မိတ်ဆွေကောင်း (You Must Search Real Friends As You Search Gems Very Hard) Written by @ansoe

ကြီးပွားတိုးတက်လိုပါလျှင်မိတ်ကောင်း ဆွေကောင်း ရှာဖွေ စုဆောင်းပါ (Search and Collect your Real Friends).


မိတ်ကောင်းဆွေကောင်း မိတ်ကောင်းဆွေမွန် နဲ့ပတ်သက်လို့ ဗဟုတအဖြစ် ရေးသားလိုက်ပါသည်။ ရှေးရှေးကတည်းက ဒီလိုအကြောင်းအရာတွေကို ပညာရှိ သူတော်ကောင်းကြီးများမှ ရေးသားထားခဲ့ပြီးဖြစ်ပါသည်။ သတိတရ ရှိပြီး လိုက်နာကျင့်သုံးလျှင် အကျီုးများမည်ဖြစ်ပါသောကြောင့် မိတ်ဆွေကောင်း(Real Friend) ပို့စ်တင်လိုက်ပါသည်ခင်ဗျာ။

မိတ်ကောင်းဆွေကောင်းဆိုတာ လောကမှာ အရေးကြုံရင်ပဲဖြစ်ဖြစ် အဆင်မပြေဖြစ်နေချိန်မှာပဲဖြစ်ဖြစ် ဒုက္ခလို့ သတ်မှတ်နိုင်တာ တစ်ခုခုနဲ့တွေ့တော့မှ သိရှိနိုင်ပါတယ်။

ရှေးခေတ်အခါကာလသမယကတည်းကိုက ဂရိ တွေးခေါ်ပညာရှင် တစ်ဦးဖြစ်တဲ့ ဒိုင်အိုဂျီးနီးစ်(Diogenes) ဆိုတဲ့ အတွေးအခေါ်ပညာရှင်ကြီး တစ်ယောက်က နေ့ခင်းကြောင်တောင်မှာ မီးအိမ်ကြီးကိုင်ပြီး တစ်လမ်းဝင် တစ်လမ်းထွက် မိတ်ဆွေကောင်းကိုရှာဖွေခဲ့ဘူးပါတယ်တဲ့ဗျာ။

သူဟာ နေ့ခင်းကြောင်တောင်ကြီးမှာ မီးအိမ်တစ်လုံးလက်မှာဆွဲလို့ တစ်လမ်းဝင် တစ်လမ်းထွက် သွားလာနေတာကို လမ်းသွားလမ်းလာများက မြင်တွေ့ကြရတော့ ထူးဆန်းတယ်လို့ယူဆကြမယ်ထင်ပါတယ် ခင်ဗျာ။(ကျွန်တော်တို့တစ်တွေလည်း အဲလို နေ့ခင်းကြီးမှာ မီးအိမ်ကြီးကိုင် တစ်လမ်းဝင် တစ်လမ်းထွက် သွားနေတဲ့ လူတစ်ယောက်ကိုမြင်ရင် မြင်တဲ့သူတိုင်းက အထူးအဆန်းဖြစ်မှာ မလွဲပါ။ ရူးနေတယ်လို့တောင်ထင်ချင်ထင်ကြပါလိမ့်မယ်)

အဲဒါကိုမြင်တဲ့ လမ်းမှာတွေ့တဲ့သူတိုင်းက "ဆရာကြီး ဘာလုပ်နေတာလဲ" လို့ဝိုင်းမေးကြပါသတဲ့။

"ကျုပ် မိတ်ဆွေကောင်းကို လိုက်ရှာနေတာပါ" လို့ ဒိုင်အိုဂျီးနီးစ် ကပြန်လည်ဖြေကြားပါသတဲ့။

ဒါက ဒိုင်အိုဂျီးနီးစ်(Diogenes) ရဲ့ လောကအမြင် သူ့အတွေးအခေါ်ဖြစ်ပါတယ်။ သူဆိုလိုချင်တာက နေ့ခင်းကြောင်တောင်ကြီးမှာ မီးထွန်းရှာတာတောင် မိတ်ကောင်းဆွေကောင်းတွေ့ဖို့ မလွယ်ဘူးဆိုတာပါဘဲ။ မိတ်ဆွေနဲ့ တူတဲ့သူ ရှားတယ်လို့ပြောချင်တာပါဘဲ။(ဖတ်ဖူးမှတ်ဖူးတာကို မှတ်မိသလောက်ပြန်ရေးခြင်းဖြစ်ကြောင်းပါခင်ဗျာ)

diogenes_and_dog.png

Image From Google

Diogenes Searching for Honest Policies

The Greek philosopher Diogenes reportedly carried an oil lamp during the daytime, the better to help him find an honest man. People everywhere should join Congress and the Trump Administration in search of honest energy and climate policies – as too many existing policies were devised by special interests seeking money and power, and often using imaginary problems to justify their quest.

More About Diogenes click below links.

https://en.wikipedia.org/wiki/Diogenes
https://www.thoughtco.com/diogenes-the-cynic-greek-philosopher-112475
https://www.britannica.com/biography/Diogenes-Greek-philosopher

"ရတနာကို မြတ်မြတ်နိုးနိုးရှာဖွေသလို မိတ်ကောင်း ဆွေကောင်းကို ရှာပါ" လို့ ပညာရှိသူတော်ကောင်းများက တိုက်တွန်းခဲ့ကြပါတယ်။

လောကမှာ မိတ်ကောင်း ဆွေကောင်းများဟာ အမှန်တကယ် အလွန်လိုအပ်ပါတယ်။ မိမိတို့ ပေါင်းသင်းနေတဲ့ မိတ်ဆွေတွေထဲမှာ အားလုံးဟာ မိတ်ကောင်း ဆွေကောင်း ဖြစ်နိုင်ပါရဲ့လား။ အဖြေကတော့ မဖြစ်နိုင်ပါဆိုတာပဲထွက်မယ်ထင်ပါတယ်။ အမှန်တကယ်လည်း မဖြစ်နိုင်ကြောင်းလူတိုင်းသိကြပါတယ်။ ဒါပေမယ့် ကိုယ့်ဘက်ကတော့ အကောင်းဆုံးကို ပေးနိုင်အောင်ကြိုးစားသင့်ပါတယ်။ ကိုယ့်ဆီကို အကောင်းဆုံးတွေ ပြန်မလာတာကတော့ သူတို့အပိုင်းလို့ထင်မိကြောင်းပါ။ မိတ်ကောင်းဆွေကောင်းနဲ့ ပေါင်းသင်းဆက်ဆံချင်တယ်ဆိုရင် အရင်ဆုံး ကိုယ်ကိုတိုင်က မိတ်ဆွေကောင်းအဖြစ် လူတိုင်းကိုဆက်ဆံပေးရပါလိမ့်မယ်။ ကိုယ့်ကို လူတိုင်းက မိတ်ဆွေကောင်းအဖြစ် ပြန်လည်ဆက်ဆံလာမည် မဟုတ်သော်လည်း မိတ်ဆွေကောင်းများတော့ ရလာပါမည်။

အဲဒီတော့ မိတ်ကောင်းဆွေကောင်းဆိုတာဘယ်လိုအရည်အချင်းမျိုးတွေနဲ့တိုင်းတာနိုင်ပါသလဲ ဆိုတဲ့ မေးခွန်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် ဖတ်ဖူး မှတ်ဖူးသမျှ တွေထဲက အတော်များများကတော့ အောက်မှာ ဖော်ပြထားတဲ့အချက်အလက်တွေ တော်တော်များများ ဆင်တူနေတာကိုတွေ့ရပါတယ်။ လေ့လာကြည့်ကြပါအုံးစို့ခင်ဗျာ။

မိတ်ကောင်းဆွေကောင်း မိတ်ဆွေစစ်ဆိုတာ မိသားစုပါဘဲတဲ့ခင်ဗျာ။ မိသားစုဆိုတာ ကောင်းသည်ဖြစ်စေ မကောင်းသည် ဖြစ်စေ ကောင်းတူ ဆိုးတူ ခံစား စံစားကြစမြဲပါ။

The True Meaning Of Friendship

The Japanese have a term, kenzoku, which translated literally means "family." The connotation suggests a bond between people who've made a similar commitment and who possibly therefore share a similar destiny. It implies the presence of the deepest connection of friendship, of lives lived as comrades from the distant past.

Source : https://www.psychologytoday.com/blog/happiness-in-world/201312/the-true-meaning-friendship

real friend gif.gif

image source ; https://peperonity.net/blogs/gainno.s.love.forever/36370156/40804067;jsessionid=08661AD417388A7C9DABA882901653BD.cdb01

မိတ်ဆွေကောင်း ဆိုတာ ချမ်းသာ ဆင်းရဲ ရုပ်လှသလား ရုပ်ဆိုးသလား ဆိုတာတွေကို မကြည့်ကြပါဘူးတဲ့။ မိတ်ကောင်းဆွေကောင်းဆိုတာ ကိုယ်တွေပြည့်စုံချမ်းသာနေတဲ့အချိန်အခါမှာဘဲဖြစ်ဖြစ် ၊ စီးပွားပျက်လို့ဆင်းရဲဒုက္ခရောက်နေတဲ့ အချိန်မှာဘဲဖြစ်ဖြစ် ၊ အနာရောဂါ ငတ်မွတ်ခေါင်းပါးတဲ့အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့အချိန်မှာဘဲဖြစ်ဖြစ် ၊ ရန်သူနဲ့ရင်ဆိုင်တွေ့ကြုံနေရတဲ့ အခါမှာဘဲဖြစ်ဖြစ် ၊ အမှုအခင်းကြုံတွေ့လို့ဘဲဖြစ်ဖြစ် ၊ ကိုယ်တွေရဲ့ နာရေးကိစ္စလို လှုမှုရေးကိစ္စတွေကြုံဆုံလုပ်ကိုင်နေတဲ့အချိန်မှာဘဲ ဖြစ်ဖြစ် ကိုယ့်ကိုပစ်ခွာမသွားဘဲ ကူညီလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်လည်းကောင်း ၊ မိမိအနားမှာ အားပေးစကားပြောကြားပေးခြင်းဖြင့် လည်းကောင်း နေထိုင်တဲ့သူတွေကို မိတ်ကောင်းဆွေကောင်းအဖြစ်သတ်မှတ်နိုင်တယ်လို့ ဆိုကြပါတယ်။ မိသားစုဆိုတာလည်း ဒီလိုပဲ မဟုတ်ပါလားခင်ဗျာ။

a true friend.jpg

image source : http://www.daveswordsofwisdom.com/2012/10/true-friends.html

ဒီနေရာမှာ ကျွန်တော့်အတွေ့ အကြုံနဲ့ခြုံပြီး ပြောရလျှင် ငယ်စဉ်ကပေါင်းသင်းခဲ့သော ငယ်ပေါင်းသူငယ်ချင်းပဲဖြစ်ဖြစ် ကြီးမှပေါင်းမိသော သူငယ်ချင်းမိတ်ဆွေပဲ ဖြစ်ဖြစ် ဘယ်အချိန်ကပေါင်းခဲ့သည်ဆိုသောအချက်မှာ အရေးမကြီးဟုထင်မိပါသည်။ ကိုယ်ဒုက္ခရောက်နေချိန် အဆင်မပြေဖြစ်နေချိန် ကိုယ်ကောင်းစားနေချိန် ကိုယ်အဆင်ပြေနေချိန် နေ့အချိန် ညအချိန် စသဖြင့်အချိန်မရွေး ကိုယ့်ကို ပစ်ခွာမသွားသောသူသည် မိတ်ဆွေကောင်းဟု သတ်မှတ်ရမည်ထင်ပါသည်။ ဒီနေရာမှာလည်း ကိုယ့်အင်အားနှင့် မကူညီနိုင်သောကြောင့် မကူညီနိုင်လျှင်တောင် အားပေးစကားပြောကြားခြင်း အကြံဥာဏ်များပေးခြင်း ကိုယ်နိုင်ရာကဏ္ဍမှ ပါဝင်ကူညီဆောင်ရွက်ခြင်းလုပ်နိုင်ပါသေးသည်။ ကိုယ်က ကူညီနိုင်ပါလျှက်နှင့် မကူညီသောသူများကိုသာ မိတ်ဆွေကောင်းအဖြစ် မသတ်မှတ်နိုင်ကြောင်းပါခင်ဗျာ။ ဘာမှလုပ်ကိုင်စားသောက်ခြင်းမရှိဘဲ ခဏတိုင်း ပိုက်ဆံလာတောင်းတောင်းပြီး အရက်သာသောက်နေသော သူများကိုတော့ ကူညီနေရမည်ဟုမဆိုလိုပါ(ဒါကတော့ ကျွန်တော့်ထင်မြင်ချက်သာဖြစ်ပါသောကြောင့် မကြိုက်လျှင် သဘောထား မတူညီလျှင်လည်း ဘာပြသနာမှ မရှိကြောင်းပါ ကြိုက်လျှင်ယူ မကြိုက်လျှင် မယူရုံသာ အငြင်းပွားရန်မရှိပါခင်ဗျာ)

မိမိတို့ကြီးပွားချမ်းသာနေစဉ်မှာ မြှောက်ပင့်ပြောဆို ကပ်ရပ်စားသောက်နေကြပြီး မိမိဆင်းရဲသွားချိန် အဆင်မပြေဖြစ်နေချိန်မှာ လမ်းတွေ့ရင်တောင် နှုတ်မဆက်ချင်သူတွေမြင်ဘူးး တွေ့ဘူးကြမယ်ထင်ပါတယ်။ ဒါကတော့ အသိသာအထင်ရှားဆုံးအချက်တစ်ခု ဖြစ်မယ်ထင်ပါတယ်။

i poor.jpg

Image from google

မိတ်ဆွေကောင်းရှာဖွေဖို့အတွက် ပညာပေးရေးသား ဟောကြားပေးထားကြသော ဆုံးမစာများ ပုံပြင်များ ကျမ်းစာများ တရားတော်များမှာ ရှေးအစဉ် အဆက်ကတည်းက ရေးသားခဲ့ ဟောပြော ခဲ့ကြပါသည်။ သို့သော် စာပေများအတွင်းမှ ပညာရပ်များကို(ချက်ချင်းလက်ငင်း ဥစ္စာ(ပိုက်ဆံ)ရခြင်းမဟုတ်လျှင်) စိတ်ဝင်စားသူ လက်တွေ့လိုက်နာကျင့်သုံးသူ (ကျွန်တော်ကိုယ်တိုင်ပင်)နည်းပါးခဲ့မည်ထင်ပါသည်။ ကျွန်တော်အပါအ၀င် လူတော်တော်များများသည် အကောင်းနှင့် ဆုံတွေ့နေစဉ်အခါမှာတော့ ဘာကိုမှ မမြင် ဂရုမစိုက်တတ်ကြ မကူညီကြသည်က များပြီး အဆိုးနှင့်တွေ့သောအခါတွင် တော့ ကူညီမည့်သူ မိတ်ဆွေကောင်း သူငယ်ချင်းကောင်း စသည်တို့ကို ရှာဇွေတတ်ကြသည်။ ကိုယ်ကိုတိုင် ဘ၀ရဲ့ ကောင်းမွန်တဲ့အစိတ်အပိုင်းတွင် ရောက်ရှိနေချိန် အခြားသော အဆင်မပြေသောသူများအား ဖေးမကူညီဘူးခြင်းရှိမရှိ စဉ်းစားအပ်လှပါသည်။ သူတစ်ပါးအား တစ်ခါဘူးမျှ မကူညီဘူးပါဘဲနှင့် အပေါင်းအသင်းကောင်း မိတ်ဆွေကောင်း လိုချင်နေလို့တော့ရမည်မထင်ပါ။ မိမိကိုယ်တိုင်ကကော မိတ်ဆွေကောင်းလုပ်ရပ် မိတ်ဆွေကောင်းစိတ်ဓာတ်ဖြင့် ကူညီခဲ့ပါလျှင် မိမိ ဒုက္ခနှင့် ဆုံတွေ့ချိန်တွင်လည်း မိမိက ပြန်လည်အကူအညီတောင်းခံပါက တရားမျှတမည်ထင်ပါသည်။ အကူအညီများလည်း ရရှိပါလိမ့်မည်။ မိမိက ဘယ်သူကိုမှ မကူညီဘူးပါဘဲနှင့် မိမိကိုယ်တိုင် အဆင်မပြေသောအချိန် မိမိအလှည့်ကျမှ အခြားသောသူများ၏ အကူအညီကိုမျှော်လင့်ပြီး မိတ်ဆွေကောင်း မပီသဘူး သူငယ်ချင်းကောင်းမပီသဘူး ဘာဘူး ညာဘူး လုပ်နေခြင်းသည် တရားမျှတမှု ရှိ မရှိ စဉ်းစားသင့်ပါသည်။

You don't help anybody.
You can't get the help everybody.

ငွေကြေးအင်မတန် ချမ်းသာကြွယ်ဝသောသူ အောင်မြင်နေသူ ကျော်ကြားနေသူတွေမှာ မိတ်ဆွေကောင်းကို မသိနိုင်သလို မည်သူမှလည်း ကိုယ်တိုင်မကြုံဖူးပါပဲနှင့် မိတ်ဆွေကောင်းဆိုတာကို မသိနိုင်ပါဘူး။ ချိန်ထိုးစရာအချက်အလက်တွေတော့ရှိပါတယ်။ မိတ်ဆွေကောင်းဟုတ်မဟုတ် ဒုက္ခရောက်ချိန်မှ သိလိုက်ရတာထက် ဒုက္ခမရောက်ခင်က ကြိုတင်သုံးသပ်ထားနိုင်ရင် ပိုမကောင်းပေဘူးလားခင်ဗျာ။
နောက်ဆုံးအနေနဲ့ အကြံပြုချင်တာကတော့ လောကီရတနာဆိုတာ ရှားပါးပါတယ်။ ရတနာတွေကို မြတ်မြတ်နိုးနိုးရှာဖွေသလို မိတ်ဆွေကောင်းများကို ရသလောက် ရှာဖွေစုဆောင်းပါ လို့ အကြံပြုလိုက်ပါရစေခင်ဗျာ။

ရေးမည်ဆိုလျှင်တော့ အရှည်ကြီးဖြစ်သွားပါမည်။ စာဖတ်သူ အားပေးသူ မိတ်ဆွေများ၏ အချိန်ပေးရမှုကိုလည်းကောင်း ၊ အားနာသောအားဖြင့်လည်းကောင်း စာမျက်နှာကိုငဲ့ညှာသောအားဖြင့်လည်းကောင်း ဒီတစ်ခန်း ဒီနေရာမှတင် နိဋ္ဌိတံ ပြီးဆုံးလိုက်ရပါကြောင်း ဖတ်ရှုသူမိတ်ဆွေကောင်း သူငယ်ချင်းကောင်း အပေါင်းတို့ခင်ဗျာ။

ပို့စ်ကိုပြီးဆုံးအောင် ဖတ်ရှုအားပေးသည့်အတွက်လည်း ကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ။

Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Fellowship အပေါင်း အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

ansoe logo copy.png

ရေးသားသူ(Author) _

@ansoe
(Soe Naing)
13-8-2017(Sunday)

https://steemit.com/@ansoe