မှတ်သားဖွယ် ဒေါ်လာ $ အကြောင်း (About Dollar and Dollar Sign)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



about dollar sign copy.png

Image from google


ယခုတစ်ခေါက်တော့ ဘာရယ်မဟုတ် လူတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဟု ပြောရလေမည်လားမသိသော၊ လူတို့၏ အချစ်ခင်ဆုံးကို ခံယူနေသော အချစ်တော်ကြီးဟုပြောရလေမည်လား မသိသည့် အမေရိကန်ဒေါ်လာရဲ့ အကြောင်းကို မှတ်သားဖူးသမျှလေးများကို အနည်းငယ်သော ဗဟုသုတရရှိစေရန်ရည်ရွယ်ချက်ဖြင့် ရေးသားလိုက်ပါသည်။ အမှားအယွင်းများအား သည်းခံကြပါကုန်။ ထောက်ပြကြပါကုန်။ ဝေဖန်ပေးကြပါကုန်။

ကမ္ဘာပေါ်တွင်ရှိသော ကမ္ဘာ့နိုင်ငံအတော်များများသည် အမေရိကန်ဒေါ်လာကို စံငွေကြေးတစ်ခုအဖြစ်သတ်မှတ် အသုံးပြုကြကြောင်း လူတိုင်းသိရှိကြပေလိမ့်မည်ထင်ပါသည်။ အဓိကအသုံးပြုသော နိုင်ငံများကတော့ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ မက္ကဆီကိုတို့ဖြစ်ကြကြောင်းကိုသိရှိမှတ်သားခဲ့ဖူးပါသည်။ ကမ္ဘာ့နိုင်ငံအတော်များများတွင် အမေရိကန်ဒေါ်လာကို အသုံးပြုနေကြသော်လည်း အမေရိကန်ဒေါ်လာ၏ ငွေကြေးသင်္ကေတဖြစ်သော $ ဘယ်ကစလာခဲ့သည်ကိုမူ စိတ်ဝင်စားသူ နည်းမည်ထင်ပါသည်။ စိတ်ဝင်စားခဲ့သူများလည်း ရှိနေနိုင်ပါသည်။ ယခုစာအား အမေရိကန်ဒေါ်လာ၏ သင်္ကေတသည် မည်ကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်ကို ဗဟုသုတအဖြစ် ဟိုမှ သည်မှ ဖတ်မှတ်ကာ စုစည်းတင်ပြပေးလိုက်ပါသည်။ အမှားအယွင်းများပါရှိပါက မပြည့်စုံသော ကျွန်တော့် ဗဟုတကြောင့်ဟုသာ မှတ်ယူကြပါကုန်လော့၊ ခွင့်လွှတ်ကြပါကုန်လော့ ချစ်မိတ်ဆွေအပေါင်းတို့ခင်ဗျာ။ အမေရိကန်ဒေါ်လာသည် စိတ်ဝင်စားစရာကောင်းလှသကဲ့သို့ ငွေကြေးသင်္ကေတဖြစ်သော $ ဖြစ်ပေါ်လာခြင်း သည်လည်း စိတ်ဝင်စားစရာကောင်းလှသည်ဟု ပညာရှင်အများစုက ဆိုကြပါသည်။ ကျွန်တော်အနေဖြင့် ဗဟုသုတအဖြစ် မှတ်သားဖတ်ရှုခြင်းမှလွဲပြီး အခြားသောအကြောင်းအရာများကိုမူ နားလည်နိုင်စွမ်းမရှိပါကြောင်း ကိုလည်း ၀န်ခံအပ်ပါသည်။


Dollar

On 15 January 1520, the Czech Kingdom of Bohemia began minting coins from silver mined locally in Joachimsthal (Czech Jáchymov) and marked on reverse with the Czech lion. The coins were called joachimsthaler, which became shortened in common usage to thaler or taler. The German name "Joachimsthal" literally means "Joachim's valley" or "Joachim's dale". This name found its way into other languages: Czech tolar, Hungarian tallér, Danish and Norwegian (rigs) daler, Swedish (riks) daler, Icelandic dalur, Dutch (rijks) daalder or daler, Ethiopian ታላሪ ("talari"), Italian tallero, Greek τάλληρον, τάλιρο, tàlleron, tàliro, Polish talar, Persian dare, as well as – via Dutch – into English as dollar.

For more information: Dollar_Wikipedia အင်္ဂလိပ်စာကိုလည်း ကျွမ်းကျင်ပြီး ဒေါ်လာအကြောင်းကို စိတ်ဝင်စားသည်ဆိုပါက ၀င်ရောက်ဖတ်ရှုကြည့်နိုင်ကြပါသည်။


country.png

Image from google


ဒေါ်လာ ဟူသောစကားလုံးသည် ရှေးဟောင်း ဂျာမန်ငွေဒင်္ဂါး Thaler မှ ဆင်းသက်လာသည်ဟု မှတ်သားခဲ့ဖူးပါသည်။ Thaler မှာ Joachimsthalar ၏ အတိုကောက်ဖြစ်သည်။ Joachimsthaler သည် ဗိုဟီးမီးယားနိုင်ငံBohemia မှ မြို့ငယ်လေးတစ်မြို့ဖြစ်၍ ၎င်းမြို့အနီး တွင် (၁၆) ရာစု နှစ်အစပိုင်းလောက်က အလွန်အောင်မြင်သည့် ငွေသတ္တုတွင်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။ ထိုမြို့မှ မြေရှင်ပဒေသရာဇ်များသည် ငွေသတ္တုများဖြင့် ငွေဒင်္ဂါးများ သွန်းလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။ မြေရှင်ပဒေသရာဇ်တို့ထုတ်လုပ်သော ငွေဒင်္ဂါးများသည် အရည်အသွေးအလွန် ကောင်းမွန်သဖြင့် တိုတောင်းလှသောအချိန်အတွင်း ဥရောပနိုင်ငံအများအပြားတွင် လက်ခံသုံးစွဲလာခဲ့ကြရာမှ သုံးစွဲမှု ကျယ်ပြန့်လာသည်ဟု ဆိုပါသည်။ ထိုဒင်္ဂါးနှင့်အလားတူ ထုတ်လုပ်သောငွေဒင်္ဂါးများကို Joachimsthaler ဟုခေါ်၍ အတိုကောက် Thaler ဟုခေါ်ခဲ့ကြသည်ဟုဆိုပါသည်။


1.png

Image from google


ထိုကဲ့သို့ပင် ထိုငွေဒင်္ဂါးများနှင့် တန်ဖိုးအားဖြင့်တူညီသည့် ငွေဒင်္ဂါးများကို စပိန်နိုင်ငံတွင် သွန်းလုပ်သုံးစွဲခဲ့ကြသည်။ ထိုဒင်္ဂါးတို့တွင် အစိတ်အပိုင်းငယ် ရှစ်ခု ပေါင်းစပ်ထားသဖြင့် ရှစ်ပိုင်းဒင်္ဂါးဟု ခေါ်ဆိုခဲ့ကြပါသည်။ စပိန်ဒင်္ဂါးများကို သူတို့၏ကိုလိုနီနိုင်ငံများဖြစ်သော မြောက်အမေရိကနှင့် တောင်အမေရိက နိုင်ငံတို့တွင် လွတ်လပ်စွာဖြန့်ဝေသုံးစွဲခဲ့ကြသည်ဟုဆိုပါသည်။ တောင်အမေရိကနိုင်ငံတွင် ၎င်းတို့ကို ဒေါ်လာ ဟုခေါ်ဆိုသည်။ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းတည်ထောင်ပြီးသောအခါတွင် စပိန်ငွေဒင်္ဂါး၏ ယူနစ်ကိုအခြေခံ၍ ဒေါ်လာဟူသော အမည်ဖြင့်ပင်သုံးစွဲခဲ့ကြကြောင်းသိရှိရပါသည်။ ဒေါ်လာငွေတွင် ယခင်စပိန် ဒင်္ဂါးတွင်ပါရှိသည့် အပိုင်း ၈ ပိုင်း အင်္ဂလိပ်ဂဏန်း 8 ကိုဖော်ပြသုံးစွဲခဲ့သည်ဟုဆိုပါသည်။


Origins of the dollar sign

Main article: Dollar sign § Origin

The sign is first attested in business correspondence in the 1770s as a scribal abbreviation "ps", referring to the Spanish American peso,[11][12] that is, the "Spanish dollar" as it was known in British North America. These late eighteenth- and early nineteenth-century manuscripts show that the s gradually came to be written over the p developing a close equivalent to the "$" mark, and this new symbol was retained to refer to the American dollar as well, once this currency was adopted in 1785 by the United States.

For more information : https://en.wikipedia.org/wiki/Dollar


hercules.png

Image from google


အင်္ဂလိပ်ဂဏန်းသင်္ကေတ 8 မှာ အင်္ဂလိပ်အက္ခရာ $ နှင့် တူပါသည်။ သင်္ကေတပေါ်တွင် မျဉ်းကြောင်းနှစ်ကြောင်းဖြတ်ထားသည်။ အဓိပ္ဖာယ်မှာ မက်ဒစ်တာရိန်းနီးယန်း နှင့် အတ္တလန်တစ်ဒေသကြား စပိန်နိုင်ငံတောင်ဖက်အစွန်းတွင်ရှိသော တံခါးပေါက်မှ ရောမသူရဲကောင်းကြီးဖြစ်သော လူသန်ကြီး ဟာကြူလီ Hercules၏ ယက်မတိုင်ကြီးများအား ကိုယ်စားပြုသည်ဟု လည်းဆိုပါသည်။ ဒေါ်လာသင်္ကေတ $ သည် လူအများစု ထင်မှတ်ယူဆကြသကဲ့သို့ အင်္ဂလိပ်အက္ခရာ S နှင့်လုံးဝပတ်သက်ခြင်းမရှိဟုဆိုပါသည်။ ထို့အတူပင် လူအများမှတ်ယူထားသော အင်္ဂလိပ်အက္ခရာ U နှင့် S ပေါင်းစပ်ထားခြင်းလည်းမဟုတ်ကြောင်းကိုလည်း သိရှိရပါကြောင်း ရေးသားတင်ပြရင်းဖြင့် ရပ်နားလိုက်ရပါသည်။ ဗဟုသုတတိုးပွားနိုင်ကြပါစေ။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

8-12-2017 သောကြာနေ့(Friday)