ထိန်းသိမ်းပါလေ ရိုးရာအမွေ (Keep Your Traditional Culture)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


05.png

Image from google


လူမျိုးတိုင်း လူမျိုးတိုင်းတွင် ကိုယ်ပိုင်ယဉ်ကျေးမှုများ ရှိကြပေသည်။ နိုင်ငံတိုင်းတွင်လည်း ကိုယ်ပိုင်ယဉ်ကျေးမှု များ ရှိကြပေသည်။ အနောက်တိုင်းယဉ်ကျေးမှုများ တဖြည်းဖြည်းကျယ်ပြန့်လည်သည်နှင့်အမျှ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှုများကို ပစ်ပယ်သကဲ့သို့ဖြစ်လာနေပေသည်။ အချိန်မီပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း မပြုလုပ်ကြပါမူ မကြာမီနှစ်အနည်းငယ်အတွင်းတွင်ပင် မြန်မာ့ယဉ်ကျေးမှုများ အားလုံးနီးပါးသည် အနောက်တိုင်းယဉ်ကျေးမှုများ၏ ၀ါးမြိုခြင်းကခံရပြီး ပျောက်ကွယ်သွားကြတော့မည်ဖြစ်ပါသည်။ ထိန်းသိမ်းရန် မဆိုထားနှင့် တစ်ခါတစ်ရံ ကြုံကြိုက်သဖြင့် မြန်မာ့ယဉ်ကျေးမှုအရ ၀တ်စားရမည်ဆိုပါက သို့မဟုတ် နှုတ်ဆက်ရ မည်ကို ရှက်သယောင်ယောင် ကြောက်သယောင်ယောင် ဖြစ်နေကြတော့သည်။ ယခုခေတ်ကာလ မိန်းကလေး အများစုသည် မြန်မာတို့၏ ထမိန်ကိုပင် ကောင်းစွာမ၀တ်တတ်ကြတော့သည်ကိုလည်း အလွန်အံ့သြဘွယ် ကြားသိရပါသည်။ ရင်လေးဖွယ် တစ်မျိုးသားလုံးအရေးကိစ္စတစ်ခုဟု ခံစားမိပါသည်။


01.png

Image from google


ဘောင်းဘီဖင်ကြပ် စကတ်တို တို့အားနှစ်ခြိုက်စွာ ၀တ်ဆင်လာကြသည်။ မြန်မာတို့၏ လုံခြုံမှုရှိသော အဆင်တန်ဆာတို့အား ပစ်ပယ်ပြီး မပေါ်တစ်ပေါ် အ၀တ်အစားတို့အား နှစ်ခြိုက်လာကြသည်။ ဘုရားသွား ကျောင်းတက်ပင် ရိုးရာအ၀တ် အစားတို့ကို မ၀တ်ချင်ကြတော့။ မ၀တ်တတ်ကြတော့။ ဒါသည်ခေတ်ဆိုလျှင် ပျက်စီးနေသောခေတ်တစ်ခေတ် သာဖြစ်မည်ထင်ပါသည်။ အထူးသဖြင့် မြန်မာမိန်းကလေးများအနေဖြင့် အင်မတန်ဆင်ခြင်သင့်သော ကိစ္စရပ်တစ်ခုဖြစ်ပါသည်။ အလေးထားဆင်ခြင်သင့်သည်ဟုလည်း ထင်မြင်မိပါသည်။ အခြားသောနိုင်ငံများသည် မြန်မာနိုင်ငံကဲ့သို့ မဟုတ်ကြတော့ပါ။ တိုးတက်နေသောခေတ်ဟု ဆိုချင်ဆိုကြပါလိမ့်မည်။ သို့သော် အ၀တ်အစား များ ၀တ်ဆင်ကြရာတွင်မူ မောင်နှမချင်း၊ သားအမိ သားအဖချင်းပင် အမြင်မတော်ဖြစ်စေရန် မ၀တ်သင့်ဟုလည်း ထင်မြင်မိပါသည်။ အ၀တ်အစား မလုံ့တလုံ့ဝတ်ဆင်ထားသော သမီးဖြစ်သူအား စကားပြောရန်အတွက်ဖြစ်စေ၊ ဆုံးမရန်အတွက်ဖြစ်စေ ဖခင်ဖြစ်သူသည် မည်သို့သောစိတ်မျိုးနှင့် ပြောဆိုဆုံးမရပါမည်နည်း။


02.png

Image from google


ယဉ်ကျေးမှုအစဉ်အလာကြီးမားခဲ့သော တိုင်းပြည်တစ်ပြည်ဖြစ်ပါလျက်နှင့် ကျွန်တော်တို့ခေတ်ကာလရောက်မှ ယဉ်ကျေးမှုမရှိ မပေါ်တစ်ပေါ်အ၀တ်အစားများနှင့် နေထိုင်လာကြခြင်းသည် လူမျိုးအတွက် တိုင်းပြည်အတွက် အမှန်တကယ် ဂုဏ်ယူစရာတစ်ခုဖြစ်ပါမည်လား။ ဒီမိုကရေစီခေတ်ရောက်နေပါပြီ။ ကိုယ်ပိုင်လွတ်လပ်ခွင့်ပါလို့ ပြောချင်ကြပေလိမ့်မည်။ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟု ဆိုကာ အခြားသော မိမိနိုင်ငံ မိမိလူမျိုးနှင့်မကိုက်ညီသော လွတ်လပ်ခွင့်များတော့ မဖြစ်သင့်ဟုလည်း ထင်မြင်မိပါသည်။ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟုဆိုကာ လူအများသွားလာ နေသော လမ်းပေါ်တွင် ၀တ်လစ်စလစ်ဖြင့်သွားလာနေသင့်ပါ၏လော။ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟု ကြွေးကြော်ကာ ပညာသင်ကြားပေးနေသော ပေးခဲ့ပြီးသော ဆရာ ဆရာမ များအား မခန့်လေးစားပြုမူဆက်ဆံသင့်ပါ၏လော။ မိမိအားမွေးပေးခဲ့သော မိခင် ဖခင်တို့အား မထီလေးစား ဆက်ဆံသင့်ပါ၏လော။ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟု ဆိုကာ ယဉ်ကျေးမှုနယ်မြေဖြစ်သော ဘုရား ကျောင်းကန်များတွင် မလုံ့တစ်လုံ့အ၀တ်အစားများဖြင့် သွားရောက်သင့်ပါ၏လော။ မည်သို့ထင်ပါသနည်း။ ကိုယ်ပိုင်လွတ်လပ်ခွင့်ဟုဆိုကြရာတွင် အခြားသောနိုင်ငံများ တွင် မည်သို့ရှိသည်ကို သေချာမသိပါ။ မြန်မာနိုင်ငံတွင် အနန္တော အနန္တ ငါးပါသည် တည်ရှိနေပါသည်။ ထို အနန္တော အနန္တ ငါးပါးရှိနေခြင်းကြောင့်လည်း အခြားသော နိုင်ငံများထက် သဘာဝအန္တရာယ် နှင့် လူသားတို့ပြု လုပ်သော ဒုစရိုက်အန္တရာယ်များ ကင်းရှင်းခဲ့ဘူးပါသည်။


03.png

Image from google


ယခုခေတ်တွင် အနန္တော အနန္တ ငါးပါးအား မထီလေးစား ပြုလုပ်ချင်သူအများအပြားပင် ပေါ်ပေါက်လာသည်ဟုလည်း ထင်မြင်မိပါသည်။ ထိုသို့သော အကြောင်းတရားများကြောင့် လူဆိုး သူခိုးများ ပေါများလာခြင်း၊ အစာရေစာ ရှားပါးလာခြင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်မှုများပြားလာခြင်း တို့ကို ခံစားလာနေကြရပြီဖြစ်ပါသည်။ မဆိုင်ဘူးဟုမထင်မှတ်ပါလေနှင့်။ လူတို့၏ လောဘ ဒေါသ မောဟ မာန်မာန တို့ ကြောင့် လောကကြီးသည် ပျက်စီးလာနေပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းများအား ကြည့်ရှုခြင်းဖြင့် သိသာ နိုင်မည်ဖြစ်ပါသည်။ ယနေ့ ဘယ်နိုင်ငံတွင် လူဘယ်နှစ်ဦးသေဆုံးသွားသည်။ မည်သို့သောသဘာဝဘေးအန္တရာယ် ကြောင့် လူဘယ်နှစ်ဦးသေဆုံးသွားသည် စသည်ဖြင့် နေ့စဉ်မြင်တွေ့နေရပါသည်။ ယခုကျွန်တော်တို့နေထိုင်ရာ နိုင်ငံသည်လည်း ပျက်စီးယိုယွင်းနေသည်မှာ နှစ်အတန်ကြာလာပြီဖြစ်ပါသည်။ တန်ဖိုးရှိသောအရာများအား တန်ဖိုးမဲ့သော အရာများနှင့် လဲလှယ်နေကြသည်မှာ ၀မ်းနည်းဖွယ်ရာပင်ဖြစ်ပါသည်။


04.png

Image from google


လုံခြုံမှုရှိသော မိမိကိုယ်ကို ယုံကြည်စိတ်ချရမှုဖြစ်စေနိုင်သော မြန်မာ့ဝတ်စားဆင်ယင်မှုအား ပစ်ပယ်ထားကြပြီး အနောက်တိုင်းနိုင်ငံများ၏ မပေါ်တစ်ပေါ် ၀တ်စားဆင်ယင်မှုများအား ကျေကျေနပ်နပ်ကြီးဝတ်ဆင်ခြင်းဖြင့် မိမိတို့ ကိုယ်တိုင် မိမိတို့ယဉ်ကျေးမှုအား ဖျက်ဆီးနေသည်ကို သတိမမူမိလေသလော။ သိရက်နှင့်ပင် သူတစ်ပါးအဖျက်ဆီးခံလိုနေကြလေသလော။ သေချာသည်မှာ မိမိတို့ကိုတိုင်ဖျက်ဆီးပစ်နေကြခြင်းပင်ဖြစ်ပါသည်။ နေ့စဉ် မုဒိန်းမှုများ မည်သည်မှ အစပြုခဲ့သနည်း။ ယောက်ျားသားတို့အား စိတ်ဖောက်ပြန်စေနိုင်သော အ၀တ်အစားတို့အား ၀တ်ဆင်ခြင်းမှ အစပြုသည်ဟု ထင်မြင်မိပါသည်။ ကမ္ဘာမီးလောင်သားကောင်ချနင်းဆို သကဲ့သို့ပင်ဖြစ်မည်ထင်ပါသည်။ ထကြွသောင်းကျန်းနေသော ရာဂမီးတို့အား ငြိမ်းသတ်ရန် မူမှန်အသိများကွယ် ပျောက်သွားတတ်ကြပါသည်။ အသိဖြင့်မထိန်းချုပ်ပါမူ တိရစ္ဆာန်နှင့်မခြားတော့ပါချေ။ မောင်နှင့်နှမ သမီးနှင့်အဖ မမြင်နိုင် မသိနိုင် မဖြစ်သင့်သောအရာတို့သည် လောကတွင် ဖြစ်ပျက်ကြကုန်သည်ဖြစ်ကြောင်းကို သတိမူသင့် ပါသည်။ လုံခြုံသော အ၀တ်အစားတို့ကို ၀တ်ဆင်ထားသောမိန်းကလေးတစ်ဦးနှင့် မလုံ့တလုံဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးတို့တွင် မည်သည့်မိန်းကလေးသည် အစော်ကားခံရနိုင်သည်ဟု ထင်ပါသနည်း။ မိန်းကလေးများ ဖြေကြည့်ကြပါလေ။ မိမိတို့၏ တန်ဖိုးသတ်မှတ်ချက်များသည် မိမိတို့ကိုယ်တိုင်ကပင် ဈေးဖျက်မိ တတ်ကြပါသည်။


06.png

Image from google


ခေတ်မီနေကြပြီဖြစ်သော နိုင်ငံတိုင်း၏ ရုပ်ရှင်ဇာတ်ကားတိုင်းတွင် သေချာစွာကြည့်ရှုပါ။ သူတို့နိုင်ငံ၏ ယဉ်ကျေးမှု များကို အမြဲပင် ထည့်သွင်းဖော်ပြတတ်သည်ကို မြင်တွေ့နိုင်ပါသည်။ လေးစားဖွယ် အတုယူဖွယ်ဖြစ်အောင်ပင် ရိုက်ကူးတင်ဆက်ထားကြပါသည်။ ခေတ်နဲ့အညီဆိုသော စကားလုံးများသုံးကာ ပျက်စီးချင်တိုင်း ပျက်စီးနေခြင်း သည် ကောင်း မကောင်း မိမိတို့ကိုယ်တိုင်ပင် ဆုံးဖြတ်ကြရမည်ဖြစ်ပါသည်။ ခေတ်မီခြင်း နှင့် ခေတ်ဆန်ခြင်းသည် တစ်ခြားစီဖြစ်မည်ထင်ပါသည်။ မိမိတို့နိုင်ငံ မိမိတို့လူမျိုး မိမိတို့ဘာသာတရားနှင့် ကိုက်ညီခြင်း ရှိ မရှိ မစဉ်းစား မဆင်နိုင်ကြပါပဲနှင့် လာသမျှအကုန်လက်ခံနေခြင်းသည်လည်း ဖြစ်သင့် မဖြစ်သင့် စဉ်းစားကြပါကုန်လော့။ တစ်ချို့သောသူများမှ ခေတ်ရေစီးကြောင်းမှာ ခေတ်နောက်မကျအောင် ဆိုသော စကားဖြင့် ကာကွယ်ချင်ကြပေ မည်။ ခေတ်မှီခြင်းဆိုသည်မှာ မိမိတို့ရောက်ရှိနေသော မျက်မှောက်ခေတ်အခြေအနေကို မျက်ခြေမပြတ်သိရှိ နားလည်ပြီး လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်ခြင်းကို ခေါ်ဆိုနိုင်မည်ထင်ပါသည်။ ၀တ်စားဆင်ယင်မှုတွင် လည်း ထို့အတူပင်ဖြစ်မည်ဟု ထင်ပါသည်။ ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းတွင် မျောပါနေကြရင်းဖြင့် မိမိတို့၏ ယဉ်ကျေးမှုများ တစ်စထက်တစ်စ ပိုမိုလျော့ပါး ပျောက်ကွယ်နေကြပြီဖြစ်ကြောင်းကို သတိမူနိုင်ကြပါရန်၊ ခေတ်နှင့်အညီ မိမိတို့ယဉ်ကျေးမှုမပျက်၊ မိမိတို့၏ရိုးရာမပျက် ၀တ်စားဆင်ယင်နိုင်ကြပါစေရန်ရေးသားရင်းဖြင့် ရပ်နားလိုက်ပါသည်။



Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

8-Feb-2018 ကြာသပတေးနေ့(Thursday)