ဆိုဆုံးမလွယ်သူဖြစ်ပါစေ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


02.png


တစ်ဦးကို တစ်ဦး ကူညီခြင်း၊ ဖေးမခြင်း တို့သည် မိတ်ဆွေများ၏ အပြန်အလှန် ၀တ္တရားဖြစ်ပါသည်။ တစ်ဦးအားနည်းနေချိန်တွင် အခြားတစ်ဦးမှ ဖေးမကူညီခြင်း သည် မိတ်ဆွေကောင်းတို့၏ တာဝန်ဝတ္တရားပင်ဖြစ်ပါသည်။ ထို့အတူ တစ်ဦးက မှားယွင်းသော လုပ်ကိုင်ဆောင်ရွက်မှုများအား အခြားတစ်ဦးမှ မှန်ကန်အောင် ပြုပြင် ပြောဆိုခြင်းသည်လည်း မိတ်ဆွေတို့၏ ၀တ္တရားတစ်ခုဟုထင်ပါသည်။ ဆရာသမား မိဘ လူကြီးသူမများမှ မိမိတို့အား ကောင်းစေလိုသော ဆန္ဒဖြင့် ပြောဆိုဆုံးမခြင်းမျာအား လိုက်နာသင့် နာယူသင့်ကြပေသည်။ မိဘများ၊ ဆရာသမားများ၊ လူကြီးများသည် မိမိမျက်စိရှေ့တွင် မှားယွင်းသောလုပ်ဆောင်ချက် သို့မဟုတ် အမြင်မတော်သည့်လုပ်ဆောင် ချက်တို့အား တတွတ်တွတ် ပြောဆို ဆုံးမတတ် ကြပေသည်။ ထိုသို့ပြောဆိုဆုံးမခြင်းအား နာယူသင့်လှပါသည်။ ပြောဆိုဆုံးမရလွယ်သောသူ အား ပြောဆိုဆုံးမချင်ကြပေသည်။ ပြောဆိုဆုံးမရန်မလွယ်ကူသူတို့အား မည်သူမျှ အရေးလုပ် ပြောဆို ဆုံးမနေကြမည်မဟုတ်။ မိဘများ၊ ဆရာ ဆရာမများသည် သားသမီးများ၊ တပည့်များအား ကောင်းမွန်စေရန်အတွက် တတွတ်တွတ်ဆုံးမ တတ်ကြသည်မဟုတ်ပါလား။ ထိုသို့ အမြဲမပြတ် ဆုံးမပေးသော မိဘဆရာသမားများ၏ စကားကို နားထောင်ခြင်း၊ သင်ကြားပေးသော အတတ်ပညာတို့အား အသက်မွေးဝမ်းကြောင်းပြုနိုင်သည်အထိ သင်ယူခြင်းတို့အား ပြုလုပ်သင့်လှပါသည်။ လူတော်များ၊ လူကောင်းများ၏ အပြုအမူတို့အား နည်းနာယူသင့်ပါသည်။


03.png

Image from google


ဆိုဆုံးမလွယ်သောသူတို့သည် တိုးတက်မှုလျင်မြန်ကြပါသည်။ တိုးတက်လိုသူတို့သည် ဆုံးမ သူကိုမျှော်နေတတ်ကြပါသည်။ မိဘနှစ်ပါးနှင့် ဆရာသမားတို့သည် မိမိတို့ကိုယ်တိုင်ထက် သားသမီးများ၊ တပည့်များအား မိမိတို့ထက်ပိုပြီးတိုးတက်စေချင်ကြပါသည်။ ယခုခေတ်ကာလ တွင် သားသမီး နှင့် မိဘ၊ ဆရာ နှင့် တပည့်တို့သည် ထိုကဲ့သို့သော ဆက်ဆံမှုမျိုး နည်းပါးလာ ကြလေပြီလောဟု ထင်မှတ်မိပါသည်။ အဘယ့်ကြောင့်ဆိုသော် သားသမီးများအား ဆုံးမရန် အတွက် မိဘများသည် အသိဉာဏ်ပညာ ပြည့်စုံခြင်းမရှိကြတော့သည်ကိုလည်း တွေ့မြင်နေရ ပါသည်။ ထို့အတူ ဆရာများသည် တပည့်များအား ဆုံးမရန် ပျက်ကွက်ကုန်ကြသည်ကိုလည်း တွေ့မြင်နေရပါသည်။ ခေတ်ကာလသည် တဖြည်းဖြည်းနှင့်ဆုတ်ယုတ်လာသည်နေသည်ကို လက်ခံကြရမည်ဖြစ်ပေသည်။ ဆရာသည် တပည့်အား ဆုံးမမိလျှင် တပည့်က ဆရာ့အား အညိုးအတေးလေးများဖြင့် မှတ်ထားတတ်ကြသော ခေတ်ဖြစ်ပေပြီ။ သို့သော် ဘယ်သူတရား ပျက်ပျက် ကိုယ်မပျက်နှင့် ဆိုသောစကားကဲ့သို့ပင် မိမိတို့ကိုယ်တိုင်သာ မိမိကိုယ်ကို စောင့်ရှောက်ထိန်းသိမ်းနေကြရတော့မည်ဖြစ်ပေသည်။


04.png

Image from google


ယခင်အချိန်ကာလများဆီက အမိ အဖတို့ကို မဆိုထားနှင့်။ အစ်ကိုကြီး အစ်မကြီးများအား ချစ်ကြောက်ရိုသေကြရပါသည်။ အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာဆိုသကဲ့သို့ အမိ အဖတို့ပြီးလျှင် ကြီး စဉ် ငယ်လိုက် ရိုသေကြပေသည်။ ယခုခေတ်တွင် အစ်ကို အစ်မများကို မဆိုထားနှင့် အမိ အဖကိုပင် မရိုသေ မလေးစားကြတော့သည်မှာ ၀မ်းနည်းဖွယ်ရာ ဆုတ်ယုတ်မှု တစ်ခုပင်ဖြစ်ပါသည်။ ဒီနေရာမှာ အလျဉ်းသင့်လို့ ကန်တော်မင်းကျောင်း ဆရာတော် ရေးသားထားခဲ့သော လောကသာရ ဆုံးမစာကို ထည့်သွင်းဖော်ပြလိုက်ပါသည်။ ပညာရှိများသည် တွေးကြည့်ရုံနှင့်ပင် သိကြပေသည်။ ပြေးကြည့်ရန်မလိုပါဆိုသော စကားကဲ့သို့ပင်ဖြစ်မည်ထင်ပါသည်။ ရှေးကပညာရှိများ ရေးသား ထားခဲ့သော စာများသည် ယနေ့ခေတ်တွင် မှန်ကန်နေကြောင်းတွေ့နိုင်ပေသည်။ သတိပြုနိုင် ဆင်ခြင်နိုင်မှ ဒုက္မများလှသော လူ့လောကကြီးအတွင်းတွင် ဒုက္ခနည်းနည်းဖြင့် အသက်ရှင် ရပ်တည်နို င်ကြမည်ထင်ပါသည်။ သုစရိုက်များထက် ဒုစရိုက်များ ပိုမိုများပြားလာခြင်းအား ရပ်တန့်နိုင်ရန် မှာ သုစရိုက်လုပ်ငန်းများအား မိမိတို့ တတ်နိုင်သမျှ လုပ်ကိုင်ခြင်းသာဖြစ်ပေမည်။ မကောင်းမှု ဒုစရိုက်တို့တွင် ပျော်ပါးမှုများပြားလာသော ခေတ်ကာလဖြစ်နေပေပြီ။


01 copy.png


စာအရှည်ကြီးရေးရန် အချိန်မအားတော့ပါသဖြင့် အနည်းငယ်ကိုသာ ရေးသားလိုက်ခြင်း ဖြစ်ရာ ခွင့်လွှတ်သည်းခံကြစေချင်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

27-Feb-2018 အင်္ဂါနေ့(Tuesday)