စိတ်ကူးယဉ်ခြင်း (Dreaming)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



dreaming.png

Image from google


လူတိုင်းလူတိုင်း နေ့စဉ် တစ်ချိန်မဟုတ်တစ်ချိန်တွင် စိတ်ကူးယဉ်တတ်ကြပေသည်။ စိတ်ကူးမယဉ်သူမရှိ ဟုလည်းထင်ပါသည်။ တီထွင်စိတ်သစ်မှုများသည်လည်း စိတ်ကူးယဉ်မှုမှ စတင်ပေါ်ပေါက်လာကြရပေသည်။ လူတို့သည် မိမိတို့ဖြစ်လိုသောအရာများအတွက် စိတ်ကူးယဉ်တတ်ကြသည်မဟုတ်ပါလား။ စိတ်ကူးယဉ်ခြင်းတွင် ဖြစ်နိုင်သောအရာများကိုစိတ်ကူးယဉ်ခြင်းနှင့်မဖြစ်နိုင်ဟုထင်ရသောအရာများကို စိတ်ကူးယဉ်ခြင်းတို့ ရှိနေကြမည် ဖြစ်ပါသည်။ မဖြစ်နိုင်ဟုထင်ရသောအရာများကို စိတ်ကူးယဉ်ခဲ့ကြသော်လည်း နောင်နှစ်ပေါင်းများစွာတွင် ထိုမဖြစ်နိုင်သောအရာသည် တကယ်ဖြစ်နေတတ်ကြပါသည်။ ကျွန်တော်တို့သည် မိမိတို့ ဖြစ်ချင်သည့် အရာများအတွက် အလွန်အကျွံစိတ်ကူးယဉ်သည်လည်းရှိသည်။ အောက်သို့ လျော့စိတ်ကူးယဉ်ခြင်းလည်းရှိသည်။ မည်သို့ပင်ဆိုစေကာမူ လက်တွေ့အလုပ်များတွင် စိတ်ကူးယဉ်ခြင်းများပါဝင်လာတတ်ကြပါသည်။ ကမ္ဘာလောက ကြီးတွင် စိတ်ကူးတည်ဆောက်ဖန်တီးခြင်းဖြင့် လက်တွေ့ဘ၀ကို ဖြတ်သန်းနေကြရပါသည်။ စိတ်ကူးယဉ်ခဲ့ခြင်းမရှိခဲ့ပါမူ လေယာဉ်ပျံလည်းဖြစ်လာစရာ အကြောင်းမရှိ။ သံဖြင့်တည်ဆောင်ထားသော ပင်လယ်ကူးသင်္ဘောကြီးများသည်လည်း မနစ်မမြုပ်ပဲ ရေထဲတွင်သွားလာနိုင်မည်မဟုတ်ပါချေ။

အမှန်တကယ်ကြားဖူးသည်မှာ စိတ်ကူးယဉ်ခြင်းဆိုသည်မှာ လူတို့သည် မိမိတို့အလိုဆန္ဒမပြည့်ဝမှုများကို စိတ်ကူးများပေါ်တွင် ပုံရိပ်ထင်စေခြင်းဖြစ်သည်ဟု မှတ်သားခဲ့ဖူးပါသည်။ အရှုးများကို မြင်တွေ့ဖူးကြမည်ဖြစ် သည်။ ထိုသို့အရူးဘ၀သို့ရောက်ရှိနေသူများသည် အခြားသောသူများထက် အလိုဆန္ဒပြည့်စုံနေတတ်သည်ဟု ဆိုခဲ့သော စာများကိုလည်း ကြားသိခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် အရူးဘ၀သို့ရောက်ရှိနေသူများ၏ စိတ်ကူး များသည် သူတို့ဖြစ်လိုရာကို ချက်ခြင်းဖြစ်နေတတ်ကြသည်မဟုတ်ပါလား။ အင်ဂျင်နီယာဖြစ်ချင်လွန်းသော်လည်း လက်တွေ့ဘ၀တွင် အင်ဂျင်နီယာဖြစ်ခွင့်မရသောအခါ အရူးဘ၀သို့ရောက်ရှိသောအခါ သူ့ကိုယ်သူ အင်ဂျင်နီယာ တစ်ယောက်ဖြစ်နေတတ်သည်မဟုတ်ပါလား။ ထို့အတူ ထမင်းမစားရသည်မှာ ရက်အတော်ကြာနေသူ တစ်ယောက်တွင် သို့မဟုတ် အလွန်ဆာလောင်နေသောသူတစ်ယောက်၏ စိတ်ကူးတွင် အလွန်ကောင်းမွန်သော ဟင်းလျာများကို စိတ်ကူးတွင်မြင်ယောင်နေတတ်ပေသည်။ တနည်းအားဖြင့်ဆိုသော် စိတ်ကူးထဲတွင် စားလိုသည့် အစားအသောက်များကို စားနေမည်ဖြစ်ပေသည်။ လုပ်ငန်းရှင်များတွင် လုပ်ငန်းစတင်လုပ်ကိုင်စဉ်ကာလအချိန်က မိမိတို့၏အမှတ်တံဆိပ်ကို အလွန်အောင်မြင်ကျော်ကြားသည့်ပုံစံများဖြင့်သာ စိတ်ကူးတွင် မြင်ယောင်နေတတ်ကြ သည်မဟုတ်ပါလား။ ထိုပုံရိပ်များသည်လည်း အမြဲစိတ်ထဲတွင် မြဲနေတတ်ကြပါသည်။


steem.png

Image from google


လူ့တို့၏ စိတ်ကူးယဉ်ခြင်းဖြင့် မိမိတို့၏ အလိုပြည့်စေရန်အတွက် လုပ်ကိုင်ဆောင်ရွက်ကြရာတွင် နည်းလမ်းများ စွာရှိကြပါသည်။ အများအားဖြင့် လုပ်ကိုင်တတ်သောအရာများမှာ အောင်မြင်ကျော်ကြားနေသော လုပ်ငန်းရှင်ကြီး တစ်ယောက်အဖြစ်သို့လည်းကောင်း၊ အောင်မြင်ကျော်ကြားနေသော ဘော်လုံးသမားတစ်ယောက်အဖြစ်သို့ လည်းကောင်း၊ Facebook တွင် နောက်လိုက်ပေါင်းများစွာဖြင့် အောင်မြင်ကျော်ကြား လူကြိုက်များနေသူ တစ်ယောက်အဖြစ်သို့လည်းကောင်း စသည်ဖြင့်အမျိုးမျိုး မိမိတို့ဖြစ်ချင်သော ဆန္ဒကို စိတ်ကူးယဉ်နေတတ်ကြ သည်မဟုတ်ပါလား။ စိတ်ကူးယဉ်ခြင်းသည် ကောင်းမွန်သော စိတ်ကူးယဉ်ခြင်းဖြစ်သင့်လှပေသည်။ သူတစ်ပါး အား မကောင်းကြံစည်ခြင်းကို စိတ်ကူးမယဉ်သင့်ပေ။ သူတစ်ပါး၏ စည်းစိမ်ဥစ္စာများကို လုယူရန် စိတ်ကူးယဉ်ခြင်း၊ သူတစ်ပါး၏ သားမယားများအား ပြစ်မှားရန် စိတ်ကူးယဉ်ခြင်းတို့သည် ကောင်းမွန်သော စိတ်ကူးယဉ်ခြင်း မဟုတ်ပါ။ စိတ်ကူးယဉ်ခြင်းသည် တနည်းအားဖြင့် စိတ်အား အမြဲခိုင်းစေနေခြင်းဖြစ်မည်ထင်ပါသည်။ ကောင်းသည်ကို စိတ်တွင်ထင်မြင်နေတတ်သူထံသို့ အကောင်းများလာတတ်သကဲ့သို့ မကောင်းမှုကို အမြဲစိတ်တွင်ထင်မြင်တတ်သူ ထံသို့ မကောင်းမှုများ ရောက်လာတတ်ပါသည်။ အကောင်းကို ထင်မြင်သင့်ပါသည်။

အောင်မြင်လိုသူများသည် ကံ တစ်ခုတည်းကိုသာ အားကိုးနေခြင်းဖြင့် မအောင်မမြင်သော ဘ၀သို့ ရောက်ရှိတတ် ကြသည်။ ကံကို ဆောင်ထားခြင်းဖြင့် အလုပ်မပြီးမြောက်နိုင်ပါသောကြောင့် အလုပ်ကို ဆောင်ရပါမည်။ အလုပ်ကို ဆောင်မှသာ အလုပ်ပြီးမြောက်ပါမည်။ အောင်မြင်စေရန်အတွက် မိမိတို့လုပ်ကိုင်နေသော အလုပ်တွင် အချိန်ပြည့် စိတ်ကူးနေခြင်းသည် အောင်မြင်နိုင်သောနည်းလမ်းတစ်ခုဖြစ်ပေမည်။ မိမိတို့ လုပ်ကိုင် နေသော သိစရာရှိသမျှကို သိအောင်ကြိုတင် စဉ်းစားတတ်ခြင်းသည်အကျင့်ရလာသောအခါတွင် မည်သည့်အချိန်တွင် မည်သို့လုပ်ကိုင် ကြရမည်ကို ခက်ခဲစွာ ကြံစည် စိတ်ကူးနေရန်မလိုကြောင်းလည်း တွေ့ရှိရပါသည်။ စိတ်ကူးခြင်းသည် မိမိတို့ဘ၀ အတွက် အမှန်တကယ် အသုံးတည့်ပါသည်။ စိတ်ကူးသင့်သောအရာများကို စိတ်ကူးခြင်းဖြင့် ဘ၀ကိုအောင်မြင် စေရန်ကြိုးစားအပ်ပါသည်။ မိမိတို့ဘ၀အတွက် စိတ်ကူးတွင် အလွန်ပြင်းပြသော ဆန္ဒတစ်ခုကို ရရှိစေရန်အတွက် အခြားသေးငယ်သော ဆန္ဒစိတ်ကူးလေးများကို စွန့်လွှတ်သင့်က စွန့်လွှတ်ကြရပေမည်။ သို့မှသာ အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်ပေသည်။


dreaming copy.png

Image from google


ကျွန်တော်တို့ MSC တွင် လူအများတို့၏ စိတ်ကူးသည် အဘယ်အရာနည်းဟု မေးခဲ့သည်ရှိသော် အားလုံး၏ စိတ်ကူးသည် မည်သည်ဖြစ်ပါသနည်းဟု မေးမြန်းသူရှိလာခဲ့သည်ရှိသော် မိတ်ဆွေတို့၏ စိတ်ကူးသည် တူညီ နိုင်ရာ၏။ ထိုစိတ်ကူးကား Steem ဈေးများ သို့တည်းမဟုတ် Steem Dolla ဈေးနှုန်းများ အဆမတန် တက်သွားစေရန်အတွက် စိတ်ကူးနေကြမည်ထင်ပါသည်။ မတက်စေရန်အတွက် စိတ်ကူးနေသူများ ရှိနေမည်လား မသိပါ။ မတက်ချင်လည်းနေပါစေ။ ဒီအတိုင်းပြစ်ထားလိုက်ရုံသာဟု ပြောနေမည့်သူများလည်း ရှိနေနိုင်ပါသည်။ သို့သော် ဈေးနှုန်းလေးများကိုတော့ ၀င်ရောက်ကြည့်ရှုနေကြမည်ထင်ပါသည်။ ဒီနေ့တော့ Steem ဘယ်ဈေး ပေါက်သလဲ၊ SBD ဘယ်ဈေးရောက်နေသလဲ ၀င်မကြည့်မီ စိတ်ကူးအတွင်းတွင် ဈေးတက်ပါစေဟု စိတ်ကူးနေမည် ထင်ပါသည်။ ချွင်းချက်အနေနဲ့ပြောရမယ်ဆိုရင် Steem များများ သို့မဟုတ် SBD များများရှိနေသူ များက ပိုပြီးစိတ်ကူးလေးတွေ ယဉ်နေကြမည်ထင်ပါသည်။ ကျွန်တော်တို့သည် နဂါးဖမ်းရန်စောင့်နေသူများအဖြစ် သို့ ရောက်ရှိနေကြပြီလား။ မဟုတ်ဟုထင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နဂါးအသေးလေးကိုတော့ မြင်တွေ့ နေရဆဲဖြစ်ပါသည်။ အဘယ်သို့သော နဂါးအသေးလေးနည်းဆိုပါမူ Coin Exchange ဈေးကွက်များထဲသို့ အပြင်းပြေ လျောက်ကြည့်မိပါသည်။ Coin Exchange ဈေးကွက်များထဲတွင် Steem ရော Steem Dolla ကိုပါ လှဲလှယ်နိုင်နေ ကြောင်းတွေ့ရှိနေရခြင်းသည် နဂါးအသေးလေးတစ်ကောင်ကို မြင်လိုက်ရသည်နှင့်တူနေသည်ထင်ပါ၏။ မည်သို့ပင်ဆိုစေကာမူ ထိုကဲ့သို့ မိမိတို့လုပ်ကိုင်နေသော Steemit မှ ရရှိနေသော ငွေကြေားဖြစ်သည့် Steem နှင့် Steem Dolla များကို အလွယ်တကူ လဲလှယ်နိုင်ခြင်းသည်ပင် အလွန်အားသာနေခြင်းပင်ဖြစ်ပါသည်။ ကျွန်တော် သည် Coin များအကြောင်းကိုတော့ နားမလည်ပါ။ မည်သည်တို့က Coin ဈေးကွက်တွင် ကောင်းမွန်နေသည်။ မကောင်းမွန်ပါစသည်တို့ကိုနားမလည်ပါ။ BTC လောက်ကိုသာကြားဖူးခဲ့ပါသည်။ အခြားသော Coin များကို ကြားပင်မကြားဖူးပါ။ ယခုတစ်လောတွင်လည်း အသည်းအသန် Coin ရှာနေကြသူများကိုလည်း မြင်နေရပါသည်။ ထို Coin များသည်ပင်လျှုင် ဈေးကွက်သို့မရောက်သေးပါ။ Exchange လည်းလုပ်မရပါ။ ထိုသို့သော Coin များကို အလုအယက် ၀ယ်ယူနေကြသော်လည်း Steem လို အလွယ်တကူ Exchange လုပ်နိုင်သော ပစ္စည်းကို အဘယ့်သို့သော အကြောင်းကြောင့် စိတ်မ၀င်စားကြသနည်း။ ကျွန်တော်အနေဖြင့် ထိုကိစ္စများအတွက် ဥာဏ်မမီပါ။ Steem သို့မဟုတ် Steem dollar ကို BlockTrades ကဲ့သို့သော Exchanger များမှ လူအများ၏ အသည်းစွဲ Bitcoin သို့ တိုက်ရိုက် လဲလှယ်နိုင်သည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ Wallet အများအပြားတွင်လည်း ထိုကဲ့သို့ပင် လဲလှယ်နိုင်နေသည်ကိုလည်း တွေ့မြင်နေကြရပါသည်။


blocktrades.png

Image from google


မသိသေးသူများအတွက် ငွေကြေးလဲလှယ်ထုတ်ယူနိုင်သော BlockTrades Site ပါ

@blocktrades


စိတ်ကူးခြင်းသည် ကောင်းမွန်သောစိတ်ကူးလေးများဖြစ်သင့်သည်ဟု အထက်တွင် ဆိုခဲ့သည့်အတိုင်း ကျွန်တော် တို့အားလုံး၏ စိတ်ကူးလေးများကို Steem များဈေးတက်လာစေရန်၊ Steem Dolla များဈေးကောင်းရရှိစေရန် အတွက် စိတ်ကူးနိုင်ကြပါသည်။ စိတ်ကူးထားကြပါလို့လည်းပြောချင်မိပါသည်။ အခြားသူများအတွက်တော့ မည်သို့ဖြစ်နိုင်သည်ကို မသိသော်လည်း Steemit တွင် ၀င်ရောက်လုပ်ကိုင်နေသူများအတွက်မူ ထိုစိတ်ကူးလေး သည် စိတ်ကူးကောင်းလေးပင်ဖြစ်မည်မဟုတ်ပါလား။ စိတ်အားလျော့ခြင်းဖြင့်လည်းကောင်း၊ စာများကို မရေးသား နိုင်သောကြောင့်လည်းကောင်း၊ အရနည်းသောကြောင့်စာမရေးကြသောသူများအားလည်းကောင်း အားတင်း စိတ်ကူးကောင်းလေးများ ကြိုးစားထားပေးနိုင်ကြပါစေ။ ကောင်းမွန်သော စိတ်ကူးယဉ်ခြင်းဖြင့် ဆက်လက်ကြိုးစားနိုင်ကြပါစေ။

အချုပ်အားဖြင့်ဆိုရသော် စိတ်ကူးများကို ကောင်းမွန်သောစိတ်ကူးလေးများအဖြစ် စိတ်ကူးကြကာ ဘ၀အတွက် အောင်မြင်သော လမ်းကြောင်းလေးများအဖြစ်သို့ တည့်မတ်ပေးနိုင်ကြပါစေလို့ဆုတောင်းရင်း ရပ်နားလိုက်ပါသည်။


Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....

Success in Steemit

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

28-11-2017 အင်္ဂါနေ့(Tuesday)