ပထမဆုံး မြန်မာ 3D Art (The First 3-D pavement art in Myanmar at Pathein City)
မြန်မာ့ပထမဆုံး 3-D Art လက်ရာတစ်ခုဖြစ်ပါတယ်...
ပုသိမ်မြို့သားတစ်ဦးဖြစ်သူ ပန်းချီဆရာ ဦးသက်နောင်ရေးဆွဲခဲ့တာဖြစ်ပြီး မြန်မာ့ ပထမဆုံး သရီးဒီပလက်ဖောင်း ဖြစ်ပါတယ်....
အင်မတန်လည်းအသက်ဝင်လှတယ်လို့ထင်ရပါတယ်.....ရေးဆွဲထားတဲ့ပန်းချီမှန်းသိတာတောင် ချောက်နှခမ်းဘဲရပ်နေရဲတယ်....တကယ်ချောက်ထဲပြုတ်ကျမယ်ထင်ရလောက်အောင် လက်ရာကောင်းလှပါတယ်....
မြန်မာနိုင်ငံတွင် 3D ပန်းချီအနုပညာမှာ ဒါက ပထမဆုံးလို့ ဆိုနိုင်ပါတယ်။ ဒီပထမဆုံး ဖန်တီးမှုကနေအစပြုပြီးကမ္ဘာလှည့်ခရီးသည်တွေအများဆုံးလာရောက်တတ်တဲ့နေရာတွေ၊ နေရာ အသစ်တွေမှာ ဒီလိုမျိုး ဖန်တီးမှုတွေ ဆက်လက်ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနဲ့ နားလည်မှုရှိရှိ ပူးပေါင်းပြီး ဆောင်ရွက်ကြမယ် ဆိုရင်တော့ ’3-D pavement art’ ထွန်းကားလာမှာ သေချာပါတယ်။