တန်ဘိုး (VALUE)
အားလုံးသော Steemit မှ ချစ်မိတ်ဆွေအပေါင်း မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians,
တန်ဘိုးဆိုသည့်အကြောင်းလေးကို အနည်းငယ်လောက်ပြောပါရစေ။
တန်ဘိုးဟုဆိုလိုက်လျှင် ကျွန်တော်တို့လူအများစုသည် ကျောက်မျက်ရတနာများ၊ လူ့အသုံးအဆောင် ပစ္စည်းများကိုသာ မျက်စိထဲ ပြေးမြင်ယောင် ကြမည်ထင်ပါသည်။ ငွေကြေးအားဖြင့်ဘယ်လောက်တန် သည်ဟုလည်း သတ်မှတ်တန်ဘိုးများရှိကြလေကုန်၏။ ကျွန်တော်ယခုရေးသားလိုသည်မှာ အဓိကအားဖြင့်တော့ လူတစ်ယောက်ရဲ့တန်ဘိုး သို့မဟုတ် လူ့တန်ဘိုးကို ရေးသားလိုခြင်းဖြစ်ပါသည်။
What is the definition of "human values?"
Human values are the principles, standards, convictions and beliefs that people adopt as their guidelines in daily activities. Principal human values are the foundation on which professional ethics are built.
For more information : https://www.reference.com/world-view/definition-human-values-3460c0b1f30ded9
ယနေ့ကမ္ဘာပေါ်တွင်လည်း တန်ဘိုးသတ်မှတ်ချက်တွင်လည်း လူ၏တန်ဘိုးပါဦးမည်မဟုတ်သေးပါ။ အဘယ့်ကြောင့်ဆိုသော် လူ၏တန်ဘိုးကို ကိန်းဂဏန်းတစ်ခုဖြင့် ဖော်ပြရန် မတတ်နိုင်ပါ။ တစ်နည်းအားဖြင့်ပြောရလျှင် လူ့တန်ဘိုးသည် ငွေကြေးအားဖြင့် အကန့်အသတ်မရှိ(Infinite) ဖြစ်နေသေးသည်ထင်ပါသည်။ ချစ်မိတ်ဆွေ သင်ကော သင့်ကိုသင် ငွေကြေးအားဖြင့် တန်ဘိုးဖြတ် ကြည့်ပါလေ။ သင်သည် ငွေကြေးအားဖြင့် မည်ရွှေ့ မည်မျှတန်သည်ဟု သတ်မှတ်ပါမည်နည်း။ ကျွန်တော်ယခု ရေးသားလိုသော တန်ဘိုး သည် ငွေကြေးဖြင့် တန်ဘိုး ဖြတ်ခြင်းကို မပြောလိုပါ။ လူတစ်ယောက်၏ တန်ဘိုးကို မည်သည့်အရာတို့ဖြင့် တန်ဘိုးဖြတ်ကြသည်ကို ရေးသားလိုခြင်း ဖြစ်ပါသည်။ အကြောင်းကြာင်းကြောင့် လူဖြစ်ချိန် တိုတောင်းသောအချိန်ကာလလေးတွင် မိမိတို့ကိုယ်တိုင် မိမိတို့၏ တန်ဘိုးကို မြှင့်တင်နိုင်ကြပါစေရန် နှင့် လူ လူချင်းအတူတူ တန်ဘိုးနိမ့်ကျနေခြင်းမှ ရုန်းထွက်နိုင်စေလိုသောကြောင့် ရေးသားခြင်းဖြစ်ပါသည်။
ဟုတ်ပါပြီ။ ဒီလိုဆိုရင် တန်ဘိုးကိုဘယ်လိုသတ်မှတ်သလဲဆိုတဲ့မေးခွန်းတစ်ခု မေးစရာဖြစ်လာပါပြီ။ ဒီနေရာမှာ ကျွန်တော်ရဲ့ တန်ဘိုးအယူအဆ ကျွန်တော့်အတွေ့အကြုံ ဖြင့် တန်ဘိုးသတ်မှတ်ချက်ကို ပြောဆိုဖွင့်ပြပါမည်။(ကျွန်တော်တစ်ဦးတည်း၏ အမြင်သာဖြစ်ပါသောကြောင့် အတွေးချင်းတူလျှင် ယူပါ။ အတွေးချင်းမတူလျှင်တော့ ကျော်လိုက်ပါ ဘာမှပြသနာမရှိပါခင်ဗျာ)
လူအများသည် ဘယ်သို့သောအရာကို တန်ဘိုးထားတတ်ကြပါသနည်း။ တန်ဘိုးကြီးသော အရာများ သည်အဘယ်တို့နည်း။ စသဖြင့်အရင်ဦးဆုံးစဉ်းစားရပေမည်။ ပစ္စည်း များကိုတန်ဘိုးသတ်မှတ်ရာတွင် မည်ကဲ့သို့ သတ်မှတ်ပါသနည်း။ ပစ္စည်းကိုရရှိအောင်ကြိုးပမ်းအားထုတ်ရမှု၊ ရရှိရန်ခက်ခဲမှု လွယ်ကူမှု၊ ရှားပါးမှု ပေါများမှု စသောအချက်များနှင့်တိုင်းတာပြီး ဈေးနှုန်းတန်ဘိုးဖြတ်ကြသည်ကို တွေ့ရပါသည်။ ရရှိရန် ခက်ခဲမှုရှိလျှင် တန်ဘိုးကြီးပြီး ရရှိရန်လွယ်ကူပါက တန်ဘိုးနည်းပါသည်။ အားထုတ်ကြိုးပမ်းရမှုနည်းပါးလျှင် တန်ဘိုးနည်းပြီး အားထုတ်ကြိုးပမ်းရမှုများလျှင် တန်ဘိုးကြီးပါသည်။ ရှားပါးသောပစ္စည်းများသည် တန်ဘိုးကြီးပြီး အလွယ်တကူ ပေါပေါများများရရှိသော ပစ္စည်းများသည် တန်ဘိုးနည်းကြသည်ကို လူတိုင်းနားလည်မည်ထင်ပါသည်။ ထိုကဲ့သို့ ပစ္စည်းများကို ရှားပါးမှု ခက်ခဲမှု အားထုတ်ကြိုးပမ်းရမှုများဖြင့် တန်ဘိုးဖြတ်ကြည့်ကြပါစို့။
လူအများစုတွင်လည်း မည်ကဲ့သို့သောလူအမျိုးအစားတွေက လောကတွင် ပေါများပါသနည်း။ လူပေါ့ လူဖျင်း လူညံ့တွေကသာ လူ့လောကတွင် ပေါများလှကြောင်းကို လူတိုင်းလက်ခံနိုင်မည်ထင်ပါသည်။ ဒါဆိုလျှင် လူပေါ့ လူဖျင်း လူညံ့တို့သည် တန်ဘိုးနည်းသော လူများဖြစ်ကြကုန်သည်မဟုတ်ပါလော။ မည်ကဲ့သို့သောလူမျိုးသည် ရှားပါး ပါသနည်း။ လူတော် လူကောင်း သို့မဟုတ် လူကောင်း လူတော် ဆိုသောသူများသည် ရှားပါးလှပေသည်။ အချို့သောသူများသည် အလွန်တော်သော လူတော်များဖြစ်ကြပေကုန်၏။ သို့သော် လူကောင်းများ မဟုတ်ကြပါချေ။ လူတော်တိုင်းမကောင်းပါချေ။ အချို့သောသူများသည် အလွန်ကောင်းသော လူကောင်းများဖြစ်ကြပါကုန်၏။ သို့သော် လူတော်များမဟုတ်ကြပါကုန်။ ဒီတော့ တော်ပြီး ကောင်းသော ကောင်းပြီးတော်သော လူတော်လူကောင်းများ လူကောင်းလူတော်များသည် ရှားပါးကြကုန်၏။ ထိုကိစ္စကိုစဉ်းစားကြည့်ပါ။ လူအဖြစ်နှင့် လူဟုနာမသမုတ်ထားကြသော်လည်း တန်ဘိုးချင်း မတူနိုင်ပါတော့ချေ။ ချစ်သောမိတ်ဆွေများခင်ဗျားစဉ်းစားကြည့်ပါ။ ဒီသတ်မှတ်ချက်တွင် တော်ခြင်းသည် ထိုသူ၏ အတတ်ပညာကြောင့်ဖြစ်သည်ဟုထင်ပါသည်။ ကောင်းခြင်းသည် ထိုသူ၏ စောင့်ထိန်းခြင်း သီလကိုခေါ်ဆိုမည်ထင်ပါသည်။ အောက်တွင် ဆက်လက်ဖြေရှင်းပါအံ့။
လူတော်ဖြစ်ရခြင်းသည် အတတ်ပညာကြောင့်ဖြစ်နိုင်သည်ဆိုပါက ထိုကိစ္စဖြင့်တော့ လူ၏တန်ဘိုးကို မသတ်မှတ်ချင်ပါ(ကျွန်တော်၏သတ်မှတ်ချက်သာဖြစ်ပါကြောင်း)။ အဘယ့်ကြောင့် ဆိုသော် အတတ်ပညာကြောင့် လူသားတွေကောင်းကျိုး ရနေသလို အတတ်ပညာကြောင့်ပင် လူသားတွေဒုက္ခ ရောက်နေကြရပါသည်။ ထိုကိစ္စသည်ပင်လျှင် အတတ်ပညာဖြင့် လူတန်ဘိုးကို မသတ်မှတ်နိုင်ခြင်းဖြစ်မည်ထင်ပါသည်။
လူကောင်းဟု သတ်မှတ်ရခြင်းသည် ထိုသူ၏ စောင့်ထိန်းခြင်း တနည်းအားဖြင့် ဆိုရပါလျှင် သီလစောင့်ထိန်းခြင်းကို ပြောရမည်ထင်ပါသည်။ စောင့်ထိန်းခြင်း(သီလ)ဖြင့်သာ လူသားတိုင်းအတွက် မှန်ကန်သည့် တန်ဘိုးကိုဖြစ်ပေါ်သတ်မှတ်စေနိုင်ပါသည်။ ရှင်းပါဦးမည်။ စောင့်ထိန်းခြင်း(သီလ)ဟု ဆိုရာတွင် ကိုယ် နှုတ် စိတ် သုံးပါးစလုံးကို စောင့်ထိန်းခြင်းပင်ဖြစ်ပါသည်။
ဒီလူကတော့ အကျင့်သိက္ခာကောင်းတယ်။ ယုံကြည်ရတယ်။ စိတ်ချရတယ်။ ဟိုလူကတော့ အရက်သမား ဖဲသမား အကျင့်သိက္ခာမရှိဘူး။ မယုံကြည်ရဘူး။ စိတ်မချရဘူး။ အဘယ်အရာဖြင့် ထိုကဲ့သို့သတ်မှတ်ပါသနည်း။ လူတစ်ယောက်၏ တန်မဘိုးကိုသတ်မှတ်သော ထိုအရာ(သီလ)သည်ပင် လူ့တန်ဘိုးဖြစ်နေကြောင်း သတိထားမိ ကြပေမည်။ အရက်သောက်သော အရက်သမားသည် အလွန်ပိုက်ဆံချမ်းသာသူဖြစ်ပါစေ အလွန်ပညာတော်သောသူတစ်ယောက်ဖြစ်ပါစေ အမှန်တကယ် လူ့တန်ဘိုးကို မရရှိနိုင်။ ပိုက်ဆံချမ်းသာသောကြောင့် မြှောက်ပင့် ကပ်စားနေသူ ပညာတော်သောကြောင့် မြှောက်ပင့်ပြောဆို နေသူများသည် ထိုအရက်သမား၏ နောက်ကွယ်တွင် မည်ကဲ့သို့ ပြောဆို သုံးနှုန်းကြမည်ထင်ပါသလဲ။
ခန္ဓာကိုယ် ကို စောင့်ထိန်းခြင်း ဖြင့် လက်တွေ့ဘ၀တွင် အဘယ်သို့သော အကျိုးတရားများကို ရရှိစေနိုင်ပါသနည်း။ ယနေ့ကာလတွင် ဖြစ်ပေါ်နေသော ဒုစရိုက်မှုများ(ဥပမာအားဖြင့် လုယက်မှု မုဒိန်းမှု လူသတ်မှု)ဖြစ်ပေါ်လာမည်မဟုတ်ပါ။ မိမိတို့၏ နှုတ်ကိုစောင့်ထိန်းလိုက်ခြင်းဖြင့် သူတပါးအားစော်ကားခြင်း ဆဲရေးခြင်း တစ်ဦးနှင့်တစ်ဦး စကားများရန်ဖြစ်ခြင်း တို့မှလွတ်ကင်းသွားမည်ဖြစ်ပါသည်။ မိမိတို့၏ စိတ်ကို စောင့်ထိန်းလိုက်ခြင်းဖြင့် အလွန်အကျွံဝမ်းနည်းခြင်း၊ အလွန်အကျွံဝမ်းသာခြင်း၊ အလွန်အကျွံဒေါသဖြစ်ခြင်း၊ မနာလိုဝန်တိုခြင်း တို့မှကင်းလွတ်သွားပါမည်။ ၀မ်းမနည်းရ ၀မ်းမသာရ ဒေါသမဖြစ်ရဟု ဆိုလိုခြင်းမဟုတ်ပါ။ အလွန်အကျွံ မဖြစ်စေရန်သတိပြုရမည်ဖြစ်ပါသည်။ တကယ်တကယ်တွင်မတော့ ကိုယ် နှုတ် စိတ် သုံးပါးတွင် အဓိက အကြောင်းတရားသည် မိမိတို့၏ စိတ် သာလျှင်ဖြစ်ပေသည်။ ကောင်းမှုကို ခန္ဓာကိုယ်ဖြင့်မပြုလုပ်မီ မိမိတို့၏ စိတ်မှ အရင်ဆုံး စိတ်ကူးပုံဖော်ကြပါသည်။ နောက်မှ ခန္ဓာကိုယ်မှ လိုက်နာဆောင်ရွက်ကြပါသည်။ ထို့အတူ မကောင်းမှုမလုပ်ခင် မိမိတို့၏ စိတ်တွင် မကောင်းမှုက အရင်ဖြစ်ပါသည်။ ထိုသို့ဆိုလျှင် အဓိကကျသော မိမိတို့၏ စိတ်ကို ထိန်းသိမ်းနိုင်လျှင် မိမိတို့၏အလွန်တန်ဘိုးရှိသွားမည်ဖြစ်ပါကြောင်း သတိပေးအပ်ပါသည်။ မိမိတို့၏ စိတ်ကို မထိန်းနိုင်လျှင် အလွန်တန်ဘိုးမရှိသော အလွန်တန်ဘိုးနိမ့်သော လူ ဖြစ်သွားမည်မှာလည်း သေချာပါသည်။
အမှန်တကယ် လူ့တန်ဘိုးကို သတ်မှတ်ရန်မှာ အဓိကကျသော အကြောင်းအရာ အချို့သာ ပြောပြနိုင်ခြင်းဖြစ်ပါသည်။ လူ့တန်ဘိုးကိုလည်း အမျိုးမျိုးသတ်မှတ်ကြပါသည်။ ကျွန်တော်တို့သည် လူသားချင်းအတူတူ အဘယ်ကြောင့် တန်ဘိုးမဲ့သော တန်ဘိုးနည်းသောလူ အဖြစ်ခံရပါမည်နည်း။
လူတိုင်းသိထားသော ဆောင်ပုဒ်တစ်ခုလည်းရှိပါသည်။ ထိုဆောင်ပုဒ်သည်ကား စည်းကမ်းသည် လူ၏တန်ဘိုး ဟူသောဆောင်ပုဒ်ပင်ဖြစ်သည်။ ထိုဆောင်ပုဒ်သည်ပင်လျှင် စောင့်ထိန်းခိုင်းခြင်း(သီလ) ပင်ဖြစ်ပါသည်။ အမှိုက်မပစ်ရ။ ပန်းမခူးရ။ ရေမကူးရ။ ငါးမှမျှားရ။ စသည်တို့သည် စောင့်ထိန်းခိုင်းခြင်း ပင်မဟုတ်ပါလော။ လှပနေသောပတ်ဝန်းကျင်ကို အလှမပျက်စေရန်အတွက် မိမိတို့၏ ကိုယ်ခန္ဓာကို စောင့်ထိန်းစေခြင်းပင်ဖြစ်ပါသည်။
လူ့တန်ဘိုးကို သတ်မှတ်ရာတွင်* ကောင်း* ပြီး တော် လျှင် တန်ဘိုး အကြီးဆုံးဖြစ်မည်ထင်ပါသည်။ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအပေါင်း နှင့် steemit fellowship အပေါင်း တန်ဘိုးရှိအောင်ကြိုးစား နိုင်ကြပါစေ။
ကျွန်တော် အမြဲတမ်းထည့်ပြောတတ်သောစကားတစ်ခွန်းကို မိတ်ဆွေများ မှတ်မိမည်ထင်ပါသည်။ မိမိတို့ကိုယ်တိုင် ရွေးချယ်ရမည်ဖြစ်ပါသည်။ တန်ဘိုးကြီးသော လူလား ၊ တန်ဖိုးမရှိသောလူလား။ လူတန်ဘိုးသည် မည်သည့်လူမျိုး မည်သည့်ဘာသာကိုးကွယ်သည့်သူဖြစ်ပါစေ ထိုကဲ့သို့ စိတ်ကိုနိုင်နင်းသောသူသည် တန်ဘိုးရှိသောလူအဖြစ်သို့ ဘုရားရှေ့ထိုင်ဆုတောင်းနေစရာမလိုဘဲနှင့် ရရှိပိုင်ဆိုင်သွားမည်ဖြစ်ပါကြောင်း တင်ပြရင်းဖြင့် လူ့တန်ဘိုး ကို ဒီနေရာမှာတင် ရပ်နားခွင့်ပြုပါခင်ဗျာ။ လူသားအားလုံးကိုလေးစားပါတယ် (ဦးကျော်ဟိန်းလေသံဖြင့်ပြောသည်)
(အထက်ဖော်ပြပါ အကြောင်းအရာများသည် ကျွန်တော်၏ အမြင်များသာဖြစ်ပါသဖြင့် မှားယွင်းမှုများ ရှိနေလျှင်လည်း နားလည်တတ်ကျွမ်းသော ဆရာသမားအပေါင်းမှ Comment တွင် ပြုပြင် လမ်းညွှန် ပေးကြပါရန်လည်း တောင်းပန်အပ်ပါသည်)
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Fellowship အပေါင်း အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
Myanmar Steemit Community
22-8-2017(Tuesday)