သဘာဝပတ်ဝန်းကျင်(Environment)

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.



02.png

Image from google


Best writer of January 2018 တွင် ၀င်ရောက်ယှဉ်ပြိုင်ကြရန်အတွက် ခေါင်းစဉ်တစ်ခု သတ်မှတ်ပေးလိုက်ပေပြီ... ခေါင်းစဉ်သတ်မှတ်ပေးလိုက်သည့်အတွက် ရေးသားသူများအတွက် စာရေးရန်ဘောင်ကျဉ်းသွားမှာဖြစ်ပါတယ်... ရေးချင်ရာရေးလို့မဖြစ်နိုင်တော့ပါ... ခေါင်းစဉ်နှင့်သက်ဆိုင်သော အကြောင်းအရာတို့ကိုသာ ရှာဖွေစုဆောင်း ရေးသားကြရတော့မှာဖြစ်ပါတယ်... ခေါင်းစဉ်နှင့်မသက်ဆိုင်သောအကြောင်းအရာများကိုရေးသားရင်တော့ ဆုရ နိုင်မယ်မဟုတ်တော့ဘူးပေါ့ဗျာ... ဒီတော့ ခေါင်းစဉ်နဲ့သက်ဆိုင်ရာတွေကိုစုဆောင်း ရှာဖွေရေးသားသင့်ပါတယ်... ခါတိုင်းတင်သလို post ဖြစ်ပြီးရောရေးသားမရနိုင်တော့တာသေချာပါတယ်ဗျာ... ခေါင်းစဉ်ကိုသေချာဖတ် သက်ဆိုင်ရာအကြောင်းအရာကိုစုဆောင်းရှာဖွေ အကြမ်းရေး စာတွေကိုပြန်စစ် စာလုံးပေါင်း အမှား အမှန် သိအောင်ပေါ့... ရေးတဲ့အကြောင်းအရာကတော့ ကောင်းနေပေမယ့်လည်း စာလုံးပေါင်းတွေ မှားနေရင်လည်း ဆု မရနိုင်တော့ဘူးလေ... ဒီတော့ စာလုံးပေါင်းမှန်အောင်လည်း သေချာစစ်ဆေးပြီးမှ Post တင်သင့်တယ်ထင်ပါတယ်... စာလုံးပေါင်းမှားအမျာအပြားပါရှိလာပါက ဆုနှင့်ဝေးမယ်.... ခေါင်းစဉ်လေးနဲ့ကိုက်အောင်လည်း ရေးကြပေတော့... ဥာဏ်လေးလည်းသုံးကြပေတော့... 100 STEEM ဆိုတာ ကိုယ်တိုင်စုရင် အတော်စုယူရမယ့် ပမာဏပေပဲ... ဒီတော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပြီးတော့ ပြိုင်ကြပေရော့...


သဘာဝပတ်ဝန်းကျင်_Environment


05.png

Image from google


ဒီတော့ ပေးထားတဲ့ခေါင်းစဉ်ကို အရင်လေ့လာကြည့်ပေတော့... ဘာတဲ့ ခေါင်းစဉ်က အဲ "ယိုယွင်းနေသော မြန်မာ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း ပြုပြင်ရအောင်" တဲ့... အဓိကရေးပေးရမှာက သဘာဝ နဲ့ ပတ်ဝန်းကျင်လို့ တော့ထင်တယ်ဗျ... ဒီတော့ သဘာဝနဲ့ပတ်ဝန်းကျင်ပေါင်းပြီး သဘာဝပတ်ဝန်းကျင်လို့ခေါ်ဆိုလာတာဖြစ်မယ်... သဘာဝဆိုတာ လောကဓာတ်လို့ပြောရမလား စကြ်ာဝဠာလို့ပြောရမလားတော့မသိဘူး...အလိုအလျောက်ဖြစ်ပေါ် လာတတ်တဲ့အရာတွေကို သဘာဝလို့ခေါ်ဆိုနိုင်မယ်ထင်တယ်... လောကမှာ လိုအပ်နေတဲ့နေရာတွေမှာ အလိုအလျောက်ဖြစ်ပေါ်လာတတ်တဲ့အရာတွေကို သဘာဝ အဲဒီလိုပဲ မလိုအပ်တဲ့အရာတွေကို အလိုအလျောက် ဖယ်ထုတ်ပေးနေတာက သဘာဝ လို့သတ်မှတ်နိုင်မယ်ထင်ပါတယ်... သဘာဝဆိုတာက သူ့အလိုအလျောက်ကို ဖြစ်တည် ပယ်ထုတ်လုပ်နေကြရတာ... သဘာဝအတိုင်းဆို လောကဓာတ်လို့ခေါ်တဲ့ စက်ြဝဠာကြီးက ပျက်စီးနိုင်ချေ အင်မတန်နည်းပါးမယ်ထင်ပါတယ်... သူ့အတိုင်းရှိနေတာကို ကျွန်တော်တို့ လူသားတွေက ၀င်ပြီး ဟိုဟာလုပ် ဒီဟာလုပ် ၀င်ရှုပ်ကုန်ကြရာကနေ ဂေဟစနစ်တွေပျက်စီးပြီး သဘာဝပတ်ဝန်းကျင်ကြီးလည်း ပျက်စီး ကုန်ကြတာနေမယ်ပေါ့... သတ္တ၀ါတွေအဖြစ် ဖြစ်တည်လာတဲ့အချိန်ကစပြီး သမင်ကို ကျား ခြင်္သေ့ စတဲ့သားရဲတွေ က အစဉ်အဆက် သတ်ဖြတ်စားသောက်လာကြတယ်လေ... ဒါပေမယ့် သမင်တွေ မျိုးတုံးမသွားခဲ့ပါဘူး... လူတွေ ၀င်ရှုပ်တော့မှ ဟိုသတ္တ၀ါလည်းမျိုးတုံးပျောက်ကွယ်လုနီး၊ ဒီသတ္တ၀ါတွေကလည်း မျိုးတုံးပျောက်ကွယ်လုနီးပါး ဖြစ်ကုန်တော့တာပဲလေ... အဲဒါအမှန်ပဲထင်တယ်... ဒိုင်နိုဆောတွေ မျိုးတုံးတာ လူတွေကြောင့်ပဲဖြစ်ပါမယ်... ငှက်တွေမျိုးတုံးပျောက်ကွယ်သွားကြတာလည်း ဒီလူတွေကြောင့်ပဲထင်ပါတယ်... ဒီလိုပဲ ဟိုသတ္တ၀ါလည်း မျိုးတုံး ဒီသတ္တ၀ါလည်းမျိုးတုံး ကုန်တာ ကျွန်တော်တို့ လူသားတွေကြောင့်လို့ပဲထင်ပါတယ်... သဘာဝအရဆိုရင် သူတို့အချင်းချင်း ကိုက်ဖြတ်စားသောက်လို့ မျိုးမတုံးဘူးထင်ပါတယ်... လူတွေဝင်ရောက်သတ်ဖြတ်စားသောက် ကြလို့ မျိုးတုံးကုန်ကြတာပဲဖြစ်မှာပါ....


04.png

Image from google


ဒီတော့ ဘာကြောင့် ဆိုတဲ့ မေးခွန်းကို အရင်ရှာပြီးမှ ဘယ်လို ဆိုတဲ့ အဖြေကို ထုတ်ယူနိုင်မယ်ဖြစ်ပါတယ်... သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာကြရတာကတော့ အဓိက တရားခံက ကျွန်တော်တို့ လူသားတွေပဲလို့ ထင်တယ်ဗျာ... ဒီတော့ ကျွန်တော်တို့လူသားတွေကပဲ နောက်က လိုက်လံပြုပြင် ဖာထေးနေကြရတာပဲ... လူသား တွေကတော့ မျိုးတုံးပျောက်ကွယ်မသွားနိုင်သေးဘူးထင်ပါတယ်... လူသားတွေလုပ်လို့ပဲ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းနေပါပြီ... သဘာဝကပေးထားတာတွေက အများကြီးပဲလေ... သယံဇာတတွေ ဆိုတာ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိနေကြတယ်... သယံဇာတ အတော်များများစုံတာကတော့ ကျွန်တော်တို့ချစ်သော မြန်မာပြည်ပေါ့ ဗျာ... ဒါပေမယ့် ကျွန်တော်တို့ ကိုရွှေမြန်မာများကတော့ တန်ဖိုးထားရကောင်းမှန်းကို မသိခဲ့ကြတာပါဗျာ... (၁၉) ရာစုနောက်ပိုင်းလောက်ကစပြီးတော့ဗျာ တစ်ကမ္ဘာလုံးမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုပြီး ကြွေးကြော် လာကြပြီး မျိုးပြုတ်လုသတ္တ၀ါတွေ၊ ကုန်ဆုံးလု သယံဇာတတွေကို ထိမ်းသိမ်းဖို့ ကြိုးစားလာကြတာတွေ့ရပါ တယ်... ပျက်စီးတာကို ပြန်ပြင်ရတာ အတော်အချိန်ကုန်ပြီး မူရင်းအတိုင်းပြန်ကောင်းဖို့မလွယ်ပါဘူး... ပြန်ကောင်း ဖို့ သိပ်မမျှော်လင့်ရဲဘူးပေါ့နော်... ပြန်ပြင်ရတာ ဘယ်လောက် အလုပ်ရှုပ်လဲဆိုတာ Service သမားတိုင်း သိပါလိမ့် မယ်ဗျာ... တကယ်တော့ နဂိုကတည်းကထိမ်းသိမ်းလာခဲ့ရမယ့်ကိစ္စတစ်ခုဖြစ်ပေမယ့် မသိခဲ့ကြတော့ နောက်ကျ မှ အပြေးလိုက်ပြုပြင်နေရတာ ကောင်းဖို့ဆိုတာရာခိုင်းနှုန်းနည်းသွားပြီထင်ပါတယ်... မြန်မြန်မပျက်စီးအောင်ပဲ ထိန်းညှိပေးနိုင်ကြတော့မယ်လို့ထင်ပါတယ်... ပေါက်တဲ့တဲ့ အိုဇုန်းလွှာကြီးကိုလည်း အိုးဖာတိတ်နဲ့ တက်ဖာလို့မရသလို ပြောင်သလင်းခါနေတဲ့ သစ်တောတွေကိုလည်း ဥုံဖွ ကြီးစေ လုပ်လို့မရပေဘူးပဲ... လောဘနဲ့ သတ်ကြတယ် လောဘနဲ့ခုတ်ကြတယ် လောဘနဲ့စီးပွားရေးအတွက် ကြီးကျယ်တဲ့စက်ရုံကြီးတွေကို မီးခိုးတလူလူနဲ့ ထူတောင်ကြတော့ ပျက်စီးကုန်ကြရတာပဲလေ...


06.png

Image from google


သဘာဝ သယံဇာတတွေကလည်းအများသားဗျာ... မြေသယံဇာတ ရေသယံဇာတ စသဖြင့်ပေါ့... ကမ္ဘာကြီးရဲ့ ၄ ပုံ ၃ ပုံကို ရေတွေက စိုးမိုးထားတယ်သာ ပြောတယ် ယနေ့ကမ္ဘာ့နေရာတော်တော်များများမှာဖြင့် ရေသယံဇာတ ရှားပါးလာမှုတွေနဲ့ ကြုံတွေ့နေကြရတယ်လို့တောင် ပြောနေကြပြီ... တရုတ်နိုင်ငံမှာ ရှေးကမြစ်တွေအများအပြားရှိခဲ့တယ် ခုတော့ မြစ်ပေါင်း 28,000 လောက်က ရေတွေကုန်ပြီး ပတ်ကြားအက်တွေနဲ့ဖြစ်ကုန်ကြပြီဆိုလားပဲဗျာ... ကျွန်တော်တို့ နိုင်ငံက မိခင် ဧရာဝတီတောင် ဘယ်အချိန်ပျောက်ကွယ်သွားမလဲတော့မသိဘူး... ရေရှည် အတွက် မစဉ်းမစား တောတွေခုတ်၊ တောင်တွေဖြို၊ တွင်းထွက်တွေမတန်တဆတူးကြတော့ ခုဆို တစ်ချို့နိုင်ငံတွေ မှာ တွင်းထွက်တောင် ရှာမရဖြစ်ကုန်ကြပြီ... အဓိကပြဿနာကတော့ လူတွေပဲဖြစ်မှာပါပဲလေ... လူတွေရဲ့ စည်းကမ်းမရှိ အတ္တအကျိုးအတွက် လုပ်ချင်ရာလုပ်ကြရာကနေ ပေါ်ထွက်လာတဲ့ အကျိုးရလာဒ်တစ်ခုပဲလေ... အကောင်းတွေမြင်ရတယ်ဆိုပေမယ့် ပျက်စီးနေတာတွေကလည်း ဒုနဲ့ဒေးပါဗျာ... ကျွန်တော်တို့မြန်မာပြည်မှာဆို သဲတွေ အင်မတန်ပေါတယ်... ဒါကိုလူတိုင်းသိတယ်... ဒါပေမယ့် တန်ဖိုးရှိမှန်းသိတာ ဘယ်လောက်မှ မကြာသေး ဘူး... ဒါတောင် လူတိုင်းသိကြတာမဟုတ်ဘူးလေ... သဲမှာ သတ္တုရိုင်းတွေပါတယ်လေ... မသိဘူးလား... အင်မတန်မှ တန်ဖိုးရှိတဲ့ Silicon Dioxide တွေအင်မတန်ပေါများကြွယ်ဝတယ်ဆိုပဲ... အရင်က ကျွန်တော်တို့သိတာက သဲဆိုတာက မီးငြှိမ်းသတ်ဖို့နဲ့ အဆောက်အဦဆောက်ဖို့လောက်သိခဲ့ကြတာပါ... သဲက လည်း မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတဗျာ... နောက်ပြီးတော့ ပေါမှပေါ... အမြင်ကတ်လောက်အောင်ပေါတာ... အချို့တိုးတက်နေတဲ့ နိုင်ငံကြီးတွေမှာ ရေသယံဇာတတွေရှားပါးလာကြတော့ ရေကိုချွေတာသုံးစွဲရေးတွေ ဘာတွေ လုပ်နေကြတယ်... ကျွန်တော်တို့ မြန်မာမှာတော့ ၀ုန်း ဒိုင်း ၀ုန်း ဒိုင်း တဗွမ်းဗွမ်းနဲ့ ရေကောင်းကောင်းချိုးနေနိုင် သေးတယ်ဗျာ... အခုတိုးတက်နေတဲ့နိုင်ငံအတော်များများက မြန်မာကို မျက်စိကျနေကြတာ အဲလို သယံဇာတ တွေမျိုးစုံ ပေါနေလို့ပဲ ဖြစ်မှာပါဗျာ... တရုတ်နိုင်ငံက မြစ်တွေ ဘာကြောင့် ပျောက်ကွယ်သွားရသလဲဆိုတဲ့မေးခွန်းတွေကို နိုင်ငံတကာမှာ အဖြေရှာထားကြတာအများကြီးပဲဗျ... အောက်မှာ Link အနည်းငယ်ကိုတော့ဖော်ပြပေးလိုက်တယ်... စိတ်ဝင်စားရင်တော့ လေ့လာလိုက်ပေါ့....


28,000 Rivers Disappeared in China: What Happened?

https://www.theatlantic.com/china/archive/2013/04/28-000-rivers-disappeared-in-china-what-happened/275365/


Why did 28,000 rivers in China suddenly disappear?

https://www.theverge.com/2013/4/3/4175514/china-rivers-disappear-from-the-map-water-supply-crisis


Almost 28,000 Rivers Disappear in China

https://www.internationalrivers.org/resources/almost-28-000-rivers-disappear-in-china-8009



01.png

Image from google


ဒါပေမယ့်လည်း အခုတော့ တဖြည်းဖြည်းနဲ့ အဲဒီသယံဇာတတွေ လျော့နည်းကုန်ကြပါပြီ... ပျက်စီးယိုယွင်းကုန်ကြပါပြီ... သဘာဝပတ်ဝန်းကျင် ပျက်စီးလာတော့ ရာသီဥတုတွေလည်း ဖောက်ပြန်ကုန်ကြပါပြီ... ရောဂါအန္တရာယ် များလည်း များပြားလာကြကုန်ပါပြီ... ဒါတွေကို ပြန်လည်ပြုပြင်ဖို့အတွက် မြန်မာနိုင်ငံကတော့ သိပ်အခြေအနေ မဆိုးသေးဘူးလို့တော့ ထင်ရတာပဲ... ကျွန်တော်တို့ မြန်မာပြည်ကြီး ရဲ့ သဘာဝပတ်ဝန်းကျင်ကို အသိရှိရှိ သတိရှိရှိ နဲ့ အားလုံး ပါဝင်ပူးပေါင်းပြီး ပြုပြင် ကြမယ် ထိမ်းသိမ်းကြမယ်ဆိုရင်တော့ အခြားသော နိုင်ငံများထက် အခြေအနေ ပိုကောင်းမယ်လို့ထင်ပါတယ်... သေချာပေါက်ကောင်းနိုင်ပါတယ်... ကျွန်တော်တို့ လူသားတွေကြောင့် သဘာဝပတ်ဝန်းကျင်ကြီး ပျက်စီးယိုယွင်းကုန်ကြတယ်... ဂေဟ စနစ် တွေ ပျက်စီးကုန်ကြတယ်... လူသားဖြစ်နေကြတဲ့ ကျွန်တော်အပါအ၀င် လူသားအပေါင်းက ကမ္ဘာကို အသာထားပြီး အရင်ဦးဆုံး ကျွန်တော်တို့ မြန်မာနိုင်ငံကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို ပြန်လည်ထိမ်းသိမ်းနိုင်အောင် မကူညီသင့် ကြဘူးလားဗျာ... သစ်ပင်လေးတစ်ပင်ပဲဖြစ်ဖြစ် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းပဲဖြစ်ဖြစ် ကာဗွန်ဒိုင်အောက် ဆိုဒ်တွေ အများကြီးထုတ်တဲ့ မော်တော်ကား မော်တော်ဆိုင်ကယ် အသုံးပြုတာကို လျော့ချတာပဲဖြစ်ဖြစ် လုပ်ပေးသင့်တယ်မဟုတ်လားဗျာ... သူများတွေကို လိုက်ပြောနေမယ့်အစား ဒီအချိန်ကစပြီး ကိုယ်ကိုယ်တိုင်က စပြီး ကျင့်သုံးရင်မကောင်းပေဘူးလားဗျာ... ရေကာတာတွေ စက်ရုံအကြီးကြီးတွေကိုတော့ ကျွန်တော်တို့လိုသာမန်လူတွေ မလုပ်တာသေချာပါတယ်နော... နောက်တစ်ခုက လျှပ်စစ်စွမ်းအင်ကို အသုံးပြုရတဲ့ ကွန်ပျူတာ တီဗီ ဖုန်းတွေက အပူလှိုင်းတွေ အနည်းနဲ့အများ လျော့ချသင့်တယ်... ဒါမှလည်း ကမ္ဘာ ကြီးပူနွေးလာမှုကို တဖက်တလမ်းက တားဆီးပေးနိုင်မယ်လို့ထင်တယ်ဗျ... ကဲ ကျွန်တော်တို့ကိုယ်တိုင်ပဲ ဒီအချိန် ကစပီး တတ်နိုင်သလောက် မြန်မာ့သဘာဝပတ်ဝန်းကျင်ကို ထိမ်းသိမ်းပေးပြီး ကမ္ဘာ့ သဘာဝပတ်ဝန်းကျင်ကို အထောက်အကူပြုအောင် တတ်စွမ်းသရွေ့ ကူညီ ထိမ်းသိမ်းကြပါစို့......


08.png

Image from google


လူသားများရဲ့ လောဘတွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာခြင်းဖြစ်လေရာ လူသားများဖြစ်သော အသင်တို့ ကျွန်ုပ်တို့အနေဖြင့် တာဝန်ရှိတယ် တာဝန်ယူသင့်တယ်လို့ မထင်မိဘူးလားဗျာ... လူသားတစ်ယောက်အနေနဲ့ အဲဒီလိုထင်တယ်ဆိုရင်တော့ သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းနေခြင်းကို အထောက်အပံ့ဖြစ်စေတဲ့ ကူညီမှုလုပ်ငန်းလေးများလုပ်ကိုင်ကြပါစို့....

သြော်-- ဒါနဲ့ စကားမစပ်ဗျာ.... ဇွန်လ ၅ ရက်နေ့က ဘာနေ့များပါလိမ့်ဗျာ....


07.png

Image from google


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

29-Jan-2018 တနင်္လာနေ့(Monday)