လိုရာပန်းတိုင် ရောက်နိုင်ကြပါစေ
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
လောကတွင် ၀ိဖ္ဇာ ရရှိစေရန်အလွန်အရေးပါမည်ထင်ပါသည်။ သိပ္ပံ ၀ိဇ္ဖာဆိုသော ဘွဲ့များကိုဆိုလိုခြင်းမဟုတ်ပါ။ လူတို့၏ အသိဥာဏ်ပညာတို့အား ဆိုလိုခြင်းသာ ဖြစ်ပါသည်။ ၀ိဇ္ဇာဆိုသောစကားလုံးသည်ပင် အသိပညာပင်ဖြစ်ပါမည်။ လောကီနှင့်ဆိုင်သည့် အခြားသော ပြဒါးဝိဇ္ဖာ၊ သံဝိဇ္ဖာ၊ အင်းဝိဇ္ဖာ၊ ဆေးဝိဇ္ဖာ စသည်တို့အားလည်း ဆိုလိုခြင်းမဟုတ်ပါ။ လူတို့၏ အသိဥာဏ်ပညာကိုသာ ရေးသားလိုခြင်းဖြစ်ပါသည်။ အမှားအယွင်းပါလာခဲ့သည်ရှိသော် ထောက်ပြဝေဖန် အကြံပြုပေးကြပါရန်နှင့် သည်းခံခွင့်လွှတ်ပေးကြပါရန် ကြိုတင်တောင်းပန်ပါသည်။ စိတ်တွင်ဖြစ်ပေါ်နေသော အကြောင်းအရာတို့သည် တခါတရံ ပျော်ရွှင်ကြည်နူးဖွယ်ရာအတိဖြစ်တတ် သကဲ့သို့ တခါတရံအလွန်အော်ငိုချင်လောက်အောင်ပင် စိတ်ပျက်ဝမ်းနည်းဖွယ်ရာများနှင့် တွေ့ကြုံရ တတ်ပါသည်။ ပျော်ရွှင်စရာနှင့်တွေ့ကြုံရသည်ရှိသော် လူတို့သည် မြူးတူးနေတတ်ပြီး လုပ်သမျှအလုပ်များသည်လည်း အလွန်ကံကောင်းသည်ဟု ထင်ရလောက်အောင်ပင် အောင်မြင်နေ တတ်ပါသည်။ အော်ငိုချင်လောက်အောင် စိတ်ပျက်ဝမ်းနည်းဖွယ်ရာများနှင့်တွေ့ကြုံနေရသော အခါတွင်မူ လာသမျှကိစ္စဟူသမျှတို့သည် စိတ်ပျက်စရာအများအပြားဖြစ်နေတတ်သကဲ့သို့ လုပ်သမျှ သည်လည်း အလွဲလွဲ အချော်ချော် အဆီအငေါ်မတည့် ဆုံးရှုံးမှုတွေသာ များနေတတ်ပါသည်။ ထူးဆန်းပေစွ။ အဘယ်ကြောင့်ထိုသို့ဖြစ်နေရပါသနည်း။
အတတ်ပညာရှိပြီး အသိပညာရှိသူတိုင်း မိမိတို့တတ်သိနားလည်ထားသည့်အတိုင်း လက်တွေ့ လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ပါသည်။ လက်တွေ့ဆောင်ရွက်ခြင်းမရှိပါက မည်သည့်အတတ်ပညာ ကို တတ်သိသည်ဖြစ်စေ အကျိုးတရားကိုခံစားကြရမည်မဟုတ်ပါ။ အတတ်ပညာရှိပြီး လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျှင် မြေကြီးလက်ခတ်မလွဲ အောင်မြင်ချမ်းသာသော လမ်းပေါ်သို့ရောက်ရှိကြမည်ဖြစ်ပါသည်။ လောကကြီးတွင် နိုင်ငံပေါင်းစုံမှ စာရေးဆရာကြီးများစွာ တို့သည် ချမ်းသာနည်းလမ်းညွှန်၊ စီးပွားဖြစ်နည်း၊ ငွေရှာနည်း စသည်ဖြင့် အောင်မြင်ရေး၊ ကြီးပွားရေး၊ ချမ်းသာရေးလမ်းညွှန်စာအုပ်များစွာကို ရေးသားထားကြပေသည်။ သူ့နည်းနှင့်သူ ကောင်းမွန်ကြသည် သာဖြစ်ပါသည်။ သို့သော် ထိုစာအုပ်များအား ဖတ်ရှုနေရုံမျှဖြင့်တော့ အောင်မြင်မှု၊ ကြီးပွားမှု၊ ချမ်းသားမှုကို ရရှိလိမ့်မည်မဟုတ်။ လက်တွေ့လိုက်နာကျင့်သုံးပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပါမှ အောင်မြင်မည်ဖြစ်ပါသည်။ စာလေးဖတ်ပြီး စိတ်ကူးယဉ်နေရုံမျှနှင့်တော့ မရနိုင်ပါ။ ယနေ့မျက်မှောက်ခေတ်ကာလ၊ ရှေးလွန်လေပြီးသောကလတို့မှ ကမ္ဘာ့ထိပ်တန်းနေရာသို့ ရောက်ရှိနေ ကြကုန်သော နိုင်ငံရေးခေါင်းဆောင်များ၊ စီးပွားရေးခေါင်းဆောင်များ၊ အောင်မြင်ကြီးပွားနေသူများ သည် စိတ်ကူးယဉ်ပြီး အောင်မြင်လာကြခြင်းမဟုတ်ကြောင်း သူတို့၏ အကြောင်းများက ဖော်ပြနေပေသည်။ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သဖြင့်သာအောင်မြင်ခဲ့ကြခြင်းဖြစ် ပေသည်။
လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင်လည်း အသိပညာ အတတ်ပညာတို့လေ့လာ သင်ယူတတ်မြောက်ထားမှသာ ၀ိဇ္ဖာဆိုသည့် အသိတစ်လုံးကို ရရှိပြီး အောင်မြင်အောင်ဆောင်ရွက် နိုင်ကြပါလိမ့်မည်။ အသိပညာ အတတ်ပညာမရှိပဲနှင့် အောင်မြင်ရန်မှာ မရှိသလောက်ဖြစ်ပါမည်။ လူအများပြောနေတတ်သည့်စကားတစ်လုံးဖြစ်သော ကြက်ကန်းဆန်အိုးတိုးသော ကိန်းဆိုက်နိုင်သော် လည်း ရေရှည်ထိန်းသိမ်းရန်မလွယ်ကူနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အသိပညာ အတတ်ပညာ ဆိုသော ၀ိဇ္ဖာ မရှိသောကြောင့် အောင်မြင်မှုကို မည်သို့ထိန်းသိမ်းရမည်ကို မသိရှိကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အောင်မြင်မှုကိုလိုလားကြပါကုန်သော၊ ကြီးပွားချမ်းသာမှုကို အလိုရှိကြပါကုန် သော ကျွန်တော်တို့လူသားများအနေဖြင့် ၀ိဇ္ဖာဆိုသည့် အသိပညာ အတတ်ပညာတို့အား လေ့လာ သင်ယူ တတ်မြောက်ထားပြီး ကျွမ်းကျင်စွာ အသုံးချအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုမည်သာ ဖြစ်ပါသည်။ ဆရာတော်ဆေကိန္ဒဟောကြားဖူးသော စကားလုံးလေးကို အခုချိန်ထိတိုင်အမှတ်ရနေမိ ပါသည်။ ထိုစကားလုံးလေးသည် တိုသည် ရှင်းသည်။ စကားလုံးလေးက ဒါကိုပဲတွေး ဒါကိုပဲလုပ် ဒါပဲဖြစ်မှာပေါ့ ဆိုသော စကားလုံးလေးသာဖြစ်ပါသည်။ ဒါကိုပဲတွေးဆိုသည်မှာ အောင်မြင်လိုသူတို့ သည် အောင်မြင်ရာလမ်းကြောင်းများ၊ အောင်မြင်မှုအတွက်လိုအပ်သောအလုပ်များကို လုပ်မည်ဆိုပါက လိုချင်သော အောင်မြင်မှုကို ရရှိမည်ဖြစ်ကြောင်းပြောဆိုထားသည် ထင်ပါသည်။ မကောင်းမှုအား ပြုလုပ်လိုသူသည် မကောင်းမှုကိုတွေး၊ မကောင်းမှုကိုသာလုပ်၊ မကောင်းသောသူသာ ဖြစ်မည်ဖြစ်ပါသည်။ အသိပညာ ရှိရန်လိုအပ်ပါသည်။
အောင်မြင်မှု၊ ကြီးပွားမှု၊ ချမ်းသာမှုကို အလိုရှိသူတို့သည် ထို အောင်မြင်မှု၊ ကြီးပွားမှု၊ ချမ်းသာမှုတို့ကို အမှန်တကယ် လိုလိုလားလားဖြင့် အမှန်တကယ် ဆန္ဒထက်ထက်သန်သန်ရှိနေရန်လိုအပ်မည်ဖြစ်ပါ သည်။ ထိုလမ်းများအတွက်လည်း လုပ်ကိုင်ရမည့်နည်းလမ်းများကိုလည်း စိတ်ဝင်တစားဖြင့် လေ့လာ သင်ယူထာြး့ပီး ကျွမ်းကျင်အောင်လေ့ကျင့်ထားသင့်လှပါသည်။ သိနားလည် တတ်မြောက်ထားပါ သော်လည်း ကျွမ်းကျင်မှုမရှိလျင် လိုရာခရီးသို့ရောက်ရှိရန် မလွယ်ကူလှပါ။ မိမိတို့သွားလိုရာခရီးပန်းတိုင်သို့သွားရာတွင်လည်း စိတ်မပျက်ရန်၊ စိတ်ဓာတ်မကျရန်အတွက် ၀ီရိယ ဇွဲ ရှိရမည်ဖြစ်ပါသည်။ အရေးအကြီးဆုံးအချက်တစ်ခုသည်ကား လိုရာခရီးသို့ရောက်ရှိအတွက် အမှား အမှန်ကို ခွဲခြားဝေဖန်နိုင်သော အသိပညာရှိရမည်ဖြစ်ပါသည်။ အသိပညာဆိုသည်ကား ၀ိဇ္ဖာပင်ဖြစ်ပါ သည်။ အသိပညာ၏ ဦးဆောင်မှုဖြင့်သာ မှန်ကန်သော ပန်းတိုင်သို့ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ အောင်မြင်မှုရကို ရရမည်။ ချမ်းသာမှု ရကိုရရမည်။ ထိုသို့ အစဉ်တစိုက်မမှိတ်မသုန် ယုံကြည်ပြီး အသိပညာ၏ ဦးဆောင်မှုဖြင့် မိမိတို့လိုရာ ပန်းတိုင်ရောက်အောင် ကြိုးစားနိုင်ကြပါစေကြောင်း ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
1-May-2018 အင်္ဂါနေ့(Tuesday)