စစ်ကိုင်း Water Park ရောက် ဓာတ်ပုံအချို့
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့သည် ထုံးစံအတိုင်း ဓာတ်ပုံတင်သည့် တနင်္ဂနွေအချိန်ရောက်ရှိလာပြန်ပါပြီ။ ဒီတော့ ဓာတ်ပုံများထဲမှ စစ်ကိုင်းမြို့ Water Park ရောက်ရှိစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံအချို့အား တင်ပေးလိုက်ပါတယ်။
စစ်ကိုင်းမြို့တွင်ရှိသည့် တစ်ခုတည်းသော ရေကစားကြသည့် နေရာတစ်ခုဖြစ်ပါတယ်။ ၀င်ကြေးအနေနဲ့ ၁၅၀၀ ကျပ်သာပေးရသည့်အတွက် မဆိုးလှဟုလည်းထင်ပါတယ်။ စည်ကားမယ်လို့မထင်ပေမယ့် လူအတော်များများ လာရောက်ကြတယ်ကိုတွေ့ရပါတယ်။ တစ်ယောက် ၁၅၀၀ ဆိုတော့လည်း လူတိုင်း တတ်နိုင်တဲ့ကြေးလေ။ ဒီတော့လည်း ဗဟုသုတလည်းဖြစ် အပန်းလည်းပြေဆိုသလို လာရောက် အပန်းဖြေ ရေချိုးသူတွေပေါနေတယ်ထင်တာပဲ။ အားပေးလိုက်ကြပါဦး။ စားသောက်ဆိုင်များရှိသော်လည်း ဓာတ်ပုံထည့်မထားတော့ပါ။
ယခု ဓာတ်ပုံများအားလုံးသည် အချို့ကို Sony Auto Camera လေးဖြင့်လည်းကောင်း၊ အချို့ကို Smart Phone ဖြင့်လည်းကောင်း ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ကိုယ်တိုင်ရိုက်ကူးသောပုံများလည်း ဖြစ်ပါတယ်။ ဓာတ်ပုံသမားစစ်မဟုတ်လို့ အမှားအယွင်းများကို ထောက်ပြဝေဖန် အကြံပြုနိုင်ပါတယ်။
ပစ္စည်းများသိမ်းရန် Locker များ
အ၀တ်လဲခန်းများ
အခါကြီးရက်ကြီးများတွင် ဖျော်ဖြေပေးသည့် စင်မြင့်
အပန်းဖြေရန် နေရာများ
သန့်စင်ခန်းများ
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ဓာတ်ပုံ(Photo) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
6-May-2018 တနင်္ဂနွေနေ့(Sunday)