ငလျင်ဗဟုသုတ (A Few Knowledge Of Earthquake)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


00.png


ကျွန်တော်တို့ယခုအသုံးပြုနေသော Steemit Platform တွင် အသိပညာရှင်၊ အတတ်ပညာရှင်များ နည်းပါးနေသည်လား သို့တည်းမဟုတ် ပါရှိခြင်းပင်မရှိလေသည်လားမသိပါ။ ပညာရပ်ဆိုင်ရာ သတင်းများ၊ နှိုးဆော်တိုက်တွန်းချက်များ ရေးသားကြသည်ကို မတွေ့မြင်ရသလောက်နည်းပါး ကြပါသည်။ ကျွန်တော်ကဲ့သို့ပင် ဟိုစပ်စပ် ဒီစပ်စပ်ဖြင့် ဟိုမရောက် ဒီမရောက် ရေးသားကြသူများသာ ရှိမည်ထင်ပါသည်။ ကျန်းမာရေးအကြောင်း နှင့် ဆေးပညာအကြောင်းကို သိသမျှ ပြန်လည်ဝေမျှခြင်း အဆင့်လောက်သာ ရှိမည်ထင်ပါသည်။ အမှန်တကယ် တတ်ကျွမ်းနားလည်သူ ပညာရှင်များ Steemit Platform သို့ ၀င်ရောက်လာခြင်းမရှိဟုလည်း ယူဆမိပါသည်။ Steemit Platform သို့ဝင်ရောက်လာ ကြသူများသည် ငွေရှာရန်အတွက် သီးသန့်သာဖြစ်နေသေးသည်ထင်ပါသည်။ သို့အတွက် အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ သတင်းသမားများ၊ စာရေးဆရာများ ရောက်ရှိလာလျှင် ပိုမို ကောင်းမွန်လာမည့်အပြင် Steemit Platform သည်လည်း ပိုမိုတိုးတက်အောင်မြင်နိုင်မည်ဟုလည်း ထင်မြင်မိပါသည်။ ထို့ကြောင့် အသိပညာရှင် အတတ်ပညာရှင် တို့အကြားတွင် Steemit Platform သိရှိရန်လိုအပ်မည်ထင်ပါသည်။ မြန်မာအနေဖြင့်လည်း ထို့အတူပင်ဖြစ်မည်ထင်ပါသည်။ ယခုကျွန်တော်အနေဖြင့် ငလျင်နှင့်ပတ်သက်သော အကြောင်းအရာအချို့အား မျှဝေလိုသောကြောင့် အချက်အလက်များကို လိုက်လံစုစည်းကာ မျှဝေပေးလိုက်ပါသည်။ ကိုယ်တိုင်က ငလျင်ပညာရှင် မဟုတ်သောကြောင့် အခြားသော စာများအား မှီငြမ်း ကိုးကား ရေးသားခြင်းသာဖြစ်ပါသည်။ သိသမျှအား ဗဟုသုတအဖြစ် ဖော်ပြပေးလိုခြင်း၊ ငလျင်ဘေးအန္တရာယ်မှ လူအများ တတ်နိုင်မသမျှ ကင်းလွတ်စေလိုခြင်း စိတ်စေတနာဖြင့် ရေးသားလိုက်ခြင်းသာ ဖြစ်ပါသည်။


02.png


သဘာဝ၏ဘေးအန္တရာယ်များတွင် အချို့သည် ကြိုတင်သိရှိနိုင်သော်လည်း ကမ္ဘာပေါ်တွင် ငလျင်လှုပ်မည်ကို ယခုအချိန်ထိ ကြိုတင်မသိရှိနိုင်ကြသေးကြောင်းသိရှိရပါသည်။ ထိုအကြောင်း ကိုလည်း လူအများသိရှိပြီးဖြစ်ပါသည်။ ငလျင်များ အဘယ့်ကြောင့်လှုပ်ကြပါ သနည်း။ ကမ္ဘာ့မြေထု၏ အပေါ်ယံမြေလွှာ နှင့် ကျောက်လွှာချပ်များ နေရာရွှေ့ရှား တွန်းတိုက်သောကြောင့် မြေငလျင်များဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ထိုအကြောင်းကိုလည်း လူတိုင်း အကြမ်းအားဖြင့် နားလည်ကြပြီးဖြစ်ပါသည်။ ငလျင် အကြောင်းမရေးမီ ကမ္ဘာမြေထုကြီး၏ တည်ဆောက်ပုံကို နားလည်ထားလျင် ပိုမိုကောင်းမည်ဟုထင်ပါသည်။ ငလျင်လှုပ်ခြင်းအတွက် ကမ္ဘာကြီးသည် လုံးဝန်းသည်ဆိုသော အယူအဆကို လက်ခံရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သိပ္ပံပညာရှင်များ၏ အယူအဆများသည်လည်း ကမ္ဘာအား အလုံးနှင့် ရှင်းပြ ထားသောကြောင့်ဖြစ်ပါသည်။

ကမ္ဘာလုံးကြီးတွင် အဓိက အလွှာကြီး (၄)လွှာ ရှိသည်ဟုဆိုပါသည်-

► အတွင်းဆုံးကျသောအပိုင်းတွင် သံ၊ နီကယ်အများဆုံးပါဝင်ပြိး ဖွဲ့စည်းတည်ဆောက်ထားသည့် အတွင်းအနှစ်အမာ(Inner Core)
► အတွင်းအနှစ်မာကို ဖုံးအုပ်ထားသော အပြင်အနှစ်အရည်(Outer Core)
► အတွင်းအမာပိုင်း၏ အပေါ်တွင် ချော်ရည်ပူလို့ခေါ်တဲ့အရည်(Mantle)
► အပေါ်ဆုံးမှာကတော့ ကျောက်ချပ်လွှာတွေရှိတဲ့ အပေါ်ယံမြေလွှာ(Crust) တို့ဖြစ်ပါသည်။

ကျွန်တော်တို့နေထိုင်ရတာကတော့ အဲဒီလို အလွှာများနဲ့တည်ဆောက်ထားတဲ့ အပေါ်ဆုံးမြေလွှာပေါ်မှာ ဖြစ်ပါသည်။ အပေါ်ဆုံးမြေလွှာတွင် ကျောက်ချပ်များ ပါရှိနေပါသည်။ ကျောက်ချပ်များသည် အလွန်ကြီးမားကြပါသည်။ ထိုကျောက်ချပ်လွှာများရှိနေသည့် ကျွန်တော်တို့ နေထိုင်သည့် အပေါ်ယံမြေလွှာသည် ချော်ရည်ပူများပေါ်တွင် ပေါလောမျောနေခြင်းဖြစ်ပါသည်။ စဉ်းစားကြည့်နိုင်ပါသည်။ ပေါလောမျောနေခြင်းသည် အလွယ်တကူရွေ့လျားနိုင်သည်မဟုတ်ပါလား။ ကျောက်ချပ်ကြီးများက အလွန်ကြီးမားနေသောကြောင့်သာ အလွယ်တကူ မရွေ့လျားခြင်းသာ ဖြစ်ပါသည်။ သို့သော် ထိုကျောက်ချပ်လွှာကြီးများသည် အပူချိန်များ၊ ဖိအားများ၊ ဆွဲအားများကြောင့် မကြာခဏ လှုပ်ရှားပြောင်းလဲတတ်ကြပါသည်။ ကျောက်လွှာများ လှုပ်ရှားခြင်း၊ ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာခြင်းကို ငလျင်လို့ ခေါ်ကြပါသည်။ ထိုပြောင်းလဲခြင်းများကြောင့် ကျောက်လွှာချပ်ကြီးများ တစ်ခု နှင့် တစ်ခု ထပ်သွားခြင်း၊ တစ်ခု နှင့် တစ်ခု ဝေးကွာသွားခြင်းများဖြစ်သွားကြပါသည်။ ကျောက်လွှာချပ်ကြီးများ ထပ်သွားသောနေရာတွင် တောင်များဖြစ်ပေါ်လာပြီး ဝေးကွာသွားသောနေရာများတွင် ချောက်ကမ်းပါးကြီးများ ဖြစ်ပေါ်လာကြပါသည်။

ငလျင်လှုပ်ခြင်းကို နိုင်ငံတကာမှ ပညာရှင်များက အမျိုးအစား (၄) မျိုးခွဲခြားထားကြပါသည်-

► ကျောက်လွှာများ မူပြောင်းခြင်း(ကျောက်လွှာများရွေ့လျား တွန်းကန်ကြခြင်းဟု သဘောပေါက်မိပါသည်) ငလျင်လှုပ်ခြင်း၊
► မီးတောင်ပေါက်ကွဲခြင်းကြောင့် ငလျင်လှုပ်ခြင်း၊
► ပြိုကျခြင်း နှင့် ပေါက်ထွက်ခြင်း(တောင်များပြိုကျခြင်းဟု သဘောပေါက်မိပါသည်)ကြောင့် ငလျင်လှုပ်ခြင်း၊
► လူများပြုလုပ်ခြင်းကြောင့် ငလျင်လှုပ်ခြင်း(ဥပမာအားဖြင့် အဏုမြူဗုံးများ ဖောက်ခွဲစမ်းသပ်ခြင်း)တို့ဖြစ်ပါသည်။


01.png


ကျောက်ချပ်ကြီးများ ရွှေ့လျားမှုကြောင့် တစ်ခုနှင့်တစ်ခု လွဲချော်အံလွှဲသွားဖြစ်ကာ ငလျင်လှိုင်းများ ထလာခြင်းဖြစ်ပါသည်။ ထိုသို့ အံလွှဲခြင်းကို Fault လို့ခေါ်ကြပါသည်။ ပင်လယ် သမုဒ္ဒရာကြမ်းပြင်အောက်တွင် ငလျင်ဖြစ်ပေါ်ပါက ဆူနာမီခေါ်သော ရေလှိုင်းကြီးများဖြစ်ပေါ်လာပါ သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် အလွန်နာမည်ကျော်ကြားသော စစ်ကိုင်းပြတ်ရွှေ့ကြော(Sagaing Plate) သည် ဟိမ၀န္တာတောင်အောက်ရှိ ကျောက်ချပ်များ နှင့် ဆက်စပ်နေပြီး၊ အိန္ဒိယကျောက်လွှာ(India Plate) နှင့် အဒမန်ပင်လယ်သို့ဖြာထွက်နေသော ဆန္ဓကျောက်လွှာချပ်(Sunda) တို့အကြားတွင် တည်ရှိနေပါသည်။ မုတ္တမ ပင်လယ်ကွေ့ မှ မြန်မာပြည်အထက်ပိုင်း၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနောက်ဖက် မိုင် (၂၀)ခန့် အကွာထိ တိုင် ရှည်လျားပြီး ကီလိုမီတာ 1000 ကျော်ရှိသည်ဟု သိရပါသည်။ မြန်မာပြည်ရှိမြို့ကြီးအများစုတို့သည် စစ်ကိုင်းပြတ်ရွှေ့ကြောပေါ် တွင် တည်ရှိနေကြပါသည်။


05.png


သဘာဝဘေးအန္တရာယ်များထဲတွင် အစုလိုက်အပြုံလိုက် မြေကြီးအောက်ပျောက်ကွယ်သွားနိုင်သော ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ကြိုတင်လည်း မခန့်မှန်း၊ မသိရှိနိုင်သောကြောင့် မိမိတို့ကိုယ်တိုင်ကပင် ထိုဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားသင့်သည်ဟုလည်း အကြံပြုတိုက်တွန်းလိုပါသည်။ ကြိုတင် မသိရှိနိုင်သောကြောင့်လည်း လူအများစုတို့သည် ငလျင်ကို ကြောက်မက်ဖွယ် သဘာဝဘေး တစ်ခုအဖြစ် မမြင်ကြပါပေ။ ငလျင်ကြီးကြီးမားမားတို့သည် နှစ် ၁၀၀ တွင် တစ်ကြိမ် ပြန်လည် လှုပ်ရှားတတ်သည်ဟု ငလျင်ပညာရှင်တို့မှာ ပြောဆိုထားရာ စစ်ကိုင်းပြတ်ရွှေ့ကြော(Sagaing Plate)အလယ်ပိုင်းသည် မလှုပ်မရှား ငြိမ်နေခဲ့သည်မှာ နှစ် ၁၈၀ ကျော်လာခဲ့ပြီဖြစ်ရာ ပိုမိုသတိပြုသင့်ပါကြောင်း သတိပေးရေးသားရင်း၊ လူသားအပေါင်း ငလျင်ဘေးဒဏ်မှ လွတ်ကင်း ချမ်းသာနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

6-Jun-2018 ဗုဒ္ဓဟူးနေ့(Wednesday)