မိတ်ဆွေစစ်ကိုရှာပါ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


00.png


လူဆိုတဲ့သတ္တ၀ါတွေဟာ လူအဖြစ် ဘ၀ရှင်သန်ရန်တည်ရန်အတွက် တစ်ဦး တစ်ယောက်တည်း ရပ်တည် မနေနိုင်ကြပါဘူး။ တစ်ဦးတစ်ယောက်တည်း ရပ်တည် နေရန်လည်း မဖြစ်နိုင်ပါဘူး။ ဒီတော့ လူအများနဲ့ ပေါင်းသင်းဆက်ဆံနေကြရ ပါတယ်။ မပေါင်းသင်း မဆက်ဆံချင်လို့လည်း မရနိုင်ပါဘူး။ လူတို့အတွက်လိုအပ်တဲ့ စားဝတ် နေရေးတွေအတွက် လူနဲ့လူချင်း ပေါင်းသင်းဆက်ဆံနေကြရပါတယ်။ ဒီလိုပေါင်းသင်းဆက်ဆံ ကြတဲ့နေရာမှာ မိမိတို့အတွက် အမှန်တကယ်လိုအပ်တဲ့ မိတ်ကောင်း ဆွေကောင်းတွေလိုအပ် ကြမှာဖြစ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းများနဲ့ တွေ့ဆုံကြမယ်ဆိုရင်တော့ အမှန်ပင် ၀မ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။ မိတ်ကောင်း ဆွေကောင်းမဟုတ်ကြဘဲ မိတ်ဆွေတု မိတ်ဆွေယောင်တို့နဲ့ ပေါင်းသင်းဆက်ဆံမိမယ်ဆိုရင်တော့ အင်မတန် စိတ်မကောင်းစရာ ဖြစ်မှာလည်း အမှန်ပင်ဖြစ်ပါတယ်။ မိတ်ဆွေကောင်းများနဲ့ပတ်သက်ပြီး အရင်ကလည်း ရေးသားခဲ့ဘူးပါတယ်။ မိတ်ကောင်းမရှိရင် ဘယ်အလုပ်ပဲလုပ်လုပ် အောင်မြင်နိုင်ရန် ခက်ခဲ တတ်တဲ့အတွက် မိတ်ကောင်း ဆွေကောင်းများလိုအပ်ကြောင်းကို ထပ်ခါ ထပ်ခါ ရေးသားနေခြင်းဖြစ်ပါတယ်။


01.png

Image from google


ဘ၀ရပ်တည်မှုအတွက် မိတ်ဆွေကောင်းများလိုအပ်သကဲ့သို့ပင် Steemit တွင်လည်း မိတ်ဆွေကောင်းများ အမှန်ပင်လိုအပ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းဆိုတာရှိမှလည်း ဆိုးတူကောင်းဘက် တိုင်ပင်ဖော်တိုင်ပင်ဖက် ရရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာကို စီးပွားရေး ကုန်သွယ်မှုတွေ ပြုလုပ်ဖို့အတွက် ကမ္ဘာပတ်ပြီး မိတ်ဆွေရှာနေသူတွေ ယနေ့ခေတ်မှာ အများ အပြား မြင်တွေ့နိုင်ပါတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာမျိုးက အင်မတန်ပင် ပေးနိုင်ရန် ခက်ခဲသောအရာတို့အား မတွန့်မတို ပေးတတ်တယ်။ မိမိအနေနဲ့ စိတ်အခန့်မသင့်လို့ ပြောတာ ဆိုတာ လွန်ကျူးမိရင်လည်း နားလည် ခွင့်လွှတ် သည်းခံနေတတ်ကြတယ်။ မိမိရဲ့ လျို့ဝှက်သင့်တဲ့အရာတို့ကို မိမိနည်းတူ လျို့ဝှက်တတ်တယ်။ မိမိတို့ရဲ့ ကောင်းကြောင်းကိုသာ ပြောဆိုတတ်ပြီး မကောင်းကြောင်းကိုလုံးဝမပြောဆိုတတ်ကြဘူး။ အခြားသူများကပြောလာ ရင်လည်း မိမိဘက်ကနေ အတိုက်အခံလုပ်ပြောဆိုတတ်ကြတာ တွေ့ရပါတယ်။ ကိုယ်က နိမ့်ပါးပြီး အခြေအနေမကောင်းရင်လည်း မထီမဲ့မြင်မပြုတတ်ပဲ လူအား ဥာဏ်အား ငွေအား တစ်ခုခုနဲ့ အကူအညီပေးတတ်ပါသေးတယ်။ ဒီထက်မကလည်း သည်းခံနိုင်ကြပါတယ်။ အဲဒီလိုလူမျိုးတွေများ မိတ်ဆွေတို့ရဲ့ အပေါင်းအသင်းထဲမှာပါနေတယ်ဆိုရင် အဲဒီလူကို ဂရုစိုက်ပြီး မိတ်ဆွေကောင်းတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါတယ်။


04.png

Image from google


Steemit ခရီးလမ်းကလည်း မည်မျှအထိ ရှည်လျားမည်ကို မသိနိုင်သေးပါ။ ရှည်လျားဦးမည်ဟုတော့ ထင်ပါတယ်။ မည်မျှရှည်လျားသည်ဖြစ်စေ ကျွန်တော့်အနေနှင့်မူ စိတ်မပျက် ဇွဲမလျော့ပဲ ရှေ့ဆက်မှာဖြစ်ပါတယ်။ အလွန်ကောင်းသော အလွန်တော်သော Leader တစ်ယောက်နှင့်တွဲကာ ခရီးသွားနေရခြင်းဖြစ်သောကြောင့် ပူပင်ကြောင့်ကျမှုလဲ မဖြစ် မိတော့ပါ။ Leader သည် MSC တစ်ဖွဲ့လုံးအတွက် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ် သကဲ့သို့ မိတ်ဆွေကောင်းတစ်ဦးလည်းဖြစ်ပါတယ်။ MSC အတွက်လည်း ရေရှည်အကျိုး ဖြစ်ထွန်းမှုကို အချိန်တိုင်း တွေးတော လုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လည်း ပူပင်မှု မဖြစ်တာဖြစ်နိုင်ပါတယ်။ မကြာမီကာလမှာ MSC အဖွဲ့သားများအတွက် အကျိုး ဖြစ်ထွန်းနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဘာ့ကြောင့် ယုံကြည်မိသလဲဆိုရင် အဖွဲ့သားအားလုံးအတွက် အကျိုးဖြစ်စေရန်သာ Leader က အမြဲစဉ်းစားနေသောကြောင့်ပင် ဖြစ်ပါတယ်။ မအောင်မြင်ခင်ကာလအတွက်ကိုတော့ အဖွဲ့သားများ သည်းခံ ခရီးဆက်ရန် လိုအပ်ပါတယ်။ သည်းမခံနိုင်လို့ ထွက်ခွာကြသူများအား နှမြောမိပါတယ်။ သည်းမခံနိုင်လို့ ကော်ပီကူးသဖြင့် အဖွဲ့မှ ထုတ်ပယ်ခြင်းခံရသူများအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ သို့သော်လည်း ဘယ်သူမပြု မိမိမှုဆိုသကဲ့သို့ပင် မလုပ်သင့်မှန်းသိသော်လည်း လုပ်ကြခြင်းသာဖြစ်သောကြောင့် ကိုယ်တိုင်၏ အပြစ်သာလျှင်ဖြစ်ပါသည်။


02.png

Image from google


အထက်မှာပြောခဲ့သလိုပါပဲ။ လူ့ဘ၀မှာ တစ်ဦး တစ်ယောက်တည်း ရပ်တည်ရန် မဖြစ်နိုင်သကဲ့သို့ Steemit မှာလည်း တစ်ဦး တစ်ယောက်တည်း ရပ်တည်လျှင် အဆင်ပြေနိုင် မည်မဟုတ်ပါဘူး။ ဒီတော့ မိတ်ဆွေကောင်းများကို လက်လွတ်မခံသင့်ပါဘူး။ မိတ်ဆွေကောင်းများကို ရှာဖွေလက်တွဲနေရုံနဲ့လည်း မပြီးသသေးပါဘူး။ မိတ်ဆွေတု မိတ်ဆွေ ယောင်များကိုလည်း ရှောင်ရှားနိုင်မှသာ အောင်မြင်သော လမ်းခရီး သာယာသော လမ်းခရီး ဖြစ်မှာပါ။ ဒီတော့ မိတ်ဆွေတုများကိုလည်း ရှောင်ရှားနိုင်အောင် သတိထားကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုလူတွေက မိတ်ဆွေတုတွေလည်းဆိုတာ အလွယ်တကူ မသိနိုင်ကြပါ ဘူး။ မိတ်ဆွေမဆန်ပဲနဲ့ စိတ်ဓာတ်ကမူမမှန်၊ စိတ်သဘောထားကလည်း သေးသိမ်၊ လိုရင်တမျိုး မလိုရင်တစ်မျိုး၊ ရှေ့မှာ တစ်မျိုး နောက်ကွယ်တစ်မျိုး ဆက်ဆံတတ်တာက မိတ်ဆွေတု မိတ်ဆွေယောင်တွေရဲ့ အမူအကျင့်တွေပါပဲ။ ဒီလိုလူတွေကိုတော့ သတိပြု ရှောင်ရှားသင့်ပါတယ်။ Steemit မှာလည်း ကိုယ့်အကျိုးကို လိုလားသယောင်ပြုပြီး သူ့အကျိုး အတွက် အသုံးချသွားနိုင်တာတွေကိုလည်း သတိပြု ပေါင်းသင်းဆက်ဆံကြပေါ့။ ဒါမှလည်း သူများပန်းတိုင်ရောက်တဲ့အချိန် ကိုယ်လည်း ပန်းတိုင်ရောက်နိုင်ပါမယ်။ အဲလိုများ လူပေါင်းမှားခဲ့ရင်တော့ သူများပန်းတိုင်ရောက်ချိန်မှာ ကိုယ်ကတော့ ပန်းဝင်သွားသူတွေကို ငေးမော အားကျနေရုံကလွဲပြီး ဘာမှတတ်နိုင်တော့မယ်မဟုတ်ပါဘူး။


03.png

Image from google


မိမိတို့ကို ချစ်ပါတယ် ခင်ပါတယ် မြတ်နိုးပါတယ်ဆိုပြီး စကားတွေဖောင်ဖွဲ့ ကောင်းကင်နဲ့ မြေကြီးသက်သေတည်တယ်ဆိုတဲ့သူတွေက ကိုယ့်အတွက် ဘေးကျပ်နံကျပ်ဖြစ်နေချိန်မှာ ကိုယ်ဒုက္ခနဲ့တွေ့နေရချိန်မှာတော့ ကိုယ့်ဘေးမှာ ရပ်တည်ပေးနိုင်တဲ့သူ အများကြီးမရှိနိုင်ပါ ဘူး။ အဲဒီအများကြီးမရှိနိုင်တာက အဖိုးတန်နေတာပါ။ အဖိုးတန်တယ်ဆိုတာ ရှားပါးလို့ပါ။ အဲဒီလို ဒုက္ခတောထဲ ရောက်နေချိန်မှာ မိတ်ဆွေတု နဲ့ မိတ်ဆွေစစ် သိသာကွဲပြားခြားနား သွားတတ်ပါတယ်။ ဒုက္ခဆိုတာက မှတ်ကျောက်တစ်ခုဖြစ်လာမှာပါ။ ကိုယ်က အောင်မြင် ကျော်ကြားနေသူတစ်ယောက်၊ ချမ်းသာကြွယ်ဝနေသူတစ်ယောက်ဆိုရင်တော့ မိတ်ဆွေစစ် မိတ်ဆွေတုဆိုတာ ခွဲခြားရန်မလွယ်ကူပါဘူး။ ဒုက္ခကသာ မိတ်ဆွေတု မိတ်ဆွေစစ်ကို ခွဲခြား မှတ်ကျောက်တင်ပေးနိုင်ပါတယ်။ ငွေကြေးသုံးနိုင်ဖြုန်းနိုင်နေမယ်ဆိုရင် ဇနီးမယားဆိုတာက တောင် အစစ် အမှန် မသိနိုင်ပါဘူး။ ဒုက္ခနဲ့တွေ့ချိန်မှာ အချို့သော ဇနီးမယားဆိုသူများက လင်ယောက်ျားကို မခန့်လေးစားပြောဆိုဆက်ဆံတတ်သလို ပစ်ခွာထားခဲ့တဲ့အထိတောင် လုပ်တတ်ကြပါတယ်။ ဘ၀ခရီးလမ်းမှာ မိတ်ဆွေစစ်ကို လိုအပ်သလို Steemit မှာ လည်း မိတ်ဆွေစစ်တွေလိုအပ် ပါတယ်။ ဒီတော့ MSC ဟာ ချစ်မိတ်ဆွေတို့ရဲ့ Steemit ခရီးလမ်းအတွက် မိတ်ဆွေဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆုံးဖြတ်နိုင်ကြပါစေကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

24-Mar-2018 စနေနေ့(Saturday)