လူကြိုက်များစေမည့်နည်းလမ်း(၆)သွယ်(6 ways for popular)
မင်္ဂလာပါခင်ဗျာ.....(Mingalar Par All Friends)
ဘ၀ကို တိုးတက် အောင်မြင်လိုသူ လူငယ်များအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါသည်။ ထိုသို့ တင်ပေးသဖြင့် အောင်မြင်ကျော်ကြားနေသူတစ်ယောက်တော့မဟုတ်ပါခင်ဗျာ။ လွယ်ကူပြီး ကောင်းမွန်တဲ့ နည်းလမ်းများဖြစ်ပါသဖြင့် မျှဝေပေးခြင်းသာဖြစ်ပါသည်။
သင့်ကိုလူကြိုက်များစေလျင် တစ်နည်းအားဖြင့် လူချစ် လူခင်ပေါများစေလိုလျင် အောက်ပါနည်းစနစ်များကို ရှေုာင်လွဲခြင်းမပြုပါနှင့်။
Image from google
သင့်အား လူကြိုက်များစေမည့် နည်းလမ်း (၆) သွယ်
(၁) သင့်ကို လူကြိုက်များစေမည့် နည်းလမ်း အမှတ်(၁)
"အခြားသူများအပေါ်တွင် အမှန်တကယ် စိတ်ဝင်စားပါ"
(၂) သင့်ကို လူကြိုက်များစေမည့် နည်းလမ်း အမှတ်(၂)
"ပြုံးပါ"
(၃) သင့်ကို လူကြိုက်များစေမည့် နည်းလမ်း အမှတ်(၃)
"လောကတွင် အသာယာဆုံးအသံသည် မိမိ၏နာမည်ကို လူတစ်ယောက်ကခေါ်လိုက်သောအခါ ကြားရသော အသံပင် ဖြစ်ကြောင်း အမြဲသတိပြုပါ"
(၄) သင့်ကို လူကြိုက်များစေမည့် နည်းလမ်း အမှတ်(၄)
"တစ်ဖက်သား စကားပြောနေချိန်တွင် ဂရုစိုက်ပြီး နားထောင်ပါ၊ တစ်ဖက်သားတို့အား သူတို့၏အကြောင်း ပြောရန် အားပေးပါ"
(၅) သင့်ကို လူကြိုက်များစေမည့် နည်းလမ်း အမှတ်(၅)
"တစ်ဖက်သား စိတ်ဝင်စားသည့်ဘက်မှနေ ဆွဲဆောင်ပါ"
(၆) သင့်ကို လူကြိုက်များစေမည့် နည်းလမ်း အမှတ်(၆)
"တစ်ဖက်သားအား သူ့ကိုယ်သူ အထင်ကြီးလာအောင် လုပ်ပေးပါ၊ ထိုသို့လုပ်ဆောင်ရာတွင် စိတ်ပါလက်ပါ လုပ်ပါ။"
Image from google
Image from google
How To Win Friends And Influence People သည် ဒေးကာနက်ဂျီရေးသားသော မူရင်းစာအုပ်ဖြစ်ပါသည်။ မြန်မာပြန်အား မိတ္တဗလ ဋီကာ ဟု ဦးနုမှဘာသာပြန်ထားပါသည်။ ဦးနု၏ ဘာသာပြန်ဆိုချက်များမှ ကောက်နုတ်ဖော်ပြပေးခြင်းဖြစ်ပါသည်။
အထက်ပါစာအုပ်သည် လူသန်းပေါင်းများစွာတို့အား အောင်မြင်မှု နှင့် ချမ်းသားပျော်ရွှင်မှု လမ်းကြောင်းပေါ် ပို့ဆောင်ပေးခဲ့သည့် စာအုပ် ၊ သမ္မာကျမ်းစာ ပြီးလျင် စောင်ရေအများဆုံး ရောင်းချခဲ့ရသည့် စာအုပ် ဖြစ်ပါသည်။ အကြိမ်ပေါင်းများစွာ ရိုက်နှိပ်ထုတ်ဝေခဲ့သည်စာအုပ် လည်းဖြစ်ပါသည်။ ဘာသာအမျိုးပေါင်း (၃၆) ဘာသာဖြင့် ထုတ်ဝေခဲ့ရသော အအောင်မြင်ဆုံးသော စာအုပ်ဖြစ်ခဲ့ပါသည်။
Video from YouTube
ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးး အဟောအပြော နှင့် လူမှုဆက်ဆံရေးပါရဂူ ဒေးကာနက်ဂျီ_Dale Carnegie အကြောင်းကို အပြာရောင်စာတမ်းအား နှိပ်ပြီး ၀င်ရောက် ဖတ်ရှုနိုင်ပါသည်။
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
7-10-2017(Saturday)