သိလိုသမျှ

မင်္ဂလာပါ...


Screenshot_19.png


စာမရေးနိုင်တာ အတော်ကြာခဲ့ပြီဖြစ်ပေမယ့်လည်း သိလိုသမျှမေးကြည့်ချင်ပါတယ်။ အခြားသူတွေကို မေးကြည့်ရအောင်လည်း အသိကမရှိလေတော့ post လေးတင်ရင်း မေးလိုက်တာပါ။ မေးချင်တာက အများကြီးဖြစ်နေလေတော့ ဘယ်ကစ ပြီး ဘယ်လို မေးရမှန်းမသိဘူးဗျို့။ မေးချင်တဲ့အကြောင်းက Binance Trading အကြောင်းကို လိုအပ်သလောက်လေး သိချင်မိတာတပါ။ အကုန်မဟုတ်ပါဘူး။ အကုန်လည်းလိုက်မမှတ်နိုင်ပါဘူး။ အကယ်၍များ Trading လုပ်မယ်ဆိုရင် ဒါမှမဟုတ် BTC. ETH စတဲ့ Crypto တွေကိုဒီအတိုင်း ထားမယ့်အစား Binance မှာ စုဆောင်းထားမယ်ဆိုရင်အတိုးလည်းရတယ်လို့သိရပါတယ်။ အဲဒါကြောင့်လည်း Binance ကို စိတ်ဝင်စားမိပါတယ်။ Binance Trading ကိုလုပ်ကိုင်နေသူများ ဒါမှမဟုတ် သိသူများအနေနဲ့ Post လေးများရေးတင်နိုင်ရင် ကောင်းလေစွလို့ တွေးမိလို့ ဒီစာကို ရေးတင်မိခြင်းဖြစ်ပါတယ်။ P2P ဆိုလား အဲဒါကလည်း မြန်မာကျပ်ငွေ(MMK)နဲ့အရောင်းအဝယ်လုပ်နိုင်တာကိုလည်းတွေ့လို့ ပိုစိတ်ဝင်စားမိခြင်းလည်းဖြစ်ကြောင်းပါ။


InkedScreenshot_20_LI.jpg


InkedScreenshot_22_LI.jpg


InkedScreenshot_26_LI.jpg


ဒီနေ့တော့ Binance ကို ဝင်မိပြီးစိတ်ဝင်စားပြီးသကာလ ဘာမသိ ညာမသိနဲ့ Binance Liquid Swap မှာ နောက်ဆုံးကျည်ဆံကို ပစ်ထည့်ထားခဲ့မိတယ်။ မှန်တာလား? မှားတာလား? တော့ သေချာမသိ။ အမြတ်ခေါ်ရမလား? အတိုးလို့ပဲပြောရမလား? တော့လည်းသေချာမသိပေမယ့် ပိုင်ဆိုင်မှုကတော့ တက်လာတာအမှန်ပဲ။ ဆက်လုပ်ရမလား? ဆက်မလုပ်ရဘူးလား? ဆိုတာလေးကိုလည်း အကြံပြုပေးကြပါအုံးလို့။

အားလုံးကို လေးစားလျှက် ---

@ansoe