ထူးပါဘူး(The Same)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ယနေ့အတွက်တော့ စာရေးရန်အချိန်လုနေရသကဲ့သို့ ကီးဘုတ်မှ စာရိုက်ရန်လက်နာနေပါသဖြင့် တိုသော စာလေးများကိုသာ အားပေးကြပါအုံးလို့ ပထမဦးစွာ တောင်းပန်လိုက်ပါတယ်.... ဖတ်ပေးကြမယ်လား... အော် အော် ဟုတ်ပါပြီ.... အဲလိုဆိုရင်တော့ ဆက်ရေးပေးလိုက်ပါမယ်ဗျာ... လက်နာနေတဲ့ကြားကရေးတင်ပေးလိုက်တာနော်... ဖုန်းနဲ့လည်းစာကို အရှည်ကြီးမရိုက်တတ်ဖူးဗျ.... ဒီတော့ရှည်ရှည်မရေးနိုင်ဘူး.... စာကို ရှည်ရှည်လေးရေးတင်ပေးချင်တယ်.... အရှည်တွေရေးနေကျဖြစ်နေတော့လည်း စာတိုတိုရေးရမှာ မရေးချင်ဖြစ်ပေမယ့်.... ဒီတစ်ခါတော့ တိုတိုလေးပဲရေးလိုက်တော့မယ်ဗျ.... နံမယ်ဆင်တူဖြစ်နေလို့ ခဏတိုင်း ပြဿနာတက်တက်နေတတ်တဲ့ ရွာလေးတစ်ရွာက နာမည်ဆင်တူဖြစ်နေတဲ့ လူနှစ်ယောက် အကြောင်းလေးကို ရေးသားလိုက်ပါတယ်...
သူတို့နှစ်ယောက်ရဲ့နာမည် ဆင်တူပုံက ပြောင်းပြန်ဖြစ်နေပြီး ဆင်တူနေသလိုဖြစ်နေတာပါ..... တကယ်တော့ နာမည်တူခြင်းတော့မဟုတ်ဘူး..... တစ်ယောက်က အေးစိန် တဲ့..... နောက်တစ်ယောက်ကတော့ စိန်အေး တဲ့ဗျ... စိန်အေး နဲ့ အေးစိန် နာမည်ဆင်တူ ဖြစ်နေပေမယ့် လူပုံကတခြားစီပါလေ.... နှစ်ယောက်စလုံးကတော့ အကျင့်စာရိတ္တကသိပ်မကောင်း.... အေးစိန် က လူ ကသေးသေး ပိန်က ပိန်သေး အရပ်က ပိန်ရှည်ရှည်နဲ့ပေါ့.... လူပိန်သေး စိန်အေး ပေါ့နော်... သူ့အကျင့်က ဟိုလူ့လိမ် ဒီလူ့ညာ နဲ့ လူလိမ် လူညာကြီးပေါ့ကွယ် အာရွှီးတဲ့ကိုကို ဆိုသလိုပေါ့နော်... အဲဒါသီချင်းစာသားလားမသိဘူး.... ကြားဖူးနေသလိုပဲ... ထားတော့ လမ်းကြောင်းလွှဲနေမယ်...
Image from google
နောက်တစ်ယောက်ကတော့ စိန်အေး ပေါ့နော်... သူကတော့ အေးစိန် နဲ့ ဆန့်ကျင်ဖက် ပုံပေါ့... လူပုံက ခပ်၀၀ ပုပု ပေါ့... အရပ်ကလည်းခပ်ပုပုပေါ့... လူပု စိန်အေးပေါ့... သူ့အကျင့်က ပျိုပျို အိုလို မရှောင် မြာပွေတတ်တဲ့အကျင့်ရှိတယ်ဗျ.... ကောင်းတဲ့သူတွေမဟုတ်ဘူးနော... လူပုံပြောတာနဲ့တင်ရှင်းတယ်... ရွာဆိုတော့ စကားကို သေချာမပြောတတ်ကြတော့ အမြဲလိုလို ပြဿနာတက်နေတတ်တယ်... အေးစိန် လုပ်တဲ့ လိမ်လည်မှုက စိန်အေး တရားခံဖြစ်လို့ဖြစ်... စိန်အေး မြာပွေတဲ့ အရှုပ်ကိစ္စက အေးစိန်တရားခံဖြစ်လိုဖြစ်ပေါ့...
အေးစိန် ကြောင့် စိန်အေး ရဲစခန်းရောက်သွားရတတ်သလို စိန်အေးကြောင့် အေးစိန် တရားရုံးလိုက်ရှင်းရတတ်တော့ တယောက်နဲ့တယောက်အပြန်အလှန် ဒေါသတွေထွက်ကြ စိတ်တွေဆိုးကြ ဖြစ်ကုန်ကြရော... ဒီတော့ နှစ်ယောက်စလုံး အကြံထုတ်ကုန်ကြတယ်ဗျို့....
ရွာထဲမှာ သိပ်ပြဿနာမရှိပေမဲ့ အခြားရွာတွေနဲ့ဆို စိန်အေး ပြဿနာ အေးစိန်က ရှင်းရ... အေးစိန် ပြဿနာ စိန်အေးက ရှင်းရနဲ့ .... ခဏတိုင်း ပြဿနာ တက်နေတတ်တယ်.... ဒါပေမဲ့ အဲဒီ စိန်အေး နဲ့ အေးစိန်ကတော့ ဘယ်တော့မှ ပြဿနာမဖြစ်ကြဘူး... သူတို့ချင်းဘယ်တော့မှ ရန်မဖြစ်ကြဘူး... သူတော်ချင်းချင်း သတင်းလွှေ့လွှေ့ဆိုလားပဲ.... အဲလို လူလိမ်နဲ့မြာပွေသူ အဆင်ကို ပြေလို့ပေါ့.... ဒါပေမဲ့ ဒီအတိုင်း ခဏတိုင်း စိန်အေး အေးစိန် ပြဿာနာဖြစ်ဖြစ်နေတော့ အေးစိန် က မဖြစ်ချေဘူး.... ငါ ဟိုကောင် တဏှာရူးနဲ့ နာမည်မတူအောင် နာမည်ပြောင်းရင်ကောင်းမယ်လို့ စိတ်ကူးမိတယ်ဗျို့.... အဲ နာမည်ပြောင်းတာတော့ ဟုတ်ပြီ... ဘာနာမည် ပြောင်းရမလဲ... ဘယ်လိုနာမည်ပြောင်းရင်ကောင်းမလဲ....
ဟုတ်ပီ... ဟိုကောင်နဲ့မတူအောင် အောင်စိန် လို့ပြောင်းမယ်... အောင်စိန် အောင်စိန် ကောင်းတယ်.... ဟုတ်ပီ .... ဟုတ်ပီ ဆိုပီး .... နာမည်ပြောင်းပွဲအတွက် တရွာလုံးကို လက်ဖက်ရည်တိုက် ပီး အောင်စိန် နာမည်ခံပါလေရော.... အောင်စိန် ဖြစ်ပီပေါ့ ဟိုကောင် စိန်အေးနဲ့ မတူနဲ့တော့ဘူးဆိုပီး ကျေနပ်နေတာပေါ့...
Image from google
သူမသိလိုက်တာက စိန်အေး ကလည်း သူလို နာမည်ပြောင်းရင်ကောင်းမယ်ဆိုတဲ့အတွေးပေါ်လာတာကိုပဲဗျို့.... စိန်အေးကလည်း ပြဿနာတွေကို မရှင်းချင်တော့ဘူး ဆိုပီး သူ့နာမည်ကို စိန်အောင် လို့ပြောင်းပစ်မယ်ဆိုပီး တရွာလုံးကို လက်ဖက်ရည်တိုက်ပီးတော့ စိန်အောင် အမည်ခံယူနေတယ်.... စိန်အေးကလည်း ဟိုကောင်ပြဿနာကောင်ကြောင့် ဒေါသမဖြစ်ရတော့ဘူးဆိုပီး ပျော်နေတယ်ပေါ့ဗျာ....
စိန်အေး နဲ့ အေးစိန် တဖြစ်လဲ စိန်အောင် နဲ့ အောင်စိန် ကတော့ လက်ဖက်ရည်တိုက် တာ ငွေကုန်တာအဖတ်တင်ပီး ပြဿနာကတော့ ထုံးစံအတိုင်း တက်မြဲပဲတဲ့ဗျို့.... ဒေါသတွေကတော့ ထွက်နေကြရမြဲ ပြဿနာတွေလည်း သူတလှည့် ကိုယ်တလှည့်ရှင်းနေရမြဲပါပဲဗျာ... ရွာကလူတွေကတော့ နာမည် ထပ်ပြောင်းဖို့ အကြံပေးနေကြလေရဲ့ဗျို့.... လက်ဖက်ရည် ထပ်သောက်ချင်ကြတာကိုးဗျ.....
Image from google
နာမည်ပြောင်းမယ်ဆိုတိုင်း ကောင်းတတ်တာမဟုတ်ဘူးဆိုတာလေးကို သတိပေးချင်ပါတယ်ဗျို့....
တချို့နာမည်လှမှ ကောင်းတယ်ထင်တတ်ကြလွန်းလို့ ပါ... အကောင်း နဲ့ အဆိုး အတက် နဲ့ အဆင်း ဒွန်ဒွဲနေတယ်ဆိုတာလေးကိုလည်း သတိရစေချင်လို့ပါဗျ....
ကြွက်ကို ကြောင် လို့နာမည်ပြောင်းပေးပြီး ကြောင် ကို ကြွက်လို့ ခေါ်မယ်ဆိုရင် မူရင်း ကြွက် က မူရင်း ကြောင် ကို နိုင်ပါ့မလားမသိ....
တော်တော်အား ယူပီး ရိုက်ထားတာမို့ ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်... အဲ ဒီလောက်နဲ့ပဲ ကျေနပ်ကြပါလို့.....
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
10-Feb-2018 စနေနေ့(Saturday)