လူသစ်များအတွက် POST REVIEW(Review Post For Newbie)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



မနေ့ကတင်ခဲ့သော ရောသပြွမ်း Post သည် အမှန်တကယ်တော့ ဒီနေ့မှတင်ရန်အတွက် ရေးသားထားခြင်းဖြစ်ပါ သည်။ မှားယွင်းစွာ Post ခလုတ်အားနှိပ်မိပါလေသောကြောင့် တစ်ရက်စောစွာဖြင့် Steemit Platform သို့ရောက်ရှိသွား လေရာ ကျွန်တော်အနေဖြင့် နောက်ထပ် Post တစ်ခုတင်ရန်ဖြစ်လာလေတော့သည်။ မှားနှိပ်မိ ကာမှ Internet လိုင်းကလည်း ကောင်းချက်ဗျာ။ Cancel လုပ်ချိန်ပင်မရလိုက်။ ခါတိုင်း Post တင်ချိန်တွင် ၃ မိနစ် လောက်အ၀ိုင်းလည်ပြီးမှ ရောက်သော်လည်း မနေ့ကမှားနှိပ်မိချိန်တွင် မြန်ချက် လန်ထွက်နေတယ်ပြောရမှာပဲ။ ချက်ချင်းပင် Post တင်ပြီးသားဖြစ်သွားလေသည်။ အဲဒါကြောင့်လည်း လူသစ်များကို Post တင်ရင် သတိထား ပေးကြပါလို့ အမြဲသတိပေးနေရခြင်းဖြစ်ပါသည်။ မှားတင်ခြင်းဖြစ်သော်လည်း မှားသောစာများကို ရေးသားထား ခြင်းမဟုတ်သောကြောင့် တော်သေးသည်။ နို့မို့ Brand လေး ထိခိုက်ပေအုံးတော့မည်။ 15-Jan-18 တနင်္လာနေ့(Monday) လေးသည်ကား 14-Jan-18 တနင်္ဂနွေနေ့(Sunday)အဖြစ်သို့ ပြန်လည်ပြောင်းလဲလိုက် ရတော့သည်သာ အမှားပါသွားလေသည်။ ဒီနေ့တော့ နောက်ထပ် ရှည်ရှည်ဝေးဝေးရေးရန်အချိန်မရတော သောကြောင့် Review ကိုသာ ရေးတင်ပေးလိုက်ပါသည်။ ကျွန်တော်ရေး ခဲ့ဘူးသော ဆောင်းပါးများအပြင် အခြားသူများရေးသားပြီးဖြစ်သောဆောင်းပါးများကိုပါ ထည့်သွင်းပေးလိုက်ပါသည်။ ဖတ်ရှုကြည့်ကြပါရန်လည်း တိုက်တွန်းလိုက်ပါသည်။

ထို Post များသည် (၇) ရက်ကျော်နေပြီဖြစ်ပါသောကြောင့် စာများကိုသာဖတ်ပြီး vote မပေးကြပါရန်လည်း အသိပေးပါသည်။ vote ပေးပါကလည်း မိမိတို့ power ကုန်သည်သာရှိမည်ဖြစ်ပါသည်။


MSC Leader ရေးသားထားသော လူသစ်များအတွက် အမှားအယွင်းမရှိစေရန်အတွက် သေချာစွာရှင်းလင်းပေးထားသောဆောင်းပါး တစ်ပုဒ်ဖြစ်ပါသည်။ လူသစ်များအတွက်သာမက လူဟောင်းများလည်း ပြန်လည်လေ့လာနိုင်ပါရန်အတွက် တင်ပေးလိုက်ခြင်းဖြစ်ပါသည်။ Steemit Platform တွင်လုပ်ကိုင်နေသူများအတွက် လိုအပ်သော အချက်များအား အများအပြားရေးသားထားချက်များ သူ့၏ Blog တွင် ၀င်ရောက်လေ့လာသင့်ပါသည်။ လူသစ်များအတွက်သာမက လူဟောင်းများအတွက်ပါ အလွန်ကောင်းသော လမ်းညွှန်ချက်များပါရှိသည့် ဆောင်းပါးပေါင်းမြောက်များစွာရှိနေပါသည်။ Quality Post များသာလျှင်ဖြစ်ပါသည်။

Leader ကိုဟင်နရီအောင် ၏ Blog သို့ ၀င်ရောက်ရန် ယခုစာတမ်းအားနှိပ်ပြီးဝင်နိုင်ပါသည်။

Myanmar Steemit Newbies များအတွက် ကောင်းနိုးရာရာ (Henry Aung)


https://steemit.com/myanmar/@kachinhenry/myanmar-steemit-newbies-undefinedatyk-ekang-oyaayaa-henry-aung


02.png


MSC Leader ရေးသားထားသော ဆောင်းပါးပင်ဖြစ်ပါသည်။ အထွေအထူးညွှန်းဆိုရန်မရှိပါ။ ၀င်ရောက်ဖတ်ရှုရန်ကိုသာတိုက်တွန်းလိုပါသည်။

အကြောင်းအရာအချို့အား ရေးသားပေးဖော်ပြရမည်ဆိုပါက "Myanmar Steemit community မှ ကိုဆန်းလင်းကို အားလုံး သိမည်ဟုထင်ပါသည်။ @patricksanlin သည်မိမိတို့ကဲ့သို့ mobile phone မှသော်လည်းကောင်း computer မှသော်လည်ကောင်း post တခုဖြစ်ပေါ်လာစေရန် မြန်မြန်ဆန်ဆန်ရိုက်နိုင်စွမ်းရှိသူ တယောက်မဟုတ်ပါ။ accident တခုကြောင့် သူ၏ ကျောရိုးမကြီးအား ထိခိုက်ထား၍ wheel chair ပေါ်တွင်ထိုင်နေရသူဖြစ်ပါသည်။ သူ၏ လက်ချောင်းများကလည်း မိမိတို့ လက်ချောင်းများကဲသို့ လျင်မြန်စွာ မလုပ်ရှားနိုင်ပါ။ computer ကီးဘုတ်တွင်စာရိုက်လျင် စာလုံးတလုံးချင်းစီရိုက်ယူရပါသည်။ ဆိုလိုသည်မှ မိမိတို့ကဲ့သို့ လက်ချောင်း ၁၀ ချောင်းလုံးအသုံးပြု၍ မရိုက်နိုင်ပါ။ ဤကဲ့သို့ အခြေအနေရှိသော ကိုဆန်းလင်း ပင်လျင် ကျွှန်တော်သတ်မှတ်ထားသော စာလုံးရေ ၃၀၀ ပြည့်အောင် ဆောင်းပါတပုတ် ရေးရန် wheel chair ပေါ်မှ လက်တချောင်းသာ သုံး၍ စာရိုက်ရပါသည်။ မြင်ယောင်ကြည့်ပါ မည်မျှခက်ခဲမည်ကို။" ကျောရိုးမကြီးထိခိုက်ကာ လက်ဆယ်ချောင်းဖြင့် စာမရေးနိုင်သော်လည်း လက်တစ်ချောင်းဖြင့် Post များရေးတင်နေပါသော ကိုဆန်းလင်းအား လေးစားအားကျဖွယ်ဖြစ်သကဲ့သို့ လက်ဆယ်ချောင်းအားအသုံးပြုကာ အခြားသူများ၏စာများကို တိုက်ရိုက်ကူးယူနေကြပါသောလူများအဖို့ ရှက်ဖွယ်လိလိပင်ဖြစ်ပေမည်။ တိုက်ရိုက်ကူးယူရန်ဆန္ဒများဖြစ်ပေါ်လာပါက ကိုဆန်းလင်းအား မြင်ယောင်ကြည့်စေချင်ပါသည်။ ပိုမိုလေးစားထိုက်သည်မှာ English စာဖြင့် ကောင်းမွန်စွာရေးသားခြင်းဖြင့် သီးသန့်ရပ်တည်နိုင်ပါသော်လည်း သီးသန့်ရပ်တည်ခြင်းမပြုပါပဲနှင့် မြန်မာ Tag အား အထောက်အပံ့ပေးနေခြင်းပင်ဖြစ်ပါသည်။ မြန်မာ Tag အား အထောက်အပြံ့ပုနေကြသော English ဖြင့် Post တင်နေကြသောအခြားသူများအားလည်း ကျေးဇူးအထူးတင်မိပါသည်။

Myanmar Steemit Community - Road Map ( Henry Aung )


https://steemit.com/myanmar/@kachinhenry/myanmar-steemit-community-road-map-henry-aung


03.png


ဆရာတင်လှိုင်ဦးရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။ အသစ် အသစ်များ ၀င်ရောက်လာကြသော အဖွဲ့ဝင်များအတွင် အခြေခံလိုအပ်ချက်များအား ပြည့်စုံစွာရေးသားထားခြင်းဖြစ်ပါသည်။ ၀င်ရောက်ဖတ်ရှုသင့်ပါသည်။ ဆရာတင်လှိုင်ဦးသည် ယခုလက်ရှိလည်း လူသစ်များအား နေ့စဉ်မအားမလပ်ဖြစ်လောက်အောင် သင်ကြားပေးနေပါသည်။ ဆရာတစ်ယောက်တည်းသာသင်ကြားနေရသဖြင့် အခက်အခဲများလည်း ရှိနေပါသည်။ ကူညီနိုင်သူများမှလည်း ကူညီပေးကြစေချင်ပါသည်။ အခြားသူများအား အကူအညီတောင်းနေမည့်အစား ရေးထားပြီးပြီဖြစ်သော စာများအား ရှာဖွေဖတ်ရှုသင့်ပါသည်။

For Steemit Newbies အခြေခံသိသင့်သည်များ (Tin Hlaing Oo)


https://steemit.com/myanmar/@tinhlaingoo/for-steemit-newbies-aeyakhkhanthithngthnyundefined-tin-hlaing-oo


01.png


လူသစ်များအတွက် အခြေခံ POSTS ရေးနည်း(၂) (Tin Hlaing Oo)


https://steemit.com/myanmar/@tinhlaingoo/luthsundefinedatyk-aeyakhkhan-posts-eyanny-2-tin-hlaing-oo

04.png


လူသစ်များအတွက် အခြေခံ POST ရေးနည်း(၃) (Tin Hlaing Oo)


https://steemit.com/myanmar/@tinhlaingoo/luthsundefinedatyk-aeyakhkhan-posts-eyanny-3-tin-hlaing-oo


05.png


အောက်တွင်ဖော်ပြသောဆောင်းပါးသည် ကျွန်တော်ရေးသားထားခဲ့ပြီးဖြစ်သောချာတိချာလည် ဆောင်းပါးလေးတစ်ခုဖြစ်ပါသည်။ ဆရာများဆောင်းပါးများလောက်ပြည့်စုံကောင်းမွန်မည်မဟုတ်သော်လည်း လူသစ်များအတွက် လိုက်နာသင့်သည်တို့အားဖော်ပြပေးထားခြင်းဖြစ်ပါသည်။ ကောင်းလွန်းလို့တော့မဟုတ်ပါဘူး။ ကိုယ့် post လေးမပါဘူးဖြစ်နေမှာစိုးလို့ပါ။ အားပေးသွားကြပါဦး။


ရေးသားခဲ့သောအကြောင်းအရာအနည်းငယ်အား ဖော်ပြပေးရမည်ဆိုပါက "ကျွန်တော် ၀င်ရောက်လုပ်ကိုင်ခဲ့စဉ်က Facebook ကဲ့သို့ထင်မှတ်ပြီး ကျွန်တော့်အရင်ရောက်နှင့်ပြီးသော ညီအစ်ကို မောင်နှမများ လမ်းညွှန်ပေးထားချက်များ ကို ဖတ်ရှုခြင်းမရှိပါဘဲနှင့် ကျွန်တော်၏ Post များကို အလွယ်တကူ တင်ခဲ့ပါသည်။ တနည်းအားဖြင့်ပြောရလျှင် Facebook မှာလုပ်သကဲ့သို့ ကူးယူ Post တင်(Copy and Paste) လုပ်ခြင်းဖြင့်စတင်ခဲ့ကြောင်း Steemit မှ ညီအစ်ကိုမောင်နှမများ သိပြီး ဖြစ်ပါသည်။ Steemit ၏ မူပိုင်ခွင့်Copyright ကိုနားလည်ခြင်း သိရှိခြင်း လုံးဝ(လုံးဝ)မရှိခဲ့ပါကြောင်း ကျွန်တော်ရေးသားခဲ့ပြီးဖြစ်ပါသည်။ ကူးယူ Post တင်(Copy and Paste)လုပ်ခြင်းဖြင့် ပိုက်ဆံအလွယ်တကူ ရမည်ဟု ထင်ခဲ့မိပါသည်။ ထိုအချိန်က ကျွန်တော်သည် မိတ်ဆက်စာ(introducemyself)ကိုပင်ရေးသားရကောင်းမှန်းမသိခဲ့ပါ။ ယခု Newbie များသည် မိတ်ဆက်စာ ရေးရကောင်းမှန်းသိနေကြပေပြီ။" ယခုအချိန်ဆိုလျှင် ပိုပြီးပြည့်ပြည့်စုံစုံဖြင့် ၀ိုင်းဝန်းကူညီပြသပေးမည့်သူများရှိနေပြီဖြစ်ရာ လူသစ်များအနေဖြင့် ကောင်းမွန်သောအားထုတ်မှုလေးအနည်းငယ်လောက်ကိုသာအသုံးပြုကြမည်ဆိုပါက Steemit တွင် မအောင်မြင်နိုင်စရာမရှိဟုလည်းထင်ပါသည်။ အခြားသူများ၏ စာများကို တိုက်ရိုက် ကူးယူဖော်ပြခြင်းအား ရှောင်ရှားခြင်းဖြင့် ကူညီနိုင်ကြပါစေဗျာ။

ရှေ့မှလမ်းထွင်သူများက ထွင်သွားနေကြပေသည်။ နောက်မှလိုက်သူများသည် ထွင်ပြီးသောလမ်းပေါ်တွင် ကောင်းမွန်စွာ လျှောက်လှမ်းရန်သာလိုပါတော့သည်။ သို့သော်လည်း အချို့သောသူများသည် ထွင်ပေးထားသောလမ်းအား အလွဲအသုံးပြုကြမည်ဆိုပါမူ ကောင်းကျိုးမရနိုင်ကြောင်းကိုလည်း သတိပြုစေချင်ပါသည်။ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်နိုင်ပါ။ နှမ်းစေ့ပေါင်းများစွာစုစည်းထားမှသာ ဆီ ဖြစ်မည်ကို လူတိုင်းသိကြပါသည်။ ထို့အတူ နှမ်းအများကြီးရှိနေသည့်အထဲမှ နှမ်းတစ်စေ့လျော့နည်းသွားခြင်းသည် ဆီဖြစ်ရန်အတွက် ဘာမှမထိခိုက်ကြောင်းလည်း သတိပြုကြပါစေနိုင်ကြောင်းလည်း စေတနာကောင်းဖြင့် သတိပေးလိုပါသည်။

ကိုယ့်သမိုင်း ကိုယ်ရေး ကြရမှာပါ(Write Your Own History)


https://steemit.com/myanmar/@ansoe/kundefinedythmundefinedng-kundefinedyeya-kyamwapa-write-your-own-history

06.png


ယခုဆောင်းပါးအတွက်မူ ယခုလောက်နှင့်ကျေနပ်နိုင်ပါစေ။ အများကြီးကို Review လုပ်လျှင် မဖတ်ကြမည်ကို စိုးရိမ်သဖြင့် အနည်းငယ်လောက်သာဖော်ပြပေးခြင်းဖြစ်ပါသည်။ နောက်ထပ်ဆက်လက်ဖော်ပြပေးပါဦးမည်။

Blog များအားလည်း ၀င်ရောက်ဖတ်ရှုကြပါရန် နှင့် vote မပေးမိကြစေရန်လည်း သတိပေးတိုက်တွန်းရင်းဖြင့် Review ကဏ္ဍအား တစ်ခန်းရပ်နားလိုက်ပါသည်။

လွန်ခဲ့သောလအနည်းငယ်က Post များဖြစ်ပါသဖြင့် Vote ပေးပါက ဘယ်သူမျှမရပဲနှင့် မိမိတို့၏ voting power သာကုန်မည်ဖြစ်ပါသည်။


Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

15-Jan-2018 တနင်္လာနေ့(Monday)