မသွားသူ မရောက်ပါ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


စာရေးကြပါ စာရေးကြပါ အခြားသူများအား တိုက်တွန်းနေကြရသော်လည်း တကယ်တမ်း စာများအား ဆက်တိုက်ရေးသားရန်မလွယ်ကူကြမှန်းသိနေကြမည်ဖြစ်ပါသည်။ စာရေးဆရာ စစ်စစ်များကိုယ်တိုင်ပင် ထိုသို့နေ့စဉ်ရက်ဆက် စာရေးသားကြရန်မလွယ်ကူနိုင်ပါချေ။ စာများကို အစီအစဉ်ကျနစွာ ရေးသားရန်၊ ၀တ္ထု ဆောင်းပါး ကဗျာ ကာတွန်းများ ရေးသားရန် အလွန်မလွယ်ကူသောအလုပ်ဖြစ်သည်မှာလည်း မှန်ကန်သောအရာတစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ Steemit Platform တွင် စာများရေးသားကြရာတွင် ထိုကဲ့သို့ အစီအစဉ်တကျ ရေးသားရန် တိုက်တွန်းနေကြခြင်းမဟုတ်ကြပါ။ မိမိတို့နှင့်သက်ဆိုက်ရာ ပတ်ဝန်းကျင်မှ အတွေ့အကြုံလေးများအားဖြစ်စေ၊ မိမိတို့လုပ်ငန်းခွင်မှ အလုပ်အကိုင်များ အကြောင်း၊ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းများအကြောင်းကို မျှဝေရေးသားနေကြခြင်းသာ ဖြစ်ပါသည်။ အစီအစဉ်ကျနချင်မှ ကျနပေမည်။ စာတစ်ပုဒ်ကို တစ်ရက်နှုံးဖြင့် နေ့စဉ် စာရေး နေကြခြင်းဖြစ်ရာ ရေးစရာ ကုန်ကြမ်းရှားပါးလာမှုလည်း ရှိလာနိုင်ပါသည်။ ထို့ကြောင့် သွားသတိ လာသတိဖြင့် ပတ်ဝန်းကျင်မှ ပြောသောစကားလေးများ နှင့် အတွေ့အကြုံလေး များအား တတ်နိုင်သမျှ မှတ်သားပြီး ပြန်လည်ရေးသားကြရမည်ဖြစ်ပါသည်။


02.png

Image from google


စာများအား ရေးသားကြရာတွင်လည်း စာလုံးပေါင်းသတ်ပုံမှန်ရန်သာ အဓိကထားနေကြရ ပါသည်။ ၀ါကျမှန်ရန်၊ စာပုဒ် စာပိုဒ်မှန်ရန် ဆောင်းပါးအစ ဦးဆောင်ဝါကျများ မှန်ကန်ရန်၊ ဆောင်းပါးကိုယ်ထည်ပိုင်း၊ ဆောင်းပါးနိဂုံးမှန်ကန်ရန် အများကြီးလေ့လာ သင်ကြားကြရဦး မည်ဖြစ်ပါသည်။ အချိန်တို့သည် တဖြည်းဖြည်းပြောင်းလဲလာသည်နှင့်အမျှ လူတို့၏ သက်တမ်သည်လည်း တဖြည်းဖြည်းပြောင်းလဲနေကြကုန်ပြီဖြစ်ပါသည်။ ယခုဆိုလျှင် ကျွန်တော် Steemit တွင် စာရေးလာသည်မှာ ၈ လကျော် ၉ လအတွင်းသို့ပင် ချဉ်းနင်း ၀င်ရောက်လာခဲ့ပြီဖြစ်ပါသည်။ တစ်ခါတစ်ရံ အချိန်တို့သည် ကုန်လွယ်လှသည်ဟု ထင်စရာ ဖြစ်တတ်သကဲ့သို့ တစ်ခါတစ်ရံတွင် အချိန်များသည် ကုန်ခဲလိုက်တာဟု ထင်စရာ ဖြစ်တတ်ပေသည်။ သို့သော် အချိန်သည် ပုံမှန်သာဖြစ်ပါသည်။ ကျွန်တော်တို့၏ စိတ်တွင်သာ တိုသည် ရှည်သည် မြန်သည် နှေးသည်ဟု ထင်မြင်နေခြင်းသာဖြစ်ပါသည်။ အချိန်များကုန်ဆုံး လာသည်နှင့်အမျှ Steemit တွင်စာရေးသူ အသစ်များ တိုးပွားလာသကဲ့သို့ အဟောင်းများ လည်း ကွယ်ပျောက်ကုန်ကြသည်ကို မြင်တွေ့ရပါသည်။ အသစ်များတိုးလာသောကြောင့် ၀မ်းမြောက်ဝမ်းသာရှိရသကဲ့သို့ အဟောင်းများပျောက်ကုန်သောကြောင့် ၀မ်းနည်းမိပါသည်။ ဒီနေရာမှာ ကြုံကြိုက်ပါသဖြင့် မြန်မာသတ်ပုံနှင့်ပတ်သက်သော ကဗျာလေးတစ်ပုဒ်အောက်မှာ ထည့်ပေးလိုက်ပါသည်။ ကဗျာဆရာမခင်နှင်းရည်(ရန်ကုန်တက္ကသိုလ်)ရေးသားထားသော ကဗျာလေးဖြစ်ပါသည်။ ကဗျာရဲ့ အမည်ကိုက သတ်ပုံကဗျာ လို့ပေးထားတာတွေ့ရပါသည်။ အသုံးတည့်နိုင်မည်ဖြစ်သောကြောင့် မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။


03.png


Steemit Platform တွင် Myanmar ဆိုသောအမည်နာမလေး ကောင်းကောင်းမွန်မွန်တည်ရှိနေနိုင်စေရန်လည်း MSC အဖွဲ့၏ Leader နှင့် Admin များမှ တတ်နိုင်သမျှ ကြိုးစားပေးနေကြပေသည်။ အဖွဲ့သားများအားလုံး၏ တိုးတက်အောင်မြင်ရေး၊ အဆင်ပြေစေနိုင်ရေးတို့အတွက်လည်း ရှေ့လုပ်ငန်းစဉ်များချမှတ်ဆောင်ရွက်လျက်ရှိသည်ကို လည်း အဖွဲ့သားတိုင်း သိရှိကြပြီးဖြစ်ပါသည်။ အမှန်တကယ်လည်း လူမှုရေး၊ စီးပွားရေး အဆင်ပြေစေရန်အတွက် Leader ၏ ဦးဆောင်မှုဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေကြပါသည်။ မြန်မာနိုင်ငံ၏ အသိအမှတ်ပြု တရားဝင်အဖွဲ့ဖြစ်ရေးသည် ပထမဦးဆုံးသော အကောင်အထည်ဖော်ရန် အရေးကြီးသည့် ရည်မှန်းချက်ဖြစ်ပါသည်။ တရားဝင်အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ပြီဆိုပါက အဖွဲ့သားများအား များစွာ အကူအညီ အထောက်အပံ့များ ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အတူ အဆင်မပြေနိုင်သေးသော အဖွဲ့ဝင်များ အားလည်း အကူအညီပေးလာနိုင်မည်ဖြစ်ပါသည်။ အားတင်းကာ စည်းကမ်းတကျ ကြိုးစား ထားကြရန်သာလိုပါသည်။ စည်းကမ်းမဖောက်ရန်လည်း အရေးကြီးပါသည်။ စည်းကမ်းမဖောက်မှလည်း အဖွဲ့ဝင်အဖြစ် တည်မြဲနေနိုင်မည်ဖြစ်ပါသည်။ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခြင်း ခံရသောအချိန်ကြမှ နောင်တရနေသော အမှားမျိုး မလုပ်မိကြစေရန်သည် လည်း အရေးကြီးသော အချက်တစ်ချက်ဖြစ်ပါသည်။


05.png

Image from google


ကျွန်တော်တို့၏ဘ၀ခရီးလမ်းသည်လည်း တဖြည်းဖြည်း တိုတောင်းလာနေသည်ကို သတိပြု ဆင်ခြင်နိုင်ကြပါစေ။ အသက်တမ်းသည်လည်း တဖြည်းဖြည်းတိုတောင်းလာမည်ဖြစ်ပါသည်။ လက်ရှိအချိန်ကို အကောင်းဆုံး အသုံးပြုရန်လိုအပ်ပါသည်။ ကျွန်တော်တို့ လုပ်ခဲ့ပြီးသော အတိတ်က အမှားများအား နောင်တများဖြင့် ပြန်လည်တနေခြင်းဖြင့် အကျိုးမရှိနိုင်ပါ။ မမြင်နိုင်သော အနာဂတ်အား မှန်းမျှော်ကြည့်ကာ စိုးရိမ်ပူပန်နေခြင်းဖြင့်လည်း မည်သည့် အကျိုးတရားမျှ ရရှိလာမည်မဟုတ်ပါ။ ကျန်းမာရေးဖောက်ကာ ရောဂါရသည်သာ အဖတ်တင် ကျန်နေရစ်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့တစ်တွေသည် လက်ရှိအချိန်တွင် စက္ကန့် တိုင်း၊ မိနစ်တိုင်းကို အကောင်းဆုံးဖြစ်အောင်ကြိုးစားသင့်လှပါသည်။ သို့မှသာ ယခုဘ၀သာ မက နောင်သံသရာထိ ကောင်းမွန်သော အကျိုးခံစားချက်များကို ရရှိခံစားကြရမည်ဖြစ်ပါ သည်။ သေခါနီးလူသည်အမှန်ကို ပြောတတ်သည်ဆိုသောစကားတစ်ခွန်းကို ကြားဘူးပါသည်။ လူတို့က သေခါနီးအချိန်တွင် အမှန်ကိုဖွင့်ပြောတတ်ကြသည်ဟုဆိုလိုရင်းဖြစ်ပါသည်။ သေတော့မှာကို သိသည့်အချိန်ကျမှ အမှန်ကို မပြောကြပဲ မသေခင်အချိန်ကပင် အမှန်ကို ပြောသင့်ပါသည်။ မှန်တိုင်းလည်း ကောင်းသည်မဟုတ်ပါ။ အကျိုးရှိသည်မဟုတ်ပါ။ အမြဲတမ်း အမှန်ကို ပြောနေရမည်ဟု မဆိုလိုပါ။ အကျိုးမဲ့စေသော အမှန်ကို သို့တည်းမဟုတ် မည်သူမျှအကျိုးမရှိသော အမှန်ကိုမူ မပြောလျှင် အကောင်းဆုံးဖြစ်ပါသည်။


04.png

Image from google


Leader အမြဲပြောနေသကဲ့သို့ပင် Steemit သည် ရေတိုခရီးမဟုတ်ပါ။ ရေရှည်သွားရမည့် ခရီး လမ်းဖြစ်ပါသည်။ ထို့ကြောင့် ခဏတာအချိန်ကို ကြည့်ခြင်းဖြင့် အကျိုးအမြတ်ကို မဆုံးဖြတ်ကြ စေလိုပါ။ ရေရှည်ခရီးဖြစ်သည့်အတွက် မိမိတို့ကိုယ်တိုင်က လုံလောက်သော ဇွဲ လုံ့လ ၀ီရိယ တို့ထားမှသာ ခရီးပေါက်နိုင်မည်ဖြစ်သကဲ့သို့ ပန်းတိုင်ကိုလည်းရောက်နိုင်မည်ဖြစ်ပါသည်။ အကောင်းဆုံးကြိုးစားကြခြင်းဖြင့် ခရီးဆက်နေကြရမည်ဖြစ်ပါသည်။ ချက်ချင်းလက်ငင်း သူဌေးဖြစ်မည်မဟုတ်သေးသော်လည်း ထိုက်သင့်သော အထောက်အပံ့လေးများဖြင့် မိမိတို့ အား တစ်ဖက်တစ်လမ်းမှ ငွေကြေးအကူအညီလေးများ ရရှိခံစားနေကြရပြီဖြစ်သည်ကို လူတိုင်း မြင်နိုင်ပါသည်။ ခရီးမည်မျှရောက်သည်က အရေးမကြီးပါ။ သွားနေရန်သာ အရေးကြီး ပါသည်။ သွားနေသူသည် တစ်ချိန်ချိန်တွင် ပန်းတိုင်သို့ ရောက်မည်မှာ သေချာပါသည်။ မသွားသူများအတွက်မူ ပန်းတိုင်နှင့် ဝေးမြဲဝေးနေမည်ဖြစ်ပါကြောင်း ရေးသားရင်းဖြင့် နိဂုံးချုပ် လိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

15-Mar-2018 ကြာသပတေးနေ့(Thursday)