တန်ဘိုးရှိသောပုံပြင်လေးများ (valuable Stories)
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar bar. My dear Myanmar steemians families,
Image from google
ဘယ်သူရေးမှန်းလည်းမသိ ဘာခေါင်းစဉ်နဲ့မှန်းလည်းမမှတ်မိ ကျွန်တော်တို့ မြန်မာပုံပြင်တို့ ဓမ္မပဒတို့ ၅၅၀ နိပါတ်တော်တို့ထဲကတော့ မဟုတ်လောက်ပါ... အကြောင်းအရာက နိုင်ငံခြားဆန်နေတော့ ဘာသာပြန်ထားသောစာထဲကဖြစ်မည်ထင်ပါတယ်.... မှတ်မိသမျှစာများထဲမှ မှတ်ဥာဏ်ထဲကျန်သမျှကို ဦးနှောက်ခြောက်အောင် စဉ်းစားပီးလျင် ဆောင်းပါးတစ်ပုဒ် အနေဖြင့် ပြန်လည် မျှဝေ ရေးသားလိုက်ပါသည်။ အလွန်သဘောကျခဲ့သော ပုံပြင်လေးများဖြစ်ပါသဖြင့် အတော်များများမှတ်မိနေခြင်းဖြစ်ပါသည်။ ဘ၀နှင့်ပတ်သက်သော အောင်မြင်မှု နှင့်ပတ်သက်သော အတွေးအမြင်လေးများဖြစ်သဖြင့်လည်း အလွန်နှစ်ခြိုက် သဘောတွေ့ခဲ့ခြင်းဖြစ်ပါသည်။ အသက်အရွယ်အားဖြင့်လည်း တက်ကြွတဲ့ ကြက်ဖ အရွယ်ဖြစ်သောကြောင့် အောင်မြင်စေသောနည်း၊ ကြီးပွားချမ်းသာစေသောနည်း၊ တိုးတက်ရေး ဆိုသော တက် စာ များအား ဖတ်ရှုခဲ့သောအချိန်လည်းဖြစ်ပေသည်။
ကြားဖူးခဲ့သော ပုံပြင် (၁)
ပုံပြင်လေးကို ပြောမပြခင် မေးခွန်းလေးတစ်ခု ချစ်မိတ်တွေများကို မေးကြည့်ချင်ပါတယ်ဗျာ... ဒီနေရမှာ ခဏလောက် နားပြီး ဖဖြကြည့်သွာပါ.... အဆုံးမှာ ချစ်မိတ်ဆွေများရဲ့ အဖြေ မှန် မမှန် သိရပါလိမ့်မယ် ..... ဖြေဖြစ်အောင်ဖြေသွားစေချင်ပါတယ်ဗျာ ....ရ နှင့် ငွေ မှာ သင် ဘာကို လိုချင်ပါသလဲ ?
Image from google
ပုံပြင်ကလေးကဒီလိုပါတဲ့ခင်ဗျာ........
ရှေးလွန်လေပြီးသောအခါက သိပ္ပံပညာရှင်တစ်ဦး ၊ သမိုင်းသုတေသီတစ်ဦး နှင့် စာရေးဆရာတစ်ဦးတို့ဟာ သဲကန္တာရတစ်ခုကို လေ့လာဖို့ခရီးထွက်ခဲ့ကြပေသည်။ သူတို့၏ ၀န်စည်စလှယ်များအား သယ်ယူရန် ထမ်းပိုးရန်အတွက် အလုပ်သမားတစ်စု နှင့် လမ်းပြကိုလည်း ငှားရမ်း ခေါ်ယူခဲ့ကြပါသည်။
အဲဒီလိုနဲ့ သုတေသီ ပညာရှင်များဟာ သဲကန္တာရထဲမှာ စူးစမ်း ရှာဖွေ လေ့လာမှုများပြုလုပ်ကြပါသတဲ့.... သူတို့ရဲ့ လေ့လာတွေ့ရှိချက်များကိုလည်းပဲ ပညာရှင် အသီးသီးတို့က မှတ်တမ်းတင်ခြင်း စာတမ်းပြုစုခြင်းများလည်း ပြုလုပ်ကြပါသတဲ့... အဲဒီလိုနဲ့ တစ်လကျော်ကျော်လောက်ရှာဖွေလေ့လာစူးစမ်းမှုတွေပြုလုပ်ပြီး ပညာရှင်အသီးသီးတို့က စိတ်ကျေနပ်မှုရသွားလို့ သဲကန္တာရထဲမှကနေ မိမိတို့နေရပ်ကိုပြန်လာခဲ့ကြပါသတဲ့ဗျာ... သဲကန္တာရအပြင်မရောက်ခင် အပြန်လမ်းခရီးမှာပဲ ကန္တာရထဲမှာ လမ်းပျောက်ပြီး ငတ်ပြတ်နေတဲ့ လူတစ်ယောက်ကိုတွေ့ရပါတော့သတဲ့.... အဲဒီလို လမ်းပျောက်နေတဲ့သူကို သူတို့တွေ့တဲ့အချိန်မှာတော့ အဲဒီလူဟာ အစာရေစာ ပင်ပြတ်နေတာကြာပြီဖြစ်တဲ့ အပြင် ရေလည်း အင်မတန်ဆာလောင်နေကြတာကိုတွေ့ကြရပါတယ်တဲ့..... ရေအသက်တစ်မနက်လို့ ပြောဆိုကြတယ်မဟုတ်လား..... အဲဒီ လမ်းပျောက်နေတဲ့သူဟာဆိုရင် ရေငတ်နေတာ တမနက်မကလောက်တော့ပါဘူး....ပညာရှင် လူကြီးမင်းများနဲ့တွေ့တဲ့အချိန်မှာ ရေငတ်လွန်းတဲ့အတွက် လမ်းလျောက်ရာမှာတောင် ဖြောင့်အောင်မလျောက်နိုင်တော့ဘဲ လဲကျလိုက် ပြန်ထလိုက်နဲ့ အသက်မသေရုံဖြစ်နေတယ်ဆိုပဲ..... လေ့လာရေးအဖွဲနဲ့တွေ့လိုက်တော့ အဲဒီလမ်းပျောက် နေတဲ့သူဟာ အင်မတန်ဝမ်းသာသွားပြီး စိတ်လျော့လိုက်တဲ့အတွက် လဲကျသွားပါသတဲ့.....ရေတမနက်လောက်ငတ်ဖူးသူတွေတော့ သိကြမယ်ထင်တယ်ဗျာ.... ရေငတ်တဲ့ဝေဒနာက တော်တော်ဆိုးပါတယ်..... ကြည့်ရတာ အသက်မသေအောင် စိတ်အင်မတန် တင်းထားပုံရပါတယ်တဲ့... ရေကိုလိုအပ်နေသောအချိန်တွင် ပိုက်ဆံတွေအပုံလိုက်ချပေးရင် ယူမယ်မထင်.... ရေကိုလိုအပ်နေချိန်မှာ ရော့ ပိုက်ဆံလုပ်လို့မရ....
Image from google
လေ့လာရေးပညာရှင် အဖွဲ့ဟာလည်း အပြေးအလွှားသွားရောက်ပြီးဖေးမကြတယ်လိုပဆိုပါတယ်...လမ်းပျောက်နေသူရဲ့ ပါးစပ်ကလည်း အဆက်မပြတ် "ရေ... ရေ... ရေ ပေးပါ" ဆိုပြီး တတွတ်တွတ် တောင်းနေတော့ပါသတဲ့..... ရေငတ်သူကို ၀ိုင်းအုံကြည့်ရှုနေကြသော်လည်း ရေကိုတော့ ပညာရှင်များက မတိုက်သေးပါဘူးတဲ့ခင်ဗျာ.... သုတေသီပညာရှင်များက ရေငတ်သူအားကြည့်ပြီးသကာလ ..
သိပ္ပံပညာရှင်ဆိုသူက "သိပ်မှန်တာပေါ့ဗျာ... ဒီလို သဲကန္တာရထဲမှာ အသက်ရှင်ဖို့ အတွက် ရေဆိုတာ မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဗျ။ အသက်ရှင်ဖို့အတွက် ရှုသွင်းဖို့ အောက်စီဂျင်လို့ခေါ်တဲ့ လေတွေ အင်မတန်ပေါများနေပေမယ့် ရေထုတ်ဖို့ကို မစဉ်းစားမိဘူးဗျာ..... ရေဆိုတာ အောက်စီဂျင်က တစ်ခု နဲ့ ဟိုက်ဒရိုဂျင်ကနှစ်ခု ကိုပေါင်းစပ်ထားတဲ့အရာသာဖြစ်တယ်" လို့ ရေတောင်းနေတဲ့ လမ်းပျောက်သူကို ရှင်းပြပြောဆိုနေပါသတဲ့ဗျာ.....
သမိုင်းသုတေသီကြီးကတော့ "ဒီ သဲကန္တာရကြီးဟာဖြင့် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာကဖြစ်ပေါ် နေတဲ့ သဲကန္တာရကြီးမဟုတ်ဘဲ သဲကန္တာရဲ့အောက်မှာ မြစ်ကြီးတစ်စင်းက စီးဆင်းနေကြောင်း ယခင်က ကန္တာရမဟုတ်ဘဲ ရေအလွန်ပေါများသောအရပ်ဖြစ်ကြောင်း" ရေငတ်နေသူအား ရှင်းပြနေပါ သတဲ့ခင်ဗျာ.....
စာရေးဆရာဖြစ်သူကလည်း "ရေဆိုသည်မှာ အသက်ရှိတို့အတွက် အသက်ရှင်နေထိုင်ဖို့ရာ စွမ်းအင်တစ်ခုနှင့်တူကြောင်း၊ ရေဟူသောအကြောင်းအရာကြောင့် လူမျိုးစုများဟာ တိုက်ကြ ခိုက်ကြကြောင်း၊ ရေကြောင့်သာလျင် ယဉ်ကျေးမှုဆိုတာ ပေါ်ထွန်းလာခဲ့ကြောင်း၊ ရေနှင့်ပတ်သက်ပြီး ကဗျာများ စာများဖွဲ့ဆိုထားကြသည်မှာ အများအပြားပင်ရှိနေပါကြောင်း" အားကျမခံပြန်လည်ရှင်းပြ နေပါသတဲ့ခင်ဗျာ.....
အဲဒီလို သုတေသီ ပညာရှင်ကြီးတွေ တစ်ယောက်ပြီး တစ်ယောက် ရေငတ်လို့ သေလုမြောပါးဖြစ်နေသူကို ရှင်းပြနေချိန်မှာပဲ ရေငတ်တဲ့သူဟာ အသက်ရှုသံများပြင်းထန်လာသလို ပါးစပ်မှလည်း အမြုပ်တွေ တစီစီ ထွက်လာတော့ပါသတဲ့ဗျာ.... အဲဒိလိုမြင်လိုက်ရတဲ့ အထမ်းသမား အလုပ်သမားများထဲက အထမ်းသမား အလုပ်သမားတစ်ယောက်ဟာ ရေငတ်နေသူကိုမကြည့်ရက်နိုင်တော့ပဲနဲ့ "ဆရာတို့ ပညာရှိကြီးတို့ နဲနဲလောက် ဘေးဖယ်ပေးကြပါလားခင်ဗျာ....ကျနော် ရေတိုက်ချင်လို့ပါ" လို့ပြောပြောဆိုဆို ရေငတ်နေတဲ့သူကို သူ့မှာပါလာတဲ့ရေဗူးထဲက ရေကို ဖြည်းညှင်းစွာ တိုက်လိုက်ပါသတဲ့.... အဲဒီတော့မှပဲ ရေငတ်နေတဲ့သူ လည်း ရေသောက်ရပြီး သက်သာလာပါသတဲ့ဗျာ...ရေကို နဲနဲချင်း တိုက်ပေးလိုက်တော့ သတိကောင်း ကောင်းရလာပါတယ်... ရေငတ်တဲ့အတွက် အသိစိတ်တွေကလည်းေ၀၀ါးနေခဲ့မှာပါ.... သတိကောင်းစွာရလာလာခြင်းမှာပဲ သူ့ကိုရေတိုက်တဲ့ အထမ်းသမား အလုပ်သမားကို "ကျေးဇူးတင်လိုက်တာဗျာ... ခင်ဗျားရေတိုက်လို့ ကျွန်တော် အသက်ရှင်လာရသလိုပါပဲ.... ခင်ဗျားက ကျနော့်အသက်သခင် ကျေးဇူးရှင်တယောက်ပါပဲ.... ကျနော်က အင်မတန်ကြီးကျယ်တဲ့ ကုမ္ပဏီကြီးကိုပိုင်ဆိုင်တဲ့ သူဌေးတစ် ဦးပါ... ကျနော့အသက်ကို ကယ်တင်ပေးတဲ့ကျေးဇူးကိုဆပ်ချင်လို့ ကျနော်နဲ့လိုက်ခဲ့ပါခင်ဗျာ" လို့ ကျေးဇူးတင်စကားနဲ့ ကျေးဇူးဆပ်လိုကြောင်းစကားများကို တစ်ဆက်တည်း ပြောလိုက်တယ်ဆိုပဲ.....
အဲဒီလိုပြောပြီးချိန်မှာပဲ သုတေသီ ပညာရှင် ဆရာကြီးများက "ခင်ဗျားနှယ်ဗျာ... ကျနော်တို့ ပညာရှင်ကြီးတွေ တယောက် တလှည့် ဒီလောက်ရှင်းပြနေတာကို နားမထောင်ဘဲနဲ့ ဘာမဟုတ် ညာမဟုတ် အထမ်းသမား အလုပ်သမားကိုများ အသက်သခင် ကျေးဇူးရှင်လုပ်နေတယ်ပေါ့လေ" လို့ မကျေမနပ်တဲ့ ၀င်ရောက် ပြောဆိုကြပါတဲ့ဗျာ(ရေငတ်နေခဲ့သူ(သူဌေးကြီး)ပြန်ပြောသော စကားများသည် ပညာရပါတယ်ဗျာ) ဆက်ပြီးတော့နားထောင်ကြည့်ရအောင်ပါခင်ဗျာ)
အဲဒီတော့ လမ်းပျောက်ပြီးအစာငတ် ရေငတ်နေခဲ့ရတဲ့ သူဌေးကြီးက "ဆရာတို့လည်း အင်မတန်တော်ကြပါတယ်.... ဆရာတို့တော်တာကိုလည်း လက်ခံပါတယ်.... ဆရာတို့ တတ်ကျွမ်းနားလည်တာကိုလည်း အသိအမှတ်ပြုပါတယ်... ဒါပေမယ့်.... ရေငတ်နေသူတယောက်အတွက်တော့ ရေ ကသာ အသက်ရှင်ရာ ရေ ကသာလျင် ကယ်တင်ရာ ဖြစ်ပါတယ်ဆရာတို့.... ရေငတ်နေတဲ့သူကို ရေ ရဲ့အကြောင်းကို ပြောပြလို့ ရေအကြောင်းကို သိလိုက်ရလို့ ရေငတ်နေသူက အသက်ရှင်စရာအကြောင်းမရှိပါဘူး.. ရေ ကို အမှန်တကယ် သောက်သုံးရမှသာ အသက်ရှင်ခွင့်ရတာဖြစ်ပါတယ်" လို့ ပြန်ပြောလိုက်ပါသတဲ့ခင်ဗျာ.....
စာဖတ်နေသော ချစ်မိတ်ဆွေတို့ကို ရေအကြောင်း ပြောပြနေရုံနဲ့တော့ ရေငတ်ပြေစရာ အကြောင်း မရှိဘူးလို့ထင်ပါတယ်ခင်ဗျာ... ရေငတ်နေရင်တော့ ရေ သောက်မှာသာ ရေငတ်ပြေမယ်မဟုတ်ပါလားခင်ဗျာ... ဒီ ပုံပြင်က ပြောပြချင်တဲ့အကြောင်းလေးက အဓိက နဲ့ သာမည အရေးကြီးတာနဲ့ အရေးမကြီးတာ ကို ခွဲခြားထားခြင်းဖြစ်မယ်ထင်ပါတယ်ဗျာ.... ကျနော် တွေးထင်ထားခြင်းသာဖြစ်ပါတယ်....မိတ်ဆွေများက ကြိုက်ရာနာမည်တပ်ကြပါကုန်....
ဘယ်ကိစ္စတွင်မဆို နည်းလမ်းသိရှိနေရုံ၊ နည်းလမ်းကိုနားလည်နေရုံနဲ့တော့် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး.... အောင်မြင်ချင်သူတစ်ယောက်က အောင်မြင်မှုအတွက် စည်းကမ်းတွေ နည်းလမ်းတွေကို နားလည်နေရုံ သိနေရုံနဲ့တော့ အောင်မြင်သူတစ်ယောက်မဖြစ်နိုင်ပါဘူး.... အောင်မြင်သူတစ်ယောက်အတွက် လိုအပ်တဲ့နည်းစနစ်တွေ စည်းကမ်းတွေကို လိုက်နာကျင့်ကြံ အားထုတ်မှ အောင်မြင်သူတစ်ယောက်ဖြစ်လာပါနိုင်လိမ့်မယ်.....
Image from google
အထက်ပါပုံပြင်ကလေးကဲ့သို့ ရေငတ်နေသူအား ရေအကြောင်ပြောပြပေးနေရုံဖြင့် ရေငတ်တာမပြေပျောက်နိုင်ဘဲ ရေတိုက်မှသာ ရေငတ်တာပြေပျောက်နိုင်ပါမယ်ဆိုတဲ့ အကြောင်းလေးပြောကြားရင်း အဆုံးသတ်လိုက်ပါရစေ ခင်ဗျာ.... နောက်ထပ် ကြားဘူးသမျှ မှတ်သားမိသမျှ မှတ်မိသမျှထဲမှ ပုံပြင် လေးများကိုလည်း စဉ်းစားပြီး နောက်ထပ်ရေးသားပါအုံးမယ်...
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community
4-10-2017(Wednesday)