လူသစ်များအတွက် POST REVIEW_ ၃ (Review Post For Newbie-3)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ရေးလက်စများဖြစ်နေသောကြောင့် ယနေ့လည်း Post Reviews ကိုသာထပ်မံတင်ပေးလိုက်ပါသည်။ Leader နှင့် အခြားသူများရေးသားထားသော Post များ၊ ကျွန်တော်ရေး ခဲ့ဘူးသော Post များကိုပါ ထည့်သွင်းပေးလိုက်ပါသည်။ ဖတ်ရှုကြည့်ကြပါရန်လည်း တိုက်တွန်းလိုက်ပါသည်။ လူသစ်များအတွက် အမှန်တကယ်နားလည်ရန်လိုအပ်သော အချက်များအား အလွယ်တကူနားလည်စေနိုင်သော Post များအား ပြန်လည်တင်ပေးခြင်းသာဖြစ်ပါသည်။ လူသစ်များအနေဖြင့် အမှန်တကယ်ပင် ၀င်ရောက်ဖတ်ရှု့သင့်ပါသည်။ ဖတ်ရှုကြည့်ရန်လည်း တိုက်တွန်းပါသည်။ သို့မှသာ MSC အတွက် အမှားအယွင်းနည်းသော Post များကို တင်နိုင်မည်ဖြစ်ပါသည်။
ယခုတင်ပေးသော Review Post များသည် (၇) ရက်ကျော်နေပြီဖြစ်ပါသောကြောင့် စာများကိုသာဖတ်ပြီး vote မပေးကြပါရန်လည်း အသိပေးပါသည်။ vote ပေးပါကလည်း မိမိတို့ power ကုန်သည်သာရှိမည်ဖြစ်ပါသည်။
လူသစ်များအတွက်ပြန်လည်ဖတ်ရှုနိုင်ရန်အတွက် REVIEW ကိုထုံးစံအတိုင်း ပထမဦးစွာ Leader ရေးသားထားခဲ့သော Post အား ဖော်ပြလိုပါသည်။ ဖတ်ရှုကြပါဟုလည်းတိုက်တွန်းပါသည်။ တိုက်တွန်းသည်သာရှိသည်။ မည်သူမျှဝင်ရောက်ဖတ်ရှုကြမည်မထင်ပါ။ ဖတ်ခြင်းမဖတ်ခြင်းကတော့ စာဖတ်သူများ၏ သဘောသာဖြစ်ပါသည်။ မသိသူ ကျော်သွား သိသူ ဖော်စားဆိုသော စကားကဲ့သို့ပင်ဖြစ်ပါသည်။ ယခုကဲ့သို့ REVIEW များကို လူသစ်များအတွက်ရည်ရွယ်ကာ ပြန်လည်ဖော်ပြပေးခြင်းသည် လူဟောင်းများအတွက်တော့ အကျိုးမရှိထင်သူများလည်းထင်ကြပေမည်။ မိမိတို့သဘောအတိုင်းသာဖြစ်လာကြပေမည်။
Steemit Account Reputation အကြောင်း သိကောင်းစရာ.... ( Henry Aung )
Reputation အကြောင်းအား ပြည့်စုံစွာရေးသားဖော်ပြထားခြင်းဖြစ်ပါသည်။ လူသစ်များသာမက လူဟောင်းများပင်ပြန်လည်ဖတ်ရှုသင့်သည့် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ အချို့သော စာများအား ဖော်ပြပေးလိုက်ပါသည်။
"မိမိရေးသားလိုက်သော post ကို comment များပေးကြလျင် အလွန်ပျော်ရပါသည်။ ဤတွင် မြန်မာလူငယ်များအား အထူး မှာလိုသည်မှာ မိမိက reputation ကြီးသူများကို following လုပ်ခြင်းသည်ပြသနာမရှိသော်လည်း အထက်တွင် ကျွှန်တော် ဆိုခဲ့သည့်အတိုင်း I follow you , follow me back comment သွားပေးလျင် အလွန်ပင်ရိုင်းရာကျပါသည်။ ထိုသူရေးထားသော စာ,ဆောင်းပါတို့ကို နားလည်၍ ထိုဆောင်းပါးပါ အကြောင်းကို comment ပေးနိုင်ပါသည်, ဤသို့ အပြန်အလှန် comment ပေးကြခြင်းဖြင့် ဗဟုသုတ များ ဖလှယ်ယူကြပါသည်။ အထူးသဖြင့် reputation မြင့်သောသူတို့ ပညာရပ်ဆိုင်ရာ အမြင်ချင်း ဖလှယ်နေကြသော comment စကားဝိုင်းသို့ မိမိ ၏ I vote you , follow me back ဟူသော comment များကြားဝင်လာလျင်... တွေးကြည့်ပါ။ လုပ်သင့်၏မလုပ်သင့်၏ ချင့်ချိန်ပါလေ... follow me back ဆို၍ မိမိ account သို့ ဝင်ကြည့်လျင်လည်း လောက်လောက်လားလား ဗဟုသုတ ရစရာများလည်း ရေးမထား , reputation ကလည်း အဆင့်ခြင်းမတူ သူ အား ငါ့account ကို follow လုပ်ထားပါ ဆိုသည်မှာ စော်ကားခြင်းသာဖြစ်သည်။"
အထက်ပါစာသားများလောက်နှင့်ပင် ထိုဆောင်းပါးအား ဖတ်ရှုရခြင်းသည် အလွန်တန်ဖိုးရှိသွားပြီဖြစ်ပါသည်။ ၀င်ရောက်ဖတ်ရှုလိုပါကလည်း ဖတ်ရှုကြပါကုန်။
နောက်ထပ်လည်း Leader ရေးသားထားခဲ့ပြီးဖြစ်သော ဆောင်းပါးတစ်ပုဒ်အား ဆက်လက်ဖော်ပြပေးလိုပါသည်။ အဘယ့်ကြောင့်ဆိုသော် လမ်းညွှန်ချက်များအား တိတိကျကျရေးသားချက်များကို ရေးသားနိုင်သူသည် Leader ပင်ဖြစ်သောကြောင့်ဖြစ်ပါသည်။
Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက်- ၁၀ ( Henry Aung )
ဆောင်းပါးမှ စာအချို့အားဖော်ပြပေးရမည်ဆိုပါက "အချို့သော အကောင့် ပိုင်ရှင်များက Steemit ပေါ်တွင်လည်လည်ဝယ်ဝယ် ရှိသွားကြပြီ ဖြစ်သော်လည်း များသော အားဖြင့် လူသစ်များမှာ အမှားများနှင့် မကင်းကြသေးပါ။ ကိစ္စမရှိပါ မကြာခင် နားလည်လာကြပါလိမ့်မည်။ ကျွှန်တော်တခု မေတ္တာရပ်ခံလိုသည်မှာ တတ်သိနားလည် နေကြပြီဖြစ်သောသူများမှလည်း လူသစ်များ၏ အမှားများကို ဝေဖန် ထောက်ပြ ပေးစေလိုပါသည်။ အချို့မှာ အားနာ၍ သော်လည်းကောင်း အပြောအဆို ခံရမည်ကို ကြောက်၍ သော်လည်ကောင်း vote သာပေးသွားကြသည်, အမှား များကို ထောက်ပြမသွားကြပါ။ ကျွှန်တော့ မှာလည်း တတ်နိုင်သလောက်တော့ လိုက်လံ ထောက်ပြ အမှားပြင်ဆင်ပေးနေပါသည်။ တဦး တယောက် တည်း လုပ်ဆောင်နေခြင်းထက် အများဖြင့် ဝေဖန် ထောက်ပြကြလျင် အမှားနည်းသော quality post များ ထွက်ပေါ်လာကြမည်ဖြစ်သည်။ "
လူသစ်များအတွက် လမ်းညွှန်ချက်များ သတိပြုသင့်သည်များကို လမ်းညွှန် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်။ ၀င်ရောက်ဖတ်ရှု မှတ်သားထားသင့်လှပေသည်။ သို့သော်လည်းအများစုမှာ လိုက်နာရန်မဆိုထားနှင့် ဖတ်ရှုရန်ပင်အားကြပုံမပေါ်သောကြောင့် ဘာမှမသိဖြစ်နေကြလေကုန်သည်။
နောက် Review တစ်ခုအနေဖြင့် ဆရာတင်လှိုင်ဦးရေးသားထားခဲ့သော ဆောင်းပါးတစ်ပုဒ်အားဖော်ပြပေးလိုပါသည်။ ဖတ်ရှုသင့်သည်ဟုလည်းထင်မြင်မိသောကြောင့်ဖြစ်ပါသည်။
ယခုအချိန်မှာ အလွန်ခိုင်မာတဲ့ BTC ရဲ့ ကန့်သတ်မှုလိုင်းကိုကျော်ဖြတ်နေသော STEEM Tin Hlaing Oo (Thayet)
Steemit မိသားစုဝင်များအတွက် စေတနာအပြည့်ဖြင့်ရေးသားဖော်ပြထားခြင်းဖြစ်သောကြောင့် မည်သို့ပင်ဖြစ်စေ ၀င်ရောက်ဖတ်ရှုသင့်သည်ထင်ပါသည်။
နောက် Review တစ်ခုအနေဖြင့် ကိုသက်ကိုဇော် မကြာမီကမှ ရှင်းလင်းရေးသားထားခဲ့သော ဆောင်းပါးတစ်ပုဒ်အား ဖော်ပြပေးလိုက်ပါသည်။ အမှန်တကယ်အသုံးတည့်သည့် လူတိုင်း သိသင့်သိထိုက်သည့်အကြောင်းအရာများဖြစ်ပါသည်။
How to get author reward in Steemit တွင်ပြသထားသော $ များ မည်သို့မည်ပုံ ရသလဲ? (Original story by @thatkozaw)
ဆောင်းပါးအတွင်းမှ စာအချို့ကိုဖော်ပြရမည်ဆိုပါက
" ထို post အတွက် 6.43 ရရှိပါသည်။
75% သည် ရေးသားသူ ကျနော်ခွဲဝေရရှိသည်။
25% သည် vote ပေးသူမိတ်ဆွေအပေါင်း ခွဲဝေရရှိပါသည်။
ထို့ကြောင့် ကျနော်သည်
(Author)ရေးသားသူ 6.43×75% = 4.96$ခန့်
(Curators)Voteပေးသူ 6.43×25% = 1.46$ ခန့်
ခွဲဝေရရှိပါသည်။
အများအားဖြင့်ထင်ထားကြသည်က wallet ထဲသို့
50/50ရောက်သွားမည်ဆိုသောကြောင့် 2.48 sbd နှင့် steem power 2.48 ရောက်ရှိသွားမယ်ထင်ကြသည်။"
Post တင်ပြီး (၇) အကြာတွင် မိမိတို့အတွက် ရရှိသည့် Author rewards နှင့် Curation rewards တွင် အညီအမျှ 50% / 50% ထားသော်လည်း Steem Power နည်းရခြင်းအကြောင်းကို နားလည်လွယ်အောင် ရှင်းပြထားသည်ဖြစ်ရာ လူသစ်များသာမက လူဟောင်းများလည်း ဖတ်ရှုသင့်သည့် အထောက်အကူပြု Post တစ်ခုဖြစ်ပါသည်။
နောက် Review ကိုလည်း ကိုသက်ကိုဇော်ရေးသားခဲ့သော ဆောင်းပါးများထဲမှ ပင်ဖော်ပြပေးလိုက်ပါသည်။
2 Month in Steemit Myanmar (original story by @thatkozaw)
https://steemit.com/myanmar/@thatkozaw/2-month-in-steemit-myanmar-original-story-by-thatkozaw
ဆောင်းပါးမှ စာအချို့အား ဖော်ပြပေးရမည်ဆိုပါက
"steemit ပေါ်တွင်ကြည့်၍ မိတ်ဆွေတို့၏ အရေးအသားကို လေးစားကာ မိတ်ဆွေ ဖွဲ့ချင်သည် ဆိုပါစို့၊ လူတိုင်း steemchat ကို မသုံးကြသေးပေ အချိန်အနည်းနဲ့အများ messenger
Facebook တွင် မှသာ စကားပြော၍ အဆင်ပြေနိုင်သော အခြေနေကြောင့် မိမိ ၏ facebook အကောင့် link၊ page link၊ blog link၊ စသည်တို့ကို ထည့်ထားမည်ဆိုပါက မိတ်ဆွေများ တိုးပွားလာမည့်အပြင် တစ်ယောက်နဲ့တစ်ယောက် တိုင်ပင် အကူအညီ တောင်းနိုင်မည် မဟုတ်တုံလော။"
ထိုဆောင်းပါးသည်လည်း လူသစ်များအပြင် လူဟောင်းများအတွက်ပါ အကျိုးရှိနိုင်မည်ထင်ပါသည်။ ဆောင်းပါးရေးသားခြင်းနှင့်တော့ ပတ်သက်ခြင်းမရှိပါ။ သို့သော် သိသင့် သိထိုက်သည့်အချက်လေးများအား ရေးသားထားခြင်းဖြစ်သောကြောင့် ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။
နောက်ဆောင်းပါးတစ်ပုဒ်ကိုတော့ ဒိုမီလေး ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်အား ဖော်ပြလိုပါသည်။
discord နဲ့ noti လေးတွေယူမယ်
https://steemit.com/myanmar/@domelay/discord-ne-noti-eletyyumy
ရေးသားဖော်ပြချက်အချို့မှာ
"ဥပမာ ကျွှန်တော်ဆိုရင် $reg domelay ပေါ့
အဲ့ဒီမှာ သူက memo ပို့ပေးပါလိမ့်မယ် ။ အဲ့ဒီ memo နဲ့ ginabot ကို sbd or steem လွဲပေးရမှာပါ ။ ကိုယ်ကပေးရလို့စိတ်မပူပါနဲ့ ကိုယ်ပေးသလောက်သူပြန်ပို့ပေးပါလိမ့်မယ် memo တော့ မှန်ပါစေ ။ အဲ့တာပြီးရင် discot channel မှာ message ပို့ထားပါလမ့်မယ် message ကနေ ဝင်ပြီး here ဆိုတဲ့ အပြာလေးကို နိပ်ပေးပါ browser ထဲ ရောက်ပါလိမ့်မယ် ။"
လူသစ်များသာမက လူဟောင်းများအတွက်ပါ အသုံးဝင်မည်ဟုထင်ပါသည်။ ထို့ကြောင့် ဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။
နောက်ဆုံးတစ်ခုအနေနဲ့ ကျွန်တော်ရေးသားခဲ့သော ဆောင်းပါးတစ်ပုဒ်ကိုပြန်လည်ဖော်ပြပေးလိုက်ပါသည်။ ဒိုမီလေးရေးသားထားသော ဆောင်းပါးနှင့်အတွဲအဖြစ် အသုံးပြုနိုင်ရန်အတွက်ဖြစ်ပါသည်။
Dicord Channel အားအသုံးပြုခြင်းဗဟုသုတအနည်းငယ်(Afew Knowlede For Using Dicord)
ရေးသားခဲ့ပြီးသောစာအချို့အား ဖော်ပြပေးလိုက်ပါသည်။
"register ပြုလုပ်ပြီးပါက ကျွန်တော်တို့အနေဖြင့် minnowsupport နှင့် banjo တို့ထံတွင် upvote တောင်းနိုင် ပါသည်။ သို့သော် အချိန် အနည်းဆုံး ၁၂ နာရီခြားသာ တောင်းနိုင်မည်ဖြစ်ပါသည်။ တစ်ရက်လျှင် မိမိတို့၏ post တစ်ခုကိုသာ upvote တောင်းခြင်းသည် ပိုကောင်းပါမည်။ အချိန်မပြည့်မီသွားတောင်းမိလျှင် upvote မရနိုင်ကြောင်း ဖြေကြားမည်ဖြစ်သကဲ့သို့ ခဏ ခဏ တောင်းနေလျှင် ဘန်းခံရနိုင်ပါသည်။ သတိပြုဆင်ခြင်ပါ။ minnowsupport နှင့် banjo တို့ထံမှ upvote တောင်းရန်မှာလည်း လွယ်ကူပါသည်။"
လူသစ်များအနေနှင့်ရော လူဟောင်းများအနေနှင့်ပါ အသုံးတည့်မည်ဖြစ်သောဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ၀င်ရောက်လေ့လာ စမ်းသပ်လုပ်ကိုင်နိုင်ကြပါလို့လည်း တိုက်တွန်းလိုပါသည်။
Review ကဏ္ဍအား ယခုလောက်နှင့်ကျေနပ်နိုင်ပါစေ။ အများကြီးကို Review လုပ်လျှင် မဖတ်ကြမည်ကို စိုးရိမ်သဖြင့် အနည်းငယ်လောက်သာဖော်ပြပေးခြင်းဖြစ်ပါသည်။ နောက်ထပ်ဆက်လက်ဖော်ပြပေးပါဦးမည်။
Blog များအားလည်း ၀င်ရောက်ဖတ်ရှုကြပါရန် နှင့် vote မပေးမိကြစေရန်လည်း သတိပေးတိုက်တွန်းရင်းဖြင့် Review ကဏ္ဍအား တစ်ခန်းရပ်နားလိုက်ပါသည်။
လွန်ခဲ့သောလအနည်းငယ်က Post များဖြစ်ပါသဖြင့် Vote ပေးပါက ဘယ်သူမျှမရပဲနှင့် မိမိတို့၏ voting power သာကုန်မည်ဖြစ်ပါသည်။
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
19-Jan-2018 သောကြာနေ့(Friday)