လူသစ်များအတွက် POST REVIEW_ ၄ (Review Post For Newbie-4)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



Untitled-1 copy.png


ယခုတင်ပေးသော Review Post များသည် လအနည်းငယ် ကြာမြင့်ပြီဖြစ်ပါသောကြောင့် စာများကိုသာဖတ်ပြီး vote မပေးကြပါရန်လည်း အသိပေးပါသည်။ vote ပေးပါကလည်း မိမိတို့ power ကုန်သည်သာရှိမည်ဖြစ်ပြီး မည်သူမျှအကျိုးမရှိနိုင်ပါကြောင်း သတိပေးအပ်ပါသည်။

Myanmar Steemit Community သို့ လူသစ်များ အများအပြားဝင်ရောက်လာကြသည်ဖြစ်ရာ လူသစ်များအနေဖြင့် ယခင်ရေးသားခဲ့ကြသော အသုံးဝင် post များအား ၀င်ရောက်ဖတ်ရှုရန်ခက်ခဲလာကြသောကြောင့် review များပြန်လည် တင်ပေးခြင်းဖြစ်ပါသည်။ ၀င်ရောက်ဖတ်ရှုကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။

ပထမဦးဆုံးအနေဖြင့် Leader တင်ထားခဲ့သော Post များထဲမှ သိသင့် သိထိုက်သောအကြောင်းအရာများပါဝင်သော Post များအား ရွှေးချယ်ပေးလိုက်ပါသည်။


Steem , Steem Dollar မှ မြန်မာ ကျပ်ငွေသို့ ပြောင်းလည်း နည်း ( ၁ ) ( Henry Aung )


https://steemit.com/life/@kachinhenry/steem-steem-dollar-mw-yamnma-etpengytho-eyapanglny-nny-1


01.png


ခေါင်းစဉ်တွင်ဖော်ပြထားသည့်အတိုင်းပင် ကျွန်တော်တို့ ယခုလုပ်ကိုင်နေသော Steemit Platform မှ ရရှိသော STEEM, Steem Dolla တို့အား မြန်မာကျပ်ငွေသို့ပြောင်းလဲခြင်းအတွက် ပြည့်စုံစွာဖော်ပြထားချက်ပင်ဖြစ်ပါသည်။ အပိုင်း(၁)၊ အပိုင်း(၂) နှစ်ပိုင်းခွဲ တင်ပြထားခြင်းဖြစ်ရာ အောက်တွင် အပိုင်း(၂) အားဆက်လက်ဖော်ပြပေးလိုက်ပါသည်။ ပြည့်စုံစွာလေ့လာနိုင်စေရန်အတွက်ဖြစ်ပါသည်။ သို့သော် ဆောင်းပါးတွင် ပါဝင်သောအချက်အလက်အချို့(ဥပမာ Power Down ခြင်း)အား ယခုအချိန်တွင် မပြုလုပ်ရန်လည်း အသိပေးပါသည်။

အပိုင်း(၁) တွင် ရေးသားထားသော စာသားအချို့မှာ "steem wallet မှ SBD ကို click နိပ်၍ transfer ကို ရွေးချယ်ပါ။ transfer box ကျလာလျင် To နေရာတွင် bittrex ဟု ရိုက်ထည့်၍ amount နေရာတွင် ဈေးကွက်အတွင်းသို့ မိမိ ပို့လိုသော ပမာဏကို ထည့်သွင်းပါ။ memo နေရာတွင် bittrex deposit box အတွင်မှ memo ဘားကုတ်များကို copy ယူ၍ ထည့်သွင်းပါ။ အလွန် အရေးကြီးသည်မှာ ဘားကုတ် ကို copy , paste လုပ်သည်သာစိတ်ချရပါသည်။" ဖြစ်ပါသည်။ သေချာလေ့လာဖတ်ရှုမှတ်သားနိုင်လျှင် မိမိတို့အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ အချို့သော ငွေကြေးတန်ဖိုးများမှာ (၇)လခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် အပြောင်းအလဲများ ရှိသည်ကိုလည်း သတိပြုပါခင်ဗျာ။


Steem , Steem Dollar မှ မြန်မာ ကျပ်ငွေသို့ ပြောင်းလည်း နည်း ( ၂ ) ( Henry Aung )


https://steemit.com/life/@kachinhenry/steem-steem-dollar-mw-yamnma-etpengytho-eyapanglny-nny-2


02.png


အပိုင်း(၂)မှ စာအချို့မှာ "bittrex တွင် SBDကို bitcoin နှင့် ရောင်းချပါတော့မည်။ Max အကွက်တွင်... မိမိ ရောင်ချမည်ဖြစ်သော SBD ကို ရိုက်ထည့်ပါ။ price မှာ မိမိ လေ့လာထားသဖြင့် ယနေ့တွင် SBD ဘယ်ဈေးတော့ဖြင့် ရောက်နိုင်သည်ဟု မိမိခန့်မှန်း ထားသောဈေး ကို ထည့်ပါ။ ထို့ နောက် sell steemdollar ကို click နိပ်ပါက sell box ပေါ်လာပါမည်။ ဤsellbox တွင် မိမိ ရိုက်ထည့်ထားသော price မှာ မိမိ post တင်ရန်အတွက် ရိုက်ထည့်ထားခြင်းဖြစ်ပါသည်။ confirm ပြုလုပ်လိုက်လျင် မိမိ ရောင်းဈေးမှာ open order ဖြစ်သွားပြီ မိမိလိုခြင်သောဈေးမရောက်မချင်း open order ဖြစ်နေပါလိမ့်မည်။ " ဟုရေးသားထားပါသည်။ ဈေးကွက်အပြောင်းအလဲများရှိသည်ဖြစ်သောကြောင့် ငွေကြေးပမာဏအပြောင်းအလဲများပါရှိသည်ကို သိထားရန်လိုပါသည်။


နောက်ထပ် Post တစ်ခုကိုတော့ @domelay ရေးသားထားခဲ့သည့် Post ထဲမှ တစ်ခုကိုပြန်တင်ပေးလိုက်ပါသည်။

steem power လေးတွေ ငှါးသုံးမယ်


https://steemit.com/myanmar/@domelay/steem-power-elety-ngwathundefinedmy-20171030t104347980z


03.png


ရေးသားထားချက်များမှ အချို့သောစာသားများမှာ "ချေးပေးတဲ့ နေရာမှာ ပေးရမည့်သူကသာ ကိုယ်တိုင်လုပ်ဆောင်ရတာဖြစ်တဲ့အတွက် ပြန်လျှော့ လို့လဲ ရပါတယ် ။ ဥပမာ - ကိုယ်က A ကို sp 100 ပေးထားတယ်ဆိုပါဆို့ နောက် B ကိုလည်း ပေးချင်တယ် အဲ့ဒီအခါ B ကို 20 လောက် ပေးချင်တယ် Aဆီက နှစ်ဆယ်လောက် လျှော့ချင်တယ် ဆို ပထမ power 100 ရေးထားတဲ့ နေရာမှာ A အတွက် ကို 80 ပြန်ပြောင်း ပြီး အစအဆုံး ပြန်လုပ်ပေးလိုက်ယုံပါဘဲ အဲ့ဒါဆို A ဆီမှာ 80 ဘဲ ကျန်ပါလိမ့်မယ် ။ ပထမ 100 ပေးထားတာကို 5 ပေါင်းပေးမယ် ဆိုပြီး နောက်ထပ် 5 ပေးလို့ မရပါဘူး ။ နောက်ထပ်ငါးပေးရင် 100 ပျောက်ပြီး ငါးဖြစ်သွားပါမယ် 105 ရေးရပါမယ် ။ ကိုယ်မပေးချင်တော့တဲ့အချိန် ရောက်ရင် အဲ့ဒီအတိုင်းဘဲ ကိုယ်ပေးချင်တဲ့ power နေရာမှာ 0.000 ဆိုရင် ကိုယ့် power ကိုယ်ပြန်ရပါမယ် ။" ဖြစ်ပါသည်။ မှားယွင်းမိလို့ပဲဖြစ်ဖြစ် ငှားထားတာတွေပြန်ယူလိုတာပဲဖြစ်ဖြစ် အဆင်ပြေစေနိုင်တဲ့ Post တစ်ခုဖြစ်ပါသည်။ အသုံးလိုသောအချိန်တွင် အလွယ်တကူအသုံးပြုနိုင်ကြပါစေရန်အတွက် ပြန်ရှာပြီးတင်ပေးလိုက်ပါသည်။


နောက်ထပ် review ဖော်ပြပေးလိုတာကတော့ လူသစ်များအတွက် @thatkozaw ရေးသားခဲ့သော Post တစ်ခုဖြစ်ပါသည်။

For Myanmar Steemit Newbie


https://steemit.com/myanmar/@thatkozaw/for-myanmar-steemit-newbie


04.png


Steemit အကောင့်ရရှိထားပြီဖြစ်သော်လည်း ဘာလုပ်ရမှန်းမသိသောသူများအတွက် ရေးသားထားခဲ့သော Post တစ်ခုဖြစ်ပါသည်။ စာသားအချို့မှာ "Payments ဆိုသည်​မှာ မိမိ ရရှိ​သော$များအား post စတင်​​သောရက်​မှ 7 ရက်​တွင်း vote ​ပေးနိုင်​ပြီး 7 ရက်​ပြည့်​ပါက မိမိ wallet အတွင်းသို့ ပို့​ပေးသည်​။ 7ရက်​မပြည့်​ခင်​အတွင်း ​ဈေးအတက်​အကျအလိုက်​​ပြောင်းလဲနိုင်​သည်​။ ​ရေးသားသူသည်​ 75% ရရှိ၍ vote ​ပေးသူများသည်​ 25% ရရှိသည်​။"ဖြစ်ပါသည်။ လူသစ်များသိသင့် သိထိုက်သော အကြောင်းအရာများကို စုံစုံလင်လင် ရေးသားဖော်ပြထားခဲ့ခြင်းဖြစ်ပါသည်။ လူသစ်များအနေဖြင့် အထောက်အကူဖြစ်စေသောကြောင့် ပြန်တင်ပေးလိုက်ခြင်းဖြစ်ပါသည်။


နောက် review post တစ်ခုအနေနဲ့ @kyawsantun ရေးသားထားသော post များထဲမှ ဖော်ပြပေးချင်ပါသည်။

Steemit ငွေကြေးစနစ်လည်ပတ်ပုံ


https://steemit.com/steem/@kyawsantun/steemit


05.png


ငွေကြေးလည်ပတ်ပုံကို ရှင်းပြပေးထားခြင်းဖြစ်ပါသည်။ အချို့သော စာသားများအား ဖော်ပြရမည်ဆိုပါက "တချို့သူများပြောလို့သာဝင်လုပ်ကြတယ် Steemit အကြောင်းဘာမှရေရေရာရာသိတာမဟုတ်ပါဘူး၊ Steemit ရဲ့ငွေကြေးလည်ပါတ်မူကိုတော့အခုထိလူအများစုမသိကြပါဘူး၊ Steem Center မှာသူ့ရဲ့ Eco System ကိုရေးထားပေမဲ့ငွေကြေးလည်ပါတ်ပုံနောက်ခံစီးပွားရေးတွေအကြောင်းရေးမထားပါဘူး၊ အဲဒီအကြောင်းကိုကျွန်တော်နားလည်သလောက်ပြန်လည်မျှဝေပေးချင်ပါတယ်၊ အရင်ကတည်းကကျွန်တော် Online Earning Program တွေလုပ်ရင်သူတို့ရဲ့ Business Flow ကိုအရင်လေ့လာဖြစ်ပါတယ်" ဟုရေးသားထားချက်များဖြစ်ပါသည်။ လေ့လာထားသင့်သော နည်းပညာပိုင်းဆိုင်ရာလေးများလည်းပါရှိပါသည်။


Review ကဏ္ဍအား ယခုလောက်နှင့်ကျေနပ်နိုင်ပါစေ။ အများကြီးကို Review လုပ်ရန်အချိန်မရတော့သောကြောင့်ဖြစ်ပါသည်။ ယနေ့သည်ကား ကျွန်တော်တို့မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ တစ်ခုတည်းသာရှိတဲ့ ဘဲဥထုပွဲ နေ့လည်းဖြစ်သောကြောင့် ဘဲဥထုပွဲကိုသွားရောက်အားပေးနေသောကြောင့်လည်းဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် တစ်ခုတည်းသာရှိသော ဘဲဥထုပွဲလေးအကြောင်းကို ကျွန်တော်ရေးသားခဲ့ပြီးဖြစ်ပါသည်။ မဖတ်ရှုရသေးသူများအနေဖြင့် ဗဟုသုတအဖြစ်ဖတ်ရှုလိုပါက အောက်ဖော်ပြပါလင့်ကိုနှိပ်ပြီး ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။


https://steemit.com/myanmar/@ansoe/yamnmayapnyyae-tskhutnyetha-yaundefinedyaabae-taupye-duck-egg-beating


အောက်မှာဖော်ပြပေးထားသောဓာတ်ပုံများသည် ယခုနှစ်(2018)ယမန်နေ့ည(30-1-18)က ကျွန်တော်ကိုယ်တိုင်ရိုက်ကူးထားသောပုံများမှ အချို့ဖြစ်ပါသည်။


IMG_20180130_201550.jpg


IMG_20180130_201656.jpg


IMG_20180130_202617.jpg


IMG_20180130_202133.jpg


IMG_20180130_202342.jpg


IMG_20180130_202531.jpg


IMG_20180130_202800.jpg


Blog များအားလည်း ၀င်ရောက်ဖတ်ရှုကြပါရန် နှင့် vote မပေးမိကြစေရန်လည်း ထပ်မံသတိပေးတိုက်တွန်းရင်းဖြင့် Review ကဏ္ဍအား တစ်ခန်းရပ်နားလိုက်ပါသည်။

လွန်ခဲ့သောလအနည်းငယ်က Post များဖြစ်ပါသဖြင့် Vote ပေးပါက မည်သူမျှမရပဲနှင့် မိမိတို့၏ voting power သာကုန်မည်ဖြစ်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

31-Jan-2018 ဗုဒ္ဓဟူးနေ့(Wednesday)