စပယ်ပန်း(Jasmine)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
မြန်မာပြည်သာမက နိုင်ငံအများစုတွင် လူတိုင်း လူတိုင်းကြိုက်နှစ်သက်ကြသည့် ဖြူဖြူဖွေးဖွေး အနံ့မွေးကြူသည့် စပယ်ပန်းအကြောင်း၊ ကျန်းမာရေးအတွက်လည်း အလွန်အထောက်အကူ ဖြစ်သည့် စပယ်ပန်းအကြောင်းကို သိသမျှ မှတ်သားမိသမျှလေးရေးသားလိုက်ပါသည်။
စပယ်ပန်း( Jasmine )၏မူရင်းဒေသသည် အိန္ဒိယနိုင်ငံဖြစ်ကြောင်း မှတ်သားမိပါသည်။ စပယ်ပန်းအား ပန်းအဘိဓာန်တွင် "မင်းအချစ်ကို လက်ခံလိုက်တယ်" ဟူသော အဓိပ္ပါယ်ရပါသည်။(စပယ်ပန်းပေးလျှင် သတိထားပါ လက်ခံသူများလည်း သတိထားကြပါကုန်လော့)။ စပယ်ပန်းအား မြန်မာလူမျိုးအများစုမှ ကြိုက်နှစ်သက်ကြပေသည်။ စပယ်ပန်း၏ မွေးရနံ့ကိုလည်း မြန်မာလူမျိုးအများစုမှ ကြိုက်နှစ်သက် ကြပါသည်။ စပယ်ပန်းမှာ အမျိုးအစား (၁၃)မျိုးရှိကြောင်းမှတ်သားဘူးပါသည်။ သို့သော် ကျွန်တော်သည် ဗဟုသုတ နည်းပါးခြင်းကြောင့် စပယ်ပန်းမျိုးနွယ်အားလုံးကို မဆိုထားနှင့် မြန်မာပြည်တွင်ရှိသော စပယ်ပန်း အမျိုးအနွယ်များကိုပင် အကုန် မသိပါ။ ကျွန်တော်တို့အခေါ် မြတ်လေးပန်း သည်လည်း စပယ်မျိုးနွယ်ဝင်ပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စပယ်ပန်း (၇) မျိုးသာ အသုံးများကြောင်းကိုလည်း သိရှိရပါသည်။ ထိုစပယ်ပန်း အမျိုးအစားများမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။
(၁) ရွှေစံပယ် - လူကြိုက်အများဆုံးသော အမျိုးအစားဖြစ်ပါသည်။
(၂) ကြက်ရုန်းကြီး - အပွင့်ကြီးပြီး အလွန်မွှေးသော အနံ့ရှိပါသည်။]
(၃) ဘိတ်ကြီး - အနံ့အနည်းငယ်သာရှိပါသည်။
(၄) ဘိတ်လာလလော့ - အပွင့်သေးငယ်ပါသည်။
(၅) စပယ်လည်ဆံ - အနံ့အနည်းငယ်သာရှိပါသည်။
(၆) ကြက်ရုန်းလာလော့ - ကြက်ရုန်းကြီး နှင့်ဆင်တူသည်။
(၇) ဆယ့်နှစ်ရာသီစပယ် - တစ်နှစ်ပတ်လုံးအပွင့် ပွင့်ပါသည်။ အနံ့အနည်းငယ်သာရှိပါသည်။
(၀ဏ္ဏမာလာ B.A(History) ရေးသားသော ပန်းနံ့သာ ကြူကြူမွေးလို့ ဆေးဖက်ကယ် ၀င်စေလို့ စာအုပ် မှ ကောက်နှုတ်ဖော်ပြပါသည်)
စပယ်ပန်းသည် အဆင်းလှပြီး မွေးရနံ့သင်းရုံသာမက ဆေးဖက်ဝင်သော အပင်လည်းဖြစ်ကြောင်း ဖတ်ရှုမှတ်သားမိပါသည်။ စပယ်ပန်းသည်
• Anxiety - စိုးရိမ်စိတ်ကဲခြင်း၊
• Calming - စိတ်ငြိမ်စေခြင်း၊
• Cancers - အရိုးကင်ဆာ၊ တက်စေ့ကင်ဆာနဲ့ ရင်သားကင်ဆာ၊
• Conjuctivitis - မျက်စိကျိန်း၊
• Depression - စိတ်ဓါတ်ကျခြင်း၊
• Dermatitis - အရေပြားနာ၊
• Dry skin - အသားအရေခြောက်ခြင်း၊
• Exhaustion - အားကုန်ခြင်း၊
• Headaches - ခေါင်းကိုက်၊
• Stress - စိတ်ဖိအားများခြင်း စသည့်ရောဂါများကို သက်သာပျောက်ကင်းစေနိုင်ကြောင်း သိရှိရပါသည်။
Jasmine oil စပယ်ဆီနှင့် ရနံ့ကုထုံးတွင်(Aromatherapy) ဖြင့်နှိပ်နယ်ပေးကြပါကြောင်းလည်း မှတ်သားမိပါသည်။ စပယ်ဆီနဲ့ ပတ်သက်ပြီး သုတေသနများကို ထိုင်းနိုင်ငံတွင် အထူးအလေးထားလေ့လာမှုပြုလုပ်နေကြောင်းလည်း ဖတ်မှတ်ဖူးပါသည်။ ဆက်လက်လေ့လာလိုပါက အောက်ဖော်ပြပါ Link တွင် ဆက်လက်လေ့လာနိုင်ပါသည်။ ယခုအခါ စပယ်ဆီကို ဆေးဝါးပစ္စည်းများတွင်သာမက လူသုံးကုန်ပစ္စည်းများ၊ ခေါင်းလျှော်ရည်၊ အုန်းဆီ စသည့် ကုန်ပစ္စည်းအမျိုးများစွာတွင် ထည့်သွင်းလာကြပြီဖြစ်ပါသည်။
http://doctortintswe.blogspot.com/2014/11/royal-jasmine.html
http://www.sustainablebabysteps.com/jasmine-essential-oil.html
စပယ်မွေးရနံ့ပါသော ရေမွှေးကို သုံးပေးခြင်းဖြင့် မျက်စိကို အားကောင်းစေကြောင်း မှတ်သား ဘူးပါသည်။ စပယ်ပန်း၏ မွှေးရနံ့သည် ဦးနှောက်ရှေ.ပိုင်းရှိ beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နိုးကြားထက်မြက်ခြင်း၊ မျက်စိအားကောင်းခြင်း တို.ကို ဖြစ်စေနိုင်ကြောင်းဖတ်ဖူး မှတ်ဖူးပါသည်။
အိမ်များတွင်စိုက်ပျိုးလေ့ရှိသောစံပယ်ပွင့်တို့သည် ပင်ပန်းခြင်း၊ ရေငတ်ခြင်းဝေဒနာ၊ အိပ်မပျော်ခြင်း၊ အစာစားလိုစိတ်မရှိခြင်း၊ အဖျားရောဂါအချို့ နှင့် သွေးမမှန် လေမမှန်ရာဂါ တနည်းအားဖြင့်ဆိုသော် ကြောက်ရွံ့ထိတ်လန့်ခြင်းကြောင့် စိတ်ကစဥ့်ကလျားဖြစ်ခြင်း တို့အား သက်သာပျောက်ကင်း စေနိုင်ကြောင်း မှတ်သားသိရှိရပါသည်။ အာယုဗေဒအလိုအရ "အိမ်စပယ်ပင်၏အရွက်သည် ၀မ်းမီးကို တောက်စေ၏။ သလိပ်ကိုထုတ်ဆောင်စေ၏။ တွန့်ရှုံ့ခြင်းကို ပြေစေ၏။ ၀ဖြိုးခြင်းကိုပြု၏"ဟု ရေးသားထားပေသည်။
စပယ်ပန်း(Jasminum-decussatum)သည် မြန်မာပြက္ခဒိန်တွင် တတိယလဖြစ်သည့် နယုန်လကို ကိုယ်စားပြုပန်းဖြစ်ပါသည်။ မြန်မာ့ ၁၂ လရာသီ၏ နယုန်လသည် မေလ နှင့် ဇွန် အတွင်း ကျရောက်လေ့ရှိပါသည်။ စာဆို စလေဦးပုည ကလည်း စပယ်ပန်းကို အောက်ပါအတိုင်း ရေးဖွဲ့သီကုံးထားခဲ့သည်ကိုလည်း မှတ်သား ခဲ့ဘူးပါသည်။ စလေ ဦးပုည ရေးသားထားခဲ့စာပေများမှာ အလွန်ပင်များပြားလှပါသည်။
စလေဦးပုည အမည်နာမကို ယခုခေတ်ကာလလူငယ်အများအပြားပင် ရေသည်ပြဇာတ် နှင့်တွဲဖက် သိမည်ထင်ပါသည်။
စလေဦးပုည အကြောင်းကို ဖတ်ရှုလေ့လာလိုပါက ဒီစာတမ်းလေးကို နှိပ်ပြီးသွားဖတ်ကြည့်နိုင်ပါတယ်ခင်ဗျာ
စပယ်ပန်း သီချင်းကိုလည်း လူအများကကြိုက်များခဲ့ပေသည်။ မြန်မာပြည်အနှံ့သီချင်းရောက်ခဲ့ပေသည်။ လူတိုင်းလည်း နားထောင်ဘူးကြမည်ထင်ပါသည်။ နားမထောင်ရ သေးသောကြောင့်ဖြစ်စေ ပြန်လည်နားဆင်လိုလို့ဖြစ်စေ နားဆင်ခံစားကြည့်နိုင်ပါရန် Link လေးတင်ပေးလိုက်ပါသည်ခင်ဗျား နားဆင်ခံစားကြည့်ကြပါလို့ပြောကြားရင်း အဆုံးသတ်လိုက်ရပါကြောင်း ချစ်မိတ်ဆွေ ညီအစ်ကို မောင်နှမအပေါင်းတို့ခင်ဗျာ
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
Myanmar Steemit Community
19-9-2017(Tuesday)