လမ်းမှန်ပေါ်မှာလျောက်ပါ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


MSC Admin Team မှ အဖွဲ့သားများအား အမြဲတမ်း စာလုံးပေါင်းများ တတ်နိုင်သမျှ မှန်ကန်ကြစေရန်၊ စာလုံးပေါင်းသတ်ပုံများ မှန်ကန်မှုရှိလာကြစေရန် ကြုံလျှင် ကြုံသလို သတိပေး ပြောကြားပေးနေကြပါသည်။ ထို့အတူ မိမိတို့၏ ကိုယ်ပိုင်အတွေးများဖြင့် စာရေးသားကြစေရန်ပြောကြားဆရာလုပ်လိုကြခြင်းမဟုတ်ကြပါ။ အဘယ့်ကြောင့် မြန်မာစာ အရေးအသားများအား မှန်ကန်အောင်ရေးသားကြစေရန် အမြဲလိုတိုက်တွန်းခဲ့ကြကြောင်း သိသူများလည်း သိကြပေမည်။ မသိသူများလည်း ရှိနေနိုင်ပါသည်။ တကယ်လို့များ ကျွန်တော်တို့ရေးသားသောစာများသည် တစ်ချိန်ချိန်တွင် ဂျာနယ် စာစောင် မဂ္ဂဇင်းတို့တွင် ကောင်းမွန်သောဆောင်းပါးများအဖြစ်သို့ ဖော်ပြခြင်းခံကြရမည်ဆိုပါက ကိုယ်တိုင်ရေးသား ထားသော ဆောင်းပါးများအတွက် ပြဿနာမရှိနိုင်သော်လည်း သူတစ်ပါးဆောင်းပါးအား ရေးတင်ထားမိပါက ပြဿနာဖြစ်နေပေပြီ။ ထို့သို့သော အကြောင်းများကြောင့်တစ်ကြောင်း မိမိတို့ကိုယ်တိုင်ဖန်တီးထားသော စာများအား ကြည့်ကာ ကြည်နူးနိုင်ကြစေရန်လည်းကောင်း ကိုယ်တိုင်ဖန်တီးသောအကျင့်လေးများဖြင့် ဖန်တီးရေးသားကြရန် တိုက်တွန်းနေကြခြင်း ဖြစ်ပါသည်။ copy ၏ အကျိုးသက်ရောက်မှုသည် ယခုအခါ Facebook ကဲ့သို့သော Social Media တွင်ပင် ပြဿနာဖြစ်စပြုလာနေပြီဖြစ်ပါသည်။ မိမိပစ္စည်းတစ်ခုအား အခြားသူတစ်ယောက်မှ သူ့ပစ္စည်းပါဟု ပြောဆိုနေခြင်းကို ကိုယ်တိုင်က လက်ခံနိုင်မည် မဟုတ်သကဲ့သို့ အခြားသူများလည်း မိမိတို့ကဲ့သို့ပင် ခံစားကြရမည်ဖြစ်သည်ကို သတိပြုဆင်ခြင်ခြင်းဖြင့် ကိုယ်တိုင်တတ်နိုင်သမျှ အစွမ်းထုတ်ကာ ရေးသားဖန်တီးစေချင်ပါ သည်။


04.png

Image from google


စာကြောင်းတစ်ကြောင်းဖြစ်စေရန်အတွက် မိမိတို့ပြောလိုသော စာများဖြင့် တန်ဆာဆင် ရေးသားပြီး မိမိတို့ဆိုလိုချင်သော အဓိပ္ပါယ်ကို နားလည်အောင်ရေးသားထားသော စာပုဒ်များကို ၀ါကျ အဖြစ်သတ်မှတ်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ဆိုလိုရင်းအဓိပ္ပါယ်ကို နားလည်သဘောပေါက် စေရန်အတွက်ရေးသားကြရာတွင်လည်း စနစ်တကျ စီစဉ်ရေးသားကြရပါသည်။ ပရမ်းပတာ ရေးချင်ရာရန်မဖြစ်နိုင်ပါ။ ကျွန်တော်တို့သည် စာရေးဆရာများမဟုတ်ကြကြောင်း ခဏ ခဏရေးသားခဲ့ဘူးပါသည်။ စာရေးဆရာများ မဟုတ်သောကြောင့် ရေးချင်သလိုမရေးကြရန်လည်း လိုပါသည်။ အထက်တွင် ရေးသားခဲ့သကဲ့သို့ စာစောင် မဂ္ဂဇင်းများတွင် မိမိတို့၏စာများအား ဖော်ပြကြမည်ဆိုပါက စာအရေးအသား မမှန်ကန်ခဲ့ပါလျှင် ဖော်ပြခြင်းငှာ စွမ်းမည်မဟုတ်ကြပါ။ လေ့လာရေးသားခြင်းဖြင့် နောင်တစ်ချိန်တွင် မိမိတို့အတွက် နေရာတစ်နေရာ နာမည်တစ်ခု ရရှိနိုင်မည်ဖြစ်သည်ကိုလည်း သတိပြုစေချင်ပါသည်။ ၀ါကျများဖွဲ့စည်းရေးသားကြရာတွင် အများအားဖြင့် မှားယွင်းစွာရေးသားတတ်ကြပါသည်။ ကျွန်တော်တို့သည်လည်း မှားနေဆဲဖြစ် ပါသည်။ သို့သော်လည်း မှားယွင်းမှုမှန်းသိလျှင် အမှန်ကိုပြုပြင်ကြရမည်ဖြစ်ပါသည်။ လေ့လာ ကြရပါမည်။ လေ့လာမှလည်း တတ်သိနားလည်နိုင်ပါမည်။ စာလုံးပေါင်းသတ်ပုံအကြောင်းကို လူအများက မှန်ကန်အောင်ရေးသားကြစေရန်အတွက် တိုက်တွန်းရေးသားခဲ့ကြဘူးပါသည်။ ပြုပြင်သင့်သည်ကိုပြုပြင်မှလည်း တိုးတက်နိုင်မည်မဟုတ်ပါလား။


02.png

Image from google


စာရေးသည်ဆိုရာတွင် ၀ါကျများဖြင့် တည်ဆောက်ရေးသားရခြင်းဖြစ်သောကြောင့် ၀ါကျများကို သိရှိနိုင်ရန်အတွက် မြန်မာစာပေများအား လေ့လာရမည်ဖြစ်ပါသည်။ သင်ခန်းစာများအားလေ့လာရန်လိုအပ်မည်ဖြစ်ပါသည်။ ၀ါကျဖြစ်ရန် စာပုဒ်များဖြင့်ဖွဲ့စည်း ရေးသားရခြင်းဖြစ်သောကြောင့် စာပုဒ်များအားလည်း မှန်ကန်စေရန် လေ့လာကြရမည်ပင် ဖြစ်ပါသည်။ စာပုဒ်များမမှန်ပါက ၀ါကျသည်လည်း မမှန်နိုင်ပါ။ လေ့လာ ပြုပြင် ရေးသားရန်သာ တိုက်တွန်းနေမိသည်ထင်ပါသည်။ လေ့လာရန်အတွက်လည်း သိသမျှ ရှိထား သမျှ စာအုပ်စာတမ်း Pdf လေးများကိုလည်း မျှဝေပေးခဲ့ပါသည်။ နောက်ထပ်လည်း ရှာဖွေ ရသလောက်တာ့ ပြန်လည်မျှဝေပေးပါမည်။ စာရေးနေကြသူများအတွက် စာများမှန်ကန် အောင်လေ့လာသင့်သည်ဟုလည်း ထင်ပါသည်။ စာစောင်များ၊ မဂ္ဂဇင်းများတွင် ဖော်ပြသည် ဖြစ်စေ၊ မဖော်ပြသည်ဖြစ်စေ မိမိတို့ကိုယ်တိုင်ရေးသားသော စာများသည် မိမိပိုင်သာဖြစ်မည် ဖြစ်ပြီး အခြားသူများရေးသားသောစာများအား မိမိရေးသားသကဲ့သို့ ပြုမူနေခြင်းဖြင့်လည်း မိမိတို့ရေးသားခြင်းမဖြစ်နိုင်ပါချေ။ လိပ်ပြာလည်း လုံနိုင်လိပ်မည်မဟုတ်ပါ။ ရေရှည်လျောက် လှမ်းကြရမည့် Steemit ခရီးလမ်းတွင် အမောလုံသက်လုံကောင်းကြရမည်ဖြစ်ကြောင်း မကြာခဏရေးသားခဲ့ဘူးပါသည်။ ခဏတာလေးအား မကြည့်မိကြပါနှင့်။ ယခုအချိန်တွင် MSC သည် ထိုက်သင့်သလောက်တော့ အောင်မြင်မှုရရှိနေပြီဖြစ်ကြောင်း သတိပြုကြပါ။ ယခင်က အဖွဲ့ဝင်များအား သာရေး၊ နာရေးများ၊ လူမှုရေးများတွင် MSC မှ အကူအညီမပေးနိုင်သေး သော်လည်း ယခုအခါတွင် ထိုက်သင့်သော အကူအညီများပေးလာနိုင်ခြင်းက သက်သေ တစ်ခုဖြစ်နိုင်မည်ထင်ပါသည်။ Steemit Platform တွင်အောင်မြင်ရေးလမ်းကြောင်းပေါ်သို့ ခြေချနေမိပြီဖြစ်ကြောင်းကိုလည်း သတိပြုကြည့်လျင်သိနိုင်ကြမည်ဖြစ်ပါသည်။ ရေတိုလေး များအား မကြည့်မိကြပါစေနှင့်။ ရေရှည်အကျိုးအတွက် မျှော်ကိုးပြီး မှန်ကန်သော လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရန် စဉ်းစားနိုင်ကြပါစေ။ လမ်းဘေးသို့ လမ်းချော်မကြ စေရန်လည်း ကြိုးစားနိုင်ကြပါ။ မိမိတို့၏ ရှေ့တွင် လမ်းချော်ကျသွားသူ အများအပြားကို မြင်တွေ့ဖူးကြမည်ထင်ပါသည်။


03.png

Image from google


ထို့ကြောင့် မြန်မာစာပေအရေးအသားလေးများအား လေ့လာကြပါ။ လေ့လာထားသမျှအား လည်း ပြန်လည်မျှဝေပေးကြပါ။ အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် တစ်ဦးကို တစ်ဦး အပြန်အလှန် ကူညီဖေးမပြီး ခရီးဆက်ကြပါလို့ အကြံပြုတိုက်တွန်းရင်းဖြင့် ရပ်နားခွင့်ပြုပါ။ အားလုံးသော ချစ်မိတ်ဆွေ ညီအစ်ကို မောင်နှမများအားလုံး အောင်မြင်သောလမ်းမပေါ်သို့ ဆက်လက်လျောက်လှမ်းနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

12-Mar-2018 တနင်္လာနေ့(Monday)