လူသစ်များအတွက် POST REVIEW_ ၂ (Review Post For Newbie-2)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



post review 2.png


ရေးလက်စများဖြစ်နေသောကြောင့် ယနေ့လည်း Post Reviews ကိုသာထပ်မံတင်ပေးလိုက်ပါသည်။ Leader နှင့် အခြားသူများရေးသားထားသော Post များ၊ ကျွန်တော်ရေး ခဲ့ဘူးသော Post များကိုပါ ထည့်သွင်းပေးလိုက်ပါသည်။ ဖတ်ရှုကြည့်ကြပါရန်လည်း တိုက်တွန်းလိုက်ပါသည်။ လူသစ်များအတွက် အမှန်တကယ်နားလည်ရန်လိုအပ်သော အချက်များအား အလွယ်တကူနားလည်စေနိုင်သော Post များအား ပြန်လည်တင်ပေးခြင်းသာဖြစ်ပါသည်။ လူသစ်များအနေဖြင့် အမှန်တကယ်ပင် ၀င်ရောက်ဖတ်ရှု့သင့်ပါသည်။ ဖတ်ရှုကြည့်ရန်လည်း တိုက်တွန်းပါသည်။ သို့မှသာ MSC အတွက် အမှားအယွင်းနည်းသော Post များကို တင်နိုင်မည်ဖြစ်ပါသည်။

ယခုတင်ပေးသော Review Post များသည် (၇) ရက်ကျော်နေပြီဖြစ်ပါသောကြောင့် စာများကိုသာဖတ်ပြီး vote မပေးကြပါရန်လည်း အသိပေးပါသည်။ vote ပေးပါကလည်း မိမိတို့ power ကုန်သည်သာရှိမည်ဖြစ်ပါသည်။


Myanmar Steemit Community နှင့် Registration Number ( Henry Aung )


leader.png


https://steemit.com/myanmar/@kachinhenry/myanmar-steemit-community-wng-registration-number-henry-aung


MSC Register တင်ရခြင်းနှင့်ပတ်သက်ပြီး ရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။

ထိုဆောင်းပါးမှ စကားလုံးအချို့မှာ "မှန်တာကို ပြောရလျင် Steemit Platform ၏ အနှစ်သာရကို တကယ်နားလည်၍ Steemit သို့ ဝင်ရောက်လာသူမှာ ၁၀၀ တွင် ၁၀ ယောက်မပြည့်ပါ။ ငွေကြေးရရှိနိုင်သည်, deposit တင်စရာမလို ဟူ၍ ဝင်ရောက်လာကြသူများသာများကြပါသည်။ စော်ကားနေခြင်းမဟုတ်ပါ။ လက်ရှိကျွှန်တော်တို့ မြန်မာပြည်သူများတကယ်လိုနေတာ လည်းပိုက်ဆံ, ငွေကြေးဖြစ်ပါသည်။ ထို့ကြောင့် ငွေလိုချင်၍ လာကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ Steemit Platform အကြောင်းကို တထိုင်တည်းဖြင့် သူ၏လုပ်ဆောင်ပုံ အားလုံးကို ရှင်းပြရန် မဖြစ်နိုင်ပါ။ ဟုရေးသားဖော်ပြထားပါသည်။ ၀င်ရောက်ဖတ်ရှုနိုင်ကြပါသည်။ ၀င်ရောက်ဖတ်ရှုကြပါလို့လည်း တိုက်တွန်းချင်ပါသည်။ သူ၏ Blog သည် လူသစ်များအတွက်သာမက လူဟောင်းများအတွက် ဗဟုသုတရရှိစေနိုင်သော စာများအား ရေးသားထားပါသည်။ ၀င်ရောက်ဖတ်ရှုလေ့လာသင့်ပါသည်။

Leader ကိုဟင်နရီအောင် ၏ Blog သို့ ၀င်ရောက်ရန် ယခုစာတမ်းအားနှိပ်ပြီးဝင်နိုင်ပါသည်။


နောက်ထပ် ထပ်မံဖော်ပြလိုသည်မှာ Leader ရေးသားထားသော "မိမိတို့ Steemit Account များကို တန်ဖိုးထားပါ ( Henry Aung )" ရေးသားထားသော Steemit အကောင့်နှင့်ပတ်သက်သည့်ဆောင်းပါးလေးဖြစ်ပါသည်။


leader 1.png


https://steemit.com/myanmar/@kachinhenry/mimito-steemit-account-undefinedko-tnpaotaapa-henry-aung


Steemit Platform တွင် ရေရှည်ရပ်တည်နိုင်ရန်အတွက်လည်းကောင်း၊ အကောင့်မပျက်စီးစေရန်အတွက်လည်းကောင်း ဂရုစိုက်ရမည့်အကြောင်းများကို ရေးသားထားခြင်းဖြစ်ပါသည်။

အချို့သောစာသားများအား ဖော်ပြရမည်ဆိုပါက "SP အတော်အသင့်ရှိနေသော အကောင့် အမျိုးမျိုးကြောင့် ပျက်စီးသွားလျင် မိမိ၏ ကြိုးစား အားထုတ်မှုများ နှမျှောဖို့ ကောင်းလှပါသည်။ ထို့ ကြောင့်မိမိတို့ Steemit အကောင့် password များကို လုံခြုံ စိတ်ချရသော နေရာတွင် သေချာမှတ်ထား၍ အကြောင်းအမျိုးမျိုးကြောင့် မိမိ အကောင့် ဝင်မရတော့လျင် အဘယ်သို့ ပြုလုပ်ရမည်ဟူသော back up plan ချထားသင့်ပါသည်။ သို့သော် မိမိ ၏ master key ၊ original key မပျောက်သွားသရွေ့မိမိ အကောင့် ပျက်စီး ပျောက်ပျက်သွားစရာ အကြောင်း မရှိပါ။" ဟု SP များနေပြီဖြစ်သောအကောင့်များ ပျက်စီးပါက အင်မတန်နှမြောစရာကောင်းသည့်အပြင် အချိန်ကုန်များ ထပ်မံကုန်ဆုံးရမည်ဖြစ်သည်ကိုလည်း သတိပေးထားပါသည်။


နောက်ထပ်ဖော်ပြလိုသည်က ဆရာတင်လှိုင်ဦး ရေးသားထားခဲ့သော "ထိရင် နာပေတော့ ၊ မသိရင် ပြင်ကြ" ဆိုသောဆောင်းပါလေး တစ်ပုဒ်ဖြစ်ပါသည်။

https://steemit.com/myanmar/@tinhlaingoo/taiyangnundefinedpeta-mthiyangyapng-k-tin-hlaing-oo-thayet


sir tin copy.png


"လေ့လာမှတ်သား စာရေးသားမှု နည်းစနစ်များ" ဟူသောဆောင်းပါသည်လည်း လူသစ်များအတွက်သာမက လူဟောင်းများအတွက်လည်း အလွန်ပင် အသုံးဝင်သည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

https://steemit.com/myanmar/@tinhlaingoo/ellamwttha-sundefinedyatham-nnysannsundefined-tin-hlaing-oo


sir tin 2.png


နောက်ထပ်ဖော်ပြပေးလိုသည်မှာ ဆရာသက်ကိုဇော် ရေးသားထားခဲ့သောဆောင်းပါးတစ်ပုဒ်ဖြစ်သည့် "For Myanmar Steemit Newbie" ဟူသည့်ဆောင်းပါးအား ညွှန်းဆိုလိုပါသည်။


ko thet.png


https://steemit.com/myanmar/@thatkozaw/for-myanmar-steemit-newbie


စာအချို့အား ဖတ်ရှုနိုင်ရန်ဖော်ပြရမည်ဆိုပါက "Payments ဆိုသည်​မှာ မိမိ ရရှိ​သော$များအား post စတင်​​သောရက်​မှ 7 ရက်​တွင်း vote ​ပေးနိုင်​ပြီး 7 ရက်​ပြည့်​ပါက မိမိ wallet အတွင်းသို့ ပို့​ပေးသည်​။ 7ရက်​မပြည့်​ခင်​အတွင်း ​ဈေးအတက်​အကျအလိုက်​​ပြောင်းလဲနိုင်​သည်​။ ​ရေးသားသူသည်​ 75% ရရှိ၍ vote ​ပေးသူများသည်​ 25% ရရှိသည်​။" ဟု လူသစ်များ သိသင့် သိအပ်သောအကြောင်းအရာတို့အား စနစ်တကျဖော်ပြထားခြင်းဖြစ်ပေသည်။ လူသစ်များအနေဖြင့် မဖြစ်မနေ၀င်ရောက်ဖတ်ရှုသင့်ပါသည်။



နောက်ဆုံးတစ်ခုအနေနဲ့တော့ ကျွန်တော်ရေးသားခဲ့ဘူးသော "နာမည်ဆိုတာ အမှတ်တံဆိပ်ပါ(Your Name Is Your Brand)" ကိုဖော်ပြလိုက်ပါသည်။ မပါမဖြစ်ဆိုတော့ထည့်ပေးလိုက်ပါသည်။ ဖတ်တော့ကြည့်ကြစေချင်ပါသည်။

soe.png


https://steemit.com/myanmar/@ansoe/namnysaundefinedta-amwttansaippa-your-name-is-your-brand


ရေးသားခဲ့ဘူးသော စာသားအချို့အား ဖော်ပြပေးရမည်ဆိုပါက "အမည်နာမဆိုသည်မှာ မိမိတို့၏ တံဆိပ်ပင်ဖြစ်ပေသည်။ တံဆိပ်၏ ကောင်းခြင်းမကောင်းခြင်းကို သုံးစွဲသူများမှ အဆုံးအဖြတ်ပေးကြပေသည်။ ထို့အတူ မိမိတို့၏ အမည်နာမ ကောင်းသတင်း ကျော်ဇောခြင်း၊ မကောင်းသတင်းကျော်ဇောခြင်းကို မိမိတို့က ပြုလုပ်ရသည်မဟုတ်။ လူအများက မှတ်ချက်ပေး၊ အမှတ်ပေးပြီး ကောင်းသတင်း၊ မကောင်းသတင်း ကျော်ဇောလာရခြင်းဖြစ်ပေသည်။ မိမိတို့ကို မိမိတို့အာမခံခြင်းဖြင့် ကျွန်တော် အကျင့်စာရိတ္တကောင်းပါသည်။ ကျွန်မအလွန်တော်ပါသည် ဟု လူအများကို လျောက်ပြောနေခြင်းဖြင့် ရရှိသည် မဟုတ်ပါ။ ဒီလူကတော့ ဒီနေရာမှာ တော်တယ်။ ဒီလူ့ကိုခိုင်းရင်ဖြင့်အဆင်ပြေနိုင်မယ်။ ဒီလူ့ကိုတော့ခိုင်းလို့ မဖြစ်ပေဘူး။ ဒီလူက အလောင်းအစား အပျော်အပါးမက်တယ် စသည်ဖြင့် အမည်နာမကို အခြားသူများမှ တံဆိပ် ကပ်ကြပေသည်"** ဟု မိမိတို့၏ အမည်နာမများအားထိမ်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းနှိုးဆော်ထားသော ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါသည်။

ယခုဆောင်းပါးအတွက်ကိုလည်း ယခုလောက်နှင့်ကျေနပ်နိုင်ပါစေ။ အများကြီးကို Review လုပ်လျှင် မဖတ်ကြမည်ကို စိုးရိမ်သဖြင့် အနည်းငယ်လောက်သာဖော်ပြပေးခြင်းဖြစ်ပါသည်။ နောက်ထပ်ဆက်လက်ဖော်ပြပေးပါဦးမည်။

Blog များအားလည်း ၀င်ရောက်ဖတ်ရှုကြပါရန် နှင့် vote မပေးမိကြစေရန်လည်း သတိပေးတိုက်တွန်းရင်းဖြင့် Review ကဏ္ဍအား တစ်ခန်းရပ်နားလိုက်ပါသည်။

လွန်ခဲ့သောလအနည်းငယ်က Post များဖြစ်ပါသဖြင့် Vote ပေးပါက ဘယ်သူမျှမရပဲနှင့် မိမိတို့၏ voting power သာကုန်မည်ဖြစ်ပါသည်။


Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

17-Jan-2018 ဗုဒ္ဓဟူးနေ့(Wednesday)