သဘာဝဘေး နှင့် ပြည်မြန်မာ

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


လူတို့၏ အကျင့်စာရိတ္တသီလပျက်စီးမှုကြောင့် သဘာဝများလည်း ပျက်စီးကုန်တယ်။ အကျင့်သီလ သဘာဝတွေပျက်စီးကုန်တော့ သဘာဝပေးတဲ့ အန္တရာယ်တွေ ကျရောက်လာနေပါပြီ။ သဘာဝဘေးအန္တရာယ်တွေဆိုတာ ပုန်းကွယ် ရှောင်းရှားနေလို့မရပါဘူး။ သဘာဝဆိုတာကိုက သူ့အလိုအလျောက် ဖြစ်ပေါ်လာနေတာဖြစ်တာကြောင့်ပဲဖြစ်ပါတယ်။ ရှောင်ရှားရန် မဖြစ်နိုင်သော်လည်း ဆုံးရှုံးမှု နည်းပါးစေရန်အတွက် ကာကွယ်ရေးလုပ်ငန်းများကို ပြုလုပ်ထားနိုင်ပါတယ်။ တချို့သော သဘာဝ ဘေးအန္တရယ်တွေ ကို ပညာရှင်များအနေနဲ့ ကြိုတင် သတိပေးနိုင်သော်လည်း အချို့သော ဘေးအန္တရာယ်တွေကို အသိပေးချိန် မရကြပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်မတော့ အသိပေးသော်လည်း ရပါတယ် ဘာမှ မဖြစ်လောက်ပါဘူး ဆိုကာ နေထိုင်ကြသဖြင့် ဆုံးရှုံးမှု ပိုမိုများပြားကြပါတယ်။ ကြိုတင်အသိပေးသော်လည်း ဆုံးရှုံးမှု များပြားနေဆဲသာဖြစ်ပါတယ်။ ဆုံးရှုံးပြီးကာမှ နောက်မှ ပြုပြင်ရေးလိုက် ရခြင်းသည်ကား အချိန်ကုန် ငွေကုန် လူပင်ပန်းဖြစ်ရတတ်ပါတယ်။ မပျက်စီး မဆုံးရှုံးအောင် ကြိုတင် ကာကွယ် နေထိုင်နိုင်မည်ဆိုပါက အကောင်းဆုံးသာဖြစ်ပါတယ်။ ကြိုတင်အသိပေး၊ ကြိုတင်သတိပေးနေတာတောင် ဆုံးရှုံးနေတယ်ဆိုရင် ငလျင်ကဲ့သို့သော ကြိုတင် အသိမပေးနိုင်သော၊ ကြိုတင်မသိနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်လာပါက လူနေထူထပ်လှသော မြို့ပြများတွင် အလွန်အမင်း ဆုံးရှုံးမှု များပြားနိုင် ပါတယ်။ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိကြခြင်းပင်ဖြစ်မယ်ထင်ပါတယ်။ ငါတို့က ဘာမှနားမလည်ဘူး ဟုပြောလေမည်လား၊ ဖြစ်နေကြတွေပါ ဟု ပြောကြလေမည်လားတော့မသိပါ။ ဘာမှ နားမလည်ရင်တောင် အချင်းချင်း လက်ဆင့်ကမ်း ပေးနိုင်ပါတယ်။ ဖြစ်နေကြဆိုရင်တောင် ဘာကြောင့် ဆက်ဖြစ်နေသေးလဲဆိုတာ စဉ်းစား ပြုပြင်သင့်တယ်လို့ မထင်မိဘူးလား။


02.jpg


03.png


Untitled-1.jpg


သဘာဝဘေးအန္တရာယ်အတွက် အသိပေးချက်များ၊ သတိပေးချက်များကို မလေ့လာ၊ မလိုက်နာကြပါပဲနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်သောအချိန်တွင် ကံ မကောင်းလေခြင်းဟုဆိုကာ ကံကို ပုံချနေကြမည်မှာ မြေကြီး လက်ခတ်မလွဲပင်ဖြစ်ပါတယ်။ ထို့သို့ ဆုံးရှုံးမှုများသည် ကံ မကောင်း အကြောင်းမလှသောကြောင့်မဟုတ်တော့ ပါ။ ဖြစ်မည်ကို သိပါလျက်နှင့် ပြင်ဆင်မှု မပြုလုပ်၊ ကာကွယ်မှု မရှိခြင်းကြောင့်သာဖြစ်ပါသည်။ ထိုကိစ္စများသည် ကံနှင့် လားလားမှမဆိုင်ပါ။ ကံ ဆိုသည်ကို လူအများစုသည် တလွဲထင်မြင်တတ်ကြတယ်။ ကံဆိုတာက မိမိတို့ လုပ်လိုက်တဲ့ အလုပ်ဆိုတာကို မေ့နေကြတယ်။ ကောင်းတဲ့အလုပ်တွေကို လုပ်ရင် ကံကောင်းမယ်။ မကောင်းတဲ့အလုပ်တွေကို လုပ်ရင် ကံဆိုးမယ်။ မကောင်းတာတွေလုပ်ပြီးတော့ ကံကောင်းချင်နေလို့မရပါဘူး။ အန္တရာယ်မှန်းသိလျက်နဲ့ မရှောင်နိုင်ခြင်းကလည်း ကံမကောင်းတာ မဟုတ်တော့ပါဘူး။ လူမကောင်းတာပဲ ဖြစ်ပါမယ်။ ဘာပဲလုပ်လုပ် ဘာပဲဖြစ်ဖြစ် ကံကိုသာ ယိုးမယ်ဖွဲ့နေခြင်းသည် လူပျင်း လူဖျင်း လူညံ့တို့ရဲ့ အလုပ်သာဖြစ်ပါမယ်။ ဘယ်အလုပ်ကိုမိမိလုပ်သည်ကို သိရန်လိုပါတယ်။ ကောင်းမှု မကောင်းမှု သိရန်လိုပါတယ်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးခြင်းသည် ကံမဟုတ်ပါ။ မိုးရွာသွန်းခြင်းသည် သဘာဝသာဖြစ်ပါတယ်။ သဘာဝက အန္တရာယ်ဖြစ်လာနိုင်သော အချိန်တွင် တတ်သိနားလည်တဲ့ ပညာရှင်တွေ ၀ါသနာရှင်တွေက အသိပေး သတိပေးနှိုးဆော်တာကို လိုက်နာသင့်ပါတယ်။ ကံပဲဆိုပြီး ငုတ်တုပ်ထိုင်နေလို့မရပါ။ သဘာဝဘေးအန္တရာယ်က ကံကို နားမလည်ပါ။ ဒီလူတော့ ကံကောင်းစေ ဟိုလူတော့ ကံဆိုးစေ လုပ်မရပါ။ သဘာဝကြီးသည် လူသားအားလုံးအတွက် တပြေးညီသာဖြစ်ပါတယ်။


07.png


08.png


ယခုလက်ရှိတွင် မိုးများစွာ ဆက်တိုက်ရွာသွန်းမှုကြောင့် နေရာအတော်များများတွင် ရေများလွှမ်းမိုးမှုအား ခံနေကြရတယ်။ ပျက်စီးဆုံးရှုံးမှု၊ လူသေမှုတွေဖြစ်ကြရတာ စိတ်မကောင်းစရာပါ။ ကြိုတင် အသိပေး သတိပေးခဲ့ကြသော်လည်း လိုက်နာမှုအားနည်းလို့ ဖြစ်တယ်လို့ပဲ ပြောရမလား။ နိုင်ငံတော်ရဲ့ အကူအညီ မရကြလို့ပဲလား မသိပါ။ ဆုံးရှုံးမှုကတော့ တော်တော်များသွားပါပြီ။ နောက်ထပ် မိုးဆက်တိုက် ရွာမယ်ဆိုရင် ဒီထက်ပိုဆိုးရုံသာရှိပါတယ်။ အချို့သော လူနေအိမ်တွေ နေထိုင်လို့မရတော့သလို အချို့လည်း ရေနဲ့အတူ မျောပါကုန်ကြပါပြီ။ ကိုယ့်နေရာ ရေဒုက္ခမဖြစ်ပေမယ့် စိတ်မကောင်းဖြစ်မိပါတယ်။ သတိပေးချက်၊ အသိပေးချက်တွေလိုအပ်သလို နည်းပညာပိုင်းဆိုင်ရာ ကူညီမှုတွေလည်း လိုအပ်ပါတယ်။ သဘာဝဘေး အန္တရာယ်ကျရောက်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းတွေလည်း လုပ်ပေးကြရန် အသင့်ဖြစ်နေသင့်ပါတယ်။ အကောင်းဆုံးက မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်တာကာကွယ်ကြပြီး မကာကွယ်နိုင်လို့ ရှောင်တိမ်းသင့်ရင် ရှောင်တိမ်းကြရပါတယ်။ မရှောင်တိမ်းလို့ အမှန်တကယ် ဖြစ်လာရင် အများအပြားဆုံးရှုံးနိုင်သလို လူတွေလည်း သေနိုင် ပျောက်နိုင်ပါတယ်။ ပစ္စည်းဆုံးရှုံးမှုတွေက ပြန်လည်ထူထောင်နိုင်ပေမယ့် လူတွေ ဆုံးရှုံးမှုကတော့ အစားထိုးမရနိုင်တော့ပါဘူး။ ယခုအချိန်မှာ မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ဆုံးရှုံးမှုတွေနဲ့ ရေကြီးမှု ဓာတ်ပုံများကိုပါတင်ပေးလိုက်ပါတယ်။ ဓာတ်ပုံများအားလုံးကတော့ Facebook ကနေပြန်လည်ယူထားခြင်းဖြစ်ပါတယ်။ မှန်ကန်တဲ့ အသိအမြင်နဲ့ သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင်ကြပါစေ။ ဘေးအန္တရာယ်ကင်းရှင်းကြါပစေ


04.png


06.png


09.png


FB_IMG_1528971592196.jpg

Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

15-Jun-2018 သောကြာနေ့(Friday)