တကယ်အကျိုးရှိနေပြီလား?

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


သြော် - စက္ကန့် မိနစ် ရက် လ တွေ အဆင့်ဆင့် ကုန်ဆုံးခဲ့ပါပြီ။ နှစ်သို့ပင် ကူးပြောင်းသွားတော့မယ် ဖြစ်ပါတယ်။ Steemit Platform တွင် ၀င်ရောက်လုပ်ကိုင်ကြသော မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ မည်ကဲ့သို့သောအရာများကို ဆုပ်ကိုင်နိုင်နေကြပါပြီနည်း။ ကြီးကြီးကို ဆုပ်ကိုင်ထားနိုင်လေသလား၊ သေးသေးလေးကိုပဲ ဆုပ်ကိုင်မိလေသလား၊ ဘာမှမဆုပ်ကိုင်မိပဲ ဖြစ်နေတုံးပဲလား။ ကိုယ်တိုင်စဉ်းစား ဆင်ခြင် သုံးသပ်သင့်သည်မဟုတ်ပါလား။ Steemit Platform သို့ မည်သို့သော ရည်ရွယ်ချက်များနှင့် ၀င်ရောက်လာခဲ့ပါသနည်း။ မည်သို့သောရည်ရွယ်ချက်ဖြင့် ၀င်ရောက်လာခဲ့ကြသည်ဖြစ်စေ နောက်ဆုံးအနေဖြင့် စဉ်းစားကြည့်မိသောအခါတွင် ငွေကြေးအရ တိုးတက်အောင်မြင်လိုသောကြောင့်ဟု အဖြေထွက်မည်ထင်ပါသည်။ အနည်းငယ်သော လူအချို့သာ ငွေကြေးမမက်မောပဲ အပျင်းပြေစေရန်အတွက်၊ ၀ါသနာအတွက် စသည်ဖြင့်ရှိနိုင်ပါသေးသည်။ မည်သို့ဆိုပါစေ အောင်မြင်မှုတစ်ခု၊ နေရာတစ်ခုအတွက် ကြိုးပမ်းနေကြခြင်းဖြစ်နိုင်ပါသည်။ ထိုကဲ့သို့ ဆိုလျှင် မိမိတို့ ရည်မှန်းထားသော ရည်ရွယ်ချက် အောင်မြင်ပါ၏လော၊ မိမိတို့ရည်မှန်းထားသော ငွေကြေးပမာဏ ရရှိကြပါ၏လော၊ အမှန်တကယ်အကျိုးရှိရှိ အသုံးချခဲ့ကြပါ၏လော။ စဉ်းစားသင့်သည်ဟု ထင်ပါသည်။ Steemit Platform ကြီးကတော့ လူတိုင်းအတွက် အကျိုးရှိသည်မှာ သေချာပါသည်။ မိမိတို့က အကျိုးရှိအောင် အသုံးချခဲ့မိပါသလား လို့ ကိုယ်တိုင် မေးခွန်းထုတ် မေးမြန်းပြီး ပြုပြင်ရန်လိုအပ်က ပြုပြင်ရန်၊ ဖြည့်စွက်ရန်ရှိက ဖြည့်စွက်ရန်သင့်သော အချိန်အတိုင်းအတာတစ်ခုသို့ ရောက်ရှိလာပြီဖြစ်သည်ထင်မှတ်မိပါသည်။


Untitled-1.png


အချို့သောသူများက Steemit Platform သို့စတင်ဝင်ရောက်လာသောအချိန်တွင် အလွန်ကြီးကျယ် ခမ်းနားသော ကြွေးကြော်သံများဖြင့် ၀င်ရောက်လာကြသည်ကိုမြင်တွေ့ခဲ့ဖူးပါသည်။ သို့သော် ထိုကြွေးကြော်ခဲ့သူများ ယခုအခါတွင် Steemi တွင် ကျန်ရှိနေပါသေး၏လော။ ရှိနေသေးသည်ဆိုပါက အမှန်တကယ်ကော အကျိုးရှိရှိ အသုံးချနိုင်နေပါပြီလော။ တချို့လည်း ဘာမှန်းမသိ ညာမှန်းမသိ ၀င်ရောက်လာခဲ့ကြခြင်းဖြစ်ပါသည်။ စာရေးတွေရေး၊ ကဗျာရေးခြင်းဖြင့် ငွေကြေးတစ်စုံတစ်ရာ ရရှိကြ မည်ဆိုခြင်းကြောင့် ၀င်လာသူများလည်းရှိကြပေမည်။ သို့သော် တစ်နှစ်ဆိုသောအချိန်မပြည့်မီမှာပင် နည်းမျိုးစုံဖြင့် ပျောက်ကွယ်သွားကြလေသည်။ စိတ်ဓာတ်ကျလို့၊ ငွေကြေးမရလို့၊ နည်းလို့၊ စာမရေးတတ်တော့လို့၊ ပါဝါတွေအများကြီးရရှိပြီးလို့၊ ကော်ပီမိလို့ စသည် စသည် အမျိုးမျိုးသောအကြောင်းကြောင်းဖြင့် အလျိုလျိုပျောက်ကွယ် သွားခဲ့ကြပေသည်။ ပျောက်ကွယ်မသွား သော်လည်း အကောင့် wallet မတိုးတက်သူများသည်လည်း ပျောက်ကွယ်သွားသူများနှင့် အတူတူပင် ဖြစ်နေလေသည်။ ကြီးကြီးကျယ်ကျယ်ဖြစ်လိုပါက ကြီးကြီးကျယ်ကျယ်လုပ်ရန်မှတစ်ပါး အခြားမရှိပါ။ သေးသေးလေးလုပ်ပြီး ကြီးကြီးဖြစ်ချင်လို့လည်း မဖြစ်နိုင်ပါ။ ကျွန်တော်မကြာခဏရေးသားခဲ့ဖူးသည် ထင်ပါသည်။ ထပ်မံအသိပေးမျှဝေလိုပါသည်။


02.png


ဆင်ဖမ်းလိုလျှင် ဆင်ဖမ်းရန်အတွက် ဆင်ကျုံး သို့မဟုတ် ဆင်အား ထိန်းချုပ်ထားနိုင်သော ထောင်ချောက်လိုပါတယ်…

ကြွက်ထောင်ချောက်ဖြင့်တော့ ဆင်ဖမ်းလို့မရတာ သေချာပါတယ်…

ကြွက်ထောင်ချောက်နဲ့ ဆင်ဖမ်းရန်ကြိုးပမ်းနေလျှင် အချိန်ကုန်ရုံသာရှိပါမယ်…


03.png


ဒီတော့ ကျွန်တော်တို့အနေဖြင့် ဆင်ဖမ်းချင်ရင်တော့ ဆင်ဖမ်းဖို့အတွက် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ရှိနေမှဖြစ်မှာပါ။ ကြွက်ထောင်ချောက်လေးကိုင်ထားပြီး ဆင်အကြီးကြီးကို လိုချင်နေလျှင် ရူးသေရုံသာရှိပါမည်။ Wallet ကိုတိုးတက်စေရန်အတွက် ကြိုးစားအားထုတ်ခြင်းမရှိပါ ပဲနှင့်တော့ SBD, STEEM, STEEM Power အများအပြားရရှိစေရန် မျှော်လင့်နေခြင်းသည် မဖြစ်နိုင်ကြောင်း သိရှိသင့်ပါသည်။ တစ်နှစ်ပြည့်မြောက်ပါတော့မည်။ တကယ်အကျိုးရှိနေကြပါရဲ့လား။ တကယ်အကျိုးရှိနေကြပါပြီလား။ ဆန်းစစ် ပြုပြင် သင့်ပါသည်။ အချိန်ကုန်တာချင်းအတူတူပင် ဖြစ်ပါသည်။ ရတာချင်းမတူခြင်းသည် မည်သူ့တွင် တာဝန်ရှိပါသနည်း။ မည်သူ့အား တာဝန်ယူခံရ ပါမည်နည်း။


04.png


မိမိကိုယ်ပိုင်အလုပ်များကို လုပ်ကိုင်ရင်းဖြင့် အားလပ်ချိန်များတွင် ပုံမှန်ကြိုးစားနေကြသူများသည် ပုံမှန်တိုးတက်နေမည်မှာ အမှန်ပင်ဖြစ်ပါသည်။ မိမိတို့ ကိုယ်ပိုင်အလုပ်တစ်ခုအဖြစ် စဉ်းစားကာ အချိန်အနည်းငယ်ပေး လုပ်ကိုင်ကြလျှင် အကျိုးတရားကို တစ်ချိန်ချိန်တွင် အမှန်တကယ် ခံစားကြရမည် ဖြစ်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ အလွန်အကျွံကြိုးစားရန် မလို။ လောဘတကြီးဖြစ်ရန် မဟုတ်ပါ။ ရေရှည်ခရီးဖြစ်ပါသည်။ ရေတိုစဉ်းစားရမည့်ခရီးမဟုတ်ပါ။ ကျွန်တော်တို့လူမျိုးသည် ရေတို ကိုသာ စဉ်းစားကြသောအကျင့်ကို ဖျောက်ဖျက်ပစ်သင့်နေပါပြီ။ Steemit Platform သည် ရေရှည်သွားကြရမည့်ခရီးဖြစ်ကြောင်းကျွန်တောတို့၏ MSC Leader ကြီး မှ အမြဲတမ်းလိုလို ပြောကြား ခဲ့ပါသည်။ အမှန်လည်း ရေရှည်ခရီးဖြစ်ပါသည်။ ခြေကုန် လက်ပန်းကျနေကြသူများလည်း ရှိနိုင်ပါသည်။ မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းတစ်ခု အောင်မြင်နိုင်ရန် အတွက် အချိန်မည်မျှ လိုအပ်ပါသနည်း။ ငွေကြေးအရင်းအနှီးမည်မျှ ထည့်ဝင်ကြရပါသနည်း။ အားစိုက်ထုတ်ရမှု မည်မျှလိုအပ်ပါမည်နည်း။ မလွယ်ကူပါ။ အချိန် ငွေ လုပ်အား လိုအပ်မည်သာဖြစ်ပါ သည်။ Steemit Platform တွင် အချိန် လုပ်အား အနည်းငယ်သာ လိုအပ်မည်သာဖြစ်ပါသည်။ ငွေကြေးရင်းနှီးမြှုပ်နှံရန် မလိုအပ်ပါ။ ငွေကြေးရင်းနှီးနိုင်လျင်တော့ ပိုကောင်းမည်သာဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင် အဇွဲ့သားအတော်များများသည်လည်း တက်ကြွမှုနဲနေသည်ဟုလည်း ထင်မိပါသည်။ ပြန်လည်တက်တက်ကြွကြွလုပ်ကိုင်သင့်ကြောင်း အကြံပြုလိုပါသည်။


05.png


ဆရာလုပ်ခြင်းမဟုတ်ပါ။ ရေတိုကိုသာကြည့်ပြီး ရေရှည်ကို မျက်စိတွင် မမြင်ကြသောကြောင့် တစ်ချို့ Power Down သူဒေါင်း၊ ရသမျှ ထုတ်စားသူ ထုတ်စားဖြင့် အကျိုးရှိရှိအသုံးချနိုင်ခြင်းမရှိသောကြောင့် အကြံပေးကြည့်ခြင်းသာဖြစ်ပါသည်။ ရသမျှထဲမှ အချို့အား အသုံးပြုနိုင်ကြောင်းကိုလည်း ခွင့်ပြုထားပြီး ဖြစ်ပါသည်။ STEEM Power သေးသေးလေးသည် SBD နဲနဲနှင့် SP နဲနဲကိုသာ ဖမ်းဆုပ် နိုင်မည်ဖြစ်ပါသည်။ SBD များများ၊ SP များများ ဖမ်းဆုပ်လိုပါက STEEM Power များများ စုဆောင်းရန် လိုအပ်မည်ဖြစ်ပါသည်။ မလိုအပ်ပါပဲနှင့် wallet မှ မထုတ် မသုံးခြင်းသည်သာ ရေရှည်ခရီးအတွက် အကျိုးတရားကို ပြည့်ဝစွာ ခံစားနိုင်မည်ဖြစ်ပါကြောင်း အကြံပြုရင်းဖြင့် ရပ်နားလိုက်ပါသည်။


Success in Steemit အောင်မြင်ကြပါစေဗျာ.....

လေးစားစွာဖြင့်

Yours respectfully

stemit ansoe myanmar no word logo.png

ရေးသားသူ(Author) _

@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community 1x1.png

12-May-2018 စနေနေ့(Saturday)