ကွန်ပျူတာပြုပြင်ခြင်းဗဟုသုတ(Repairing Knowledge for Computer Desktop)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar bar. My dear Myanmar steemians families,

ကျွန်တော်၏ ကွန်ပျူတာသည် 29-8-2017 နေ့ညက အသုံးပြုနေရင်းဖြင့်ပင် အိပ်သွားခဲ့ပါသည်။ သီု့အတွက် Post တင်မရခဲ့တော့။ ကျွန်တော်သည် သေချာစွာ နားလည်တတ်ကျွမ်းခြင်းမရှိသော်လည်း ဟိုစပ်စပ် ဒီစပ်စပ် ဖြင့် အနည်းငယ်စီတော့ နားလည်ပေသည်။

ထို့ကြောင့် အိပ်သွားသော ကွန်ပျူတာအား ကိုယ်တိုင်ပြုပြင်လေတော့သည်။ ထိုသို့ပြုပြင်နေရင်းဖြင့် ကျွန်တော်၏ ချစ်လှစွာသော Steemit မှ မိတ်ဆွေအပေါင်းကို ဗဟုသုတအဖြစ် မျှဝေချင်စိတ်ပေါက်သွားပါရာမှ အနှီ ကွန်ပျူတာပြုပြင်ခြင်းဗဟုသုတ* ခေါင်းစဉ်တစ်ခု ဖြစ်တည်လာရပေါတော့သည်။(အမှန်တကယ်တော့ ဘာရေးရမှန်းမသိလို့ပါခင်ဗျာ) ကျွန်တော်ရေးသားသောအကြောင်းအရာများကို လိုက်လံလုပ်ဆောင်ရန်အတွက် သတ္တိတော့မွေးမြူထားရပေမည်။ အဘယ်ကြောင့်ဆိုသော် ယနေ့(30-8-2017)ညအချိန်ထိ အိပ်နေသော ကျွန်တော့်၏ ကွန်ပျူတာသည် အိပ်ပုတ်ကြီးနေဆဲဖြစ်ပါကြောင်းခင်ဗျာ။ ဒီ Post လေးကိုဆုံးအောင်တော့ အားပေးသွားပါအုံးခင်ဗျာ။

1.png


ကွန်ပျူတာဆိုသော စကားလုံးကို ယနေ့ခေတ်တွင် မသိသူမရှိသလောက်ရှားပါးမည်ထင်ပါတယ်။ သိချင်သူများလည်း ဒီလင့် ကသွားပြီးလေ့လာနိုင်ကြောင်းပါခင်ဗျာ

What is computer?

A computer is a device that accepts information (in the form of digitalized data) and manipulates it for some result based on a program or sequence of instructions on how the data is to be processed. Complex computers also include the means for storing data (including the program,

Untitled-1.png

More Info click below links :

http://searchwindowsserver.techtarget.com/definition/computer

http://www.webopedia.com/TERM/C/computer.html

https://in.answers.yahoo.com/question/index;_ylt=AwrBT9I8YZVZX7QAPDJXNyoA;_ylu=X3oDMTByMjB0aG5zBGNvbG8DYmYxBHBvcwMxBHZ0aWQDBHNlYwNzYw--?qid=20080202012413AAw9gjA


မိမိတို့ အိမ်မှာကွန်ပျူတာရှိချင်လည်း ရှိမယ်။ မရှိချင်လည်းမရှိဘူးပေါ့ဗျာ။ (ငါတို့အိမ်မှာ ကွန်ပျူတာမရှိဘူးလို့ဆိုပြီးတော့ မဖတ်ကြည့်ပဲနဲ့တော့မနေပါနဲ့ vote တောင်းခြင်းတော့မဟုတ်ပါ ပေးသွားရင်တော့ ကောင်းတာပေါ့နော်)ဒါပေမယ့် နောင်လာမယ့် အနာဂတ်ကာလမှာတော့ ကွန်ပျူတာနှင့်ကင်းလွတ်ပြီးလုပ်ကိုင်ရမယ့် လုပ်ငန်းမရှိသလောက်ရှားပါး သွားနိုင်ပါသောကြောင့် ကွန်ပျူတာပြုပြင်ခြင်းဆိုင်ရာ ဗဟုသုတရှိထားလျှင်ဖြင့် ကောင်းမှာပဲဆိုသော အတွေးမျှင်ကြောင့် ရှာဖွေမှတ်သားထားသမျှ ဗဟုသုတအနေဖြင့် ဖောက်သည်ချ မျှဝေ ပေးစေခြင်းဖြစ်ကြောင်း ပါခင်ဗျာ။

(ဆရာများအတွက် မဟုတ်ပါခင်ဗျာ သာမာန် အသုံးပြုသူများအတွက်သာရည်ရွယ်ပါသည်။ ထို့ကြောင့် အမှားအယွင်းကလေးများ ပါလာလျှင်ဖြင့် ကျော်မသွားဘဲ ကျွမ်းကျင်သူ ဆရာသမားများမှ ထောက်ပြ ဝေဖန် ဖြည့်စွက် အကြံပြုပေးကြပါလို့လည်း ဆရာများအား တောင်းဆိုအပ်ပါသည်)

ကွန်ပျူတာလို့ခေါ်ဆိုရမှာ လည်း အခုတော့ PC Desktop ပြုပြင်ခြင်းကိုသာ ဗဟုသုတအဖြစ် တင်ပေးသွားမည်ဖြစ်ပါသည်။ ပြုပြင်တယ်ဆိုရာမှာလည်း အများအားဖြင့် တစ်ကိုယ်ရေသုံးကွန်ပျူတာ(Personal Computer_PC)လို့ပဲပြောရမယ်ထင်ပါတယ်ဗျာ။

ဘာကြောင့်လဲဆိုတော့ ကိုယ်ပိုင်ကွန်ပျူတာများ ဂဂျိုး ဂဂျောင် ကျပီး ခိုင်းတာ မလုပ်နိုင်သော ဒုက္ခိတ ဖြစ်နေသောအချိန်တွင်သာ ကုသရန် ဆေးနည်း တိုလေးများဖြစ်နေသောကြောင့်ပါပေ။ အောက်မှာဖတ်ရှုလေ့လာနိုင်ပါသည်။

အခုလိုမိုးလေးတစ်အေးအေး လေလေးတစ်ဖြူးဖြူးဖြင့် စိုထိုင်းဆ မြင့်မားလာသောအချိန် အေးမြသောဆောင်းရာသီအချိန်တို့တွင် အလွန်တရာဖုန်ထူ ဖုန်ပေါများလှပါသော ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အသုံးပြုကြသော ကွန်ပျူတာအတော်များများပင် ကွန်ပျူတာဖွင့်မရသော ပြသနာဖြင့်ကြုံတွေ့ကြရပါသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဖုန်ပြသနာ(Dust Error)ဖြစ်ပါတော့ သည်။ ပူပြင်းသောအချိန်တွင် ထို ဖုန်မှုန့်(Dust)သည် ပြသနာ(Error)မပေးပါ။ သူ့ကိုအားပေးသော အပေါင်းအဖော် အစိုဓာတ်များလာသောအချိန်တွင်မှ ထထ ပြသနာ(Error)ပေးခြင်းကို ကွန်ပျူတာ အသုံးပြုသူများ တွေ့ကြုံဘူးမည် ထင်ပါ၏။

တကယ်လို့များ မိမိတို့အသုံးပြုနေကြတဲ့ကွန်ပျူတာ မော်နီတာ(Computer Monitor) မှာ ဘာမှမလာတော့ရင်
နံပါတ်ပြသနာ(Problem)က ကွန်ပျူတာကို ဓာတ်အားပေးသောခလုတ်များအားလုံး ကြားခံ UPS_Uninterruptible Power Supply

http://searchdatacenter.techtarget.com/definition/uninterruptible-power-supply
https://techterms.com/definition/ups

4.png

Image from google

အပါအ၀င် ပါဝါခလုတ်များ မီးခလုတ်များ ဖွင့်ထားခြင်း ရှိ မရှိ စစ်ဆေးပါ။

မီးဖွင့်ထားတာသေချာပီဆိုရင် ကွန်ပျူတာပုံး Computer System Unit(https://pc.net/glossary/definition/system_unit) မှ Power Button ကိုနှိပ်ပြီး LED (light-emitting diode) မီးလုံးလေးများ လင်း မလင်း စစ်ဆေးပါ။ LED မီးလုံးလေး လင်းနေသည်ဆိုပါက ကွန်ပျူတာသို့ မီးဝင်နေသည်မှာ သေချာပါသည်။ ကွန်ပျူတာပုံး(Computer System Unit) အတွင်းရှိ Power Supply ထဲမှ ပန်ကာလည်သံ ကြား မကြား နားထောင်ကြည့်ပါ။ ပန်ကာလည်နေသောအသံကို နားထောင်ခြင်းဖြင့်လည်း ပါဝါ ၀င်မ၀င် သိနိုင်ပါသည်။ ကွန်ပျူတာတွင်တပ်ဆင်ထားသော ပစ္စည်းမှမော်တာများ လည်ပတ်သံကို ကြားရပါတယ်။ အသံတိုးတိုး နဲ့ အသံကျယ်ကျယ်ကြားရခြင်းသာကွာပါမယ်။ ဒါဆိုရင်တော့ ကွန်ပျူတာပုံး(Computer System Unit) ကို ဓာတ်အား(Power)၀င်နေတာ သေချာသွားပါပြီ။ ကွန်ပျူတာ မော်နီတာ(Computer Monitor) တွင်မတော့ ဘာမှမပေါ် ဖြစ်နေတဲ့အခြေအနေလား။ ဒီအခြေအနေကို သုံးသပ်ကြည့်မယ်ဆိုရင် ကွန်ပျူတာပုံး(System Unit)ကို ဓာတ်အား(Power)ရောက်တယ် ဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ အတွင်းပစ္စည်းများအားလုံးအလုပ်လုပ်နေတယ်။ ဒီလို ဒီလို သုံးသပ်မိပါတယ်။ ကွန်ပျူတာ မော်နီတာ(Compuster Monitor)မှာတော့ ဘာမှ မမြင်ရဘဲ မဲမဲကြီးပဲ(No Signal) ဖြစ်နေတယ်ပေါ့။ အဲဒီလိုအခြေအနေဖြစ်နေတယ်ဆိုရင် ကွန်ပျူတာဆိုင်ကိုပို့ပြီးလည်း မစစ်ချင်ဘူး။ ကိုယ်တိုင်လည်း ဗဟုသုတရချင်တယ်ဆိုရင်တော့ ကျွန်တော် ပြောပြမည်ဖြစ်သော နည်းလမ်းလေးများနှင့် စမ်းသပ် လုပ်ကိုင်နိုင်ပါသည်။ ဖြေရှင်းရန်နည်းလမ်းများကို အောက်တွင် ဖော်ပြပေးလတ္တံ ရှုကြကုန်လော့ ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ။

2.png

Image from google

ဖြေရှင်းရန်နည်းလမ်း (Solve) ပထမဆုံး ကွန်ပျူတာကို ပေးထားသော ဓာတ်အား(Power)ပေးထားသော ခလုတ်အားလုံးကို ပိတ်ပါ။(မီးပိတ်ပါ ပလပ်တပ်ထားလျှင် ပလပ်များပါဖြုတ်ထားလျှင် ပိုကောင်း ပါသည်)ပြသနာကိ ဖြေရှင်းရန်အတွက် ကတော့ ကွန်ပျူတာပုံး(Computer System Unit)၏နောက်ကျောဘက်တွင် တပ်ဆင်ထားသော ကွန်ပျူတာ မော်နီတာနှင့်ချိတ်ဆက်ထားသော Monitor Cable ကို ကောင်းစွာ တပ်ဆင်ထားခြင်း ရှိ မရှိ စစ်ဆေးပါ။ ကောင်းစွာ တပ်ဆင်မထားခြင်း အထိုင်မကျခြင်းများဖြစ်နေလျှင် သေချာစွာ ဖိနှိပ်တတ်ဆင်ကြည့်ပါ။ သေချာစွာ တပ်ဆင်ထားသော်လည်း ရုပ်မပေါ်သေးပါက VGA Port (Video Graphic Array(VGA) Cable ခေါင်းဘေးရှိနတ်(Screw) နှစ်ခုကို ၀က်အူလှည့်(Screw Driver_ကျောက်လှည့်)ဖြင့်လှည့်ပြီး နတ်များကိုလျော့ပါ။(၃၇ မင်းကိုမဆိုလိုပါ) ပြီးလျှင် VGA ခေါင်းကို လက်ဖြင့်သေချာ ဖိပြီးပြန်တပ်ပါ။ နတ်များကိုသေချာစွာပြန်တပ်ပါ။ ပြီးလျှင် Power Button ကိုပြန်နှိပ်ကြည့်လို့ ကွန်ပျူတာ မော်နီတာ(Computer Monitor)မှာ စာတမ်းများပေါ်လာလျှင် သင်၏ လုပ်ဆောင်ချက် အောင်မြင်သွားပါပြီ။

တကယ်လို့ များ ဒီအဆင့်လုပ်ကြည့်လို့မအောင်မြင်သေးရင်တော့ နောက်တစ်ဆင့် ဆက်လုပ်ရပါမည်။ နောက်တစ်ဆင့်ဆိုရာတွင် ကွန်ပျူတာပုံး(Computer System Unit) အတွင်းသို့ဖွင့်ကြည့် စစ်ဆေးရမည်ဖြစ်သောကြောင့် မလုပ်ချင်သောသူများ ကွန်ပျူတာပြင်ဆိုင်သို့သွားပါလော့။ သို့တည်းမဟုတ် ကွန်ပျူတာပြုပြင်သူ (Computer Service) ခေါ်ပါလော့။ ဆက်လက်ပြုပြင် လက်တဲ့စမ်းချင်သူများသာ နောက်တစ်ဆင့်သို့သွားပါလေ။

5.png

အထက်မှာပြောခဲ့သလို ဖုန်ပြသနာ(Dust Error)ကြောင့် ဖြစ်ပေါ်နေလျှင် ဖုန်များကို ရှင်းထုတ်ရပါမည်။(စာအုပ်များ သင်ရိုးညွှန်းတမ်း များတွင်တော့ Dust Error ပါမပါမသိပါခင်ဗျာ) ထိုဖုန်များသည် အစိုဓာတ်များလာသောအခါ လျှပ်ကူးခြင်းဖြစ်ပေါ်ပြီးရှော့ကျခြင်းကြောင့်လည်းကောင်း ကွန်ပျူတာဦးနှောက်(CPU(Central Processing Uint), ယာယီမှတ်ဥာဏ်(RAM Memory),ရုပ်ဖော်ပြပေးသောကတ်(VGA Card)* တို့ကြား ဖုန်များပိတ်ဆို့နေခြင်းကြောင့်လည်းကောင်း ဖြစ်နိုင်ပါသည်။

6.png

ကွန်ပျူတာပုံး(Computer System Unit) ရဲ့ ဘေးဘက် အဖုံးများကိုဖြုတ်ရန် ပုံးနောက်ဖက်မှာ နတ် များကို ဖြုတ်ပါ။ နတ်များဖြုတ်ပြီးလျှင် ဘေးဖုံးကို နောက်သို့ အသာအယာဆွဲထုတ်နိုင်ပါသည်။ ပြီးလျှင် ကွန်ပျူတာပုံး(System Unit) အတွင်းမှ ဖုန်များကို စုတ်တံဖြင့် ဖြစ်စေ၊ လေမှုတ်ကိရိယာဖြင့်ဖြစ်စေ ဖြည်းညှင်းစွာ ရှင်းထုတ်ပါ။(ဒီနေရာမှ တစ်ချို့ဆရာသမားများက လေအားပြင်းသောကြောင့် လေမှုတ်ကိရိယာ အသုံးမပြုခိုင်းပါ) ဖုန်များရှင်းပြီးလျှင် ကွန်ပျူတာပုံး(System Unit) အတွင်းမှ ကိရိယာများ(RAM Memory, CPU Heatsank Fan, VGA Card)စသည်တို့ကို လက်ဖြင့် အသာအယာ ဖိပေးပါ(ဟိုဖိ ဒီဖိ နည်းစနစ်)။ ဟိုဖိ ဒီဖိ နည်းစနစ်ကို လုပ်ဆောင်ရန်တွင် အားအများကြီးသုံးပြီးမဖိရပါ။

7.png

ဟိုဖိ ဒီဖိ လုပ်ဆောင်ပြီးပါက ဖြုတ်ထားသော ပလပ်များကိုပြန်တပ်ပြီး မီးခလုတ်ဖွင့်ပါ။ ကွန်ပျူတာပုံး(System Unit) မှ Power Button ကိုနှိပ်ပါ။ ကွန်ပျူတာပံး(System Unit) အတွင်းရှိ စပီကာ(Case Speaker)မှ တီ တီ တီ ဟု အော်မြည်နေလျှင် မော်နီတာတွင်လည်း ဘာမှ မြင်ရဦးမည်မဟုတ်ပါ။ ဟိုဖိ ဒီဖိ နည်းစနစ်အတိုင်း ဆက်လက်လုပ်ဆောင် ကြည့်ပါအုံးခင်ဗျာ။(ဟိုဖိ ဒီဖိ နည်းစနစ်ကို ထပ်ခါတလဲ လဲလုပ်ဆောင်ကြည့်ပါ) တီ ကနဲ မြည်ပြီး မော်နီတာမျက်နှာပြင်ပေါ်တွင်စာတမ်းများ ပေါ်လာပါက သင်၏လုပ်ဆောင်ချက် အောင်မြင်သွားသည်ကို ဂုဏ်ယူနိုင်ပါပြီ။ ဟိုဖိ ဒီဖိ နည်းစနစ်ဖြင့်မရပါက ဆက်လက်လုပ်ဆောင်ရမည့် နည်းစနစ်များကို ဆက်လက်ရေးနိုင်ရန်ကြိုးစားပါအုံးမည်။ ခုတော့ ဒီဘ၀ ဒီမျှ အဲဟုပေါင် ဒီပို့စ် ဒီနေရာမှာ ရပ်နားလိုက်ရပါကြောင်း Steemit ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ.......

(မပြည့်မစုံဗဟုသုတဖြစ်ပါသဖြင့် အမှားအယွင်းများပါပါက နားလည်ခွင့်လွှတ်ကြပါရန်)

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo myanmar.png

ရေးသားသူ(Author) _

@ansoe
Soe Naing

Myanmar Steemit Community

30-8-2017(Wednesday)