Steemit မှာ တစ်လတာ (A Month Peroid In Steemit)
ကျွန်တော် Steemit ကို Participant/Member အဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်လ(၃၀ ရက်) ရှိသွားပါပြီခင်ဗျာ...
ကျွန်တော့် Steemit အသက် (၃၀)ရက်ပေါ့ခင်ဗျာ...
တစ်လအတွင်းမှာ အတွေ့အကြုံလေးတွေလည်းတော်တော်ရလိုက်သလို ကြေးညှော်တွေ ပိတ်ဆို့နေတဲ့ ဦးနှောက်လည်း တော်တော် လေးဆေးပီးသားဖြစ်သွားတယ်.... (Brain Washing)
ပထမဆုံးအနေနဲ့ Steemit ကို ပါဝင်လုပ်ဆောင်ရန် ချပြပေးပါသော ကိုဥာဏ်လင်း @nyanlynn ကို ကျေးဇူးတင်ကြောင်းပြောပါရစေခင်ဗျာ....(Thanks you very much Ko Nyan Lynn @nyanlynn)
Steemit Social Network ဆိုတာ ဘယ်လို rule တွေရှိမှန်းမသိ သေချာလေ့လာမှု မလုပ်ဘဲ ရမ်းသမ်းပြီး Facebook လို ကိုယ်တင်ချင်တဲ့ပို့စ် ကို အလွယ် တကူ တင်လို့ရမယ်ထင်လို့ Copy ကူး Paste လုပ် Credit ပေးလုပ်ပြီး Post တင်လိုက်ပြီး အေးဆေးနေနေလိုက်တယ်... (ဟီး အပိုင်ဘဲပေါ့ ဒေါလာရမှာဆိုတော့)
အဲလို Copy ကူး Paste လုပ် Credit ပေးပြီး တင်ထားတဲ့ Post မှာ ဘာမှန်းမသိတဲ့ ကိုယ့် Comment Box ထဲမှာ I am robot ဆိုတဲ့ စက်ရုပ်ကြီးဝင်လာပါရောလားဗျာ.....
ဘာလဲ Cheetah ဆိုတာဘာစက်ရုပ်ကြီးလဲပေါ့.... ဘာ Comment တွေ လာမန်နေလဲပေါ့ .... သေချာတောင်မကြည့်မိဘူး...ငါ့ကို Vote ပေးသွားရင် ပီးတာပဲပေါ့.... ကိုယ်အတွက်ပဲ ဒီ robot ကထင်နေတာ ဟီး ဟီး... သုံးခါလောက် Cheetah တွေ့တော့ မဟုတ်သေးဘာဘူးဆိုပြီး မြန်မာ Facebook Group မှာ Steemit အတွက် မြန်မာလိုရေးထားတဲ့ Post တွေကို လိုက်ရှာဖတ်တာမှာ ဆရာ @kachinhenry ရေးတဲ့ Post တွေကို ဖတ်လိုက်တော့မှ ဟာ သေပြီဆရာဖြစ်တော့တယ်.... Cheetah ဆိုတဲ့ Robot က လာသတိပေးနေတာကိုး vote လာပေးနေတာမှတ်လို့ ပျော်နေတာကနေ ဘာလုပ်ရမှန်းမသိဖြစ်တော့တာပဲဗျာ....ကျေးဇူးတင်ပါတယ်ဗျာ @kachinhenry
(Thanks you very much Ko Henry @kachinhenry)
ကျွန်တော်က အင်္ဂလိပ်စာသိပ်မရတော့ အင်းဂိတ်လိုတွေ ကို ရှည်ရှည်ရေးရင် မသိသလောက်ဖြစ်သွားတယ်.... ဘာပြောနေမှန်းတော့ သိတယ်.... ပြန်ရေးရရင် ဘယ်လိုပြန်ရေးရမှန်းမသိဘူးဖြစ်သွားပါတယ်... စာတွေကလည်း ကျောင်းပြန်ကုန်ပြီလေ...
အခုတော့ အားရင် နားလည်တတ်ကျွမ်းသော ဆရာသမားများ မြန်မာလို ရေးသားပေးတဲ့ စာတွေကို ဖတ်ပြီး ဆောင်ရန်တွေကို တတ်နိုင်သလောက် ဆောင်ပြီး ရှောင်ရန်တွေကိုတော့ လုံးဝ(လုံးဝ)မထိမိအောင် Post တင်ပါတယ်.... ဘယ်နှ vote မှ မရလည်း ရေးပါတယ်... အင်းဂိတ်လိုရေးလို့အဆင်မပြေနိုင်ဘူး ဆိုရင် မြန်မာလိုပဲ ရေးတော့မယ်.....
တစ်လအတွင်း Cheetah သုံးခါထိပြီးတော့လည်း မှတ်သွား Awards တွေလည်း ပေးတော့ပေးတယ်.... ဘာတွေမှန်းတော့နားမလည်ဘူးဗျ .... နားလည်သူများ မြန်မာလိုရေးတင်ပေးပါအုံးလို့ ....
ကိုယ်ကိုတိုင် ရေးပြီးတင်ထားတဲ့ Post တွေကို ကြည့်ပြီးတော့ ဟုတ်တိ ပတ်တိ $ မရသေးပေမယ့်လည်း ပီတိတော့ဖြစ်မိတာအမှန်ပါဗျာ.... အော် .... ဒါ ငါကိုယ်တိုင် ရေးခဲ့တာပါလားဆိုပြီးတော့ပေါ့လေ... ဖတ်ရတဲ့သူတွေ အဆင်ပြေမပြေတော့ မသိပေမယ့် ကိုယ့်ဟာနဲ့ ကိုယ်တော့ ဟုတ်နေတာပဲ....(ပီတိတွေဖြာပြီး ဘာ ဆိုးလားပဲ ဟီး ::D)
ကိုယ်တိုင်ဖန်တီးမှုဆိုတာ မြန်မာပြည်သူပြည်သားတွေအတွက် အမှန်တကယ် လိုအပ်တယ်လို့ထင်ပါတယ်ဗျာ...ကျွန်တော့်အထင်ပြောတာပါ... ကိုယ်ပိုင်ဖန်တီးမှုအားနည်းတာရယ် နိုင်ငံတော်အစိုးရရဲ့ ပံ့ပိုးမှုနည်းတာရယ်တွေကြောင့် ခဏတာအောင်မြင်မှုကို လိုက်ခဲ့ရတာ ဆိုတော့ အခြားကို အားကိုးနေရတာ နှစ်ပေါင်းမနည်းတော့ပါဘူး... မြန်မာတွေကို ကိုယ်တိုင် ဖန်တီးရေးသားရလို့ စိတ်မပျက်စေချင်ပါ... နောင်ရေးအတွက် အင်မတန်ကောင်းတဲ့ Idea တစ်ခုလို့ထင်ပါတယ်... စည်းလုံးကြပါ... ပူးပေါင်းဆောင်ရွက်ကြစေချင်ပါတယ်.... မြန်မာဆိုတဲ့နာမည်လေးလည်း တတ်နိုင်သမျှ အခြားနိုင်ငံများမှ သိစေချင်ပါတယ်ဗျာ....အကောင်းဘက်ကပြောပါတယ်...အဆိုးနဲ့မဟုတ်ဘူးဗျ... Steemit မှာ တော့ Cheetah နဲ့တင် လူတော်တော်သိလောက်ပါပြီနော...
ဒီတစ်လအတွင်း Steemit မှာ လုပ်ကိုင်ရတာ ဦးနှောက်တော့ တော်တော်စားသွားပါတယ်... ဒါပေမယ့် ခုတော့ နည်းနည်းလေး တိုးတက်လာပြီလို့တော့ ထင်တာဘဲ..... ကျေးဇူးလည်းတင်ပါတယ်( Steemit ကိုရော ဆရာသမားအားလုံးကိုရော ညီအစ်ကို မောင်နှမများကိုရော)
(Thanks you very much all brothers and sisters)
မြန်မာတွေကို တွဲခေါ်နေကြပါသော ညီအစ်ကို မောင်နှမများအားလုံး ကို အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ... ဆက်လက်လည်း တွဲခေါ်ပေးကြပါလို့ ပြောချင်ပါတယ်ဗျာ....
မြန်မာများအားလုံးလည်း ပူးပေါင်း ဆောင်ရွက်ကြပါလို့ ထပ်မံ တိုက်တွန်းရင်း အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ...
အရေးအသားအမှားများပါခဲ့လျှင်လည်း သီးခံခွင့်လွတ်ကြပါရန် တောင်းပန်အပ်ပါသည် ညီအစ်ကို မောင်နှမများခင်ဗျာ...
စေတနာအမှားလို့လည်း တွေးဆပေးကြပါရန် တောင်းပန်ရင်းဖြင့်---
(မှတ်ချက် - အင်းဂိတ်လိုရေးထားခြင်းများလည်း အမှား ပြင်ပေးကြပါရန်)