လူသစ်များအတွက် အကြံပေးချက် (Advices for Myanmar Steemit Newbies)
အားလုံးသော Steemit မှ ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင်အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
စတီးမစ်မြန်မာ(Steemit Myanmar)တွင်ဝင်ရောက်လုပ်ကိုင်ဆောင်ရွက်နေကြပါသော newbie များသတိပြုနိုင်ကြပါစေရန် အတွက် အကြံပြု ရေးသားလိုက်ပါသည်ခင်ဗျာ။ ယခုဆိုလျှင် မြန်မာစတီးမစ်တွင် ၀င်ရောက်လုပ်ကိုင်နေကြသော member များဟာ တစ်နေ့ထက် တစ်နေ့ တိုးတိုးလာနေကြတာကိုမြင်တွေ့ရတဲ့အတွက် အလွန်ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ။ လှိုက်လှဲစွာလည်း ကြိုဆိုပါတယ်။ Member အသစ်များကိုလည်း ဖြစ်တတ်သောသဘာဝလေးများကို အပြုသဘောဖြင့်ပြောပြချင်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့လူမျိုးသည် မည်သည့် software များကို အသုံးပြုကြသည်ဖြစ်စေ မိမိတို့၏ အကောင့်နှင့် ပတ်သက်သော အချက်အလက်များကို အလေးထားသိမ်းဆည်းခြင်း အလေ့အထ အလွန်နည်းကြသည်ဖြစ်ကြောင်းကို အတွေ့အကြုံအများအရ တွေ့ရှိ သိမြင်နေကြရပါသည်။ Facebook, Viber, BeeTalk, WeChat, Zalo စသည့် social media များ၏ အကောင့်များကို ဖွင့်ပြီး အသုံးပြုကြရာတွင်ပင်လျှင် မိမိအသုံးပြုနေသော အကောင့်နှင့်ပတ်သက်သည့် အချက်အလက်များကို အလေးထားခြင်းမရှိကြပါ။ မိမိ အကောင့်ဖွင့်ခဲ့သည့်လိပ်စာ(gmail, phone no) အကောင့်နာမည်(account name) နာမည်ပြောင်(nick name) စကားဝှက်(password) စသည်တို့ကိုပင် သေချာစွာမှတ်သားခြင်းမရှိဘဲ အလွယ်တကူဝင်ရောက်သုံးစွဲကြပြီးလျှင် log out ထွက်မိလျှင် သို့မဟုတ် အခြားဖုန်း ကွန်ပျူတာ တစ်ခုခုဖြင့် သုံးစွဲလျှင် ပြသနာတက်တော့သည်။ gmail or phone no, password လုံးဝမသိသူအများ အပြားရှိနေတတ်ပါသည်။
ထိုအချက်က မိမိတို့၏ အကောင့် မိမိတို့၏ နာမည် မိမိတို့၏ မေးလ် မိမိတို့၏ ဖုန်းနံပါတ်ကို တန်ဘိုးမထားကြခြင်းပင်ဖြစ်ပါသည်။ ၀င်မရလျှင် နောက်အကောင့်တစ်ခု အသစ်ဖွင့်လိုက်ခြင်းဖြင့်လည်း social media ကိုအသုံးပြုပြန်ပါသည်။ ဖေ့စ်ဘွတ် အပါအ၀င် social media များသည် မေးလ်လိပ်စာတစ်ခု သို့မဟုတ် ဖုန်းနံပါတ်တစ်ခုကို တစ်ခါသာအကောင့်ဖွင့် ခွင့်ပေးထားပါသည်။ ကျွန်တော်တို့မြန်မာလူမျိုးများကတော့ ထိုပြသနာအတွက် အလွန်လွယ်ကူပါသည်။ ဒီ မေးလ်လိပ်စာနဲ့မရလျှင် နောက်မေးလ်လိပ်စာအသစ် တစ်ခုဖွင့် ဒီဖုန်းနံပါတ်နဲ့မရလျှင် နောက်ဖုန်းနံပါတ်အသစ်တစ်ခုဖြင့် အကောင့်အသစ်တစ်ခုဖွင့် ကြကုန်ပါသည်။ ရွှေဥာဏ်တော်များ အလွန်ထက်မြက်ကြပါပေကုန်၏။ အခြားနိုင်ငံများတွင် ထိုကဲ့သို့ မိမိတို့အကောင့်ကို တန်ဖိုးမထားဘဲ ကျွန်တော်တို့ကဲ့သို့ အလွယ်တကူလုပ်ပြုလုပ်မည်ဟု မထင်ပါ။ အကြောင်းအမျိုးမျိုးကြောင့် အကောင့်ပျက်သွားခြင်းများကိုတော့မဆိုလိုပါခင်ဗျာ။
ထိုကဲ့သို့ အကောင့်ပြောင်းလဲသုံးခြင်းသည် မိမိအကောင့်ကို တန်ဘိုးမထားရုံသာမက မိမိတို့၏ မိတ်ဆွေများအားလုံးကိုလည်း တန်ဘိုးမထားရာရောက်ပါသည်။ သတိထား ဆင်ခြင်သုံးစွဲသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
Facebook, BeeTalk, Viber, WeChat, Zalo စသည့်အကောင့်များ၏ password, gmail or phone noe မသိလို့ အကောင့်အသစ်ပြန်လုပ်ခြင်းသည် မိမိတို့အတွက် ဘာမှမဖြစ်နိုင်ပါသော်လည်း steemit platform တွင် ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်လျှင်တော့ မိမိတို့အကျိုးစီးပွားကို ထိခိုက်နိုင်သည်ကို သတိထား အပ်ပါကြောင်း အကြံပြုအပ်ပါသည်။ steemit platform သည် ငွေရေး ကြေးရေးများကိစ္စများ ပါဝင်သည်ကိုလည်း newbie များ steemit ကို မ၀င်ရောက်မီကပင် သိရှိထားပြီး ဖြစ်မည်ထင်ပါသည်။ steemit platform တွင် steemit password သည် မိမိတို့၏ ကိုယ်ရေးအချက်အလက်များ(profile)ကို ပြုပြင်ပြောင်းလဲခြင်းများအပါအ၀င် ငွေထုတ်ခြင်း ငွေလွဲခြင်း ကိစ္စများအထိ password မသိလျှင် ဘာမှလုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းမရှိပါကြောင်း သတိပေးအပ်ပါသည်။ မိမိတို့၏ gmail နှင့် phone no များသည် မိမိအကောင့် လုံခြုံရေးအတွက် အင်မတန်အရေးကြီးကြောင်းကိုလည်း သိထားသင့်လှပေသည်။ သတိထား မှတ်သားပြီး အလွယ်တကူ မေ့ပျောက်မသွားအောင် ထိန်းသိမ်းကြရန်ကိုလည်း အထူးသတိပေးအပ်ပါသည်။ steemit password မေ့လျော့ခြင်း၊ ပျောက်ဆုံးခြင်းများဖြစ်ပေါ်လာပါက မိမိတို့၏ အကောင့်သည် လုံခြုံမှုမရှိနိုင်တော့ပါ။ password ပြန်လည်ရရှိရန်လည်းမသေချာပါ။ ထိုကိစ္စများကိုလည်း steemit မှ တာဝန်မယူပါ။ မိမိ steemit အကောင့်ဖွင့်ခဲ့သည့် gmail, phone no နှင့် password များကို သေချာစွာ copy များခွဲပြီး သိမ်းဆည်းကြပါရန်လည်း အကြံပေးအပ်ပါသည်။
ကိုယ်တိုင်ရေး ပို့စ်ရေးသူများသည်လည်း promotion လုပ်နိုင်ပါကြောင်းနှင့် ထိုသို့ promotion ပြုလုပ် ချင်သူများအတွက် ဒီ FB link https://web.facebook.com/Myanmar-Steemit-Newbies-116871002276941/?ref=br_rs က၀င်ပြီး join ထားကြပါခင်ဗျာ။ pormotion တင်လျှင် စည်းကမ်းချက်များကိုလည်း သေချာစွာဖတ်ပြီးမှ comment တွင် လင့်ချပေးကြပါရန်လည်း အသိပေး ချင်ပါသည်။ ကိုယ်ပိုင်အရေးအသားများရေးသူများကိုသာ promotion လုပ်ပေးခြင်းဖြစ်ကြောင်း ကိုလည်း အသိပေးချင်ပါသည်။ myanmar tag ထည့်သွင်းထားပါက copy ပို့စ် မဖြစ်ပါစေနှင့်။ ကိုယ်တိုင်ရေးသားသော ပို့စ် ဟုတ် မဟုတ်ကို တင်သောသူကိုယ်တိုင် သိပါသည်။ တချိန်ချိန်တွင်တော့ အမှန်တရားက ပေါ်ပေါက်လာမြဲဖြစ်ကြောင်းကိုလည်း နားလည်ထားရန်လို အပ်ပါသည်။ ကိုယ်တိုင်ရေးကို ကြည့်ပြီး ခံစားရတဲ့ အရသာ နှင့် copy ကိုကြည့်ပြီး ခံစားရတဲ့ အရသာ ကလည်း ဘယ်လိုနည်းနဲ့မှမတူညီတာကလည်း အသေအချာပါပဲ။ ခံစားဘူးသူတိုင်း သိရှိပြီးဖြစ်ပါလိမ့်မည်။ သူတစ်ပါးရေးသားချက်များကို မိမိကိုယ်ပိုင်လုပ်နေသူများကတော့ ရင်တထိတ်ထိတ်ဖြင့် copy ယူနေကြရမည်မှာလည်း မလွဲဧကန်ဖြစ်မည်ထင်ပါသည်။ လိပ်ပြာသန့်သန့်နေနိုင်ကြပါစေရန်လည်း အကြံပေးအပ်ပါသည်ခင်ဗျာ။
ဒီအချက်ကျန်သွားလို့ထပ်ဖြည့်ပြီး အကြံပေးလိုက်ပါသည်။ ရေးရန် စီစဉ်ထားသော်လည်း မေ့ကျန်နေခဲ့ပါသည်။ ဒီနေ့မှ ညီငယ်တစ်ဦးကမေးလို့ကျန်ခဲ့တာသတိရလို့ထပ်ဖြည့်လိုက်ပါသည်။Steemit တွင် တင်သော မိမိတို့၏ရေးသားချက်များ ပြုပြင်လိုပါက ၇ ရက်မပြည့်ခင် ပိုက်ဆံထုတ်မပေးခင် ပြန်လည် ပြုပြင်ဖြည့်စွက်ကြရန် အထူးသတိပေး အပ်ပါသည်ခင်ဗျာ။ ၇ ရက်ပြည့်လို့ ပိုက်ဆံထုတ်ပေးပြီးလျှင် ဘာမှ ပြုပြင်လို့မရတော့ပါ။ အထူးသတိပြုဆင်ခြင်နိုင်ပါရ နှင့် မိမိတို့ post တင်ပြီးပါက Facebook ကဲ့သို့ လုံးဝ(လုံးဝ) ပြန်ဖျက်လို့ မရနိုင်ပါကြောင်း အထူးထပ်မံသတိပေးအပ်ပါသည်ခင်ဗျာ။
Myanmar Steemit Community သည် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာမညိုးနွမ်းစေရန်အတွက် လည်းကောင်း၊ မြန်မာကို နိုင်ငံတကာမှ သိစေရန်အတွက် ရည်ရွယ်ချက်ဖြင့်လည်းကောင်း လုပ်ဆောင်နေခြင်းဖြစ်ပါသဖြင့် copy post တင်ခြင်းဖြင့် သင်တို့ချစ်သော မြန်မာနိုင်ငံကြီးကို မညစ်နွမ်းစေချင်ကြမည်မဟုတ်ဟုလည်း ထင်မြင်မိပါသည်။ ထို့အတူ အမိမြန်မာနိုင်ငံ၏ ဂုဏ်ကို မြှင့်တင်ခွင့်ရမည်ဆိုလျှင် မြှင့်တင်မည့်သူများ ဖြစ်မည်ဟုလည်း ယုံကြည်ပါသည်။
ယခုအချိန်တွင် steemit platform မှာ အကူအညီပေးမည့်သူများက အဆင့်သင့်ရှိနေပြီဖြစ်ပါသည်။ အကူအညီပေးလိုသောသူများမှာ အကူအညီအတောင်းမခံရသောကြောင့် ဒိုးခရောက်နေရပါသည်။ အကူအညီများများတောင်းကြပါခင်ဗျာ။ အသစ်ဝင်ရောက်လုပ်ကိုင် ကြမည့်သူများက အလွယ်တကူ လိုက်နာရန်သာရှိတော့ပါကြောင်း အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါသည် မြန်မာ steemit newbie အပေါင်းတို့ခင်ဗျာ
(ကျွန်တော်၏ရေးသားချက်များတွင် မှားယွင်းမှုတစ်စုံတစ်ရာ ပါရှိပါက စေတနာအမှားအဖြစ် ခွင့်လွှတ်ပေးကြပါရန်လည်း တောင်းပန်ပါသည်)
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Fellowship အပေါင်း အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
Myanmar Steemit Community
26-8-2017(Saturday)