MetaMask wallet နှင့် Binance Smart Chain ချိတ်ဆက်ခြင်း (၂)

မင်္ဂလာပါ ချစ်မိတ်ဆွေအပေါင်းတို့

metamask.png


ကဲ ကဲ မနေ့က တန်းလန်းလေးပြန်ဆက်ကြတာပေါ့.... မနေ့ကတန်းလန်းလေးကို မဖတ်ရသေးရင် ဒီ Link : https://hive.blog/myanmar/@ansoe/metamask-wallet-nhngundefined-binance-smart-chain-khyaeiksaetkhyin မှာ သွားဖတ်လို့ရတယ်နော်။

MetaMask ထည့်သွင်းပြီးသွားပြီဆိုရင် ဆက်လက်လုပ်ဆောင်ဖို့ကတော့ Binance Smart Change နဲ့ချိတ်ဆက်ဖို့ပဲကျန်ပါတယ်။ ‌ပြောရရင်တော့

ဒီလိုကနေ

screenshot_51.png


ဒီလိုဖြစ်ဖို့ပဲ လိုတော့တာပေါ့

screenshot_52.png


ကဲ လုပ်ဆောင်ကြပါစို့ရဲ့...

ပထမဆုံး Browser ဘားတန်းညာဘက်အထက်ထောင့်မှာရှိတဲ့ MetaMask Extension (မြေခွေးပုံလို့တော့ထင်တာပဲ 😁) ပုံလေးကို အရင်နှိပ်ပြရင် အောက်ပုံမှာ ပြထားတဲ့အတိုင်းတစ်ဆင့်ချင်း လုပ်ရုံပါပဲ။


01.png


ဒါဆိုရင် ဒီလိုလေး Setting ပွင့်လာတာမြင်ရမယ်။

screenshot_38.png


အဲဒီ Setting ပုံထဲက အနီဘောက်ခတ်ထားတဲ့ Networks ကိုရွေး။ အဲဒါဆိုရင် အောက်ကပုံအတိုင်းမြင်ရရင်


screenshot_39.png


အောက်ဆုံးက *Add Network ကို နှိပ်လိုက်ရင် အောက်က ပုံအတိုင်းမြင်ရပါလိမ့်မယ်။


screenshot_55.png


ဒီအဆင့်က အရေးကြီးပါပြီ။ စာလုံးတစ်လုံးလွဲလို့မရပါဘူး။ ဒါကြောင့်စာတွေကို အနည်းဆုံး(၂)ကြိမ်တော့ သေသေချာချာစစ်ဆေးပါလို့ အကြံပြုလိုပါတယ်။ အောက်မှာ ရေးထည့်ရမယ့်စာတွေကို ဖော်ပြပေးလိုက်ပါတယ်။


Network Name မှာSmart Chain လို့ရေး
New RPC URL မှာhttps://bsc-dataseed.binance.org/ ကိုရေး
ChainID မှာ56 လို့ရေး
Symbol ဆိုတဲ့နေရာမှာBNB လို့ထည့်
Block Explorer URL ဆိုတဲ့နေရာမှာhttps://testnet.bscscan.com ကိုရေး

ထပ်မံသတိပေးပါရစေ။ စာတွေကိုသေသေချာချာမှန်ကန်အောင်ရေးပြီးတော့ သေသေချာချာပြန်စစ်ဆေးဖို့လိုအပ်ပါတယ်ခင်ဗျာ။


screenshot_44.png


အားလုံးမှန်မှန်ကန်ကန်ရေးထားတာသေချာပြီဆိုရင်တော့ Save ကိုနှိပ်လိုက်ရုံပါပဲ။ အဲဒီအဆင့်တွေအားလုံးပြီးသွားပြီဆိုရင်တော့

screenshot_46.png


ဒါမျိုးလေးကိုရပြီဖြစ်ကြောင်း မိတ်ဆွေများအားလုံးကို သိသလို တတ်သလိုနဲ့ မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။ နောက်လည်း နည်းနည်းသိရင် များများထပ်ရေးပါအုံးမယ်ဆိုတဲ့အကြောင်း ကြိုတင်အကြောင်းကြားထားအပ်ပါတယ်ခင်ဗျာ။ အော်- ETH Wallet ကိုပြန်ပြောင်းသုံးချင်တာလား။ ဟုတ်ကဲ့- 02.png


အားလုံးကို‌လေးစားလျှက်

@ansoe

hive_logo_ansoe_myanmar.png