တန်ဘိုးရှိသောပုံပြင်လေးများ (Valuable Stories_Everyone Has Value) Episode 7
ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။
Mingalar par. My dear Myanmar steemians families.
Image from google
ပုံပြင်လေးတွေမရေးရတာကြာသွားပြီဆိုတော့ ဒီတစ်ခါတော့ ပုံပြင်လေးတစ်ပုဒ်ကို မူတည်ပြီး ဆောင်းပါးလေး ရေးလိုက်ပါတယ်ဗျာ... ပုံပြင်ကို ဘလို့များ ပြောခဲ့တာလဲလို့ စဉ်းစားမိတယ်ဗျ... ပုံပြင်ပေါင်းကလည်း အများကြီး၊ လူမျိုးတိုင်းမှာလည်း ပုံပြင်တွေရှိနေကြတယ်...နဲနဲတော့ထူးဆန်းနေသလားလို့စဉ်းစားမိတာပါ... ချစ်မိတ်များကော ဘယ်လိုမြင်ကြသလဲဗျ... ကျွန်တော်အမြင်ကိုပြောကြည့်ရမယ်ဆိုရင်တော့ ပုံပြင်ဆိုတာ လူတွေကို လိုက်နာစရာ လေးတွေ၊ ဆုံးမစာလေးတွေကို ဒီအတိုင်းဆုံးမမယ် လိုက်နာခိုင်းမယ်ဆိုရင် ပျင်းစရာကောင်းမှာဖြစ်သလို မလိုက်နာဖို့ကလဲ ရာခိုင်းနှုန်း ၁၀၀ လောက်ရှိမယ်ထင်ပါတယ်... ဒါကြောင့်ပုံပြင်လေးတွေပြောပြပြီး သင်ခန်းစာ ယူ ပြုပြင်ခိုင်းတာဖြစ်မယ်ထင်တယ်ဗျ... ကျွန်တော်ထင်မြင်ချက်ပါဗျာ... လူ့လောကမှာ နေထိုင်ကြတဲ့လူတိုင်း လူတိုင်းကလည်း နေ့စဉ်နဲ့အမျှ အမှားတွေနဲ့ ကြုံတွေ့နေကြရတယ်လေ... တခါတလေမှာ ကိုယ်တွေ့ကြုံခဲ့ဖူးတဲ့ အကြောင်းအရာလေးတွေကို ပြန်ပြောပြကြတာလည်း ပုံပြင်တစ်ပုဒ်ကိုပြောပြရသလိုပဲလို့ ထင်ပါတယ်ဗျာ... နားထောင်တဲ့သူအတွက်လည်း အကျိုးရှိတတ်ကြတာမို့ ပုံပြင်လေးတွေကို နားထောင်ရတာ ကြိုက်ကြမယ်ထင် ပါတယ်... ၀တ္ထုဆိုတာလည်း တနည်း ပြောရရင် ပုံပြောပြနေသလိုပဲလို့ထင်ပါတယ်... အတွေ့အကြုံ သင်ခန်းစာတွေကို ပြန်လည်ချပြကြတယ်လို့လည်း ထင်ပါတယ်... ကျွန်တော့်အမြင်ကို ပြောတာနော်... ပုံပြင်ကို မကြိုက်လဲ ဆောင်းပါးလေးဆုံးအောင်တော့ဖတ်သွားပေါ့နော်... ကဲ ကဲ ပုံပြင်လေးအကြောင်းကို ပြောကြတာပေါ့... ပုံပြင်လေးကိုတော့ အောက်မှာ ဖတ်ကြည့်ကြပေတော့ဗျ... အတိုချုံးရေးသား လိုက်ပါတယ်ဗျ...
လူတိုင်းမှာတန်ဖိုးရှိပါတယ်_Every Has Value
Image from google
တစ်ခါတုန်းကပေါ့ကွယ်... မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားတဲ့ ဒေသလေးတစ်ခုရဲ့ ကျေးရွာလေးတစ်ရွာမှာ လူငယ်လေးတစ်ယောက်နေထိုင်သတဲ့ကွယ်... ပုံပြင်အရပြောတာနော်... ရွာဆိုတော့ လူတွေအများကြီးရှိမှာပါ... လူငယ်လေးကိုဦးတည်ဖော်ပြချင်တာဖြစ်လို့ လူငယ်လေးတစ်ယောက်လို့ပြောတာပါ... အဲဒီ လူငယ်လေးဟာ ဆင်းရဲနွမ်းပါးတော့ ရေထမ်း ရောင်းချခြင်းနဲ့ အသက်မွေးဝမ်းကြောင်းနေတယ်လို့ ဆိုပါတယ်... ဒါကပုံပြင်အရပြောတာပါနော်... တကယ်တော့ရွာမှာ ရေထမ်းရောင်းရင် မြို့တွေမှာလို ၀ယ်မယ့်သူ ရှိမှာ ဟုတ်ပါဘူး... ရွာတွေမှာ အိမ်တိုင်းက ရေခပ်ကြတဲ့သူတွေချည်းပဲလေ... ဒီတော့ ပုံပြင်လေးထဲက အဓိကအရာလေးတွေကိုပဲ ယူကြရအောင်ဗျာ...သူနေတဲ့ရွာဟာလည်း လမ်းပန်းခက်ခဲပြီး ရေရှားပါးတယ်ဆိုကြပါစို့...အဲဒီလူငယ်လေးဟာ တစ်နေကုန် ထမ်းပိုးတစ်ချောင်း ရေပုံးနှစ်ပုံးနဲ့ ရေထမ်းပြီး ရောင်းဆိုပဲဗျ... ရွာလေးမှာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတော့ ရှိတယ်ပေါ့ဗျာ... စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကိုတော့ နေ့တိုင်းရေဖြည့်ပေးတယ်ဗျ... ကုသိုလ်ဖြစ်ပေါ့... ရေထမ်းသမားလေးက နေ့စဉ်နေ့တိုင်း ရွာရဲ့အပြင်ဖက် ရေကန်ထဲကနေ ရေကို သွားခပ်ရတယ်တဲ့... ရေကန်ဆိုလို့ အုတ်နဲ့စီထားတဲ့ ရေကန်မဟုတ်ပါဘူး... မိုးရွာတဲ့အခါမှာ သဘာဝအလျောက်ရရှိတဲ့ရေတိုကို စုပေးထားတဲ့ မြေသားရေကန်ကြီးပေါ့ သူ့မှာရှိတဲ့ ရေပုံး နှစ်ပုံးမှာ ရေပုံးတစ်ပုံးက ခါးလယ်လောက်ကနေ ပေါက်နေတယ်တဲ့... ဒီတော့ ရွာရဲ့အပြင်ဖက်ကနေ ရေထမ်းရတော့ သူရဲ့ပေါက်တဲ့ ရေပုံးထဲကရေတွေက ပုံးတစ်ဝက်လောက်သာကျန်တော့ သတဲ့.... ဒီလိုနဲ့ ရေပုံးပေါက်နဲ့ ရေသယ်လာတာ နှစ်အနည်းငယ်ကြာမြင့်ခဲ့တယ်ဆိုပါတော့... ရေပုံးအကောင်းက ရေအပြည့်သယ်ပေးနိုင်လို့ ဂုဏ်ယူဝင့်ကြွားနေချိန်ပြီး ရေပုံးအပေါက်ကို ပြောတယ်တဲ့... မင်းထက် ငါက ရေကို ပိုသယ်ပြီး လူတွေကို အကျိုးပြုနိုင်ခဲ့တယ်ကွ လို့ပြောတယ်ဆိုဘဲ အဲဒီတော့ ရေပုံးအပေါက်ကလေးဟာ သူက ရေပုံးတစ်ဝက်သာ သယ်ယူနိုင်ခဲ့တော့ စိတ်ဓာတ်ကျနေတယ်ပေါ့ဗျာ... ဘာမှလည်းပြန်မပြောနိုင်ဖြစ်နေတော့ တယ်ပေါ့.... ဒီတော့ ရေထမ်းတဲ့လူငယ်ကို ရေပုံးအပေါက်က တောင်းပန်စကားပြောဆိုပဲဗျ... ကျနော်ရေအပြည့် သယ်မပေးနိုင်ခဲ့တဲ့အတွက် စိတ်မကောင်းပါဘူး.. တောင်းပန်ပါတယ်ပေါ့... ဘာဖြစ်လို့လဲလို့ လူငယ်လေးက ပြန်မေးကြည့်တယ်... မင်းဘာအတွက်တောင်းပန်နေတာလဲ... ဘာတွေစိတ်ညစ်နေတာလဲဆိုပီးတော့ မေးတော့ပေါ့... ဒီတော့ ရေပုံးပေါက်လေးက ၀မ်းနည်းစွာနဲ့ ခင်ဗျားက ပင်ပန်းကြီးစွာနဲ့ ရေတွေကို သယ်ယူခဲ့ရ တယ်... ကျနော်ကတော့ ဒီနှစ်တွေထဲမှာ ရေကိုအပြည့်သယ်ယူမပေးနိုင်ခဲ့ဘူးဗျာ...ခင်ဗျားပင်ပန်းခဲ့သလောက် အကျိုးမရခဲ့တဲ့အတွက် ရှက်လဲရှက်မိပါတယ်...၀မ်းလည်းနဲမိပါတယ်လို့ ပြောတယ်ဆိုပဲဗျ... ဒီတော့ လူငယ်လေး က ရေပုံးပေါက်လေးကို စာနာ နားလည်မိပါသတဲ့ဗျာ... ဒီအချိန်မှာ လူငယ်လေးက နောက်ကျနေတော့မယ် ငါတို့ အခု ရွာကျောင်းကိုပြန်တဲ့အခါ လမ်းတစ်လျောက်မှာ ဖူးပွင့်ဝေဆာနေတဲ့ ပန်းလှလှလေးတွေကို ကြည့်ရှုခံစားပြီး သွားကြရအောင်ပါ လို့ ကြင်နာစွာနဲ့ ပြောလိုက်တယ်ဆိုပဲ...
Image from google
ရေပုံးပေါက်ကလေးကတော့ ဘာမှ ပြန်မပြောတော့ဘူး... ရွာကိုပြန်တဲ့လမ်းတစ်လျောက်ကို ခါတိုင်းက သတိမထားခဲ့မိတဲ့ ရောင်စုံပန်းလှလှလေးတွေ လိပ်ပြာလေးတွေကို ဒီကနေ့မှ မြင်တွေ့လိုက်ကြရတယ်ဆိုပဲ... ဒီလိုပန်းလေးတွေနဲ့ ကလေးတွေ၊ မိန်းမပျိုလေး တွေဟာ ပျော်မြူးစွာ ဆော့ကစားနေတာကိုလည်း တွေ့မြင်ကြရပါသတဲ့... ညနေဆည်းဆာအချိန်မှာ အလွန်လှပ နေတယ်ဆိုပဲ... ဒါတွေကိုမြင်တော့ ရေပုံးပေါက်ကလေးလဲ သူ့ရဲ့ဝမ်းနည်းမှုတွေ မေ့လျော့ပြီး ကြည်နူးတဲ့စိတ်တွေ ဖြစ်ပေါ်လာတယ်တဲ့... ကျောင်းရောက်တဲ့အခါမှာတော့ လူငယ်လေးက ရေပုံးပေါက်ကလေးကို ခုနက မြင်တွေ့ခဲ့ ရတဲ့ ရောင်စုံပန်းလေးတွေဖြစ်ထွန်းလာရတာက မင်းကြောင့်ပါ ပေါက်နေနဲ့မင်းကို အသုံးချပြီး မင်းရဲ့ ဘက်ကနေ ပန်းမျိုးစေ့တွေကို ကြဲချသွားတယ်...မင်းကနေ့တိုင်း ရေလောင်းပေးနေတယ်... ရေသယ်ရာ လမ်းတစ်လျောက်မှာ ပန်းမျိုးစေ့တွေကို ကြဲချထားခဲ့တယ်လေ...အခုတော့ မင်းမြင်တဲ့အတိုင်း ရောင်စုံပန်းတွေနဲ့ လှပနေကြပြီလေ...အဲဒါမင်းကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးပဲလေ... တရွာလုံးလဲ ပျော်ရွှင်ကြည်နူးနေကြတာလဲ မင်းတို့အမြင်ပဲလေ လို့ လူငယ်ကရှင်းပြလိုက်တဲ့အခါမှာ ရေပုံးပေါက်ကလေးက ငါက ရေကို အပြည့်မသယ်နိုင်ခဲ့ ပေမဲ့ သူ့မှာ ဂုဏ်ယူစရာရှိနေတယ်ဆိုတာ သိတာ့ အရမ်းဝမ်းသာကြည်နူးသွားပါတော့သတဲ့.... ကဲဗျာ ပုံပြင်လေး ကတော့ ဒီနေရာမှ အဆုံးသတ်ပါပြီ... အဆင်ပြေပြေ ဖတ်ရှု နိုင်ရန်အတွက် ရေးသားထားမှုကြောင့် မူရင်းပုံပြင်နဲ့တော့ နဲနဲလောက်ကွဲလွဲမှုရှိနိုင်ပါတယ်... မူရင်းပုံပြင်ကိုလည်း အောက်တွင် Link ပေးထားပါတယ်...
Image from google
ဒီနေရာမှာ ဒီပုံပြင်မှာ ကျွန်တော်တို့ ဘာကိုရရှိလိုက်သလဲဆိုတာကို စဉ်းစားကြည့်ကြပါစို့ဗျာ... ကျွန်တော့်အမြင်ကို ရေးသားလိုပါတယ်... ဒီပုံပြင်လေးမှာ လူငယ်၊ ထမ်းပိုး၊ ရေပုံးအကောင်းတစ်လုံး၊ ရေပုံးအပေါက်တစ်လုံး တို့ရဲ့ ပူးပေါင်းလုပ်ဆောင်ချက်ကိုမြင်မိပါတယ်... တနည်းအားဖြင့်ဆိုသော် စုပေါင်းလုပ်ဆောင်ခြင်း နဲ့ တစ်ဦးချင်းစီရဲ့ အရည်အချင်းတို့ကို မြင်မိပါတယ်... လူငယ်တစ်ယောက်တည်းနဲ့ လှပသော ရောင်စုံပန်းခင်း၊ ပျော်ရွှင်ဖွယ်များကို မဖြစ်ပေါ်နိုင်ပေ... ထမ်းပိုး၏ ကူညီပံ့ပိုးပေးခြင်းမပါလျှင်လည်း မဖြစ်နိုင်သေး...ရေပုံးကောင်းတစ်လုံးနှင့်လည်း မလွယ်ကူ... ရေပုံးပေါက်တစ်ခုတည်းဖြင့်လည်း ထိုသို့မဖြစ်နိုင်ပေ... သိသည်ဖြစ်စေ မသိသည်ဖြစ်စေ မိမိတို့တွင် ကိုယ်ပိုင် အရည်အချင်းများရှိနေကြသည်ကိုပြောပြလိုခြင်းဖြစ်ပါတယ်... မည်သူမဆို အရည်အချင်းရှိပါတယ်... ရှိသောအရည်အချင်းများကို မြင်အောင် ကြည့်ပြီး အသုံးချတတ်ရန်သာလိုအပ်ပါတယ်... အသုံးမချလျှင် အသုံးမကျပါ... အသုံးမကျလျှင် အသုံးမ၀င်ပါ... အသုံးမ၀င်လျှင် စွန့်ပစ်ခံရပါမယ်... စွန့်ပစ်ခံရခြင်းသည် အသုံးမကျသောကြောင့်ဖြစ်ပါတယ်... ဒီတော့ စွန့်ပစ်ခံမည်လား... အသုံးကျအောင်လုပ်မည်လား... စဉ်းစားကြပါ... လူတိုင်းသည် သူ့နေရာနှင့် သူ သူ့တန်ဖိုးနှင့်သူ ရှိပါတယ်... မြင်း အလုပ်ကို ခွေးက ၀င်လုပ်လို့မရ နိုင်ကြောင်းကို လူတိုင်းသိပါတယ်... ဒါပေမယ့် မေ့လျော့နေတတ်ကြပါတယ်... မြင်းက ခွေးအလုပ်ကို ၀င်လုပ်ချင် သလို ခွေးက မြင်းအလုပ်ကို လုပ်ချင်နေကြတတ်ပါတယ်... ကိုယ့်လောက် မလုပ်ကိုင်နိုင်သူမျာကိုလည်း စိတ်ဓာတ်မကျအောင် အားပေးတတ်ကြဖို့လိုမယ်ဆိုတာကိုလည် သိရှိခံစားရပါတယ်....ကိုယ့်နဲ့သက်ဆိုင်ရာ အလုပ်ကို စိတ်အာရုံစူးစိုက် လုပ်ကြရန်တိုက်တွန်းပါတယ်... ဒီပုံပြင်မှာ လူငယ်လေးက ရေထမ်းခြင်းအလုပ်ကိုဦးဆောင်သူအဖြစ်မြင်မိပါ တယ်... ကျန်သော ထမ်းပိုး နှင့် ရေပုံး နှစ်ပုံးက လုပ်ငန်းပြီးမြောက်အောင် ကူညီပံ့ပိုးပေးကြသူများအဖြစ်မြင်မိ ပါတယ်... ကျွန်တော်တို့လည်း ဦးဆောင်သူများအား ကိုယ်နိုင်သလောက် ပံ့ပိုးပေးခြင်းဖြင့် အောင်မြင်သော ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်ကြပါစို့လို့ ပြောကြားရင်း ရပ်နားလိုက်ပါတယ်ခင်ဗျာ....
Story link: http://www.yourlifeyourway.net/2011/03/04/a-tale-of-two-flaws/
မြန်မာလို ပုံပြင် Link :
http://basicittoshare.blogspot.com/2015/08/blog-post_76.html
https://salai7cho.blogspot.com/2017/03/blog-post_725.html
Steemit တွင် ၀င်ရောက်လုပ်ကိုင်နေကြပါကုန်သော Myanmar Members အားလုံး အားလုံး အောင်မြင်ကြပါစေခင်ဗျာ.....
Success in Steemit
လေးစားစွာဖြင့်
Yours respectfully
ရေးသားသူ(Author) _
@ansoe (MSC 012)
Soe Naing
Myanmar Steemit Community 
9-11-2017 ကြာသပတေးနေ့(Thursday)