သမုဒ္ဒရာနှင့်တူသော စတီးမစ် (Steemit, Like As Ocean)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
ပင်လယ်ကြီးများ၊ သမုဒ္ဒရာကြီးများသည် အလွန်ကျယ်ဝန်းလှပေသည်။ အင်မတန်လည်း နက်ရှိုင်းပါသေးသည်။ ထိုသို့ ကျယ်ဝန်း နက်ရှိုင်းသည့်အပြင် အန္တရာယ်လည်း အလွန်များပြားလှပေသည်။ ကမ္ဘာ့အနက်ဆုံး သမုဒ္ဒရာအဖြစ် Mariana Trench ကို သတ်မှတ်ထားကြောင်း ဖတ်ရှုဖူးပါသည်။ မည်မျှနက်သည်ကိုတော့ မမှတ်မိတော့ပါ။ အောက်ကပုံမှာတော့ 6.9 မိုင် နက်တယ်လို့ပြထားပါတယ်။ ထိုသို့ ကျယ်ဝန်း နက်ရှိုင်း အန္တရာယ်များလှသည့် ပင်လယ် သမုဒ္ဒရာကြီးများအတွင်းတွင် တစ်နေမှ တစ်နေရာ တစ်နိုင်ငံမှ တစ်နိုင်ငံ ကူးလူးဆက်ဆံကြရာ အမျိုးမျိုးအဖုံဖုံသော နည်းတို့ဖြင့် ပျက်စီး နစ်မြုတ် ပျောက်ကွယ် သွားကြရသည့် လူအပါအ၀င် အရာဝတ္ထုပေါင်းများစွာ ရှိနေပေသည်။ သို့သော်လည်း ကူလူးဖြတ်သန်းနေကြသောအရာအားလုံး နစ်မြုတ်ပျောက်ကွယ်သွားခြင်းတော့ မဖြစ်ပါ။ တစ်နေရာမှ တစ်နေရာ အောင်မြင်စွာ ကူးလူးဆက်ဆံခဲ့ ကြသောသူများလည်း အမြောက်အမြားပင်ရှိပါသည်။ ရှေးယခင်က ပင်လယ် သမုဒ္ဒရာတို့အား ဖြတ်ကျော်ရန် အလွန်တရာခက်ခဲလှပါသည်။ အပျက်စီးအဆုံးအရှုံးများလည်း အလွန်များပြားခဲ့ကြပါသည်။ ယခုအခါမှာ အတတ်ပညာများ၊ နည်းပညာများ၏ အကူအညီဖြင့် လူသားတို့တီထွင်မှုများပြုလုပ်ကာ နစ်မြုတ်ပျက်စီးခြင်းများလည်း နည်းပါးသွားပြီဖြစ်ပါသည်။ ပင်လယ်သမုဒ္ဒရာများ၏ အကြောင်းတို့အား သိရှိနိုင်ရန်လည်း လူတို့သည် ယနေ့အချိန်တိုင်အောင် ကြိုးစားနေရဆဲသာဖြစ်ပါသည်။ Steem Tools အားလမ်းညွှန်ပေးမည် ဖြစ်ပါသောကြောင့် အောက်တွင်ဖော်ပြမည့်အကြောင်းအရာများအား သိပြီးသူဆရာများကျော်သွားနိုင် ပါသည်။ မသိသေးသူများ နှင့် လေ့လာလိုသူများအတွက် ရည်ရွယ်ပါသည်။
ပင်လယ်သမုဒ္ဒရာများ၏ အကြောင်းကို ရေးသားရန်မဟုတ်ပါ။ ရေးသားရန်အတွက်လည်း ပင်လယ်သမုဒ္ဒရာများအကြောင်းကို ဘာမှမသိပါ။ ရေးလိုသည်မှာက Steemit Platform ထဲမှ အကြောင်းများသားဖြစ်ပါသည်။ ရေးသည်ဆိုခြင်းထက် သတင်းပေးလိုခြင်းသာဖြစ်ပါသည်။ Steemit Platform သည်လည်း ပင်လယ်သမုဒ္ဒများကဲ့သို့ပင် ကျယ်ပြန့်ပါသည်။ အခြားသော နေရာများတွင် နာမည်ကြီးနေသော Online လုပ်ငန်းများသည်လည်း Steemit Platform တွင် ရှိနေပါသည်။ ယခုအခါ 8 Ball ထိုးသကဲ့သို့ ငွေရှာနိုင်သောအခြားသော ကဏ္ဍများလည်း ရှိနေပါသည်။ အံစာတုံးလိမ့်သောလောင်းကစားများ၊ ဘောလုံးပွဲလောင်းကစားများလည်း ရှိနေပါသည်။ ပုံတင်ခြင်း၊ ဗီဒီယိုတင်ခြင်းဖြင့်လည်း ငွေရှာနိုင်သော ကဏ္ဍများလည်းရှိနေပါသည်။ မည်သို့အသုံးချရမည်ကို သိသူများက ဖော်ထုတ် မျှဝေနိုင်ကြရန် လမ်းစဖော်ပေးခြင်းသာဖြစ်ပါသည်။ ထိုကဏ္ဍများအကြောင်းကို သေချာစွာ မသိပါ။ သိသောသူအချို့လည်း ရှိနေနိုင်ပါသည်။ Busy ကိုတော့ လူအများသိရှိပြီးဖြစ်ပါသည်။ Minnow Support Project ကဲ့သို့သော အခြား Site များလည်း ရှိကြပါသည်။ တချို့လည်း ကြာမြင့်ခဲ့ပြီဖြစ်ရာ ပင်လယ်သမုဒ္ဒရာထဲတွင် နစ်မြုတ်သကဲ့သို့ Steemit Plstform တွင် နစ်မြုတ်ပျောက်ကွယ်ကုန်ကြသည်လည်း ရှိပါသည်။ ယခုအချိန်ထိ အောင်မြင်နေသော ကဏ္ဍများလည်း ရှိပါသည်။ Steemit Platform သည်လည်း ပင်လယ်သမုဒ္ဒရာများ ကဲ့သို့ပင် ကျယ်ဝန်းလှသည်ဟု ထင်ပါသည်။ မသိနိုင်သောအချက်အလက်များ၊ ကဏ္ဍများ အများအပြားပင် ကျန်ရှိနေပါသေးသည်။ ကျွန်တော်သိသည်မှာလည်း စာရေးခြင်း၊ ဓာတ်ပုံတင်ခြင်း၊ ဗီဒီယိုတင်ခြင်းများ ကိုသာ အနည်းငယ်သိပါသေးသည်။ ဆက်လက်လေ့လာရန် လိုအပ်နေပါသေးသည်။ သို့သော်လည်း ဆက်လက်မလေ့လာနိုင်ဖြစ်နေပါသည်။ လေ့လာနိုင်သူများ အနေဖြင့် လေ့လာမျှဝေပေးရန် အကြံပြုတိုက်တွန်းလိုက်ပါသည်။ ၀င်ရောက်လေ့လာရန်အတွက် အောက်တွင် Link ပေးထားပါသည်။
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
31-May-2018 ကြာသပတေးနေ့(Thursday)