လူ့သက်တမ်း (Human Age)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


Untitled-1 copy.png



လူတို့၏ မူလသည် မည်သည်ဖြစ်သည်ကို သေချာတပ်အပ်ပြောနိုင်ခြင်းမရှိ… ထို့အတူပင် စကြ်ာဝဠာ၏ မူလအစကို မသိရှိနိုင်… လူဘယ်ကဖြစ်တည်လာသလဲ ဆိုသောအကြောင်း နှင့် စကြ်ာဝဠာကြီးဘယ်ကဖြစ် ဘယ်သူမှမသိ… သိနိုင်ရန်လည်း ခက်ခဲမည်ပင်… ဘာသာတရားများမှာလည်း တိကျသောအဖြေရှာရန်ခက်တယ်… လူဘယ်ကဖြစ်ကို ပြောချင်တာတော့ ဟုတ်ဘူး… လူတွေရဲ့သက်တမ်းက တဖြေးဖြေး တိုလာတာ… သက်တမ်းအလွန်ကြာမြင့်အောင် နေခဲ့ကြတဲ့လူတွေ ရှိခဲ့ဖူးတာ ဗုဒ္ဓစာပေတွေမှာ ဖတ်ရှုရပါတယ်… အဲဒီအကြောင်းကို ရေးချင်တာလည်းမဟုတ်ပါဘူး… လူတွေရဲ့သက်တမ်းက ဟိုးအရင်းတုံးက သက်တမ်းတိုတယ်ဆိုတာကို ဖတ်ဖူးခဲ့တဲ့စာလေးတွေထဲက မှတ်မိသလောက် ပြန်ရေးချင်တာပါ… ဘယ်သူရေးတယ်ဆိုတာကို အတိအကျမသိနိုင်… အမှန်တော့ ရီစရာတစ်ခုအဖြစ် ဟာသတစ်ခုအနေနဲ့ ပြောခဲ့တာဖြစ်ချင်လည်း ဖြစ်မယ်ဗျ… ဒါပေမယ့် အမှန်လဲဖြစ်နိုင်ပါတယ်… ဘာလို့ဆိုတော့ ကျွန်တော်တို့ သိမှ မသိနိုင်ပဲ… ကျွန်တော်တို့သာမက အခြားမည်သူမျှလည်း သိနိုင်ရန်လွယ်မည်မဟုတ်ပါ... လူတို့သက်တမ်းနှင့်ပတ်သက်သော သရော်စာလား ရီစရာလား ပြောရမည့် ပုံပြင်လိုလို ရီစရာလိုလို သရော်စာလိုလို ရေးထားခဲ့ကြသော လူ့သက်တမ်းအကြောင်း လေးပါ... လူတိုင်း ကြားဖူးချင်လည်း ကြားဖူးကြနေပါလိမ့်မယ်... ကြားဖူးကြလိမ့်မည်ဟုလည်း ထင်ပါတယ်


01.png

Image from google


စာလေးကတော့ ဒီလိုဗျ… အဲ မှတ်မိသလောက်ကို ပြန်ရေးတာဖြစ်တဲ့အတွက် အကုန်လုံးက မှန်ချင်မှ မှန်တော့မယ်ဗျို့… မှားရင်လည်း မှားလို့ပေါ့… မှန်ချင်လည်း မှန်နေမပေါ့… ဟိုအရင်တုံးက လူတွေရဲ့သက်တမ်းက အနှစ် (၃၀)လောက်ပဲရှိတယ်တဲ့… သက်တမ်းတိုတယ်ပြောရမယ်… တန်ခိုးရှင်တွေကို ယုံကြည်ကြတဲ့အချိန်တစ်ခုလို့ထင်ရတယ် ပေါ့… လူဟာ တန်ခိုးရှင်ဆီသွားပြီးတော့ အတတ်ပညာ အသိပညာတွေ ရှာဖွေချင်ပါသေး တယ်… လူ့သက်တမ်းကို တိုးပေးနိုင်ရင် တိုးပေးပါခင်ဗျာ ဆိုပြီး သွားတောင်းဆိုပါသတဲ့… လူ့သက်တမ်းကို ယာဉ်တွေသက်တမ်းတိုးသလို တိုးလိုရရင်ကောင်းသားနော်… ဒီလိုလူက သက်တမ်းတိုးပေးဖို့ တောင်းတဲ့အချိန်မှာ အဲဒီအနားမှာ နွားရယ်၊ ခွေးရယ်၊ မျောက်ရယ် အဲဒီ သုံးကောင်က ရှိနေတယ်… လူက သက်တမ်းတိုးတောင်းခံတာကြားတော့ အလျင်အမြန်ပဲ နွားက “ကျုပ်ဆီက သက်တမ်းကို ခွဲယူလိုက်ပါ” လို့ ၀မ်းသာအားရခွဲပေးဆိုပဲ… ကျုပ်တို့နွားတွေမှာက ၀န်တွေကိုထမ်းရ ပိုးရ ရုန်းရ၊ အဲဒီလိုလုပ်နေရာတာတွေ့ ပင်ပန်းလွန်းလို့ ငြီးငွေ့လွန်းလို့ သက်တမ်းတိုတိုလေးပဲ နေချင်တော့လို့ ၀မ်းမြောက် ၀မ်းသာ ခွဲဝေပေးခြင်းဖြစ်ပါသတဲ့…. ခွေးကလဲ “ကျုပ်ရဲ့ သက်တမ်းကိုလဲ ခွဲယူပါဗျာ” ဆိုပြီး ပေးလာပါတယ်… ဘာကြောင့်ဆိုတော့ ခွေးတွေက အိမ်တို့ ယာတို့ ပစ္စည်းဥစ္စာတွေကို ပိုင်ရှင်တွေရဲ့ ကိုယ်စား စောင့်ပေးနေရတာကို ပင်ပန်းလှပါတယ် ငြီးငွေ့လှပါတယ် ဒီတော့ အသက်တိုတိုပဲနေချင်ပါတယ်ဆိုပြီး ခွဲဝေပေးတာ ပါတဲ့… မျောက်ကလဲ “ကျုပ်သက်တမ်းကိုလဲ ခွဲယူပါ” ဆိုပြီးတော့ ပေးပြန်ပါသတဲ့… ဟိုခုန်ကူး ဒီခုန်ကူးနဲ့ ငြီးငွေ့လှပါတယ်တဲ့… ဒါကြောင့် သူလဲ အသက်တိုတိုပဲနေချင်ပါတော့တယ်တဲ့ဗျ… လူ ကတော့ သက်တမ်းနည်းနည်း ရှည်သွားလို့ ပျော်သွားတယ် ပေါ့ဗျာ… အဲဒီလို နွား ခွေး မျောက်တို့ ခွဲဝေပေးတဲ့သက်တမ်းတွေကို တန်ခိုးရှင်က လူကို “ပေးလာတဲ့ သက်တမ်းတွေ ထပ်တိုးပြီး ပြည့်စုံစေ”လို့ ဆုပေးလိုက်တယ်တဲ့… လူဟာလဲ အင်မတန် ပျော်ရွှင်သွားတယ်တဲ့… နွားကပေးတဲ့ သက်တမ်း ခွေးကပေးတဲ့သက်တမ်း မျောက်ကပေးတဲ့ သက်တမ်း တွေနဲ့ မူလလူရဲ့သက်တမ်း နဲ့ပေါင်းလိုက်တော့ လူ့သက်တမ်းက အနှစ် ၁၀၀ ဖြစ် သွားပါလေရောတဲ့ဗျို့… ကဲ နေပေရော့ အနှစ် ၁၀၀ တိုင်တိုင်…


04.png

Image from google


အဲဒီအချိန်ကစလို့ လူဟာ အနှစ် ၃၀ တိုင်တိုင် သင်ချင်တဲ့ပညာတွေကို သင်ကြားတယ်… သိချင်တဲ့အသိပညာတွေကို သိအောင်လုပ်တယ်… အသိပညာတွေ အတတ်ပညာတွေ သင်ကြားလိုက်တာ ပထမ အနှစ် ၃၀ လူ့ရဲ့သက်တမ်းကုန်ဆုံးသွားပါတယ်… ဒါကတော့ လူရဲ့ မူလ သက်တမ်းကုန်ဆုံးသွားတာပေါ့နော်… လူတွေ ပညာသင်ပြီးတဲ့အခါ ဘာဆက်လုပ်ကြပါ သလဲ… အိမ်ထောင်ပြုကြတာပေါ့နော်… ယခုအချိန်ထိ လူပျိုကြီးဖြစ်နေသူ အပျိုကြီးဖြစ်နေသူ များတော့ မပါပေါ့နော်… အိမ်ထောင်ပြုတဲ့ကစပြီး နွားက ပေးတဲ့ သက်တမ်းအစပြုတော့ ပါတယ်တဲ့… အိမ်ထောင်ပြုပြီးတော့ သားတွေ သားသမီးတွေ ပေါက်ဖွားလာကြတာပေါ့… နွားကခွဲဝေပေးထားတဲ့ သက်တမ်းဖြစ်လေတော့ ချစ်လှစွာသော ဇနီးမယား သမီးသားများ အတွက် နွားကြီးလို ရုန်းကန် အလုပ်လုပ်ရတော့တာပေါ့ဗျာ… အဲဒီလို ရုန်းရင်း ကန်ရင်း ရှာရင်း ဖွေရင်းနဲ့ အသက်ခြောက်ဆယ်ကျော်လာတဲ့အခါမှာတော့ မြေးထီးလေးတွေ မြေးမလေးတွေ မျိုးဆက်သစ်အဖြစ် ဆက်လက်ပေါက်ဖွားလာတော့တာပေါ့… အဲဒီအသက်အရွယ်မှာတော့ နွားဆီက ခွဲဝေယူထားတဲ့ သက်တမ်းကလည်း ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်…


05.png

Image from google


အသက်ခြောက်ဆယ်ကျော်လာပြီဖြစ်တဲ့အတွက် နွားဆီက ခွဲဝေယူထားတဲ့သက်တမ်းကုန်ဆုံး သွားပြီ ဖြစ်သလို ခွေးဆီက ခွဲဝေယူထားတဲ့ သက်တမ်းကို ရောက်ရှိလာတော့တာပေါ့နော်… အသက်ခြောက်ဆယ်ကျော်ဆိုတော့လဲ လူဟာလဲ အတွေ့အကြုံပေါင်းများစွာနဲ့ဖြစ်လာခဲ့ပြီ ပေါ့... ကျင့်ရက်တဲ့အရွယ်ဖြစ်လာခဲ့ပြီပေါ့… ဒီတော့ သားတွေ သမီးတွေ မြေးထီးတွေ မြေးမတွေကို မဖြစ်သင့်တာ မဖြစ်ကြရလေအောင်ပြီးတော့ အော်လိုက်ရ ငေါက်လိုက်ရ ဆူလိုက်ရ ဆဲလိုက်ရ ဟိန်းလိုက်ရ ဟောက်လိုက်ရနဲ့ပေါ့… ဒါ့အပြင် အိမ် ခြံ မြေ တိုက်တာ အဆောက်အဦတွေ ကို အခြားသူတွေလာရောက် ဖျက်ဆီးမှာ ခိုးယူကြမှာကို စိုးရိမ်လာတော့ ခြံလုံအောင် စောင့်ရှောက်ရတဲ့ ခွေးလုံးလုံးဖြစ်ရောတဲ့ဗျို့… ခြံစောင့် အိမ်စောင့် မြေးစောင့် အကုန်စောင့်ရတဲ့ ခွေးသက်တမ်းကိုရောက်ရှိလာပါရောတဲ့ဗျို့… ဒီလိုနဲ့ အသက်ရှစ်ဆယ်ကျော် ကိုးဆယ် သက်တမ်းကို ရောက်ရှိလာရတော့တာပေါ့…


02.png

Image from google


အသက်ရှစ်ဆယ်ကျော် ကိုးဆယ် သက်တမ်းရောက်လာတော့ ခွေးဆီကခွဲဝေယူထားတဲ့ သက်တမ်းက ကုန်ဆုံးသွားပြီဖြစ်သလို မျောက်ဆီက ခွဲဝေယူခဲ့တဲ့သက်တမ်းကို ရောက်ရှိလာ ပါလေရောကလား… အသက်ရှစ်ဆယ်ကျော် ကိုးဆယ်ဆိုတဲ့သက်တမ်းရောက်တော့ လူ့ဦးနှောက်က ဆဲလ်တွေကလဲ ပျက်စီးကုန်ကြပါပြီ… မှတ်ဥာဏ်တွေကလည်း မကောင်းတော့ပါဘူး… မျက်စိတွေမှုန် နားတွေထိုင်း စိတ်တွေကလဲ ဟိုဟာလိုလို ဒီဟာလိုလို ဖြစ်ကုန်ကြပါပြီ… ကိုယ့်စိတ်ကိုယ်သေချာလဲ မထိန်းနိုင်တော့ဘူး… သူငယ်ပြန်တာမျိုးတွေလဲ ဖြစ်ကုန်တတ်ကြပါတယ်… စိတ်က ဟိုရောက် ဒီရောက်နဲ့ တနည်းဆိုရင် စိတ်က ဟိုခုန် ဒီခုန် ဖြစ်နေတတ်ပါတယ်… မျောက်ကခွဲဝေပေးထားတဲ့ ဘ၀ဖြစ်လေတော့ မျောက်လိုပဲ ဟိုခုန် ဒီခုန် ဖြစ်နေပါတော့တယ်… ဒီအကြောင်းတွေကို သေချာနားမလည်သူ ကျွန်တော်တို့ လူသားများက တော့ ယနေ့အချိန်ထိ နွားဘ၀ ခွေးဘ၀ မျောက်ဘ၀ကို ကျေနပ်စွာနဲ့ ပျော်ရွှင်စွာနဲ့ ခံယူနေကြ တုံးပါပဲ…


06.png

Image from google


လူ့ဘ၀သက်တမ်းလေးပဲကောင်းမယ်ထင်ပါတယ်… လောကကြီးကို ရီစရာအဖြစ်မြင်ထားကြ တဲ့ ဆရာကြီးများရဲ့ လောကကို မြင်ထားတဲ့ သရော်စာတွေလားတော့မသိပါဘူး… ဆရာတော်တစ်ပါးကလည်း ဒီလိုလေးဟောခဲ့ဘူးတယ်... ဆွမ်းကွမ်းအမြဲကပ်နေတဲ့ ဒကာကြီးတစ်ဦးကို ဘုန်းကြီးကျောင်းလာရန်အမြဲခေါ်သော်လည်း မအားမလပ်ဖြစ်နေသောကြောင့် ခေါ်မရ... တရားစခန်းဝင်ရန် တိုက်တွန်းသော်လည်းမရ.... ဒကာကြီးရဲ့ အသက်ကလည်း ကြီးနေပြီဖြစ်သောကြောင့် ဘုန်းကြီးက ရသမျှအချိန်လေးမှာ တရားအားထုတ်စေချင်တယ်... တစ်နေ့တော့ ထူးထူးခြားခြား အဲဒီဆွမ်းဒကာကြီးက ဘုန်းကြီးကျောင်းကို ရောက်လာတယ်... ဘုန်ကြီးက၀မ်းသာနေတယ်ပေါ့လေ... ဒကာကြီး ခုဘာတွေလုပ်နေတုံးလို့မေးတော့... ဘုန်းဘုန်းဘုရား တပည့်တော် အရင်က သားကျွေးမှု မယားကျွေးမှုတွေနဲ့ ကုန်းရုန်းရှာဖွေနေတဲ့ နွားဘ၀ကနေတော့ လွတ်ပါပြီဘုရား.... ဘုန်းကြီးက အဲဒီလိုဆို တရားအားထုတ်နိုင်ပီလားလို့မေးတော့... ဆွမ်းဒကာကြီးက အခုတပည့်တော်က နွားဘ၀ကကျွတ်ပီး အိမ်စောင့် ခြံစောင့် မြေးစောင့်ရတဲ့ ခွေးလုံးလုံးဖြစ်နေပါပီဘုရားတဲ့....တချို့သော သူတွေကလည်း တိုင်းရင်းသားပုံပြင်တွေထဲကလာတာလို့လဲ ဆိုကြပါသေးတယ်… ဘယ်လိုပဲဖြစ်ဖြစ် လူ ကတော့ နွားဖြစ်ရာက ခွေးဘ၀ရောက် ခွေးဖြစ်ရာက မျောက်ဘ၀နဲ့ အဆုံးသတ်သွားရတာကို ကျေနပ်နေကြတုံးသာဖြစ်ပါတယ်… ယခုခေတ်ကာလမှာ နွားဘ၀ တောင်မရောက်လိုက်ပဲ ပျက်စီးနေတာတွေ မြင်နေရပါတယ်… လူတို့ရဲ့သက်တမ်းဟာ ဆယ်နှစ်တမ်းကိုရောက်ရှိရန် အချိန်ဘယ်လောက်မှ မကျန်တော့ဟုလဲ ထင်ပါတယ်… မြေစာပင် ပုခက်လွှဲ တဲ့ခေတ်ကလည်း ရောက်လာတော့မှာကို မြင်ယောင်မိပါတယ်... ကျွန်တော်တို့တွေ မှန်ကန်တဲ့အသိတရားတွေ အသိဥာဏ်တွေ မရသေးမချင်း ဒီလိုပဲလှည့်ပတ်နေကြရအုံးမှာဖြစ်ကြောင်း စဉ်းစား ရင်မောမိရင်း ရပ်နားလိုက်ရပါတယ်….


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

17-Feb-2018 စနေနေ့(Saturday)