သတိရမိပါသည်(Remember)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
သတိရမိတယ်ဆိုလို့ တလွဲမတွေးကြနဲ့အုံးနော်... ဟိုတစ်ချိန်တစ်ခါဆီက ပြည်ထောင်စုနေ့ကို ပြန်လည်လွမ်းဆွတ် သတိရတာလေးကို ရေးလိုက်တာပါ...တစ်ချိန်တစ်ခါက ဖေဖော်ဝါရီလ (၁၂) ရက်နေ့ တနည်းအားဖြင့်ဆိုသော် ပြည်ထောင်စုနေ့ ကို ပြန်လည်သတိရမိပါတယ်ဗျာ.... ဒီနေ့က (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့ မို့လားဗျာ.... ဟိုးယခင်ကတော့ ပြည်ထောင်စုနေ့မတိုင်မီ နိုင်ငံတော်အလံကို တိုင်းနဲ့ပြည်နယ် (၁၄) ခုကို လှည့်လည် အလေးပြုခံတာအခမ်းအနားလေးတွေကို ပြန်လည်လွမ်းဆွတ်မိတယ်ဗျာ... အဲဒီနှစ်တွေတုံးက ပြည်ထောင်စုနေ့မတိုင်မီကကို ပြည်ထောင်စုနေ့က ကြိုတင်သက်ဝင်လှုပ်ရှားနေသလိုပါပဲ.... ပြည်ထောင်စုနေ့မရောက်သေးပေမယ့် အလံအလေးပြုအခမ်းအနား၊ ပြည်ထောင်စုနေ့အကြိုအတွက် ပြခန်းတွေ တည်ဆောက်ကြ ပြင်ကြ ဆင်ကြနဲ့ တကယ်သက်ဝင်လှုပ်ရှားနေတာတွေကို မြင်ရပါတယ်... ခု သူများမြို့တွေမှာတော့မသိဘူး... ခုခေတ်မှာတော့ ပြည်ထောင်စုနေ့ကြီးက အသက်မဲ့သလိုထင်ရတယ်... ဘာလှုပ်ရှားမှုမှ မမြင်ရသဘောက်ပဲ... မြို့ကြီးတွေမှာတော့ ပြခန်းတွေ၊ ဈေးရောင်းပွဲတော်တွေ ပြုလုပ်ကျင်းပနေတယ်လို့ တွေ့ရ မြင်ရပါတယ်.... ကောင်းလေစွ... မြို့ငယ်လေးတွေတော့တိတ်ဆိတ်နေတာပေါ့.... အခမ်းအနားတော့လုပ်ကြတယ်ထင်ပ....
Image from google
ဒီအကြောင်း မရေးတော့ဘူးနေတာ.... ဘယ်သူမှရေးတင်ထားတာမတွေ့သေးလို့ ရေးတင်လိုက်မိတာ... အားပေးကြအုံးနော်... ပြည်ထောင်စုနေ့ရယ်လို့ ဖြစ်လာရတာက ပင်လုံညီလာခံ နဲ့ ပင်လုံစာချုပ်က စတယ်ပဲပြောရမယ်.... ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ပင်လုံစာချုပ် ချုပ်ဆိုရာကနေ ပြည်ထောင်စုနေ့ရယ်လို့ ဖြစ်လာတယ်မဟုတ်လား.... ကျွန်တော်တို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်ပြီး တောင်တန်းဒေသက ခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ မှာ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်လေ... ပင်လုံ ဆိုတာတကယ်တော့ ရှမ်းဘာသာစကားနဲ့ဆို ပန်လုံ လို့ခေါ်တယ်တဲ့... အဓိပ္ပါယ်က လွင်ပြင်ကြီး လို့ဖွင့်ဆိုကြပါတယ်.... ဒါဆိုရင် ပင်လုံ သို့မဟုတ် ပန်လုံ ကို လွင်ပြင်မြို့လို့လည်း ခေါ်ဆိုနိုင်မယ်ထင်တယ်.... ပင်လုံစာချုပ်ကို အလွယ်တကူ ချုပ်ဆိုခဲ့ရခြင်းမဟုတ်ကြောင်းကို သမိုင်းကြောင်းတွေအရ သိရပါတယ်.... ခက်ခက်ခဲခဲနဲ့ တိုင်းရင်းသားတွေစုပေါင်းညီညွတ်လို့သာ အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့တာဖြစ်ပါတယ်.... အဲဒီပင်လုံစာချုပ် ချုပ်ဆိုခဲ့တဲ့ နေ့ရက်ကို ပြည်ထောင်စုနေ့အဖြစ်သတ်မှတ်ထားခဲ့ခြင်းဖြစ်ပါတယ်ဗျ.... အဲဒီ ပင်လုံစာချုပ်ကြောင့်ပဲ ကျွန်တော်တို့မြန်မာနိုင်ငံဟာဆိုရင် ဂုဏ်ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား ရှိခဲ့တာဖြစ်သလို တိုင်းရင်းသားများ စည်းလုံးခြင်း အမှတ်သင်္ကေတ တစ်ခုဖြစ်ခဲ့ပါတယ်ဗျ...
Image from google
ကျွန်တော်တို့ ကလေးဘ၀ကတော့ ပြည်ထောင်စုနေ့မတိုင်မီလောက်ကတည်းကပဲ လှုံ့ဆော်ရေးတွေ အလံတော်ကြိုဆိုရေးအတွက် လှုပ်ရှားမှုတွေ ပျော်ပွဲ ရွှင်ပွဲတွေ နဲ့ နှစ်စဉ် မြို့တိုင်း မြို့တိုင်းမှာ သက်ဝင် လှုပ်ရှားနေခဲ့ကြတာဗျ... အလံတော်ကြိုဆိုရေးဆိုတာကိုတော့ ခုခေတ်လူများ ကြားတောင် ကြားဖူးကြမယ်မထင်တော့ပါဘူး... အလံတော်ကြိုဆိုရေးဆိုတာ ခုနပြောတဲ့ ပင်လုံစာချု့ပ်နဲ့အတူ နိုင်ငံတော်အလံကို တစ်နိုင်ငံလုံး မြို့တွေ မြို့တွေကို လှည့်လည် အလေးပြုခံတာဖြစ်ပါတယ်... နိုင်ငံတော်အလံဟာ ရန်ကုန်မြို့တော်ကနေ စတင်ထွက်ခွာလာပြီး နောက်ဆုံး ရန်ကုန်မြို့ကို ပြန်ရောက်တဲ့အချိန်ထိ မြို့တကာ နယ်လှည့်ပေးတာဖြစ်ပါတယ်.... အလုပ်လည်း တော်တော်ရှုပ်ကြပါတယ်... အလံတော်ကြိုဆို နေရာချထားရေး၊ အလံတော်အား လက်ဆင့်ကမ်းသယ်ဆောင်ကြမည့်အဖွဲ့များအား စစ်ရေးပြ လေ့ကျင့်ပေးတာတွေ အလံတော်သယ်ယူပုံ နည်းစနစ်တွေကို သင်ကြား လေ့ကျင့်ကြရပါတယ်... ဒီတော့ အချိန်တွေလည်း အတော်ကုန်ပါတယ်... အစိုးရဌာနတွေ မြိ့ပေါ်ရပ်ကွက်တွေ ကျောင်းတွေ အသင်းအဖွဲ့တွေက မြို့ ဧရိယာအတွင်းမှာ အပြေးတက်နဲ့ အလံတော် နေရာချထားတဲ့ ညအိပ် ရပ်နားမယ့် ကွင်းပြင် စင်မြင့်ပေါ်အရောက် လက်ဆင့်ကမ်းသယ်ယူကြရတာဖြစ်တယ်ဗျ... အတော်လည်း ပင်ပန်းကြတယ်ဗျို့... ဒါပေမယ့် အဲဒီလို ပင်ပန်းမှုတွေကလည်း လှုပ်ရှားမှုတွေနဲ့ လှုံ့ဆော်သံတွေ ပြည်ထောင်စု သီချင်းသံတွေနဲ့ ဝေေ၀ဆာဆာ ရှိနေတော့ ပင်ပန်းတယ်လို့လည်း မထင်မှတ်ကြဘူး.... ကြည်နူးမှုတွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေကြတာများပါတယ်.... ညအိပ်ရပ်နားတဲ့ စင်မြင့်ပေါ်ကို နိုင်ငံတော်အလံရောက်ပီဆိုတာနဲ့ အလံတော်ကို ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီး ကျောင်းပေါင်းစုံ အသင်းအဖွဲ့ပေါင်းစုံ ရပ်ကွက်ပေါင်းစုံ ကျေးရွာပေါင်းစုံတွေက အလှည့်ကျ လာပြီး အလေးပြုကြတာ အားရစရာ ကြည်နူးစရာ မြင်ကွင်းတစ်ခုပါပဲ... ခုတော့ မမြင်နိုင်တာ နှစ်အတော်ကြာခဲ့ပါပြီလေ...
Image from google
အားလပ်တဲ့အချိန်တွေတိုင်းမှာဆို ဖွင့်လှစ်ပြသထားတဲ့ ပြခန်းတွေ ဈေးဆိုင်ခန်းတွေဆီကို ဘာရယ်မဟုတ် လူတိုင်းလိုလို သွားတိုးနေကြတာလည်း ပျော်စရာတစ်ခုပေပဲဗျ... ပြခန်းဆိုတာတွေကလည်း ဌာနဆိုင်ရာတွေရဲ့ နည်းပညာတွေ အသိပညာတွေ အတတ်ပညာတွေကို ပြသပေးထားသလို သူတို့ရဲ့ ထုတ်ကုန်တွေကိုလည်း ခင်းကျင်း ရောင်းချပေးသေးတယ်ဗျ... လိုချင်တဲ့သူတွေ ၀ယ်ကြပေါ့ဗျာ.... အဲဒီလိုအချိန်ဆို ဈေးကလည်း ပေါသကိုးဗျ... အဲဒီလို ဈေးပေါပေါနဲ့ ရောင်းချပေးလေတော့ နောက်ပိုင်းကျ စီးပွားရေးသမားတွေက အင်တိုက်အားတိုက် ကားနဲ့တိုက်တာတွေဖြစ်လာတော့ မရောင်းပေးရဲကြတော့ဘူး... ပြည်သူလူထုအတွက် ရောင်းချပေးတာကနေ စီးပွားရေးသမားများအတွက် စားကွက်လိုဖြစ်သွားတာပေါ့... အပြင်လောကမှာ ငါးကျပ်ရောင်းနေတဲ့ပစ္စည်းတစ်ခုကို လေးကျပ်နဲ့ရောင်းတော့ တစ်ကျပ်အမြတ်ရမယ်မဟုတ်လား... ဒီတော့ စီးပွားရေးသမားတွေက ပါသမျှ အကုန်သိမ်းတော့တာပ... ဒီတော့ တကယ့်စားသုံးသူတွေ မရတော့ဖြစ်ကုန်တာပေါ့... ပြခန်းတွေလုပ်ပေးထားတဲ့ ကွင်းအကျယ်ကြီးထဲမှာလဲ တစ်ခါတစ်ရံ ပိတ်ကားထောင် ရုပ်ရှင်ပြပေးနေသေးတယ်.... ဒါမှမဟုတ် ပြည်ထောင်စုနေ့အလံသယ်ယူရေး ပုံရိပ်တွေကို ပြသပေးနေတာ အခုခေတ်လို တိုက်ရိုက် ထုတ်လွင့်နိုင်ဖို့ မလွယ်ကူးသေးဘူး... ခုခေတ်ကတော့ သိတဲ့အတိုင်း ကိုယ်တိုင်တောင် တိုက်ရိုက်လွှင့်တင်လို့ရနေတဲ့ခေတ်ဖြစ်နေပြီလေ... ဘယ်အရာမဆို အကော်င်းအဆိုးကတော့ ဒွန်တွဲနေမြဲဖြစ်မယ်....
မှတ်တမ်းဓာတ်ပုံလေးတွေကို ပြပေးချင်တာ ဓာတ်ပုံတွေကမရှိတော့ဘူးဖြစ်နေလို့ တွေ့တဲ့ပုံပဲရှာတင်ပေးလိုက်တော့တယ်ဗျို့... နိုင်ငံတော်အလံတော် ညအိပ်ရပ်နားတဲ့အချိန်မှာ ဓာတ်ပုံတွေကတော့ တဖြတ်ဖြတ်ရိုက်နေကြတယ်ဗျ... နိုင်ငံတော်အလံနဲ့အတူ အမှတ်တရပေါ့... အရင်ကကြားနေကြ စည်းလုံးရေး သီချင်းတွေကိုလည်းမကြားမိတာအတော်ကြာပီဗျ... သီချင်းလေးတွေကိုလည်း လွမ်းနေ သတိရနေမိတယ်.... သံသယပျောက်ပါစေတို့.... တို့ပြည်ထောင်စုအလံတော်သည် တလူလူလွင့်လို့ချီလာပြီ တို့... ကချင် ကယား ကရင် ချင်း ဗမာ မွန် ရခိုင် ရှမ်း တို့တစ်တွေဆိုတဲ့သီချင်းလေးတွေက အင်မတန်ကြည်နူးတက်ကြွတဲ့သီချင်းလေးတွေပါဗျာ.... ခုချိန်မှာတော့ ပြည်ထောင်စုကြီးကပြိုကွဲမလားတောင်ထင်မိတယ်.... ဟိုနားလည်း ယမ်းငွေ့တဝေေ၀.... ဒီပြည်နယ်မှာလည်း ယမ်းငွေ့တဝေေ၀ နဲ့ ငြိမ်းချမ်းရေးတေးသံတွေလည်း ပျောက်လုလုဖြစ်နေကြတယ်... ပြည်ထောင်စုနေ့မှာ ပြည်ထောင်စုကြီး ရေရှည် တည်တံ့နိုင်ပါစေလို့ ဆုတောင်းပေးနေမိပါတယ်ဗျာ.... ငြိမ်းငြိမ်ချမ်းချမ်း အေးချမ်းသာယာတဲ့ နိုင်ငံတော်အဖြစ် ပြန်လည်ရရှိနိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းရင်း (၇၁)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုလိုက်ပါတယ်ဗျာ....
မြန်မာပြည်ကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်နိုင်ပါစေ........
ပြည်ထောင်စုနေ့ကို ဂုဏ်ပြုခဲ့တဲ့သီချင်းအများအပြားထဲက နှစ်သက်ခဲ့တဲ့ သီချင်းအချို့ကိုရှာဖွေ ဖော်ပြလိုက်ပါတယ်
တို့ပြည်ထောင်စုသား
Video Credit : MRTV You Tube Channel
ပြည်ထောင်စုဖွားတိုင်းရင်းသား ဆိုတဲ့သီချင်းလေးကို နားထောင်ကြည့်ကြပါလား... ဥမကွဲသိုက်မပျက်လို့သာ ပြောနေကြရတာ ဥကလည်းကွဲနေလောက်ပါပြီ... အသိုက်ကြီးလည်းပျက်ချင်ချင်ဖြစ်နေတယ်....
ပြည်ထောင်စုဖွားတိုင်းရင်းသား
Credit : You Tube
ချစ်ခြင်းတရားနဲ့ပြည်ထောင်စု ဆိုတဲ့ သီချင်းလေးကိုလည်း နားဆင်ကြည့်ကြပါအုံးခင်ဗျာ.... ကြားဖူးပြီးသားသီချင်းလေးတွေဖြစ်နေပေမယ့် အမှတ်တမဲ့နေခဲ့တာ လက်ရှိအဖြစ်အပျက်တွေနဲ့ ကွက်တိလိုဖြစ်နေသလားလို့ပါ.....
Video Credit : MRTV You Tube Channel
Success in Steemit အောင်မြင်ကြပါစေဗျာ.....
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
12-Feb-2018 တနင်္လာနေ့(Monday)