စိတ်ဝင်စားစရာနေရာတစ်ခု

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ခရီးသွားရင်း ဘုရားဖူးထွက်ရင်းလမ်းတွင်တွေ့သည် ဆိုင်းဘုတ်တစ်ခုအား စိတ်ဝင်စားတဲ့ အတွက် ၀င်ရောက်ဖူးမျှော်ကြည်ညိုချင်စိတ်ပေါက်သွားပါတယ်… မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကိုးပင်ကျေးရွာတွင်တည်ရှိသည့် ရဟန္တာဓာတ်တော်များ ကိန်းဝပ် စံပျော်ရာဒေသဟုလည်းရေးသားထားပြီး ရေပူစမ်းလည်းရှိတယ်ဆိုတော့လည်း စိတ်ဝင်စား မိပါတယ်… တကယ်လည်းစိတ်ဝင်စားစရာကောင်းပါတယ်…


02.png


စိတ်ဝင်စားတော့လည်း အဲဒီနေရာသွားချင်လာမိတယ်… ဒီတော့လည်း ဘယ်လောက်ဝေးဝေး သွားရမယ်… လမ်းအခြေအနေဘယ်လိုရှိတယ်မေဖို့ ရွာထဲကတက်လာတဲ့ ဆိုင်ကယ်လေးကို တားမမေးကြည့်တယ်ပေါ့… သိပ်မဝေးဘူး… လမ်းကောင်းတယ်ပြောတယ်လေ… သိပ်လည်း မဝေး… လမ်းကောင်းတယ်ဆိုတော့ သွားမယ်ပေါ့ဆိုပီး လမ်းဘေးဆင်း လမ်းထဲဝင်လိုက်တယ် ပေါ့လေ… အဲဒီမှာ လမ်းကြည့်လိုက်တော့ လမ်းကောင်းတယ်ဆိုတော့… အင်း သူတို့အဖို့တော့ ဖြစ်နိုင်ပါတယ်… နွားလှည်းလမ်းဖြစ်နေတယ်… ကိုယ်တွေအဖို့ နွားလှည်းလမ်းက လမ်းကောင်းမဖြစ်နိုင်… ဖုန်ထုကလည်း မသေး… အတော်ထူတယ်… နွားလှည်းသွားဖို့တော့ အတော်ကောင်းသောလမ်းဖြစ်နိုင်ပါတယ်… ကားအတွက်တော့သိပ်အဆင်မပြေနိုင်… ကားဆင်းသွားလိုက်တာနဲ့ ဖုန်တွေအလုံးလိုက်ထလာတယ်… လမ်းကောင်းလာမလားဆိုပီး ရှေ့ကိုက် ၃၀၀ လောက်မောင်းကြည့်လိုက်တယ်… ကားပေါ်လူအတွေအကုန်လုံး ဖုန်းအလိမ်း လိမ်းဖြစ်ကုန်တယ်… ရှေ့ဆက်လား နောက်ပြန်လှည့်မလား… ဆင်းလာမိမှတော့ထူးပါဘူး ရှေ့ဆက်ကြတာပေါ့ဆိုတော့… ဘေးက ရွာကလူတွေက ဘယ်လောက်မှ မကျန်တော့ဘူး… မောင်းမောင်းတဲ့… ကဲဆက်မောင်းဟပေါ့… ရောက်လာမှတော့ ရောက်အောင်သွားပါတဲ့... ရွာသူ ရွာသားများကတော့ အားပေးကြလေရဲ့...


03.png


04.png


အဲဒီတော့လည်း ရှေ့ဆက်သွားတယ် ဖုန်းတွေ အလုံးလိုက် ကားနဲ့လုံးထွေး ကုန်တယ်… ရှေ့နည်းနည်းလောက်မောင်းပီး လမ်းဘေးရွာ ထဲကအိမ်ကို လှမ်းမေးမိတယ်… လူတွေကလည်း မိတ်ကပ်မလိမ်းရဘဲနဲ့ မျက်နှာတွေဖွေး.. ခဏအတွင်းမှာ အသက်တွေကြီး… ခေါင်းတွေဖွေးကုန်တယ်… တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးပီး ရီကုန်ကြတယ်… အားလုံး သွားရင်းလာရင်း မျောက်ဖြူတွေလိုဖြစ်ကုန်တယ်… အောင်မလေးဗျာ… ရွာမှာ ဂျင်းထည့်ခံလိုက်ရတယ် ပြောရမလား… ရှေ့တော်တော်လေးသွားလိုက်တော့ ကားလေး နှစ်စီးနဲ့ထိပ်တိုက်လာဆုံနေတယ်… တော်သေးတာက ရှောင်သာတဲ့ လမ်းဖြစ်လို့… အင်း ငါတို့ လိုလူတွေ ရှိသေးသားဟလို့စိတ်ထဲထင်မိတယ်… ဒါပေမယ့် အဲဒီကားလေးတွေပေါ်ကလူတွေ က ကျွန်တော်တို့ကိုလှမ်းကြည့်ပြီး ပြုံးဖြီးဇြီးတွေ ဖြစ်ကုန်ကြတယ်… သနားတယ်ပေါ့လေ… သူတို့ကတော့ ဘယ်ဖုန်ပေမလဲ မှန်အလုံချထားကြတာကိုး… ဒီကကောင်တွေက ခွေးဘီလူးကားလေးဆိုတော့ ခံရတာပေါ့… ကားရှေ့ခန်းကလူနှစ်ယောက်ကတော့ ဘာမှမဖြစ်… နောက်ခန်းကတော့ လူသာမက အောက်အခင်း တင်လာတဲ့ပစ္စည်းတွေအကုန် ဖုန်တွေအပြည့်ဖြစ်ကုန်တာရီစရာဖြစ်နေတာပေါ့… စိတ်က နည်းနည်းပျက်ချင်လာပြီ… ဒီတော့ တစ်ခါ လမ်းဘေးက လူတွေလှမ်းမေး အတော်လိုသေးလားဆိုတော့ နီးပီ ဟိုးရှေးကမြင်နေရ တယ်ပေါ့… လက်ညှိုးလေးထိုးပြရင်း… ပီးတော့ လမ်းညွှန်တဲ့ရွာသူက ကျွန်တော်တို့ကို ကြည့်ပြီးတော့ လက်ညှိုးထိုးပြီး အားရပါးရကို ရီတော့တယ်ဗျို့… အဟီးပေါ့… သွားလေးတွေဖြဲပြပြီး ဆက်မောင်းလိုက်တယ်… အဲဒီတော့မှ ကားပေါ်က အမြန်ဆင်းပြီး ဖုန်တွေ အားရပါးရ ခါချကြရတာပေါ့… ဘယ်ရလိမ့်မလဲဗျာ… ဖုန်ထုကိုက မနဲမနောဖြစ် နေရော… ကဲနေပစေတော့ဆိုပီး ဘုရားဆင်းဇူးကြတယ်… ဘေးကကြည့်နေတဲ့လူတွေအဖို့တော့ ကျွန်တော်တို့ပုံတွေက ရီစရာဖြစ်နေတာပေါ့… ကိုယ့်အချင်းချင်းတောင်ကြည့်ပြီး ရီနေကြရတာ ဆိုတော့… လူအများကြီးမရှိပါဘူး… ရှေးဟောင်းသုတေသန၀န်ကြီးဌာန ၊ ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သတိပေးကျောက်စာ လာထောင်ထားတာလည်းတွေ့ရတယ်...


ရေနွေးကန်များသို့ဆင်းရန်လှေကား


05.png


ရေပူစမ်း လျောက်ကြည့်… ရေလေးတွေလျောက်စမ်း… ရေပူစမ်းက ကန် (၃)ခု ခွဲထားသေးတယ်… သံဃာတော်များသာ…. ယောက်ျားလေးများ အတွက်… မိန်းကလေးများအတွက် အဲဒီလိုခွဲထားသေးတယ်… အကြီးကြီးတော့မဟုတ်ပါဘူး… နောင်ထပ် တွင်းတစ်တွင်းလည်း ရှိသေးတယ်… အဲဒီတွင်းကတော့ ရေတွေက အလွန်ပူပြင်းတယ်တဲ့… ဘယ်သူမှအဲဒီရေကို မချိုးနိုင်ကြဘူးတဲ့… နောက် အဲဒီတွင်း အနီးအနားမှာလဲ ယာယီတဲလေးတွေထိုးပီး နေကြတဲ့လူတွေ အများအပြား တွေ့ရတယ်… မေးကြည့်တော့ အနယ်နယ်အရပ်ရပ်က လာကြတာတဲ့… တစ်ယောက်နဲ့တစ်ယောက် မသိကြဘူးတဲ့… ဘာလာလုပ်ကြတာလဲထပ်မေးကြည့်ကြတယ်… ရေပူစမ်းကရေကို လာချိုးကြတာပါတဲ့… ရေပူစမ်းကရေချိုးရင် ဘာအကျိုးထူးသလဲ ထပ်မေးကြည့်တော့ ရောဂါများပျောက်ကင်းပါသတဲ့… အသက်ကြီးရွယ်အိုတွေကို ရေပူစမ်းကရေချိုးပေး ကြတယ်… အဲဒီရေပူစမ်းက ရေချိုးရင် ရောဂါတွေပျောက်ကင်းတယ်လို့ ယုံကြည်ကြတယ်…


သံဃာတော်များ သီးသန့် ရေသုံးသပ်ရန်ကန်


07.png


ယောက်ျားလေးများ ရေချိုးရန်ကန်


08.png


မိန်းကလေးများ ရေချိုးရန်ကန်


09.png


အဲဒီမှာလဲ ထူးဆန်းတာတစ်ခု ရဟန္တာဆေးအောင်ရေဆိုတဲ့ ရေတွင်းကလေး တစ်ခုလည်းတွေ့ရတယ်… အဲဒီတွင်းလေးထဲကရေတွေကို အနီးအနားကလူတွေက သောက်ရေအဖြစ်အသုံးချတာ တွေ့ရတယ်… သောက်ကြည့်တော့လည်း ဓာတ်တွေအတော်ရောနေတယ်… ဆေးရေဖြစ်တယ်လို့ ယုံကြည်စွာ သောက်သုံးနေကြတာ တွေ့ရတယ်… သူ့အရပ် သူ့ဇာတ်လို့ ပြောဖို့လည်း ခက်တယ်ဗျ…


013.png


06.png


ဒေသအသီးသီးမှ အခုလိုတဲများထိုးပြီး နေ့စဉ်ရေချိုးကြပါတယ်


011.png


လာပြီး နေကြသူတွေက အခြားပြည်နယ်တွေ တိုင်းတွေကလူတွေဖြစ်နေပြန်တယ်… ကျွန်တော်တို့ကတော့ ရေပူစမ်းဆင်းပြီး ရေချိုးရတော့မလိုလို… ဒီအတိုင်းပဲပြန်ရတော့မလိုလို… ဇဝေဇ၀ါဖြစ်နေသေး တယ်… ဇဝေဇ၀ါဖြစ်ဆို ပြန်ရမယ့် ဖုန်လမ်းတောခရီးကြီးက ရှိနေသေးသကိုး… ကဲမထူးတော့ ဘူးဆိုပြီး ရေမချိုးပဲနေလိုက်တော့တယ်…


အခုလို စောင်ခြုံပြီး လိုက်တာတောင်


010.png


အခုလို ဖုန်အလိမ်းလိမ်းနဲ့ပေါ့


012.png


ကားလမ်းပေါ်လာလမ်းအတိုင်း ပြန်တက်ကြတော့ ပါလာတဲ့ စောင်တွေ အင်္ကျီ တွေနဲ့ အလုံခြုံပြီး ခေါင်းမဖော်ပဲ လိုက်လာကြပြီး ကားလမ်းပေါ် ပြန်ရောက်မှ ကားပေါ်ပါလာသမျှ အကုန်ချ ဖုန်ကာပြီး ခရီးဆက်ခဲ့ကြပေမယ့် လူတွေကတော့ ဖုန်အလိမ်းလိမ်း စုတ်ပြတ်သတ်နေလျက်သာဖြစ်ပါကြောင်း ရေးသားရင်း ရပ်နားလိုက်ပါတယ်…


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

8-Mar-2018 ကြာသပတေးနေ့(Thursday)