမှမဟုတ်လောက်သော ခေါင်းကိုက်ဝေဒနာလောက် ကလေးပင်လျှင် ကြာရှည်ဖြစ်လာပါက အသက်အန္တရာယ်စိုးရိမ်ရပါသည်။ ယခု ကွန်ပျူတာကို နေ့စဉ် ကိုင်တွယ်အသုံးပြုနေကြပါသော ညီအစ်ကို မောင်နှမများသည် နည်းစနစ်တကျ ကိုင်တွယ်ဆောင်ရွက်ခြင်း မပြုပါက အချိန်ကြာလာလျှင် ရောဂါရနိုင်ပါသည်။ ယခု ကျွန်တော်ရေးသား နေသော Carpal Tunnel Syndrome(CTS) သာမက အခြားသောဖြစ်နိုင်စရာ ရောဂါများ အများအပြား ကျန်ရှိနေပါသည်။ အခါအခွင့်သင့်လျှင် ဖော်ပြပေးပါအုံးမည်။

carpaltunnelanatomy.jpg

carpal4.jpg

Image from google.

Carpal Tunnel Syndrome(CTS)ဆိုတာဘာလဲ

Carpal Tunnel Syndrome ဆိုတာကတော့ လက်ကောက်ဝတ်အလယ်ဗဟိုကို ဖြတ်သန်းသွားတဲ့ အာရုံကြောများကို ကိုကြာမြင့်စွာဖိထားမိလို့ နာကျင်တဲ့ဝေဒနာကို ခံစားလာရတာဖြစ်ပါတယ်။ ဘယ်လိုလူတွေမှာ CTS ရောဂါဖြစ်တတ်တာလဲဆိုလျှင် အဓိက အဖြစ်များတဲ့သူများကတော့ ကွန်ပျူတာကိုအသုံးပြုပြီး စာရိုက်သူတွေ အချက်အပြုတ် လုပ်ကိုင်သူတွေမှာ လက်ကောက်ဝတ်နှင့် လက်မောင်းတစ်ဝိုက်တွင် ကိုက်ခဲလာခြင်းမှ အစပြုဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ကွန်ပျူတာအသုံးပြုသူများတွင် အဖြစ်များတာကို တွေ့ရပါတယ်။ နေ့စဉ်နှင့်အမျှ ကွန်ပျူတာကို အသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ကြရာတွင် လက်အနေအထားပုံစံ(လက်ထားပုံ) မမှန်ကန်တဲ့အတွက်ကြောင့် လက်ကောက်ဝတ်ကို ဖြတ်သန်းသွားတဲ့ အာရုံကြောတွေကို ထပ်ခါတလဲလဲ နေ့စဉ် ဖိမိခြင်းဖြင့် ဖြစ်စေသောရောဂါ ဖြစ်ပါတယ်။

CTS အာရုံကြော ရောင်ရမ်းခြင်းဖြစ်ပါက လက်မောင်းတစ်လျောက် နှင့် လက်ဖျံ လက်ကောက်ဝတ် တို့တွင် တဖျင်းဖျင်ခံစားရခြင်း ကိုက်ခဲလာသည့် လက္ခဏာများကို ခံစားရမည်ဖြစ်ပါသည်။ အသက်အရွယ်အလိုက်အန္တရာယ်ရှိနိုင်သောကြောင့် အထူးသတိထားသင့်ပါတယ်။ CTS ဖြစ်ပွားလို့ခွဲစိတ် ကုသရမယ်ဆိုရင် လက်ကောက်ဝတ်အောက်ပိုင်း မှ လက်ဖ၀ါးအလယ်လောက်ထိ ခွဲစိတ်ရပါတယ်။ ဖိမိထားတဲ့အာရုံကြောများကို ပြန်လည်ရှင်းလင်းရပါတယ်။

ကွန်ပျူတာဖြင့် စာရိုက်ရာတွင်လည်းကောင်း၊ ကွန်ပျူတာမောက်စ်ကို ကိုင်တွယ်အသုံးပြုရာတွင် လည်းကောင်း စနစ်တကျကိုင်တွယ်နိုင်ကြပါစေရန် အောက်တွင် ပုံများဖြင့်တင်ပေးထားပါသည်။ အမှန်တကယ်လိုက်နာကျင့်သုံးသင့်ပါကြောင်းလည်း တိုက်တွန်း အကြံပြုအပ်ပါသည်ခင်ဗျာ။

What is Carpal Tunnel Syndrome?

Best Answer: Carpal tunnel syndrome (CTS) is a painful condition caused by compression of the median nerve that passes through the wrist. The main reason for this is repetitive actions like cooking, typing and so on that put stress on the wrist-arm region, and the associated nerve.

CTS can affect people at most ages, though the risk increases with age. Watch out for symptoms like swelling or tingling sensations in the arm as symptoms of CTS.

Source(s): http://www.scribd.com/doc/27884869/Hand-...

35914728_xl.jpg

More Info : http://www.medikreview.com/carpal-tunnel-syndrome.html

Carpal Tunnel Syndrome

Carpal tunnel syndrome is a condition that causes numbness, tingling and other symptoms in the hand and arm. Carpal tunnel syndrome is caused by a compressed nerve in the carpal tunnel, a narrow passageway on the palm side of your wrist.

more info ; http://www.mayoclinic.org/diseases-conditions/carpal-tunnel-syndrome/home/ovc-20313865

အောက်ပုံဖော်ပြပါ ပုံများကတော့ CTS ရောဂါခံစားရတဲ့သူတွေကို ခွဲစိတ်ကုသတဲ့ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေပါ။

carpal-tunnel-syndrome-21-728.jpg

Image source(s) and more info : https://www.slideshare.net/dvlbell/carpal-tunnel-syndrome-11412519

Carpal Tunnel Syndrome 2.jpg

Carpal Tunnel Syndrome 3.gif

Carpal-Tunnel Surgery Nepal

ဒါလောက်ဆိုရင်တော့ ကွန်ပျူတာကိုနေ့စဉ်ကိုင်တွယ် အသုံးပြုနေကြတဲ့ ညီအစ်ကို မောင်နှမများ သတိထားသင့်တဲ့ အချက်လေးတွေကို သတိထားပြီးရှောင်ကျဉ်နိုင်မယ်လို့တော့ထင်ပါတယ်။

ကွန်ပျူတာကို ကိုင်တွယ်အသုံးပြုရာမှာ လက်အနေအထားမှန်ကန်စွာ အသုံးပြုကြပါလို့လည်း တိုက်တွန်းအပ်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ် ဆိုတဲ့စကားကို အမြဲတမ်း သတိရနေပြီး အမြဲတမ်း လိုက်နာသင့်လှပါတယ်။ ကျန်းမာလို့လျောက်သွားနေသောသူထက် မကျန်းမာလို့ အိပ်ယာပေါ်လှဲနေရသူက ကျန်းမာရေးရဲ့ တန်ဖိုးကိုပိုပြီးသိကြပါတယ်။ အိုမင်းနေသူက ငယ်ရွယ်ခြင်းရဲ့ တန်ဖိုးကို ငယ်ရွယ်သူများထက်ပိုပြီး သိကြပါတယ်။

အောက်မှာတော့ ကျွန်တော် ရှာဖွေ စုဆောင်းထားတဲ့ အထဲက စာရိုက်ရင် ထားသင့်တဲ့ ထားရှိရမယ့် လက်အနေအထားနဲ့ ခန္ဓာကိုယ်အနေအထားတွေကို ပုံလေးတွေနဲ့တကွ တင်ပေးလိုက်ပါတယ်။

(ကိုယ်တိုင်ဝန်ခံချက်။ ။ အောက်ဖော်ပြပါပုံများသည် ကျွန်တော်ရှာဖွေစုဆောင်းထားခဲ့သည်မှာ နှစ်အတန်ကြပြီဖြစ်ပါသဖြင့် မည်သည့် နေရာမှ ယူထားသည်ကို လုံးဝမှတ်မိခြင်းမရှိပါကြောင်း ၀န်ခံချက်နှင့်အတူ Original မူရင်းပိုင်ရှင်အားလည်း Credit ပေးပါသည်။ မမှတ်မိတော့သည့်အတွက်လည်း တောင်းပန်အပ်ပါသည်။)

Photo from google.

ကျွန်တော်တို့လူမျိုးအတွက် သတိပေးချက်များ စည်းကမ်းချက်များသည် လူအတော်များများက ရီစရာ ဟာသတစ်ခုလိုဖြစ်နေတတ်ပါသောကြောင့် လိုက်နာမှု အားနည်းကြပါသည်။ သို့သော် လိုက်နာသူ တစ်ယောက်ရှိလျှင်ပင် အပင်ပန်းခံရကျိုးနပ်ပါသည်။
မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်နိုင်ကြပါစေခင်ဗျာ။

အားလုံးသော ညီအစ်ကို မောင်နှမအပေါင်း ကွန်ပျူတာကိုကိုင်တွယ်အသုံးပြုရာတွင် မှန်ကန်သော နည်းစနစ်များဖြင့် ကိုင်တွယ်ကြပြီး Carpal Tunnel Syndrome(CTS) ကို ကာကွယ်နိုင်ကြပါစေခင်ဗျာ။

ဘာသာပြန်လွဲမှားမှုများပါရှိက ခွင့်လွတ်ကြပါရန်လည်း လေးစားစွာဖြင့် တောင်းပန်ပါသည်ခင်ဗျာ။

Stemmit တွင် ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်နေကြပါသော မြန်မာအပေါင်းနှင့်တကွ အားလုံးသော ညီအစ်ကို မောင်နှမများ အောင်မြင်ကြပါစေကြောင်း ဆုမွန်တောင်းရင်း

လေးစားစွာဖြင့်

Yours respectfully

ansoe logo copy.png

ရေးသားသူ (Writer)

@ansoe

(Soe Naing)
https://steemit.com/@ansoe

https://www.facebook.com/profile.php?id=100005498385790