မအားလို့ပါ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png

Image from google


အလုပ်များကရှုပ် အရှုပ်များကလည်း လုပ်နေရသေးတယ်... ဒီတော့ post တောင် အလျင်မီအောင် မနဲတင်နေရတယ်... ဒီကြားထဲ သာရေး နာရေးတွေကလည်း ဒီရက်ပိုင်းမှာ ပေါမှပေါ... လူတိုင်း လူတိုင်းကတော့ အလုပ်ကိုယ်စီနဲ့ပါ... ကိုယ်တစ်ယောက်တည်း အလုပ်ရှိတယ်ထင်နေတတ်ကြတယ်... ကျန်လူတွေကတော့ အလုပ်မရှိ အကိုင်မရှိတွေကို ဖြစ်ကရော... စည်းကမ်း စည်းကမ်း စည်းကမ်း ဆိုတာဘာလဲ… နေရာတစ်နေရာမှာ သူနဲ့သင့်တော်တဲ့ လိုက်နာရမယ့်အကြောင်းအရာတွေကို အသိပေး သတိပေးထားကြတာကို စည်းကမ်းလို့ ခေါ်မယ်ထင်တယ်… အသိပေးထားတယ်… သတိပေးထားတယ် ဒါမလုပ်နဲ့… လုပ်ရင် အရေးယူခံရမယ်… အဲဒီလို လိုက်နာရမယ့်အရာလေးတွေကို လိုက်နာနေမယ်ဆိုရင် ဘာမှဖြစ် ကြမယ်မထင်ဘူး… လိုအပ်တယ်ထင်လို့ လုပ်ထားရတယ်လေ… မလိုအပ်ရင် ဘယ်သူကမှ အလုပ်ရှုပ်ခံပြီး စည်းကမ်းဆိုတာတွေထုတ်နေမှာမဟုတ်ပါဘူး… စည်းကမ်းဘာလို့ထုတ်ရလဲ… ကိုယ်ပိုင်အသိစိတ်မရှိလို့ စည်းကမ်းထုတ် အသိပေးရတာဖြစ်တယ်… အဲလို စည်းကမ်းထုတ် အသိပေးထားတော့ကော အားလုံးက လိုက်နာမယ်ထင်လို့လား… အခြားနိုင်ငံတွေတော့မသိ ပါဘူး… ကျွန်တော်တို့ဆီမှာတော့ မလိုက်နာတဲ့သူတွေက များပြီး လိုက်နာသူတွေက လူနည်းစု ပဲရှိမယ်… ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပါ… ကားမောင်းလျှင် ခါးပတ် ပတ်ပါ… အဲဒါတွေက အလကား သက်သက်မဲ့ အသိပေး သတိပေး စည်းကမ်းထုတ်ရတယ်လို့များ ထင်နေကြသလားမသိ… နေ့စဉ် လမ်းပေါ်မှာ လူတွေသေနေကြတာ ဘာကြောင့်လို့ ထင်ပါသလဲ… မတော်တဆမှုသတင်းတစ်ခုအောက်ကနေ သနားစရာကောင်းလိုက်တာ အရမ်းမောင်းကြတာကိုးလို့ ပြောပြီး မေ့သွားတတ်ကြတယ်… ကိုယ်တိုင်ဖြစ်တော့ ဘာများပြောကြမလဲ... ကိုယ်တိုင်ဖြစ်မှ သိရမည့်အရာများမဟုတ်ပါ… အခြားသူများရဲ့ အဖြစ် အပျက်တွေကနေ အတုယူ ပြုပြင်ရင် ကိုယ်တိုင် ဆိုတာ ဖြစ်လာဖို့ ဝေးသွားပါလိမ့်မယ်…


04.png

Image from google


Steemit Platform တွင် စာတွေရေးတင်ကြတယ်… အပြန်အလှန် ကူညီကြတယ်… MSC ကစည်းကမ်းတွေများတယ်… စသည့်စသည့် ပြေဆိုနေကြသံများ မကြာခဏဆိုသလို ကြားနေရတယ်… စည်းကမ်း တွေများတယ်ဆိုတဲ့သူများ ရှိကြကြောင်းလည်းတွေ့ရပါတယ်… ဒီနေရာမှာတစ်ခုလောက်စဉ်းစားကြရအောင်ဗျာ… စည်းကမ်းဆိုတာကတော့ သူ့နေရာနဲ့သူ ချမှတ်ထားကြရတယ်မဟုတ်လား… ဒါဆိုရင် စည်းကမ်းတွေ ဘာကြောင့်ထုတ်ကြရသလဲ… စည်းကမ်းမထုတ်ထားရင်မရဘူးလား… မေးချင်ကြမလားမသိ… စည်းကမ်းများထုတ်ရခြင်း ဟာ စည်းကမ်းမရှိတဲ့သူတွေကြောင့်ဖြစ်ပါတယ်… ဘယ်သူတွေကမှ စည်းကမ်းတွေ စည်းမျဉ်း တွေ ထုတ်ပြီး အလုပ်ရှုတ်ခံချင်ကြမည်မဟုတ်ကြပါ… ကွမ်းတံတွေးမထွေးရ ဆိုသောစည်းကမ်း ကပ်ထားရခြင်းဟာ ကွမ်းသွေးများနဲ့ ညစ်ပတ်ပေရေနေလို့ စည်းကမ်း ကပ်ထားရခြင်းဖြစ်ပါတယ်… ဆေးခန်းတစ်ခုအတွင်းမှာ ဆေးလိပ်မသောက်ရ လို့ကပ်ထားတာ ဆေးခန်းထဲမှာ ဆေးလိပ်သောက်ကြလို့ ကပ်ထားခြင်းဖြစ်ပါတယ်… မ၀င်ရ ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာကလည်း ၀င်နေကြသူတွေကြောင့်ဖြစ်ပါတယ်… ဒိလိုစည်းကမ်းတွေ ထုတ်ထား တာတောင် အလေးထားကြလေသလား… ကွမ်းတံတွေးမထွေးရ ဆိုတဲ့ စည်းကမ်းမှာ ရဲရဲတောက်နီစွေးနေတဲ့ ကွမ်းသွေးလေးတွေနဲ့… ဆေးလိပ်မသောက်ရဆိုတဲ့ဆေးခန်းထဲမှာ ဆေးလိပ်မီးခိုးတွေမွှန်နေတယ်… မ၀င်ရဆိုတဲ့လမ်းထဲကို ဥဒဟိုဖြတ်သန်းသွားလာနေကြ တယ်… အဲဒီလိုလူတွေကပဲ စည်းကမ်းတွေများလိုက်တာလို့ ပြောနေကြတယ်… တစ်ယောက်ချင်းစီက ကိုယ်ပိုင် စည်းကမ်းလေးတွေရှိနေကြရင် စည်းကမ်းဆိုတာကြိး ထုတ်စရာမလိုတော့ပါဘူး...


02.png


03.png

Image from google


အုပ်စုအလိုက် ပရိုမိုးရှင်းတင်နေကြရတယ်… လူအယောက် ၃၀ လောက်ကို အပြန်အလှန် vote, comment လေးပြည့်အောင်ပေး… ပရိုမိုးရှင်းကျန်ခဲ့ရင် နစ်တာတယ်ထင်လို့ သတိပေးခိုင်းတယ်… vote အပြည့်မပေးနိုင်ရင်တော့ comment လေးတွေတော့ လိုက်ရေးပါပြောနေကြတယ်… comment တောင်ကောင်းကောင်းမရေးချင်ကြ… မအားလို့ပါတဲ့… အခြားသူများကတော့ အလုပ်မရှိ အကိုင်မရှိ အားယားနေကြတယ်ပေါ့… ပြောပေါင်းလည်းများလှပါပြီ… လူအများနဲ့ အလုပ်လုပ်ကြမယ်ဆိုရင် လူအများနဲ့ ညီညီညွတ်ညွတ်လုပ်နိုင်မှ အဆင်ပြေနိုင် ပါမယ်… ညီညီညွတ်ညွတ်မလုပ်နိုင်ခဲ့ရင် ကျန်နေခဲ့ပါမယ်… သတိပြုစေချင်ပါတယ်… လူတိုင်း လူတိုင်းမှာ အလုပ်ကိုယ်စီနဲ့ပါ… အားတဲ့အချိန်လေးမှာ အချိန်လုပြီး လုပ်နေကြရတဲ့သူတွေ လည်း အများကြီးပါ… ကိုယ့်အုပ်စုလေးတစ်ခုကိုတောင် comment ကောင်းကောင်းမရေးချင် ကြသူတွေ vote ကောင်းကောင်းမပေးချင်ကြသူတွေ ကျန်နေခဲ့ပါလိမ့်မယ်… စာကိုအချိန်ပေး ဖတ်ပြီး လူတစ်ရာကျော်ကို ကျွန်တော်တို့ တစ်လှည့်စီ အားတဲ့သူတွေက စစ်ကြရတယ်… ကိုယ့်အုပ်စုက တင်ထားတဲ့ post လေးတွေကို အကြမ်းဖျင်းဖတ် vote, comment လုပ်တာ အချိန် အများကြီး မကုန်ပါဘူး… မအားလို့ပါဆိုတဲ့ ဆင်ခြေက မလုံလောက်ပါဘူး… လူတိုင်း မအားပါဘူး… ဒီအထဲကနေ အချိန်လုပြီး လုပ်နေကြရတဲ့သူတွေအများကြီးပါ… လုပ်ငန်းခွင်တွေမှာ တွေ့ရတတ်တဲ့ သတိပေးဆိုင်းဘုတ်တွေထဲကလိုပြောရမယ်ဆို ဆင်ခြေပေးတဲ့ပါးစပ် ထမင်းငတ်တတ်တယ်လို့ပဲ ပြောရလိမ့်မယ်… ကိုယ်တင်လိုက်တဲ့ post အတွက် comment ဆိုတာ နောက်ထပ် post တွေဆက်ရေးနိုင်ဖို့ အားဆေးကြီး တစ်ခွက်ပါဗျာ… comment ပျောက်နေရင် အားပြတ်လာပါလိမ့်မယ်… မိမိတို့တင်ထားသော post တွေမှာ comment လေးတွေတော့ ဘယ်သူမှ ပျောက်စေချင်မယ်မဟုတ်လောက်ပါဘူး....


05.png


သတိပေးနေကြရတဲ့သူတွေကိုလည်း အားနာကြပါအုံး… အလုပ်အကိုင်ကိုယ်စီတွေနဲ့ပါ… ကိုယ့်အုပ်စုလေးတွေ အဆင်ပြေစေဖို့ လိုက်ပီး vote, comment မပြည့်သေးပါဘူး… ဖြည့်ပေးပါလိုက်ပြောတော့ comment တွေက good post, nice post အဆင့်တွေဖြစ်ကုန် ရော… တစ်ခါလာလည်း မဲပြာပုဆိုး ကြာတော့ ဘယ်သူကမှ ကိုယ့် comment ကို အရေးမလုပ်ချင်ကြတော့ဘူး… သတိပြုကြစေချင်ပါတယ်… ကိုယ်တင်တဲ့ post တစ်ခုအောက်မှာ comment ရေးတဲ့သူ တစ်ယောက်မှ မရှိတဲ့ခံစားချက်မျိုး ခံစားကြည့်ဖူးစေ ချင်တယ်… ခံစားဖူးကြသလားတော့မသိဘူး… comment တစ်ခုမှမရှိတဲ့ post ဘာလုပ်ရမှန်း မသိ ထိုင်ကြည့်နေတဲ့ဘ၀တွေ… အခု အားလုံးတက်ညီလက်ညီ အုပ်စုလေးတွေနဲ့ အလုပ်လုပ် နေကြရင် အားလုံးအဆင်ပြေနေမယ်မဟုတ်လား… မအားလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ တော့ အခြားသူတွေကို မစော်ကားမိစေချင်ပါ… လူတိုင်း လူတိုင်း မအားလပ်ကြဘူးဆိုတာ လေးကိုလည်း ခေါင်းထဲ ထည့်ထားစေချင်ပါတယ်… promotion ပေးသူများက ဒီနေ့မအားလို့ promotion မပေးနိုင်ပါလို့ တစ်ခါမှ မငြင်းဖူးဘူး ထင်ပါတယ်... သူတို့လည်း မအားလပ်တဲ့ကြားကနေ လုပ်ပေးနေကြရတာပါ... အားလုံးအကျိုးအတွက် တိုက်တွန်းရင်း ရပ်နားလိုက်ပါတယ်…

မည်သူ့ကိုမှ ထိခိုက်နစ်နာစေလိုသော ဆန္ဒမရှိပါ… စည်းလုံးညီညွတ်စွာဖြင့် မိမိတို့ရဲ့ ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရန် တိုက်တွန်းလိုက်ခြင်း ဖြစ်ပါတယ်… မတော်လို့များ တိုက်ဆိုင်မှုများရှိခဲ့ရင်တော့ အများကြီး အများကြီး ၀မ်းနည်းပါတယ်လို့…


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

28-Feb-2018 ဗုဒ္ဓဟူးနေ့(Wednesday)