တန်ဘိုးရှိသောပုံပြင်လေးများ (Valuable Stories_Dragon Hunter) Episode 9
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ကျွန်တော်တို့ လူ့လောကကြီးသည် ပုံဝတ္ထုများနှင့်ပြည့်နှက်နေသော ကမ္ဘာကြီးဖြစ်ပါတယ်... ကမ္ဘာအရပ်ရပ် အနှံ့အပြား လူမျိုးအသီးသီးတို့တွင် ပုံပြင်များ အမျိုးမျိုးရှိကြပါတယ်... ကျွန်တော်တို့မြန်မာလူမျိုးများတွင်လည်း ပုံပြင်များရှိကြတယ်မဟုတ်ပါလား... ပုံပြင်ဝတ္ထုများကိုလည်း လူအများစုက ကြိုက်နှစ်သက်ကြကြောင်းကိုလည်း တွေ့မြင်ရပါတယ်... ပုံပြင်များပြောဆိုကြရာ တွင် ဟိုးရှေးရှေးတုန်းက နှင့်စတတ်ကြသည်ကိုလည်း သတိထားမိကြမည်ဖြစ်ပါတယ်ဗျာ.. အင်္ဂလိပ်လိုပြောမည်ဆို ပါက ၀မ်းအပွန် အေ တိုင်း လို့အစချီမယ်ပေါ့နော်.... ဘယ်လိုပင်ဆိုစေကာမူ သူ့နည်းသူ့ဟန်နှင့် လူမျိုးတိုင်းတွင် ပုံပြင်လေးတွေရှိနေတတ်ကြပါတယ်.... ပုံပြင်အများစုကလည်း ကိုယ်ကျင့်တရားကောင်းစေရန် ဒါမှမဟုတ် စည်းကမ်းနားလည်နိုင်စေရန် စသဖြင့် အဆုံးအမပေးသော အကြောင်းလေးတွေသာဖြစ်ကြပါတယ်ဗျာ... သင်ခန်းစာယူတတ်ကြမယ်ဆိုရင်ဖြင့် အသိတရားများစွာ ရရှိနိုင်ပါတယ်... ဒီအတွက်ကြောင့်လည်း ပုံပြင်လေးများ ကို ပြန်လည်ပြောပေးပီး ကိုယ့်ကိုယ်ကိုယ် မှားယွင်းမှု အယူသည်းမှုရှိနေပါက ပြုပြင်နိုင်ပီး တိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ပတ်ဝန်းကျင်အားလည်း ထိန်းသိမ်း စောင့်ရှောက်နိုင်ကြစေရန်အတွက် ရည်ရွယ်ပါတယ်ဗျာ... ကြားဖူးပီးသားများလည်း ဖြစ်နိုင်သလို မကြားဖူးသေးတာတွေလည်း ပါနိုင်ပါတယ်... ကိုယ်တိုင်ပြုပြင်ပီးမှာ အခြားသူများကိုလည်း ပြုပြင်ပေးသင့်တယ်... အခုတစ်ခါပြောလိုတဲ့ ပုံပြင်လေးကတော့ အောက်မှာ ဖော်ပြထားပါတယ်... အသိ တစ်ခု တိုးသွားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်ဗျာ... တိုးသွားပါစေလို့ လည်း ဆုတောင်းပါတယ်...
နဂါးဖမ်းမယ့်ပညာရှင် (Dragon Hunter)
ပုံပြင်လေးကတော့ ဒီလိုပါတဲ့ခင်ဗျာ... ဟိုးရှေးရှေးတုန်းက ရွာတစ်ရွာမှာ အလွန်အင်မတန်ကြီးပွားတိုးတက် ချမ်းသာချင်တဲ့ လူငယ်တစ်ယောက်ရှိသတဲ့.... အဲဒီလူငယ်ဟာ အင်မတန်ကြီးပွားချမ်းသာချင်တော့ နေ့စဉ်နဲ့အမျှ ကြီးပွားချမ်းသာရေးနည်းလမ်းတွေကို စဉ်းစားနေတတ်တယ်ဆိုပဲဗျ.... ပညာကလည်းသိပ်မတတ်တော့ စဉ်းစား လေ ဦးနှောက်ခြောက်လေဖြစ်နေတယ်တဲ့... တက္ကသိုလ်ပြည်ဆိုတဲ့နေရာတစ်ခုမှာတော့ ပညာစုံကို သင်ကြားပေး နေတဲ့ ဒိသာပါမောက္ခကြီးတစ်ဦးလည်းရှိနေဆိုပဲ... ဒီတော့ ကြီးပွားချမ်းသာလိုတဲ့ လူငယ်ဟာ ပညာစုံသင်ကြား ပေးနိုင်တယ်ဆိုတဲ့ တက္ကသိုလ်ပြည်က ဆရာကြီးထံမှာ ပညာသင်ကြားဖို့ ထွက်လာခဲ့တော့တယ်တဲ့ကွယ်... တက္ကသိုလ်ဆရာကြီးဆီရောက်တော့ သူဟာ အင်မတန်ကြီးပွားချမ်းသာပီး အောင်မြင်ကျော်ကြားလိုလှတယ်လို့ ဆရာကြီးကိုပြောတယ်တဲ့... ဆက်လက်ပီးတော့ သူ့ကို ကြီးပွားချမ်းသာနိုင်မယ့် လူအများလည်း မသင်ကြားရ သေးတဲ့ ပညာရပ်များမရှိဖူးလားဆရာကြီးခင်ဗျာ လို့မေးလိုက်တော့.... ဆရာကြီးက ရှိသပေါ့မောင်ရယ်... မောင်ရင်သင်ကြားလိုတယ်ဆိုရင်တော့ သင်ကြားပေးနိုင်ပါတယ်လို့ပြောဆိုပဲ...
Image from google
ဒီလိုနဲ့ ဆရာကြီးဆီမှာ လူအများ မသင်ကြားရသေးတဲ့ ပညာကို သင်ယူနေတယ်ပဲဆိုကြပါစို့... ပညာသင်ကြားပီး လို့ တတ်မြောက်သွားချိန်မှာ လူငယ်ဟာ အလွန်ပျော်ရွှင်နေတယ်ဆိုပဲ... ပညာကလည်း တတ်ခါစဆိုတော့ မြောက်ကြွ မြောက်ကြွဖြစ်နေမယ်ထင်ပဗျာ... ဖြစ်တတ်တဲ့ သဘာဝကိုပြောကြည့်တာပါ... အဲ မေ့နေလို့ သူကို ဆရာကြီးက ဘယ်သူမှ သင်ကြားပေးရခြင်းမရှိသေးတဲ့ ပညာရပ်ဆိုတာကတော့ နဂါးဖမ်းတဲ့ ပညာရပ်ဆိုပဲ... သင်ချင်ကြသလား ချစ်မိတ်ဆွေတို့... နဂါးဖမ်းတဲ့ပညာကို တတ်မြောက်သွားတဲ့ လူငယ်ဟာ သူတတ်မြောက်သွား တဲ့ နဂါးဖမ်းပညာနဲ့ နဂါးကိုဖမ်းဆီးပြီး အတိုင်းတိုင်း အပြည်ပြည်က ဘုရင်မင်းမြတ်တွေကို ပြသမယ်ပေါ့... ဒီတော့ အတိုင်းတိုင်းအပြည်ပြည်က ဘုရင်မင်းမြတ်တွေဟာ အင်မတန်အံ့သြပီး သူ့ကို ၀ိုင်းဝန်းချီးမြှောက်ကြမယ်... ဆုတော် လာဘ်တော်များကိုလည်း ပေးမယ်... သူကောင်းပြု မြှောက်စားခြင်းကိုခံစားရမယ်ပေါ့... ကြီးပွားတိုးတက်ချင်တဲ့လူငယ်ဟာ သူ့အတွေးနဲ့သူ ပီတိတွေဖြာပီး အလွန်ဝမ်းမြောက်နေတယ်ပေါ့... ဘာကြောင့် ဆိုတော့ သူက ဘယ်သူမှမသင်ကြရသေးတဲ့ အတတ်ထူးလို့ပြောလို့ရမယ့် နဂါးဖမ်းပညာကို တတ်မြောက်ထား တာကိုး... ပီတိဖြစ်မယ်ဆိုလဲ ဖြစ်စရာပေပဲပေါ့လေ... သူက တတ်ထားတဲ့ အတတ်နဲ့ လက်တွေ့အစွမ်းပြမယ်... နဂါးသွားဖမ်းမယ်ဆိုပီးတော့ မြစ်ကြီး ချောင်းကြီး ပင်လယ်ကြီး တွေရဲ့ အနားမှာ နဂါးလာမယ့်အချိန်ကို စောင့်နေ တယ်ပေါ့လေ... ဒဏ္ဍာရီတွေအရ နဂါးတိုင်းပြည်ဆိုတာ ရေအောက်မှာ ရှိကြတယ်လို့ ဆိုထားကြတယ်လေ... ဒါကြောင့် ရေများများရှိတဲ့နေရာမှာ စောင့်နေရတာပေါ့ဗျာ.... အနောက်နိုင်ငံက နဂါးတွေနဲ့တော့ မတူဘူးထင်တယ်ဗျ... အနောက်နိုင်ငံများက နဂါးတွေကတော့ အတောင်တွေနဲ့ လေထဲလည်းပျံတက်ကြတယ်.. လူတွေကိုလည်း အန္တရာယ်ပြုတတ်ကြတယ်လို့ ယူဆကြတာကို တွေ့ရပါတယ်ဗျာ... အရှေ့တိုင်းမှာကတော့ နဂါးဆိုတာက ရေထဲကဘုရင်လို့ ယူဆကြတာကိုလည်း တွေ့ရပါတယ်ဗျ... ဘယ်ဟာကအမှန်ဆိုတာတာ့မသိပါဘူးဗျာ...
Dragon_Wikipidia ဒါက အင်္ဂလိပ်လို နဂါးအကြောင်းရေးသားထားချက်ပါ။
From Wikipedia, the free encyclopedia
နဂါးကို_Wiktionaryမှာအဓိပ္ပါယ်ဖော်ပြချက်ဖြစ်ပါတယ်နှိပ်ကြည့်နိုင်ပါတယ်
Image from google
နဂါးဖမ်းမယ့်ပညာရှင်ကြီးဟာ တစ်လဆိုတဲ့အချိန်သာကုန်သွားတယ်... နဂါးကတော့ ပေါ်မလာသေး...နှစ်လဆိုတဲ့ အချိန်ကုန်သွားတယ်... နဂါးကပေါ်မလာသေး... တစ်နှစ်ပြည့်သွားပီ... နဂါးကတော့ ပေါ်မလာ... နှစ်နှစ်ပြည့်ပီ... နဂါးကို မမြင်ဖူးသေး... ဒီလိုနဲ့ ရက် မှ လ ၊ လ မှ နှစ် ရာသီတွေ အလီလီပြောင်းလဲခဲ့ပီး သူ့ရဲ့ခေါင်းပေါ်က ဆံပင် တွေကလည်း ကြာဆံတွေလို တစ်ခေါင်းလုံး ဖွေးဖွေးဖြူကုန်ပီ... သူ့အသက်အရွယ်ကလည်း ဇရာထောင်းလို့ လူငယ်ရုပ်ပျောက် ဇရာရောက်ကာ အဖိုးအို ဖြစ်နေပီ... နဂါးက ဘယ်ချောင်သွားပုန်းနေသည်မသိ... နဂါးကို မမြင် ရသေး... ဒီလိုနဲ့ သူ့ရဲ့ ငယ်ရွယ်တဲ့ ဘ၀တွေကို ဆင်းဆင်းရဲရဲ နဲ့ မြစ်ဘေး ချောင်းဘေး ပင်လယ်ပြင်ဘေးမှာသာ အချိန်ကုန်နေခဲ့တဲ့ လူငယ်ဟာ နဂါးဖမ်းပီး လက်စွမ်းပြဖို့ စောင့်ရင်းနဲ့ သေလွန်သွားရလေတော့သတဲ့ကွယ်... ကဲပုံပြင်လေးကတော့ ဒါပါပဲကွယ်....
Image from google
ဒီပုံပြင်လေးကို ပြောပြရတဲ့ အကြောင်းရင်းကတော့ တနည်းပြောရရင် ပုံပြင်ကပေးတဲ့ အသိလေးကတော့ လူတိုင်း လူတိုင်း ငယ်ရွယ်စဉ်ဘ၀မှာ အပင်ပန်းခံ အဆင်းရဲခံပီး ဒဏ္ဍာရီဆန်ဆန် ပုံပြင်ဆန်ဆန် ပညာရပ်များနဲ့ အချိန်ကုန် မခံကြပါနဲ့... လူ့ဘောင်လောကမှာ တန်ဖိုးရှိတဲ့ ပညာများကို လေ့လာ သင်ကြားရင်း မိမိတို့ တတ်ထားတဲ့ ပညာရပ်များနဲ့ ပတ်ဝန်းကျင်က လူအများရဲ့ အကျိုးကို သယ်ပိုးထမ်းရွက်ရင်းဖြင့် တန်ဖိုးရှိတဲ့ လူ့ဘ၀ကို ဖြတ်သန်းသွားနိုင်ကြစေကြောင်း ပြောလိုတာဖြစ်ပါမယ်ဗျာ... အခြားသူများတော့ မသိပါ... ကျွန်တော်တော့ နဂါးကို ယခုအချိန်ထိတော့ မမြင်ဘူးသေးပါ... မမြင်ဖူးသေးကြောင်းကို ပြောခြင်းဖြစ်တယ်ဗျ.... မရှိဘူးလို့ ပြောထာမဟုတ်ဘူးနော်... လောကကြီးထဲမှာ မသိသေးတာတွေအများကြီး ရှိနေတယ်လ... ဒဏ္ဍာရီလိုလို ပုံပြင်လိုလိုများနှင့် MSC က ချစ်မိတ်ဆွေ ညီအစ်ကို မောင်နှမများလည်း အခြားသော ဒဏ္ဍာရီ ပုံပြင်ဆန်ဆန်များနှင့် လူငယ်ဘ၀ကို မကုန်ဆုံးကြပါနဲ့လို့ တိုက်တွန်း အကြံပြုရင်း ရပ်နားလိုက်ပါတယ်ဗျာ...
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
27-11-2017 တနင်္လာနေ့(Monday)