မျှဝေခြင်း (Sharing)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



sharing copy.png

Image from google


Steemit Platform တွင် နည်းအမျိုးဖြင့် ငွေရှာနေကြပါကုန်သော ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ... ယခုအခါမှာ ကျွန်တော်တို့အတွက် အခြားနိုင်ငံများမှ အကူအညီပေးထားသော Promotion အစီအစဉ်မရရှိနိုင်သေးသော ကာလဖြစ်နေပါတယ်.... ဒီတော့ ဘာတွေဖြစ်ကုန်ကြသလဲ... Promotion မရတာ့ SBD နဲ့ SP လေးတွေ အရနည်းတော့ Post တင်ချင်တဲ့သူတွေ နည်းနည်းလာတာကိုတွေ့ရတာပေါ့... စာရေးရန်အချိန်မရသူများကိုတော့ မပြောလိုပါ... စာရေးရန်အချိန်ရသူများကတော့ တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ Post လေးတွေ တင်သင့်တယ်လို့ထင်တယ်ဗျ... သူများဟာတွေတော့ copy မကူးနဲ့ပေါ့ဗျာ... copy ကူးရင်တော့ cheetah နဲ့တွေ့ပီး ရသမျှကုန်ပီး အကျိုးမရှိဖြစ်မယ်ပေါ့ဗျာ... ဒါမှမဟုတ် စာရေးရန်မအားလပ်သူများဖြစ်နေကြရင်လည်း ရေးနိုင်သူများ ရေးတင်နေသော Post များကို vote နဲ့ comment လေးတွေ လုပ်ပေးမေယ်ဆိုရင် ထိုက်သင့်တဲ့ ၀င်ရေးနေမယ်ဆို ထိုက်သင့်တဲ့ ဆုလာဒ်လေးတွေ ရနေမယ်ဆိုတာကို မေ့များနေကြလေသလားမသိဘူးဗျ... ကိုယ်တိုင် Post မတင်တော့ရင် vote လည်း မပေးတော့သလို Comment တွေလည်း ၀င်မရေးတော့တာ တွေ့ရတယ်ဗျ... ခုနှစ်ရက်မပြည့်မချင်း vote and comment လုပ်လို့ရပါတယ်ဗျာ... ခုနှစ်ရက်အချိန်ရပါတယ်ဗျ...


vote and ment.png

Image from google


နောက်တစ်ခုက ကျွန်တော့်သတိထားမိတာလေးတစ်ခုလောက်ပြောအုံးမယ်ဗျ... Promotion ရှိနေတုံးကတည်းက သတိထားမိတာလေးတစ်ခုပေါ့ဗျာ.... အချို့သောသူတွေက သူတို့တင်ထားတဲ့ Post ကို vote မပေးရင် comment ၀င်မရေးမိရင် အခြားသူတွေကိုလည်း ၀င်ပြီး vote ပေးတာ comment မရေးတာလေးတွေကို မြင်ရပါ တယ်... စိတ်မကောင်းစရာတစ်ခုလို့မြင်မိပါတယ်... ငါ့ကို လာပြီး vote မပေးရင် comment လာမရေးရင် ငါလည်း သူတို့ကို vote မပေးဘူး... comment မရေးဘူးလို့များ ဆုံးဖြတ်ထားကြသလားတော့မသိဘူး... သူတို့ တင်ထားတဲ့ post ကိုသွားပြီး vote and commet လုပ်လိုက်မှ ပြန်ပီး vote and comment လေးလာတတ်တဲ့ သူတွေကိုလည်း မြင်ရတယ်ဗျ... ခု Promotionf မရှိတဲ့အချိန်ဆိုပိုပြီး မြင်နေရပါတယ်... ငါက post မတင်နိုင်ဘူး... ဒီတော့ သူများလည်း သွားမ vote and comment မရေးနိုင်ဘူးတွေတော်တော်များနေတာကို စိတ်မကောင်းစရာ မြင်နေရပါတယ်... တကယ်တမ်းပြောရမယ်ဆိုရင် မြန်မာအားလုံးပေါင်းပြီး vote ရင်တာင်မှ 1 SBD မရနိုင်လောက်သေးသောအခြေအနေပါ... အခုလက်ရှိအနေနဲ့ မြန်မာတွေရဲ့ vote တစ်ချက်က ဘာမှ မက်လောက်စရာမရှိတာ လူတိုင်းသိပါမယ်... ဒါပေမယ့် ပီတိလို့ ခေါ်လေမလား... ပျော်ရွှင်မှုလေးတစ်ခုရတာ ပေါ့... အားလေးတစ်ခုရှိသွားတာပေါ့... လာပြီး vote မလုပ်ကြလဲ မြန်မာ vote တစ်ချက်ကဘာမှ သိပ်မလျော့ သွားသလို လာ vote လဲ ဘာမှ သိပ်သိသိသာသာ တိုးမလာပါဘူး... တစ်ယောက်နဲ့ တစ်ယောက် အပြန်မလှန် အားပေးတဲ့ အားဆေးတစ်ခွက်အဖြစ်ပါ... vote and commetn လုပ်ပေးကြပါလို့လည်း သိပ်မတိုက်တွန်းချင်တော့ ပါဘူး... မိမိတို့ရဲ့ စိတ်သဘောထားအတိုင်းသာ ရှိကြပါစေဗျာ... MSC ကိုချစ်ကြတဲ့သူတိုင်းကတော့ ရသမျှအချိန်လေး တွေထဲကနေ မြင်သမျှ မြန်မာ post မှန်သမျှတွေကို vote and comment လေးတွေရေးပြီး အားပေးနေကြပါတယ်... MSC ကိုဆွဲတင်ဖို့လည်း ကြိုးစားနေကြပါတယ်... vote မပေးနိုင်ရင်တောင် comment လေးတွေ ရေးနေကြပါတယ်... တွေ့နေရတာလေးတွေကို ရေးချမိခြင်းဖြစ်ပါတယ်... လူတိုင်းကိုတော့ မဆိုလိုပါ...


sadsadf.png

Image from google


အခုကျွန်တော်ရေးချင်တာကလေးတစ်ခုက နည်းပညာသမားများက ချပြနေကြတတ်တဲ့ bot ဆိုတာလေးတွေနဲ့ အလုပ်လုပ်ကြည့်ကြပါလို့ပြောချင်တာက အဓိကပါ... အခုလို promotion မရသေးတဲ့အချိန်မှာ နည်းလမ်းတွေကို ရှာကြံကြပါ... အဆင်ပြေပြေနဲ့တွေ့တဲ့နည်းလမ်းလေးတွေကိုလည်း အဖွဲ့သားများအား ချပြပေးကြမယ်ဆိုရင် ကျွန်တော်တို့ MSC လည်း တည်တံ့နိုင်အုံးမယ်ထင်ပါတယ်... ဒါကြောင့် bot လေးတွေကိုသုံးပြီး SBD ကိုရှာပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်... မည်သို့သော bot ကိုသုံးပြီးဘယ်လို ငွေတိုးအောင်လုပ်မလဲဆိုတာတော့ ကိုယ်တိုင်စဉ်းစားလုပ်ကိုင်ကြရမှာပါ... အခြားသော ဆရာသမားများရေးထားသော bot တွေကို အသုံးပြုရမယ့် နည်းလမ်းတွေအကြောင်း ရေးထားတာတွေကိုလေ့လာဖတ်ရှုလုပ်ကိုင်ကြမယ်ဆိုရင် ထိုက်သင့်သလောက်တော့ အကျိုးအမြတ်ရမှာ အမှန်ပါဘဲဗျ... နားလည်တာကတော့ vote အကူအညီတောင်းတာပဲ... ဘယ်လိုအကူအညီ တောင်းတာလဲဆိုတော့ ကိုယ့်မှာ ရှိတဲ့ SBD ထဲကနေ သူ့ကို 1 SBD ဖိုးလောက် vote အကူအညီပေးပါပေါ့... အလကားတော့လာပြီး vote ဘူးဗျ... ဒါပေမယ့် ကိုယ်ရင်းထားတာထက်တော့ပိုရကြပါတယ်... ကိုယ်ရင်းတာထက် ဘယ်လောက်ပိုရမယ်ဆိုတာတော့ သေချာပြောမရဘူး... ပိုတော့ရကြတာပါပဲ... နည်းတာ များတာတော့ ကွာမှာပါ... ကျွန်တော်လုပ်ခဲ့တဲ့နည်းလမ်းလေးကို မျှဝေပေးလိုက်ချင်ပါတယ်...


Screenshot_62.png


Screenshot_61.png


ကျွန်တော်စမ်းသုံးခဲ့တာကတော့ နှစ်ခုပါဗျ... buildawhale နဲ့ boomerang ပါ... အကူအညီတောင်းပုံကလူအတော်များများသိပြီးဖြစ်ပါမယ်... မသိသေးသူများအတွက် ပြောပြပေးပါမယ်ဗျာ.... ကျွန်တော့်မှာ SBD အများကြီး ရှိမနေပါဘူး... ဒီတော့ နဲနဲပဲပေးလို့ရတဲ့ vote helper ကို ရှာရတာပေါ့... bildawale ကတော့ အနည်းဆုံး 1 SBD လွှဲပေးပြီး vote ခိုင်းရတယ်ဗျ... boomerang ကတော့ 0.05 ကနေစပီး vote ပေးခိုင်းလို့ရပါတယ်ဗျ... ကျွန်တော်ကတော့ bidawale ကို အနည်းဆုံးဖြစ်တဲ့ 1 SBD ပို့ပေးပြီး vote တောင်းပါတယ်.... boorerang ကိုတော့ 0.5 SBD ပို့ပေးပြီး vote တောင်းပါတယ်... SBD တွေအများကြီး မသုံးစေချင်ပါဘူး... သိပ်ကွာခြားမှု မရှိဘူးထင်လို့ပါ... အောက်မှာ သူတို့ဆီ က vote မရသေးခင်အချိန်နဲ့ post ကို vote ပြီးတဲ့အချိန်မှာ ရတဲ့ SBD ကိုပြထားပါတယ်ဗျာ... လေ့လာကြည့်ပါ... ကျွန်တော်ကတော့ bildawale ဆီကို 1 SBD ပို့ပြီး vote အကူအညီတောင်း၊ boomerange ဆီကို 0.5 ပို့ပြီး vote အကူအညီတောင်း။ ဒါဆို ကိုယ်က 1.5 SBD ကုန်ကျသွားတာပေါ့နော်... ဘယ်လောက်ပြန်ရလဲဆိုတာတော့ အောက်မှာ သူတို့ vote ကို ပြထားပါတယ်...


bot.png


ဒီလို SBD ပြန်ရခြင်းမရခြင်းကလည်း သူတို့ရဲ့ SP(Steem Power) နဲ့လည်းဆိုင်ပါမယ်ဗျ... ကိုယ်က vote တောင်းသင့် မတောင်းသင့်ကို စစ်ကြည့်ချင်တယ်ဆိုရင်တော့ Steem Now မှာ ၀င်ကြည့်ပြီး စစ်နိုင်ပါတယ်ဗျ... အောက်ဆုံးအဆင့် 1% နဲ့ လာ vote ရင် ကိုယ်ဘယ်လောက်ပြန်ရနိုင်မလည်းဆိုတာ စစ်ကြည့်ပေါ့... အမြတ်ရနိုင်မယ်ထင်မှ ပို့လည်းဖြစ်ပါတယ်... အချိန်လည်း တစ် နာရီ သို့မဟုတ် နှစ် နာရီ လောက်တော့စောင့်ရတတ်ပါတယ်... စိတ်ရှည်ရှည်ထားပြီး စောင့်လိုက်ပါ... အောက်ပါ SP(Steem Power) ၀င်ကြည့်ဖို့အတွက် Steem Nowကိုနှိပ်ပြီး ကြည့်ရ ပါမယ်... အောက်မှာ ပြထားပါတယ်... စစ်ကြည့်ကြပါ... မသိသေးတဲ့သူတွေကိုပြောတာပါနော်... ဆရာတွေမပါဘူး... ဒီလင့်ကို နှိပ်ပြီးဝင်ရင်လည်းအတူတူပါပဲ.... https://www.steemnow.com


bot 1.png


ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ... အဆင်ပြေပြေနဲ့ Steem Platform မှာ လျောက်လှမ်းနိုင်ကြပါမယ်... ဒီနည်း လေးတွေနဲ့ အဆင်ပြေမယ်ဆိုရင်တော့ မိမိတို့တစ်ယောက်စာအတွက်တော့ သေချာပေါက်အဆင်ပြေ သွားနိုင်ပါ လိမ့်မယ်... အမြဲတမ်းတော့မဟုတ်နိုင်ပါဘူး... အခုလောလောဆယ်မှာ အဆင်ပြေနိုင်တဲ့နည်းလေး တစ်ခုလို့ဘဲ ပြောရမယ်ပေါ့... ဒီအချိန်မှာ အရေးကြီးတာကတော့ တစ်နေ့ကို post တစ်ခု တင်ဖြစ်အောင်တင်လိုက်ပြီး ကိုယ့်မှာ ရှိနေတဲ့ SBD ကို အသုံးပြုပြီး vote အကူအညီယူပြီး အဆင်ပြေအောင်လုပ်ခြင်းပဲဖြစ်ပါတယ်... တစ်ယောက်ချင်းစီက အဆင်ပြေနေပြီဆိုရင် MSC ကြီးလည်း ပြန်လည်စည်ကားလာမယ်လို့လည်း ထင်ပါတယ်ဗျာ... အဆင်ပြေ အောင်မြင်နိုင်ကြပါစေဗျာ...


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

10-12-2017 တနင်္ဂနွေနေ့(Sunday)