မိမိကိုယ်ကို ဝေဖန်သုံးသပ်ကြည့်ခြင်း (Critique For Me)

ကျွန်တော်တို့မြန်မာလူမျိုးများဟာအလွန်အလွယ်ကြိုက်ကြပါသည်(ကျွန်တော်အပါအ၀င်ပေါ့နော်)...

တစ်ကိုယ်တော်လက်စွမ်းပြချင်သူများအလွန်ပေါများကြပါသည်.... ပူးပေါင်းဆောင်ရွက်ခြင်းအလွန်တရာ(မရှိသလောက်)အားနည်းသော လူမျိုး စည်းလုံးခြင်းလည်း အားနည်းသောလူမျိုး တစ်မျိုးဖြစ်ပါသည်....

ကိုယ့်ကိုကိုယ် ဗဟုသုတအကြားအမြင်အတတ်ပညာ စသဖြင့် ကဏ္ဍအမျိုးမျိုးတို့တွင်လည်း အင်မတန်နှံ့စပ်သည်ဟု အထင်ရှိကြပါသည်.... ထိုကိစ္စများသည် မှားချင်လည်း မှားနိုင်ပါသည်....ဘာကြောင့်လည်းဆိုတော့ ကျွန်တော့်အမြင်သာဖြစ်ပါသည်.....

စကားဝိုင်းထိုင်လျှင် ကျွန်တော်ကသာ အမြဲတမ်းပြောပြချင်သည်.... အဘယ့်ကြောင့်ဆိုသော် သတင်း စီးပွားရေး နိုင်ငံရေး လူမှုရေး အရေးအရာကိစ္စမှန်သမျှကို ကျွန်တော် ကျွမ်းကျင်သည်ဟု အထင်ရောက်နေသောကြောင့်ဖြစ်ပါသည်.... တကယ့်တကယ်တွင်မူ ဟိုစာလေးဖတ် ဒီစာလေးဖတ်ဖြင့် ဃဃ နန သေချာစွာသိခြင်းမရှိဘဲ သိသည်ဟု အထင်ရောက်နေသောကြောင့်ဖြစ်ပါသည်...

Facebook ထဲတွင် H1N1 အကြောင်းကို သတင်းထူး သတင်းဦးအဖြစ် ဖော်ပြချင်သလို သတင်းထူး သတင်းဦးအဖြစ် မဖော်ပြလိုက်ရလျှင်လည်း ဒီသတင်းတော့ ငါကြားပြီးပြီ... ဟိုသတင်းတော့ ငါသိပြီးပြီ(လာမပြောနဲ့ ကုမုဒြာဖတ်ပြိးသား) ဖြစ်နေပါတော့သည်......

H1N1 ကဘာလဲ ဘယ်လိုစတင်ဖြစ်ပွားသလဲ ဘယ်နိုင်ငံမှာစတင်ဖြစ်ပွားတာလဲ ဘယ်အကောင်ကနေ ဘယ်လိုရောဂါကူးစက်သလဲ ဘယ်လိုရောဂါအမျိုးအစားလဲ ဗိုင်းရပ်စ်လား ဘက်တီးရီးယားလား ဘာလား ညာလား စသဖြင့် တကယ်တော့သေချာမသိပါဘဲနှင့် သူများနှင့် တန်းတူ ငြင်းခုံပြီး မပြောနိုင်လျှင် သိက္ခာကျသည်ဟု အလွန်မှားယွင်းသော ကိုယ့်ကိုကိုယ် အထင်ကြီးနေသောစိတ်ဝင်နေသောကြောင့် သူများအပြောကို မခံပါချေ.....

ကိုယ့်ကိုကိုယ် မဟုတ်လျှင် မခံ တတ်သော လူအမျိုးအစားဖြစ်သည်ဟု အမြဲတမ်းကြွားဝါပြောဆိုခဲ့ပါသည်....... သို့သော် မေးစရာရှိလာသည်က မဟုတ်လျှင် မခံ ဆိုတော့ ဟုတ်တာပြောလျှင်ရောခံပါမည်လား....... ဟုတ်တာပြောလည်း ခံမည်မဟုတ်တာလည်းသေချာသလောက်ပါခင်ဗျာ..... အဲဒီတော့ ကျွန်တော် ဘယ်လိုလူစားမျိုးဖြစ်သွားပါသနည်း .....

မဟုတ်လျှင် မခံ ဟုတ်လျှင်လည်း မခံ ဘာပြောပြော မခံ ဆိုသည့် လူဖြစ်သွားပါလားဟု သုံးသပ်ဆင်ခြင်မိကြောင်းပါ......

ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ဆရာကြီးတွေ နေရာတော်တော်များများမှာ အလွန်ပေါလှသည်ကို တွေ့မြင်ရပါသည်.....

နိုင်ငံရေးနယ်ပယ် လူမှုရေးနယ်ပယ် စီးပွားရေးနယ်ပယ် စသည့် နယ်ပယ်အသီးသီးတွင် ဘာမှမသိ ဘာမှမတတ်သော ဆရာကြီးများ အလွန်ပင်ပေါလှပါသည်...

ကျွန်တော်သည် စီးပွားရေးကို အင်မတန်ကျွမ်းကျင်သည်ဟု မိမိကိုယ် မိမိ အထင်ရောက်နေပါသည်.... သို့သော် လက်တွေ့ဘ၀တွင်မူ စီးပွားရေးနှင့်ပတ်သက်ပြီး ဘယ်ကဏ္ဍကိုမှ ကောင်းစွာနားလည်ခြင်း တတ်ကျွမ်းခြင်း သေချာကျနစွာသိခြင်း မရှိကြောင်း ကိုယ့်ကိုကိုယ် ၀န်ခံပါသည်.... စီးပွားရေးကဏ္ဍတွင်လားဆိုတော့မဟုတ်ပါ...... နိုင်ငံရေးကဏ္ဍတွင်လည်း ကျွန်တော်သည် ဆရာကြီးလိုလို လူမှုရေးကဏ္ဍတွင်လည်း ဆရာကြီးလိုလို ............. ဟိုလိုလို ဒီလိုလိုတွေသာ များနေပါသည်... လက်တွေ့ဘ၀တွင်လည်း ဘယ် ကဏ္ဍမှာမှ အောင်မြင်ခြင်းမရှိတော့ပါ......

အမြဲတမ်းလိမ့်နေသော ကျောက်တုံး တစ်တုံးမှာ ဘယ်သောအခါမှ အကြေးအညှိ တက်မည်မဟုတ်ပါချေ.... လုံးပါးပါးရုံသာရှိပါသည်.... ဆိုလိုချင်သည်မှာ အလုပ်တစ်ခုတည်းကို အာရုံစိုက်မလုပ်ဘဲ ဟိုပြောင်း ဒီပြောင်း ပြောင်းလဲနေခြင်းသည် ဘယ်နေရာမှာမှ အောင်မြင်မှု မရနိုင်ဘဲ အသက်တိုရုံသာရှိပါလိမ့်မည်...(ကျွန်တော်အမြင်သာဖြစ်ကြောင်းပါ)

စီးပွားရေး ကဏ္ဍတွင်လည်း အလုပ် တော်တော်စုံအောင် လုပ်ခဲ့ဘူးပါသည်..... ၀န်ထမ်းဘ၀နှင့်လည်းနေခဲ့ဘူးပါသည်.... ၀န်ထမ်းဘ၀နှင့်
လုပ်ကိုင်နေထိုင်စဉ်ကာလတွင်လည်း အထက်လူကြီးနှင့် မတည့်ပါချေ ...... ဘက်စုံတတ်ကျွမ်းသည်ဟုလည်း အထင်ရောက်ခဲ့မိပါသည်... တကယ်တော့ ဘယ်ကဏ္ဍမှ စေ့စေ့စပ်စပ် ဃဃနန သေချာကျနစွာ မသိကြောင်းပါ.... အပေါ်ယံလောက်သာသိပြီး မိမိကိုယ်ကို အထင်ကြီးပြီး စိတ်ကြီးဝင်ကာ ရောဂါရနေခြင်းဖြစ်ပေသည်...

conceited.jpg

ကျွန်တော်အပါအ၀င် လူတော်တ်ာများများသည် ဒီနေ့ သစ်ပင်လေးတစ်ပင်စိုက်လိုက်လျှင် နောက်တစ်နေ့မနက် ထိုစိုက်သောသစ်ပင်မှ အသီးကို ခူးစားချင်ပါသည်....မဖြစ်နိုင်ဘူးဆိုတာကို လက်ခံသည့်လူ အတော်များမည်ထင်ပါသည်..... မဖြစ်နိုင်ခြင်းတော့မရှိပါ.... ယခုလို တိုးတက်နေသော ခေတ်ကြီးတွင် ဒီနေ့ သစ်ပင်စိုက် မနက် အသီးခူးစားလို့ ရပါသည်..... လိုအပ်သည်ကတော့ အရင်းအနှီးကြီးကြီးပေးပြီး သစ်ပင်ကြီးကြီး စိုက်ရန်သာဖြစ်ပါသည်.....

ကျွန်တော်သည် လူအများနှင့်ဆက်ဆံရာတွင်လည်း အလွန်ပင်အငြင်းသန်ပါသည်.... ကိုယ်ကသာအနိုင်ရအောင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အပြိုင်ငြင်းတတ်ပါသည်....

တစ်ခါက ကျွန်တော်၏ဆိုင်တွင် ဈေးလာဝယ်သော လူတစ်ဦး နှင့်အပြိုင် ငြင်းရာတွင် ဈေးလာဝယ်သောသူသည် ကျွန်တော်အား ပြိုင်မပြော နိုင်ဘဲ အလျော့ပေးကာ ကျွန်တော့်ဆိုင်မှ ပစ္စည်းအား ၀ယ်ယူခြင်းမရှိဘဲ စိတ်ဆိုးကာ ပြန်သွားကြောင်းပါခင်ဗျာ ..... ထိုသို့ ပြန်သွားသော်လည်း နောင်တမရသည့်အပြင် မှတ်ပလား ငါ့များပြိုင်ငြင်းချင်သေးတယ် ငါ့များဘာမှတ်နေလဲမသိဘူးဟု ပင် စိတ်ထဲကတင်မက နှုတ်ကပင် ထုတ်ဖော်ကြိမ်းဝါးလိုက်ပါသေးသည်..... တကယ့် တကယ် ရှုံးသွားသူမှာ ဈေးဝယ်သူမဟုတ်ပဲ ကျွန်တော်ဖြစ်နေသည်ကို ထိုအချိန်က လုံးဝသိရှိခြင်းမရှိပဲ ဂုဏ်ယူနေလိုက်ပါသေးသည်....တယ်ဟုတ်တဲ့ ငါပါလား.....

conceited 1.jpg

ထိုအမှားများကို သင်ခန်းစာယူပြီး ယခုအချိန်တွင် လုံးဝ မည်သူနှင့်မျှ အငြင်းအခုံမလုပ်တော့ပါ...... အငြင်းအခုံလုပ်ခြင်းတွင် ကိုယ်က နိုင်လျှင်လည်း ကိုယ်သာရှုံးကြောင်း လည်း သိသွားပါပြီ.... ဇွတ်ငြင်းလျှင် ကိုယ်နိုင်လည်း လူမှုရေးအရရှုံးပါတော့သည်.... မိမိဘက်က မှန်နေပါသော်လည်း မည်သူ့အကျိုးစီးပွားကိုမျှလည်းမထိခိုက်လျှင် မငြင်းဘဲနှင့် အလျော့ပေးလိုက်ပါသည်.....

အကြံပေးလိုသည်မှာ မည်သူနှင့်မျှ အငြင်းအခုံ မလုပ်ပါနှင့်....... ဒီအချက်ကို လိုက်နာလျှင်ပင် လူချစ်လူခင် ပေါများလာပါလိမ့်မည်.....

သူတစ်ပါးကို ပြုပြင်ခြင်းသည် အလွန်တရာ အန္တရာယ်များသောကြောင့် ယခုအခါ ကိုယ့်ကိုကိုယ်သာ ပြုပြင်နေထိုင်ပါတော့သည်.... ကိုယ့်ကိုကိုယ်ပြုပြင်ခြင်းသည် အန္တရာယ်လည်းကင်းပြီး အကျိုးလည်းလွန်စွာများကြောင်း သိရှိလာပါသည်....

Not right.jpg

ကျွန်တော်သည်

ဘ၀ကို ပေါ့ပေါ့ ပါးပါး နေပါသည်................ သို့သော် ပေါ့ပေါ့ဆဆ ဘယ်သောအခါမှ မနေတော့ပါ.....

မိတ်ဆွေအပေါင်းတို့လည်း ပြုပြင်နိုင်ကြပါစေလို ဆုမွန်ကောင်းတောင်းရင်းဖြင့် ဒီနေ့တော့ ဒီနေရာမှာ အဆုံးသတ် လိုက်ပါသည်.....

ဝင်ရောက်ဖတ်ရှုပေးသည့်အတွက် ကျေးဇူးအထူးပင်တင်ရှိပါသည်....

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါသော မြန်မာလူမျိုးအပေါင်း အောင်မြင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ......

DQmRKgYYp1TzWmvqtnfbMSLZQSgUXinUxqyHyd39HZ8j7gx.gif

ansoe logo copy.png

Photo Credit : Google

@ansoe

https://steemit.com/@ansoe

https://www.facebook.com/profile.php?id=100005498385790